အစိုးရတပ်သို့ အလင်းဝင်ရန်ကြိုးပမ်းမှုဖြင့် KIA တပ်ဖွဲ့ဝင် (၄၂) ဦးတို့ ဖေဖော်ဝါရီလ၂၃ ရက်နေ့က လိုင်ဇာ
ဟိုတယ်၌ အစည်းအဝေးပြုလုပ်ပြီး သေဒဏ်ပေးခဲ့သည့် ကိစ္စအပေါ် ဗဟိုမှ ခေါင်းဆောင်များအကြား သ
ဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
သေဒဏ်ချမှတ်ခဲ့မှုမှာ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၏ တစ်ဖက်သတ်ချမှတ်ခဲ့သည့် အမိန့် ဖြစ်ပြီး သဘော
ထားကွဲလွဲမှုကြောင့် ၎င်းအမိန့်အား ဆိုင်းငံ့ထားောကာင်း ဗဟိုမှ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဂမ်ရှောင်မှာ ဇန်န၀ါရီလဆန်းပိုင်းက အစိုးရတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အ
ထန်ရခဲ့ပြီး တရုတ်နိုင်ငံတွင် ဆေ၀ါးကုသမှုများ ခံယူခဲ့သော်လည်း ပျောက်ကင်းမှုမရှိဘဲ ကျန်မားရေးဆိုးဝါး
နေကြောင်း ဂမ်ရှောင်၏ စစ်ဦးစီးချုပ်ရာထူးကို လက်ရှိဒုစစ်ဦးစီးချုပ် ဂွမ်မော်အား ခေတ္တပေးထားကြောင်း သိရှိရပါသည်။
လက်အောက်တပ်မှူး များနှင့် KIO ဗဟိုကော်မတီဝင်များက ဂမ်ရှောင်အား စစ်ဦးစီးချုပ်ရာထူးမှ နှုတ်ထွက်
ရန် တောင်းဆိုနေကြကြောင်း၊ တောင်းဆိုမှုကြောင့် KIA/KIO ခေါင်းဆောင်များအချင်ချင်း သဘောထား
ကွဲလွဲကာ လုပ်ကြံသတ်ဖြတ်မှုများအထိ ဖြစ်နိုင်ကြောင်း ဗဟိုဌာနချုပ်ရှိ အရာရှိတစ်ဦးမှ ပြောကြား ခဲ့ပါ
သည်။
No comments:
Post a Comment