Pages

Pages - Menu

Wednesday, February 6, 2013

Android ဖုန်းများအတွက် MessageFailed ဖြစ်သွားတဲ့ ပြဿနာဖြေရှင်းနည်း

Android ဖုန်းများအတွက် Message ပြဿနာဖြေရှင်းနည်း
________________________________________________

ဒီပြဿနာကို ကျွန်တော်တက်နေတာကြာပါပြီ.....Message ပြဿနာပေါ့.
အ၀င်တွေ ရပေမယ့် ....ကိုယ်က ပြန်ပို့ရင် Failed ဖြစ်သွားတတ်ပါတယ်...
သူငယ်ချင်းတို့ ဖုန်းတွေလည်း အကြောင်းအမျိုးမျိုးကြောင့်..အဲ့လိုဖြစ်သွားခဲ့ရင်...ကျွန်တော်ပြောပြတဲ့ နည်းအတိုင်းဖြေရှင်းလိုက်ပါ.........အဆင်ပြေသွားပါလိ့မ်မယ်........

နည်းက သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး....Message Centre ကို ပြန်ပြောင်းပေးလိုက်တာပါ........
Message ကိုဝင်...Home Key ရဲ့ ဘက်ဘက် Option ခလုပ်ကို နှိပ်ပြီး....အောက်ကိုဆွဲချလိုက်ရင် Message Center ဆိုတဲ့ နေရာမှာ....ကျွန်တော် ပုံမှာပြထားတဲ့ နံပါတ်ကို ရိုက်ထည့်လိုက်ပါ.............
ပြီးရင်တော့ ပြန်စမ်းကြည့်လိုက်.......ပြန်ပို့လို့ရသွားတာကိုတွေ့ရလိမ့်မယ်...
Sony ဖုန်းတွေမှာ အဲ့လိုမျိုးမရဘူးဆိုရင် .........SIM Card ကိုထုတ်....Samsung ဖုန်း တစ်လုံးထဲ ထည့်ပြီးတော့ ပြောင်းလိုက်...ပြီးရင် Sony ဖုန်းထဲ ပြန်ပြောင်းပြီး ပို့ကြည့်ပေါ့....ရသွားပါလိ့မ်မယ်....
ကျွန်တော်ကိုယ်တိုင် ဒီနည်းနဲ့ ဖုန်း ၃ လုံးလောက်ကို ကြည့်ပေးပြီးပါပြီ...
ဒီ Post က အခုလောလောဆယ် သူငယ်ချင်းတို့ အတွက် အသုံးမ၀င်ဘူးဆိုရင်တောင် တစ်ချိန်တော့ အသုံးဝင်လာပါလိ့မ်မယ်..
ကျွန်တော်တင်ပေးထားတဲ့ ပုံလေးကို ကူးထားလိုက်ပါ.. အလိုရှိရင် သုံးနိုင်တာပေါ့။...


#Einstein Kelvin#

Credit to : Myanmar IT group
https://www.facebook.com/excellencemedia

အေးချမ်းမွန်

ဒီပြဿနာကို ကျွန်တော်တက်နေတာကြာပါပြီ.....Message ပြဿနာပေါ့.အ၀င်တွေ ရပေမယ့် ....ကိုယ်က
 ပြန်ပို့ရင် Failed ဖြစ်သွားတတ်ပါတယ်...သူငယ်ချင်းတို့ ဖုန်းတွေလည်း အကြောင်းအမျိုးမျိုးကြောင့်..အဲ့လိုဖြစ်သွားခဲ့ရင်...ကျွန်တော်ပြောပြတဲ့ နည်းအတိုင်းဖြေရှင်းလိုက်ပါ.........အဆင်ပြေသွားပါလိ့မ်မယ်........

3D ကြည့်ရင် သတိပြုစရာ

"3D ကြည့်ရင် သတိပြုစရာ"

3D ရုပ်ရှင်က နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး တချို့လူတွေမှာ ခေါင်းကိုက်၊ အမြင်အာရုံေ၀၀ါး၊ နေမကောင်းဖြစ်၊ ခေါင်းထဲငြီးစိစိဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်ကမျက်စိကတစ်ဆင့် ပို့လိုက်တဲ့ ပုံရိပ်တွေကို သေသေချာချာ မစိစစ်နိုင်လို့ ဖြစ်တယ်လို့ဆိုကြပါတယ်။

"ရေရှည်ကုသမူ"

ရေရှည်က မျက်စိနှစ်လုံးအတူတူ အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ပါပဲ။

ဒါမှမဟုတ် မျက်မှန်အသစ်တပ်ပေးဖို့လိုပါတယ်။

"ရေတိုကုသမူ"

3D မျက်မှန်ကို ချွတ်လိုက်ပြီးထိုင်လိုက်ပါ။
အသက် နှစ်ချက်ခပ်ပြင်းပြင်း ရှူပြီး မျက်စိတွေကို ပိတ်လိုက်ပါ။
မိမိတစ်တောင်ဆစ်များကို ဒူးပေါ်မှာတင်၊ ရှေ့ကိုကိုင်ပြီး ဦးခေါင်းကို မိမိရဲ့ လက်ဖ၀ါးထဲမှာ နားနေပါစေ။ ဘယ်လက်ဖ၀ါးကို ဘယ်ဖက်မျက်စိပေါ်မှာတင်၊ လက်ချောင်းတွေနဲ့၊ နဖူးကိုထိထား၊ လက်ဖနောင့်နဲ့ မေးရိုးကိုပင့်ထား မျက်စိပေါ်မှာတော့ လက်ဖ၀ါးရဲ့ချိုင့်နေတဲ့ နေရာကွက်လပ်ကို တည့်တည့်တင်ပြီး မျက်တောင်ခပ်ဖို့ နေရာချန်ထားပါ။ ညာဖက်လက်၊ ညာဘဖက်မျက်စိကိုလည်း ဒီအတိုင်းပဲပြုလုပ်ပြီး ညာလက်ချောင်းတွေကို ဘယ်လက်ချောင်းတွေပေါ်မှာ ယှက်ထားလိုက်ပါ။ ပြီးရင် အသက်ကိုပြင်းပြင်း ရှူလိုက်ပါ။ (အနည်းဆုံး ၄မိနစ်) နားနားနေကြည့်ပါ။

3D ဗီဒီယို (သို့မဟုတ်) 3D games တွေကို ကြည့်နေ၊ ကစားနေရင်ကြားမှာ ခေတ္တ ခေတ္တရပ်နားပါ။

