အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်း အမေရိကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
... ၂၄-၁-၂ဝ၁၂ ရက်။ ဂျပန်နှင့် အမေရိကန် တပ်ဖွဲ့ဝင် တို့သည် သမ္မတ
အိုဘားမား၏ ကာကွယ်ရေး မဟာဗျူဟာ လမ်းညွှန်ချက် သစ်တွင် အကြမ်းဖျင်း
ဖော်ပြထားသည့် အတိုင်း ဂျပန်နိုင်ငံ Yokoto ဒေသတွင် " Keen Edge 12 " ဟု
အမည် ပေးထားသည့် ၂ နှစ်တစ်ကြိမ် ပြုလုပ်သော ကွပ်ကဲမှု ဆိုင်ရာ
လေ့ကျင့်ခန်းအား ပြုလုပ်သည်။
၁၂-၈-၂ဝ၁၂ ရက်။ အမေရိကန်၊
တောင်ကိုရီးယား၊ အိန္ဒိယ ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊
ဗြိတိန်နှင့် ဂျာမနီ နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ
တပ်ဖွဲ့ဝင် ၁ဝဝဝ ကျော်ပါဝင်သော (၁ဝ)ကြိမ်မြောက် နိုင်ငံတကာ ငြိမ်းချမ်းရေး
ထိန်းသိမ်းမှု စစ်ရေး လေ့ကျင့်ခန်း '' Khaan Quest-2012 '' ကို
မွန်ဂိုလီးယား နိုင်ငံမြို့တော် Ulan Bator ၏ အနောက်တောင်ဘက် ၅ဝ ကီလိုမီတာ
အကွာရှိ Five Hills လေ့ကျင့်ရေး ကွင်းတွင် ပြုလုပ်သည်။
၁၂-၉-၂ဝ၁၂
ရက်။ အမေရိကန် နိုင်ငံသည် လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး
ခရစ္စတိုဖာ စတီဗင်နှင့် အခြား အမေရိကန် တာဝန်ရှိသူ ၃ ဦး သေဆုံး ခဲ့ပြီး
နောက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရေတပ်ဖွဲ့ တစ်ဖွဲ့အား လစ်ဗျား
နိုင်ငံသို့ စေလွှတ်သည်။
၁၆-၉-၂ဝ၁၂ ရက်။ အမေရိကန် ရေတပ်သည်
ဒေသတွင်း၌ ဖြန့်ကြက်ထားသည့် ဗြိတိန်၊ ပြင်သစ်၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီး
နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စစ်သင်္ဘော များနှင့်အတူ
ပါရှန် ပင်လယ်ကွေ့တွင် ၂ ရက်ကြာ ရေတပ်စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်
ပြုလုပ်သည်။
၁၇-၉-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံမှ ဒုံးပျံတင်ဖျက်
သင်္ဘော တစ်စီးနှင့် တရုတ် နိုင်ငံမှ ဒုံးပျံတင် ဖရီးဂိတ် စစ်သင်္ဘော
တစ်စီးတို့သည် ပင်လယ် ဓားပြမှု နှိမ်နင်းရေး ဆိုင်ရာ ပူးတွဲစစ်ရေး
လေ့ကျင့်ခန်း တစ်ရပ်အား ဧဒင် ပင်လယ်ကွေ့တွင် ၅နာရီကြာ ပြုလုပ်သည်။
RND: 5.3.2013
မြ၀တီ
အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်း အမေရိကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
... ၂၄-၁-၂ဝ၁၂ ရက်။ ဂျပန်နှင့် အမေရိကန် တပ်ဖွဲ့ဝင် တို့သည် သမ္မတ
အိုဘားမား၏ ကာကွယ်ရေး မဟာဗျူဟာ လမ်းညွှန်ချက် သစ်တွင် အကြမ်းဖျင်း
ဖော်ပြထားသည့် အတိုင်း ဂျပန်နိုင်ငံ Yokoto ဒေသတွင် " Keen Edge 12 " ဟု
အမည် ပေးထားသည့် ၂ နှစ်တစ်ကြိမ် ပြုလုပ်သော ကွပ်ကဲမှု ဆိုင်ရာ
လေ့ကျင့်ခန်းအား ပြုလုပ်သည်။
၁၂-၈-၂ဝ၁၂ ရက်။ အမေရိကန်၊ တောင်ကိုရီးယား၊ အိန္ဒိယ ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁ဝဝဝ ကျော်ပါဝင်သော (၁ဝ)ကြိမ်မြောက် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ရေး လေ့ကျင့်ခန်း '' Khaan Quest-2012 '' ကို မွန်ဂိုလီးယား နိုင်ငံမြို့တော် Ulan Bator ၏ အနောက်တောင်ဘက် ၅ဝ ကီလိုမီတာ အကွာရှိ Five Hills လေ့ကျင့်ရေး ကွင်းတွင် ပြုလုပ်သည်။
၁၂-၉-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံသည် လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင်နှင့် အခြား အမေရိကန် တာဝန်ရှိသူ ၃ ဦး သေဆုံး ခဲ့ပြီး နောက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရေတပ်ဖွဲ့ တစ်ဖွဲ့အား လစ်ဗျား နိုင်ငံသို့ စေလွှတ်သည်။
၁၆-၉-၂ဝ၁၂ ရက်။ အမေရိကန် ရေတပ်သည် ဒေသတွင်း၌ ဖြန့်ကြက်ထားသည့် ဗြိတိန်၊ ပြင်သစ်၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီး နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စစ်သင်္ဘော များနှင့်အတူ ပါရှန် ပင်လယ်ကွေ့တွင် ၂ ရက်ကြာ ရေတပ်စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်သည်။
၁၇-၉-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံမှ ဒုံးပျံတင်ဖျက် သင်္ဘော တစ်စီးနှင့် တရုတ် နိုင်ငံမှ ဒုံးပျံတင် ဖရီးဂိတ် စစ်သင်္ဘော တစ်စီးတို့သည် ပင်လယ် ဓားပြမှု နှိမ်နင်းရေး ဆိုင်ရာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်အား ဧဒင် ပင်လယ်ကွေ့တွင် ၅နာရီကြာ ပြုလုပ်သည်။

No comments:
Post a Comment