ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှ
မြန် မာပြည်သားရေးပူး တွဲလှုပ်ရှား မှုကော်မတီဥက္ကဌ ဦးမိုးကြိုး နှင့်
ကိုဇေါ်လေးဆိုသူ နှစ်ဦးတို့အား မဲဆောက်ရဲများက ချစ်ကြည်ရေးတံတားထိပ်တွင် ၄၅
မိနစ်ကြာ နေပူ လှမ်းခံခဲ့ရကြောင်း ကာယကံရှင် များက ပြောသည်။
မတ်လ ၁ ရက်နေ့က ၎င်းတို့ဟာ မဲဆောက်မြို့က အက်စ်ဒီဖက်ရှင်စက်ရုံ (အရပ်အခေါ်-
ချန်ပီယံ စက်ရုံ) မှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့၏
ယာယီပတ်စပို့လျှောက်ထားမည့် စာရွက် စာတမ်း များ ကိုယူဆောင် ၍
မြန်မာသံရုံးကိုပို့ရန် မဲဆောက်မြို့ ထိုင်း- မြန်မာချစ်ကြည်ရေး တံတား
အနီးက One Stop Service ရုံးသို့ သွားကြစဉ် မဲဆောက်ရဲက စစ်ဆေးခဲ့သည်။
ဦးမိုးကြိုးတွင် လူမှာရော၊ စီးလာသည့် ဆိုင်ကယ်မှာပါ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ရှိရုံမက ထိုင်းဥပဒေဆိုင်ရာ ရှေ့နေ အထောက်အကူပြုကွန်ယက် (LLC) ကွန်ယက်အဖွဲ့ဝင် ကတ်ပြား လည်းပါသည်။
စစ်ဆေးသူ ထိုင်းရဲ ကို အင်္ဂလိပ် လို ရော၊ ထိုင်းလိုပါ ညှပ်ပြီးရှင်းပြသော် လည်း မွန်လွဲ (၂) နာရီမှ (၂း၄၅) နာရီအထိ နေပူပူတွင် မတ်တပ် ရပ်နေစေခဲ့သည်။
ဦးမိုးကြိုး က“တာ့ခ်ခရိုင်အလုပ်သမားကြီးကြပ် ကာကွယ်ရေးရုံး
(ဆ၀ါဒီကန်) ကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။ အဲဒီက ကျနော်တို့ ကို
ဖမ်းထား တဲ့ပုလိပ်နဲ့ စကားပြောတော့မှ လွှတ်ပေးပါတယ်၊ အဲဒီ ၄၅ မိနစ်
ရပ်ခိုင်းထားချိန်မှာ ထိုင်းရဲ ၆ ဦးရဲ့ ယာယီပတ်စ်ပို့လျှောက်ထားဆဲ
(ပြေစာဖြတ်ပိုင်း)တွေကိုပြတဲ့ မြန်မာအလုပ်သမား အချို့နဲ့အငှား ဆိုင်ကယ်စီး
လာတဲ့ မြန်မာအလုပ်သမား အချို့ဆီကနေ ပိုက်ဆံတောင်း တယ်။”
ဟုပြောသည်။
အင်ဂျီအိုများနှင့် ထိုင်းသမဂ္ဂများသို့ တင်ပြနိုင်ရန် ရိုက်ကူးထားသည့် ဓါတ်ပုံများကို မဲဆောက်ပုလိပ်များက
ဖျက်ဆီးလိုက်ကြောင်း ဦးမိုးကြိုး ကပြောသည်။
ဦးမိုးကြိုးတွင် လူမှာရော၊ စီးလာသည့် ဆိုင်ကယ်မှာပါ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ရှိရုံမက ထိုင်းဥပဒေဆိုင်ရာ ရှေ့နေ အထောက်အကူပြုကွန်ယက် (LLC) ကွန်ယက်အဖွဲ့ဝင် ကတ်ပြား လည်းပါသည်။
စစ်ဆေးသူ ထိုင်းရဲ ကို အင်္ဂလိပ် လို ရော၊ ထိုင်းလိုပါ ညှပ်ပြီးရှင်းပြသော် လည်း မွန်လွဲ (၂) နာရီမှ (၂း၄၅) နာရီအထိ နေပူပူတွင် မတ်တပ် ရပ်နေစေခဲ့သည်။
ဦးမိုးကြိုး က“တာ့ခ်ခရိုင်အလုပ်သမားကြီးကြပ်
ဟုပြောသည်။
အင်ဂျီအိုများနှင့် ထိုင်းသမဂ္ဂများသို့ တင်ပြနိုင်ရန် ရိုက်ကူးထားသည့် ဓါတ်ပုံများကို မဲဆောက်ပုလိပ်များက
ဖျက်ဆီးလိုက်ကြောင်း ဦးမိုးကြိုး ကပြောသည်။
RND: 5.3.2013
၂၀၁၃ မတ်လ၎
မြတ်ညို(အလွတ်သတင်းထောက်)
မြတ်ညို(အလွတ်သတင်းထောက်)
No comments:
Post a Comment