Credit to: ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

3D ရုပ်ရှင်က နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး တချို့လူတွေမှာ ခေါင်းကိုက်၊ အမြင်အာရုံေ၀၀ါး၊ နေမကောင်းဖြစ်၊ ခေါင်းထဲငြီးစိစိဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်ကမျက်စိကတစ်ဆင့် ပို့လိုက်တဲ့ ပုံရိပ်တွေကို သေသေချာချာ မစိစစ်နိုင်လို့ ဖြစ်တယ်လို့ဆိုကြပါတယ်။

Eleven Media မှ Facebook သတင်းစားမျက်နှာအား Myanmar Muslim Cyber Force မှတိုက်ခဲ့သယောင် လိမ်လည်ကြေငြာ

Eleven Media မှ နည်းပညာပိုင်းဆိုင်ရာ လိမ်လည်လုပ်ဆောင်မှုများဖြင့် ရန်တိုက်ပေးနေပြီလား..
===========================================
ယနေ့ ညနေပိုင်းတွင် Eleven မီဒီယာ Facebook စာမျက်နှာ အတိုက်ခံရသည်ဟု သိလိုက်ရသော်လည်း မအား သဖြင့် ၀င်မကြည့်နိုင်ခဲ့ပါ။ ၀င်ကြည့်လိုက်တော့ Eleven Media Group Facebook အား နည်းပညာ အသုံးပြု တိုက်ခိုက်ခဲ့ သော် လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့ ဆိုသည့် သတင်းဖြင့် ဖော်ပြ ထားသည်ကို တွေ့လိုက် ရသည်။ ဘယ်လို တိုက်ခိုက်ခံရတာလဲဆိုတာ facebook ထဲမှာ လိုက်ရှာတော့ ပုံလေး တစ်ပုံမှာ MMCF စာ သားဖြင့် Eleven၏ Facebook Cover Photo အား ပြောင်းထား သည်ကို တွေ့ လိုက် ရသည်။ အလွန်အံ့သြသင့် ဖွယ် တိုက်ခိုက်မှုနှင့် အလွန်ကျွမ်းကျင်ပြောင်မြောက်သော နည်းပ ညာ များ ဟုပင် ချီးကျူးမည်ဟု ကြံသော်လည်း ကျွမ်းကျင်သူများကို မေးမြန်းသည့်အခါတွင်တော့ သံသယ ၀င်စရာများ တွေ့လာရပေသည်။

Facebook သုံးဖူးသူတိုင်း သိပါမည်။ facebook cover photo သည် admin password ရှိသူမှသာ ၀င်၍ ပြောင်း လဲနိုင်သည်။ Eleven လို မီဒီယာ၏ password သည် သာမန်သုံးနိုင်ယုံမျိုး မဟုတ်။ ထိုသို့ လွယ်လွယ်ထားရှိပါ က The Voice ထက် Eleven အား အရင် hack ကြမည်သာ ဖြစ်သည်။ ယခုတော့ cover photo ပြောင်းလိုက် သည်။ မိနစ်ပိုင်းအတွင်းမှာပင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည် ဆိုသော စကားသည် နည်းပညာအရ လုံးဝ(လုံးဝ) မဖြစ်နိုင်ပါ။ အဆိုးဆုံးသည်ကား Eleven Facebook အား Hacking လုပ်သူမှ မည်သည့် status တစ်ခုမှ မတင် ဘဲ ပုံသာ ပြောင်းခဲ့သည် ဆိုတော့ မဖြစ်နိုင်။ ကိုယ် သာ သူများအကောင့်တစ်ခုရပါက အနည်းဆုံးတော့ ငါတို့ ထိန်းလိုက်ပြီ ဘာညာ စာသားတစ်ခုတော့ ရေးလိုက် မည်သာ ဖြစ်သည်။ ဒါကား တစ်ချက်။

ဒုတိယ တစ်ချက်ကား ယနေ့နံနက်တွင် ကချင်များနှင့် ဆက်စပ်ပြီး Eleven ၏ ဆက်စပ်မှုကို ရေးသားကား Kachin cyber army က အလဲဗင်းကို hack မှုသည် လုပ်ကြံမှု တစ်ခုဖြစ်ကြောင်း ရေးခဲ့သည်။ ယခု တစ်ခါ ကြေငြာချက်တွင်တော့ Red Army Team ကို ရေးထားခြင်း ဖြစ်သည်။ ထိုကိစ္စသည်လည်း ၄ နာရီသာ ကြာမြင့် သည်။ ကချင်တိုက်ပွဲများ စချိန်တွင် Kachin Cyber Army ဆိုပြီး တိုက်သည် ဟု ဆိုသည်။ ထို့နောက် တွင်တော့ Red Army Team ဆိုပြီး ရေးသည်။ ဆိုလိုရင်းသဘောက စစ်တပ်နှင့် ဆက်စပ် သယောင် အသံထွက်ခြင်း တစ်ခု လိုမျိုး သက်ရောက်နေပြီး တစ်ချိန်ထဲတွင် တပ်မတော် အရာရှိ တစ်ချို့နှ င့် ဌာနအချို့မှ ပါဝင်သည် ဆိုသော စွပ်စွဲချက်များကို ရေးသားလျှက် ရှိသည်။

ယခုတွင် အသုံးပြုသော MMCF ဆိုသော အမည်တွင်တော့ Army မပါတော့သည်မှာလည်း ထူးခြားချက် ပင် ဖြစ်သည်။ စစ်ပွဲများ ပြီးသွားသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မို့ မီဒီယာ ပီသစွာ ဗမာ-မူဆလင် တိုက်ပွဲ တစ်ခုကို ဖော်ဆောင်ပြီး အမြတ်ထုတ်ဖို့ ကြံစည်နေသလားဟုလည်း တွေးစရာ ရှိသည်။

နိဂုံးချုပ် ပြောရလျှင်ဖြင့် ယခု လုပ်ဆောင်ချက်များသည် hacking လုပ်ခံရခြင်းနှင့် မတူ။ တပ်မတော်၊ အစိုး ရနှ င့် မီဒီယာ တိုက်ပွဲတစ်ခုကို နည်းပညာ အသုံးပြု၍ ရက်တိုက်ပေးနေသည့် အသွင်သာ ဆောင်နေသည်။ 
သမ္မတကြီးနှင့် မီဒီယာ တွေ့ဆုံပွဲတွင် Myanmar Express အား တရားစွဲဆို ရန် မေးမြန်းခဲ့ရာ သမ္မတကြီးမှ နိုင်ငံကျော်လုပ်သည့် မှုခင်းများတွင် အခြေအမြစ် မရှိ၊ မမှန်ကန်ပါက စုံစမ်းရန် ခက်ခဲနိုင်ကြောင်း၊ မလွယ် ကူကြောင်း ဖြေကြားပြီးနောက် အဆိုပါ တိုက်ခိုက်မှုများ စတင်လာခဲ့ သည်။

(ထိုအကြောင်း ရေးထားသည့် အောက် commentတွင်တော့ Eleven ၏ အကြံအစည်ဖြင့် oppositeyes. info အကြောင်းကို အမည်ခံ တစ်ဦးမှ ရေးသားထားသည်ကို တွေ့ရသည်။ OE ဘလော့တွင် ရေးသား ထားေ သာ စာများသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား အကြောင်းမဲ့ အပုပ်ချ တိုက်ခိုက်ခြင်း ရှိ၊မရှိကို အရင် ဖတ်ကြည့် ပါ။ သူများဆီကလည်း တင်သည်။ ကိုယ့်ဆီမှာလည်း ကူးတင်သည်။ ကိုယ့်စာမှန် သမျှ လည်း ကူးခွင့်ပေးထား သည်။ OE ဘလော့တွင် ရေးသမျှ သည် တစ်ယောက်ထဲမှ ရေးခြင်း မဟုတ်ပါ။ စစ် ပွဲ သတင်းများနှင့် ပတ်သက်၍ ဘယ်လိုရသည်၊ ဘယ်လိုရေးသည်ကို သိလိုပါက မှတ်ပုံတင်မိတ္တူ၊ အ လုပ် အ ကိုင် ၊ ဓာတ်ပုံနှင့် webcam ပြပြီး မေးမြန်းပါက အမှန်အတိုင်း ဖြေပေးပါ့မည်။ ကျွန်တော် စစ်သား မဟုတ်ပါ။)

Eleven Media မှ နည်းပညာပိုင်းဆိုင်ရာ လိမ်လည်လုပ်ဆောင်မှုများဖြင့် ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ရန်တိုက်ပေးနေပြီလား..
 
 ယနေ့ ညနေပိုင်းတွင် Eleven မီဒီယာ Facebook စာမျက်နှာ အတိုက်ခံရသည်ဟု သိလိုက်ရသော်လည်း မအား သဖြင့် ၀င်မကြည့်နိုင်ခဲ့ပါ။ ၀င်ကြည့်လိုက်တော့ Eleven Media Group Facebook အား နည်းပညာ အသုံးပြု တိုက်ခိုက်ခဲ့ သော် လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့ ဆိုသည့် သတင်းဖြင့် ဖော်ပြ ထားသည်ကို တွေ့လိုက် ရသည်။ ဘယ်လို တိုက်ခိုက်ခံရတာလဲဆိုတာ facebook ထဲမှာ လိုက်ရှာတော့ ပုံလေး တစ်ပုံမှာ MMCF စာ သားဖြင့် Eleven၏ Facebook Cover Photo အား ပြောင်းထား သည်ကို တွေ့ လိုက် ရသည်။

MPU ကတ်ဖြင့် ဈေးဝယ် နိုင်သည့် POS စက်များ လိုင်း ပြဿနာ တက်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၆

MPU ကတ်ဖြင့် ဈေးဝယ် ရာတွင် အသုံး ပြုသည့် POS စက် များသည် ဖုန်းလိုင်း ပြဿနာ ကြောင့် စက်တွင် အမှား ပြကာ ယင်းကတ်နှင့် ငွေရှင်း မရခြင်း ဖြစ်ကြောင်း မြန်မာ့ ငွေပေးချေမှု ကော်မတီ (MPU) အတွင်းရေးမှူး ဦးရဲမင်း ဦးက The Voice Weekly သို့ ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်မှာ လယ်သမားများနှင့် ဇေကမ္ဘာဦးခင်ရွေအလုပ်သမားတွေ အဓီကရုဏ်းဖြစ်တောမည့် အခြေအနေကြောင့် ရဲတပ်ဖွဲ့အင်အားလည်းဖြည့်တင်းထာရ

ဦးခင်ရွှေပါးစပ်ကပြောတယ် ကြာသပတေးနေ့ ကနေစပြီး လယ်သမားတွေ ကို ရိုက်နှက်မယ် ခုတ်ထစ်မယ် မဖယ်ပေးရင် သူ့အလုပ်သမားတွေကို ဓါးကောတုတ်ကောသုံးပြီးချခိုင်းမယ်အဲဒါကို ရဲတပ်ဖွဲ့က သိနေလို့ရဲ
တပ်ဖွဲ့အင်အားလည်းဖြည့်တင်းထားတယ်လို့ရဲတွေဆီကကြားရတယ်။မင်္ဂလာဒုံမြို့နယ်မှူးကတော့ နှစ်ဘက်
ခုတ်ထစ်တဲ့သူတွေသေရင်သေစာရင်းပို့မိရင်ဖမ်းလို့ညွှန်ကြားထားပါတယ်။ဒီသတင်းကို-ဇေကမ္ဘာ၀န်ထမ်းတွေ
ကလည်း အတည်ပြုပြောဆိုပါတယ် အဓိကရုန်းဖန်တီးမည့်နေရာကတော့

ယနေ့ပြုလုပ်သော လယ်ယာမြေနှင့် အခြားမြေစုံစမ်းစစ်ဆေးရေးအစည်းအဝေးတွင် ဇေကမ္ဘာဦးခင်ရွှေက ဇေကမ္ဘာဦးခင်ရွှေက မိမိလယ်ယာမြေများအတွင်းသို့ ကျုးကျော်လာသူများကိုရိုက်တော့မည်ဟုဆို

လယ်ယာမြေအငြင်းပွားမှုပြသနာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟု
ဇေကမ္ဘာဦးခင်ရွှေက မေးခွန်းထုတ်ခဲ့ပြီး၊ ကျူးကျော်ဝင်ရောက်လာသူများကိုလည်း ရိုက်တော့မည်ဟု လယ်ယာမြေနှင့် အခြားမြေစုံစမ်းစစ်ဆေးရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။“အခု ကျွန်တော့်ဆီမှာ အနုကြမ်းစီးခံနေရတယ်၊ အဲဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘာလုပ်ပေးမလဲ၊ မရရင်တော့ မနက်ဖြန်ကျွန်တော်ရိုက်တော့မယ်၊

အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းဆီးရမိ

အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းဆီးရမိ
http://www.demowaiyan.org/2013/02/blog-post_6.html
ဖေဖော်ဝါရီ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်ခန့်က အောင်ဘန်းမြို့ရှိ ရိုးမဘဏ်ခွဲ ဖောက်ထွင်းခံခဲ့ရကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရှိရသည်။

 ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ်သူ ၊မောင်အောင်ဇာနည်ဦး အသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်ဘက် ပေါက်မှတဆင့် ကျော်ဝင်ပြီး အတွင်းရှိဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊ ငွေလွဲကောင်တာ ထည်းဝင်ပြီး ငွေကြေးရှာဖွေရာ ဘာမျှမတွေ့သဖြင့် အံဆွဲတွင်းရှိ ငွေ ၁၇၀၀၀ ကျပ်သာတွေ့သဖြင့်ယူဆောင်ပြီး ဘဏ်အပြင်သို့ပြန်ထွက်လာခဲ့ကြောင်း၊ အပြင်ဘက်ရှိ ဘဏ်ညစောင့်ဖြစ်သူ ဦးထွေးမြင့်အား အား ဓါးဖြင့်ထောက်ကာ ခြိမ်းခြောက် ပြီး မီးခံသေတ္တာ သော့ တောင်းယူကြောင်း ၊ ထိုသို့တောင်းယူနေစဉ်အတွင်း ဦးထွေးမြင့်က အော်ဟစ်အကူညီတောင်းခံသဖြင့် အပြင်မှ ပတ္တာရောင်လည့်နေသည့် နယ်ထိန်း ဒုရဲအုပ်ညီညီထွန်း နှင့်အဖွဲ့ရောက်ရှိလာကြောင်း ၊ ဓားဖြင့်ထောက်သည့် ဘဏ်ဖောက်ဝင်လာသူမှာ အော်ဟစ်စဉ်ကတည်းက ထွက်ပြေးသွား သဖြင့် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်း နှင့်ရပ်ကွက်နေပြည်သူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ပူးပေါင်းလိုက်လံ ရှာဖွေကြရာ အောင်ဘန်းမြို့၊ ပြည်ထောင်စု လမ်းမကြီးဘေး ၊တံတားအောက်ရှိ ၊ ရေပြွန်ကြီးအောက်တွင် လက်ရဖမ်းဆီးရရှိခဲ့မိကြောင်း အောင်ဘန်းမြို့ မှ တာဝန်ရှိသူအဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရှိရသည်။

 ယင်းဖောက်ထွင်းမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အောင်ဘန်းမြို့ ရီုးမ ဘဏ်လက်ထောက်မန်နေဂျာ ဒေါ်စန္ဒာကို က အောင်ဘန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ အောင်ဘန်းမြို့ ရဲစခန်းမှ ပြစ်မှုပုဒ်မ ပ- ၂၆/၁၃ ၊ ပုဒ်မ၃၉၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူသည် အသက် (၁၉) နှစ်သာရှိသေးပြီး  တောင်ကြီးမြို့၊
 အေးသာယာ မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ဂျီတီစီ နည်းပညာ တက္ကသိုလ်တွင် စက်မှုဘာသာရပ် သင်ကြားတက်ရောက်နေသည့်  ပထမနှစ် ကျောင်းသားတစ်ဦး ဖြစ်ကြောင်း အောင်ဘန်းမြို့ခံများကပြောသည်။

 သတင်း... ဂျွန်ချစ်ငြိမ်း(တောင်ကြီး)

ရတနာပေးပို့သည်..။

ဖေဖော်ဝါရီ ၅ရက်နေ့နံနက်၂း၀၀နာရီအချိန်ခန့်က အောင်ဘန်းမြို့ရှိရိုးမဘဏ်ခွဲ ဖောက်ထွင်းခံခဲ့ရကြောင်း
မြို့ခံများ၏ ပြောပြချက်အရသိရှိရသည်။ ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို
့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ်သူ ၊မောင်အောင်ဇာနည်ဦးအသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်
ဘက် ပေါက်မှတဆင့် ကျော်ဝင်ပြီး အတွင်းရှိဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊

မြေငလျှင်သတင်း

 ဆော်လမွန်ကျွန်းတွင်ပြင်းအား ရစ်ခ်ျတာစကေး ၈ ရှိ ငလျင်လှုပ်ခပ်မှု ဖြစ်ပွားခဲ့သောကြောင့်ပစိဖိတ်ဒေသ
အတွင်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရကြောင်းသတင်းရရှိပါသည်။

ကျောက်ကပ်ဝေဒနာသည်များအတွက် ဆေးစွမ်းတစ်လက်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာလူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့များပြားသော ရောဂါတစ်ခုဖြစ်
ပါသည်။ သိန်းထောင်ချီ၍ချမ်းသာသောသူပင် ဒေ၀ါလီ ခံရသော ရောဂါပါ။ ကျောက်ကပ်ဆေးနေရသူများ
မှာလူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီးမရဏမင်းထံသွားရသည်
သာများပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်
ကျပါသည်။

အကျဉ်းထောင်များ အတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားမျာနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်း

အကျဉ်းထောင်များ အတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားမျာနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ယနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ကိုယ်ပိုင်လူမှုကွန်ယက် စာမျက်နှာတွင်ဖော်ပြထားသည် ကိုတွေ့ရသည်။

M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂိုမှ သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီး

M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂိုမှ သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့

M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တောင်အာဖရိက ရဲတပ်ဖွဲ့မှ ပြောကြား ခဲ့ပါသည်။

တောင်အာဖရိက နိုင်ငံမြောက်ပိုင်း လင်ပိုပို စီရင်စုတွင် သူပုန် အဖွဲ့အား ဖမ်းဆီး ခဲ့ပါသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်း မြောက်ကီဗူး စီရင်စုတွင် M-23 သူပုန် အဖွဲ့ဝင် များသည် စစ်ပွဲများ ဖြစ်ပွားအောင် လုပ်ဆောင် လျက်ရှိကြောင်းနှင့် ဒေသခံ လူ ၅ သိန်းခန့်သည် နေအိမ်များကို စွန့်ခွာခဲ့ကြောင်း တောင်အာဖရိက နိုင်ငံ တရားရုံး တစ်ခုမှ ပြောကြားခဲ့ ပါသည်။ ဖမ်းဆီး ခဲ့သော သူပုန် ၁၉ ဦး အား Pretoria ဒေသရှိ ခုံရုံး တစ်ခုတွင် စစ်ဆေး သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ ပါသည်။

http://bit.ly/YabY69

Credit to :မြ၀တီ
https://www.facebook.com/excellencemedia

အေးချမ်းမွန်

M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တောင်အာဖရိက ရဲတပ်ဖွဲ့မှ ပြောကြား ခဲ့ပါသည်။

အကျဉ်းထောင်များ အတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားမျာနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်း

အကျဉ်းထောင်များ အတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားမျာနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ယနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ကိုယ်ပိုင်လူမှုကွန်ယက် စာမျက်နှာတွင်ဖော်ပြထားသည် ကိုတွေ့ရသည်။

“စာဖတ်ခြင်းအနုပညာ-

“စာဖတ်ခြင်းအနုပညာ-၃-”

 စာဖတ်တဲ့နေရာမှာလည်း အသက်အရွယ်ကိုလိုက်ပြီး သူ့အလိုလိုတော့ ပုံစံက ပြောင်းလာတတ်ပါတယ်။ ကျွန်မ အလယ်တန်း၊ အထက်တန်း ရောက်လာတော့ အချစ်ဝတ္ထုတွေ အဖေ့ဆီက ပါမစ်မကျလည်း ကျောင်းစာအုပ်ကြားမှာညှပ်ပြီး ခိုးဖတ်တတ်လာတယ်။ ကိုယ်ကြိုက်တဲ့ စာသားလေးတွေ၊ ကဗျာလေးတွေဆိုရင် ကူးရေးတတ်လာရုံမကဘဲ ကိုယ့်ခံစားချက်တွေကိုလည်း ကဗျာလေးတွေအဖြစ်ရေးတတ်လာတယ်။

   အဲဒီကနေတဆင့် တက်လာတော့ ခံစားချက်လေးတွေကို စာအုပ်နောက်ကျောတွေမှာ ရင်ဖွင့်တတ်လာပြီ။
တက္ကသိုလ်ရောက်တော့ အဆောင်နံရံကပ်စာစောင်တွေမှာ ကဗျာတွေ၊ စာညွန့်တွေ ၀င်ပြိုင်ပြီး ဆုတွေဘာတွေ ရလို့....။

    တစ်ခါ.. ၈၈ အရေးအခင်းနဲ့ ကျောင်းသုံးနှစ်ပိတ်လိုက်ချိန်ကျတော့ တကယ့်ကို စိတ်လေချင်စရာ ကျောင်းပိတ်ရက် ရှည်ကြီးပေါ့နော်။ တချို့ကျောင်းသားတွေက အလုပ်တွေထွက်လုပ်၊ သင်တန်းတွေတက်နဲ့ဆိုတော့ ကျွန်မကလည်း အားကျပြီးတက်ချင်တယ်။ အိမ်ကစိတ်မချတော့ ခွင့်မပြုပါဘူး။ အဲဒီမှာ နောက်ဆုံးတော့ ကျွန်မက ကျောင်းပိတ်ရက်မှာ ကယောက်ကယက်ဖြစ်နေတဲ့ စိတ်တွေကို စာဖတ်ခြင်းမှာ နှစ်ပစ်လိုက်မိတာပါ။

     အဲဒီအချိန်ကလည်း ၀တ္တုတို ရွှေခေတ်ဆိုတဲ့ အချိန်ပေါ့။ မဟေသီ၊ ရွှေအမြုတေ၊ ရင်ခုန်ပွင့်၊ ပန်းဝေသီ၊ ပေဖူးလွှာ၊ လုံမလေးမဂ္ဂဇင်းတွေ.. မှာ ၀တ္ထုတွေ အစုံဖတ်ခဲ့ရတယ်။ လုံးချင်းတွေထဲမှာဆိုရင်လည်း ဆရာမကြီး ကြည်အေး၊ ဂျာနယ်ကျော်မမလေး၊ ဆရာမ မစန္ဒာ၊ ဆရာမမိုးမိုးအင်းလျားတွေအပြင် ဆရာနိုင်ဝင်းဆွေတို့လို ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းလို ဟိုးတုန်းကစာအုပ်အဟောင်းတွေကိုလည်း တော်တော်များများဖတ်ဖြစ်ခဲ့တယ်။

   အဲဒီတုန်းက ကံကောင်းချင်တော့ စာအုပ်အဟောင်းတွေ စုံစုံလင်လင်ရှိတဲ့ စာအုပ်ဆိုင်လေးကို ရှာတွေ့ထားတာ။
အဲဒီဆိုင်မှာ တိုင်းရင်းမေလို စာစောင်အဟောင်းတွေကအစ၊ ညီတော်အာနန္ဒာမှတ်တမ်းလို ဘာသာရေး စာအုပ်တွေအထိ တော်တော်စုံတယ်။ ကျွန်မလည်း လက်လှမ်းမီသလောက်ဖတ်လိုက်တာမှ တစ်ရက်တစ်ရက် ရသမျှမုန့်ဘိုး အကုန် စာအုပ်တွေချည်း ငှားဖတ်ပစ်တာပဲ။

      အဲဒီမှာ စာဖတ်သက်ရင့်လာတော့ ဘယ်စာဖတ်သင့်တယ်။ ဘယ်စာတော့ မဖတ်သင့်ဘူးဆိုတာလည်း ကိုယ့်ဖာသာရွေးတတ်လာပါတယ်။ တစ်ခါတလေ ကိုယ်ဖတ်မိတဲ့စာထဲက ဒါကဖြင့် အဆိပ်အတောက်၊ ဒါကဖြင့် အာဟာရရယ်လို့လည်း အနှစ်အသားကို ခွဲခြားစုတ်ယူတတ်လာပါတယ်။

    အဲဒီလို စာအုပ်တွေ အသဲအမဲဖတ်ဖြစ်ပြီးနောက်မှာ ကျွန်မစိတ်တွေ တော်တော်ပြောင်းသွားခဲ့တယ်။ ကျောင်းသုံးနှစ် ပိတ်ပြီးလို့ ပြန်ဖွင့်တော့ တော်တော်ရင့်ကျက်တည်ငြိမ်နေခဲ့ပြီ။ ငယ်ငယ်ကဆို လူကြောက်ပြီး မပြောရဲ မဆိုရဲနဲ့ စိတ်မလုံခြုံတဲ့သူက ပြောတတ်ဆိုတတ်နဲ့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေရှိလာရတယ်။ အရင်က ကိုယ့်တစ်ကိုယ်စာ ခံစားချက်ကို ရှေ့တန်းတင်တတ်တဲ့စိတ်တွေကလည်း ဘေးကို ငဲ့စောင်းမျှတွေးတတ်လာတယ်။ သူတစ်ပါးအပေါ် ပိုပြီး နားလည်စာနာတတ်လာတယ်။ ကူညီဖေးမချင်စိတ်တွေ ပိုရှိလာတယ်။ အခက်အခဲဆိုရင်လည်း တော်ရုံစိတ်ဓာတ် မကျတတ်တော့ဘူး။ ကျော်နိုင်လာတယ်။

    အဲဒီလို စွမ်းဆောင်ရည်တွေ ပိုတက်လာတာလည်း ကိုယ့်ဖာသာကိုယ် သတိထားမိလာတယ်။ ဒါဟာ ဖတ်မိသမျှစာတွေကနေ စုတ်ယူအားပြည့်လာတဲ့ စိတ်ခွန်အားတွေလို့ ကျွန်မယုံကြည်ပါတယ်။

     အဲဒီကနေတဆင့် ပတ်ဝန်းကျင်မှာ မြင်ကြားထိတွေ့ရတာလေးတွေကို ကိုယ်မြင်ရသလို၊ ကိုယ်တွေးမိသလို ပြန်ပြီး မျှဝေချင်စိတ်ဖြစ်လာတဲ့အခါ ကျွန်မ ၀တ္ထုတိုလေးတွေရေးမိလာပါတယ်။ ဒါဟာ စာဖတ်ခြင်းကနေဆင့်ပွားလာတဲ့ အနုပညာတစ်ခုပေါ့နော်။

    အဲဒါကြောင့် စာဖတ်ခြင်းဟာ ဘယ်လောက်အနုပညာမြောက်သလဲဆိုရင် ဖတ်လိုက်သမျှစာတွေထဲက ရသအဆီအနှစ်တွေဟာ ကျွန်မရင်ထဲကို စိမ့်ဝင်လာပြီးနောက်မှာ အဲဒီကနေ ဆင့်ပွားပြီးတော့ ပီတိတွေဟာ ကျွန်မရဲ့စေတနာကို လှုံ့ဆော်လာတဲ့အခါမှာ ကျွန်မကိုယ်တိုင် ရသစာတွေ... တစ်နည်းပြောရရင် အနုပညာဖန်တီးမှုတွေ ပြန်အန်ကျလာရတယ်လို့ ထင်ပါတယ်ရှင်။

+++++++++

ဝေ(စီးပွားရေးတက္ကသိုလ်)

တကယ်တမ်းက ဧရာဝတီစာပေပွဲတော်မှာ သုံးပိုင်းပိုင်းပြီး ဆွေးနွေးမယ်လို့ တွေးထားတာပါ...
ဒါပေမဲ့ အချိန်က တစ်နာရီပဲရတာကြောင့် နှစ်ပိုင်းပဲပြောဖြစ်ပြီး..
 နောက်ဆုံးတစ်ပိုင်းက မပြောဖြစ်ခဲ့ပါဘူး.. 
စာဖတ်သူမိတ်ဆွေတွေ ဖတ်ရအောင်လို့သာ တင်ပေးလိုက်တာပါ..

စာဖတ်တဲ့နေရာမှာလည်း အသက်အရွယ်ကိုလိုက်ပြီး သူ့အလိုလိုတော့ ပုံစံက ပြောင်းလာတတ်ပါတယ်။ ကျွန်မ အလယ်တန်း၊ အထက်တန်း ရောက်လာတော့ အချစ်ဝတ္ထုတွေ အဖေ့ဆီက ပါမစ်မကျလည်း ကျောင်းစာအုပ်ကြားမှာညှပ်ပြီး ခိုးဖတ်တတ်လာတယ်။ ကိုယ်ကြိုက်တဲ့ စာသားလေးတွေ၊ ကဗျာလေးတွေဆိုရင် ကူးရေးတတ်လာရုံမကဘဲ ကိုယ့်ခံစားချက်တွေကိုလည်း ကဗျာလေးတွေအဖြစ်ရေးတတ်လာတယ်။

ယနေ့ညနေ3နာရီ15မိနစ်အချိန်တွင်တောင်ကြီးမြို့မြို့မဈေးတွင် အလယ်ရုံ အတွင်းမီးလောင်မှုဖြစ်ပွား

ယနေ့ညနေ3နာရီ15မိနစ်အချိန်တွင်တောင်ကြီးမြို့မြို့မဈေးတွင်
 အလယ်ရုံ အတွင်းမီးလောင်မှုအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်
======================
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ယနေ့ညနေ3နာရီ15မိနစ်အချိန်တွင်တောင်ကြီးမြို့မြို့မဈေးတွင်အလယ်ရုံအတွင်းမီးလောင်မှုအနည်း
ငယ်ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်

နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်းတစ်ခုကို ရန်ကုန်မြို့၊ကမ္ဘာအေး ကျောက်မျက်ရတနာခန်းမတွင် ယခုနှစ်အတွင်း ဖွင့်မည်

နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်းတစ်ခုကို ရန်ကုန်မြို့၊ကမ္ဘာအေး ကျောက်မျက်ရတနာခန်းမတွင် ယခုနှစ်အတွင်း ဖွင့်မည် 

Wednesday, 06 February 2013 16:16

နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်းတစ်ခုကို ရန်ကုန်မြို့၊ကမ္ဘာအေး ကျောက်မျက်ရတနာခန်းမတွင် ယခုနှစ်အတွင်း ဖွင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်းရေးမှူး  ဦးကျော်ဌေးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး  ဦးကျော်ဌေးက'' ကျွန်တော်တို့ တိုင်းပြည်ကထွက်တဲ့ ကျောက်မျက်ရတနာတွေကို နိုင်ငံတကာ အဆင့်မီအောင် Certificate တွေ ပေးနိုင်မှသာလျင် ကမ္ဘာက လက်ခံတဲ့ ဥစ္စာတွေ ဖြစ်လာမှာပါ။ဒီဓာတ်ခွဲခန်းကြီးအတွက်  သင်တန်းသားတွေကို ဟောင်ကောင်ကို လွှတ်ပြီး ဓာတ်ခွဲခန်းဖြစ်ပေါ်ဖို့ သင်တန်းပို့ချပြီး အလှုငွေတွေ ကောက်ခံလျက် ရှိပါတယ်။မကြာမီ ကျောက်မျက် ရတနာ ဓာတ်ခွဲခန်းဖြစ်ပေါ်ဖို့ ပစ္စည်းတွေ ၀ယ်ယူတော့မှာပါ။ဒီဓာတ်ခွဲခန်းကြီး အမြန်ဆုံးဖြစ်ပေါ်ဖို့ ဥက္ကဌရဲ့ ပံ့ပိုးလမ်းညွန်မှုတွေ အများကြီးလိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက အဆိုပါ ဓာတ်ခွဲခန်းကို ၂၀၁၃ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ ကမ္ဘာအေး ကျောက်မျက်ရတနာခန်းမတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

Credit to :Eleven Media Group
https://www.facebook.com/excellencemedia

အေးချမ်းမွန်

Wednesday, 06 February 2013 16:16

နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်းတစ်ခုကို ရန်ကုန်မြို့၊ကမ္ဘာအေး ကျောက်မျက်ရတနာခန်းမတွင် ယခုနှစ်အတွင်း ဖွင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားခဲ့သည်။

မာယာကော့ဖ်စကီးရဲ့ အစည်းအဝေးနဲ့ ဒေါက်တာသန်းထွန်းရဲ့စ,တော့

မာယာကော့ဖ်စကီးရဲ့ အစည်းအဝေးနဲ့ ဒေါက်တာသန်းထွန်းရဲ့စ,တော့

ရေးသားသူ- မောင်သာချို

(တစ်)

ကျွန်တော်တို့ခပ်ငယ်ငယ် ဘာသာပြန်စာအုပ်များကို အငမ်းမရ ဖတ်ကြစဉ်တုန်းက တော်တော်ကလေး အဖတ်အရှုများသည့် စာအုပ်များမှာ ရုရှနှင့် တရုတ်ကစာအုပ်များ ဖြစ်ခဲ့သည်ကို ပြန်ပြောင်းအမှတ်ရမိပါသည်။ ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ကို လူငယ်တို့ စိတ်ဝင်စားကြရာ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ဆယ်စုနှစ်ကာလများဖြစ်ရာ ထိုဝါဒများ အားကောင်းမောင်းသန် ရှင်သန်ခဲ့သည့် ရုရှနှင့် တရုတ်တို့ကို စိတ်ဝင်စားရာက ထိုနိုင်ငံထွက် စာပေလက်ရာများကို အဖတ်အရှု များခဲ့ကြပုံရပါသည်။

ရုရှစာရေးဆရာ ကဗျာဆရာများထဲ၌ လီယိုတော်စတွိုင်း၊ မက္ကဇင်ဂေါ်ကီ၊ တူရဂေညက်၊ ဆိုဇင်နစ်ဇင်၊ အန်တွန်ချက်ကော့ဖ်၊ ပွတ်ရှကင်၊ နီကိုလိုင်သြထရော့စကီ၊ ဂိုဂိုးလ်၊ မစ်ခေးရှိုလိုကော့ဖ်၊ ဒေါ့စတိုယက်စကီး၊ မာယာကော့ဖ်စကီး၊ ယက်တူရှင်ကို၊ ဘောရစ်ပါစတာညက် စသည် စသည် စသည်တို့သည်ကား မြန်မာစာဖတ်ပရိသတ်နှင့် အထူးကို ရင်းနှီးကျွမ်းဝင်သည့် စာရေးဆရာ၊ ကဗျာဆရာများ ဖြစ်ပါသည်။

သည်အထဲမှာ မာယာကော့ဖ်စကီးက ကျွန်တော်တို့၏ အသည်းစွဲဖြစ်ပါသည်။ နာမည်အပြည့်အစုံက ဗလာဒီမာ မာယာကော့ဖ်စကီး (Vladimir Mayakorsky) ။ ၁၉ ဇူလိုင် ၁၈၉၃ ၌မွေးကာ ၁၄ ဧပြီ ၁၉၃၀ ၌ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်ပြီး ဘ၀ကို အဆုံးသတ်ခဲ့သူ နာမည်ကျော် ကဗျာဆရာ စာရေးဆရာ။ သူ့လက်ရာ “A cloud in Trousers” ကို ဆရာမောင်သာနိုးက ဘာသာပြန်ပေးခဲ့သဖြင့် “ဘောင်းဘီဝတ် မိုးတိမ်”ဆိုသည့်ကဗျာကို ကျွန်တော်တို့ ဖတ်ခွင့်ရခဲ့ကြပါသည်။

မာယာကော့ဖ်စကီးက သရော်တတ်သည့် ဉာဉ်ကလေးရှိသူဖြစ်ရာ သူ့ကဗျာတချို့က ရိတိတိ ထေ့တေ့တေ့။ ဆိုဗီယက်ခေတ် ရုရှလူ့အဖွဲ့အစည်းက ကွန်မြူနစ်ပါတီ၏ လက်အောက်က လူ့အဖွဲ့အစည်းဖြစ်ရာ ထုံးစံအတိုင်း ဘာမှအလုပ်မဖြစ်သော အစည်းအဝေးတွေနှင့် နပန်းလုံးနေရသည့် လူ့အဖွဲ့အစည်းဖြစ်ပါသည်။ တော်ကြာနေ ဟိုနားက အစည်းအဝေးခေါ်လိုက်၊ တော်ကြာနေ သည်နားက အစည်းအဝေးခေါ်လိုက်။ ဒါကို စက်ဆုပ်ရွံရှာ အော့နှလုံးနာသည်ထင်ပါရဲ့။ မာယာကော့ဖ်စကီးက ကဗျာတစ်ပုဒ်ရေးပါသည်။

လူတွေ လူတွေ၊ တောင်ကိုသွားသူသွား၊ မြောက်ကိုသွားသူသွား၊ အရှေ့သို့ အနောက်သို့ သွားနေသူတွေကလည်း တစ်ပုံတစ်ခေါင်း၊ ဘယ်ကိုသွားနေကြတာလဲ မေးလိုက်တော့ သေသေချာချာ ပြန်ဖြေဖို့ပင် အချိန်မရကြ။ ခပ်သုတ်သုတ်လမ်းလျှောက်ရင်း ဖြေသွားကြတာက အစည်းအဝေးသွားမလို့တဲ့၊ တစ်ယောက်က  မနက်ခင်း အစည်းအဝေးတစ်ခု ရှိရာကပြန်လာပြီး နေ့လယ်ခင်းမှာ နောက်အစည်းအဝေးတစ်ခု၊ ညနေခင်းမှာ နောက်အစည်းအဝေးတစ်ခု ထပ်ရှိနေသေးလို့တဲ့။ လူတချို့ကိုလှမ်းကြည့်တော့ ထူးထူးဆန်းဆန်း လူတစ်ခြမ်းပဲ့ကြီးတွေဖြစ်လို့ နေရှာသတဲ့။ မေးကြည့်တော့ ထိုလူတစ်ခြမ်းကြီးများက အစည်းအဝေးတစ်ခု သွားတက်ကြမလို့တဲ့။ နောက်ထပ်တစ်ခြမ်းက ဘယ်ရောက်နေသလဲမေးတော့ တခြားအစည်းအဝေးတစ်ခုရှိရာကို ခွဲပို့ထားရလေသတဲ့။

သြော်... ကဗျာဆရာ မာယာကော့ဖ်စကီး သူ့ကဗျာကို အဆုံးသတ်လိုက်ပုံက ရုရှနိုင်ငံမှာ အစည်းအဝေးတစ်ခု အမြန်လုပ်ပေးကြစမ်းပါတဲ့။ နောင်ဘယ်တော့မှ အစည်းအဝေးမလုပ်တော့ပါဘူးဆိုတဲ့ အစည်းအဝေးတဲ့။ ကျွန်တော်တို့ဖတ်ရင်း ပြုံးခဲ့ကြရပုံများ။

(နှစ်)

သမိုင်းပညာရပ်နယ်ပယ်၌ နေလိုလလို ထင်ရှားသည့် ဆရာကြီးတစ်ယောက် ရှိပါသည်။ ဒေါက်တာသန်းထွန်း။

၁၉၄၁ တွင် ရန်ကုန်ယူနီဗာစီတီမှ ဥပစာတန်းအောင်မြင်။ ၁၉၄၆ တွင် အရေးပေါ်ကောလိပ်မှ ၀ိဇ္ဇာဘွဲ့ရ။ ၁၉၄၇ တွင် ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရ။ ၁၉၅၂ တွင် ဥပဒေဘွဲ့ရ။ ၁၉၅၆ တွင် လန်ဒန်တက္ကသိုလ်မှ ပါရဂူဘွဲ့ရ။ ၁၉၉၀ တွင် လန်ဒန်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ရ။

သမိုင်းဆရာအဖြစ် အချိန်ပိုင်း နည်းပြဆရာကလေးဘ၀မှသည် ပါမောက္ခအထိ တာဝန်ထမ်းဆောင်ခဲ့ရုံမျှမက ၁၉၈၃ တွင် တိုကျိုနိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင် ဧည့်ပါမောက္ခ။ ၁၉၈၇ တွင် မြောက်အီလီနွိုက်စ်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးတွင် ဧည့်ပါမောက္ခ။ ၁၉၈၈ တွင် အမေရိကန် မြောက်အီလီနွိုက်စ်နှင့် ဂျပန် မီရှီဂန်တက္ကသိုလ်များတွင် သမိုင်းဧည့်သည်ပါမောက္ခ စသည် စသည်ဖြင့် တာဝန်ထမ်းဆောင်သွားခဲ့ရုံမျှမက ပြုစုရေးသားသွားသည့် စာတွေက အများအပြား။ ကျွန်တော့အိမ်က စာအုပ်စင်ပေါ်၌ပင်လျှင် ဆရာကြီး၏ စာအုပ်လေးဆယ်နီးပါး ရှိနေပါသည်။

ဆရာကြီးနှင့်ပတ်သက်၍ ကျွန်တော့်စိတ်ထဲ နှလုံးသားထဲ၌ ငြိနေတာကလေးတစ်ခု ရှိပါသည်။ စာတမ်းဖတ်ပွဲတစ်ခု၌ ဆရာကြီးကို သဘာပတိမိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားလိုက်သောအခါ ဆရာကြီးက တိုက်ပုံတွေဘာတွေနှင့် သပ်သပ်ရပ်ရပ်ဝတ်စားကာ စကားပြောခွက်ရှိရာဆီသို့ လျှောက်လာပါသည်။ ပြီးတော့ သဘာပတိ မိန့်ခွန်းပြောပါသည်။ နှစ်လုံးတည်း။ မင်္ဂလာပါတို့ စကားပြောခွင့်ရလို့ ကျေးဇူးတင်ပါတယ်လို့ ဘာမှမပါ။

စ,တော့ .... တဲ့။

အတိုဆုံးသော သဘာပတိမိန့်ခွန်း။ ဟုတ်ပါသည်။ စ,တော့တဲ့။ အခမ်းအနားထဲက ပရိသတ်အားလုံး ဆရာကြီးကို လေးစားချစ်ခင်စိတ်ဖြင့် သဘောကျသွားကာ  လက်ခုပ်များ တဖြောင်းဖြောင်းတီးလျက် အားပေးလိုက်ကြသည်မှာ ညံမစဲ။

ဘယ်အချိန်မှာ ပြန်ပြောပြော၊ ဘယ်သူ့ကို ပြန်ပြောပြော၊ ဘယ်နေရာမှာ ပြန်ပြောပြာ သည်အကြောင်းကို ကြားသူတိုင်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ ဆရာကြီးကို ကြည်ညိုသွားကြမြဲဖြစ်ပါသည်။ သူတစ်ပါးရဲ့အချိန်ကို တန်ဖိုးထားတတ်လိုက်တာ... တဲ့။

ဟုတ်ပါသည်။ လူကြီးလူကောင်းတို့ကား ကိုယ့်အချိန်ကို ကိုယ်အကျိုးရှိရှိ အသုံးချတတ်သကဲ့သို့ သူတစ်ပါး၏အချိန်ကိုလည်း အကြောင်းမဲ့သက်သက် အရည်မရ အဖတ်မရ ဖြုန်းတီးပစ်ဖို့ကို အားနာတတ်ကြပါသည်။

နောက်တွင် ဆက်ကျင်းပမည့် အခမ်းအနားကမှ တကယ့်အခမ်းအနားဖြစ်ရာ သူ့အနေနှင့် ဘာတစ်ခွန်းမှ အပိုပြောကာ အချိန်မဖြုန်းလိုဘဲ စ,တော့ဟု ခွင့်ပေးလိုက်ခြင်းဖြင့် သွက်လက်မြန်ဆန်သွားသော အခမ်းအနားကိုကြည့်ကာ လူတိုင်းက ဆရာကြီးကို သာဓုခေါ်ကြပါသည်။

ကျက်သရေရှိကာ ခေတ်နှင့်လျော်ညီသော ဘ၀နေထိုင်မှုဟန်ပန် (Life Style)ဆိုသည်မှာ ဒါမျိုးကိုခေါ်တယ် ထင်ပါရဲ့။

(သုံး)

စင်ပေါ်၌နေရာယူကာ လူပေါင်းများစွာ၏အချိန်ကို ဖြုန်းတီးပစ်နေသော လူတို့ ရှိတတ်ပါသည်။

ဘောလုံးပွဲ အဖွင့်မိန့်ခွန်းကလေး ချီးမြှင့်ခိုင်းရာ နှစ်နာရီလောက်ပြောနေသဖြင့် မှောင်သွားသောကြောင့် ဘောလုံးပွဲကို နောက်တစ်နေ့သို့ ရွှေ့လိုက်ရသောအဖြစ် ရှိခဲ့ဖူးပါသည်။ ဟောပြောပွဲ အဖွင့်အမှာစကားလေး ပြောခိုင်းရာ တစ်နာရီနှင့်လည်းမဆင်း၊ နှစ်နာရီနှင့်လည်း မဆင်းသဖြင့် “ရပ်ပါတော့ဆရာ” ဟူသည့် စာရွက်အတိုကလေးကို ရေခွက်နှင့်အတူ တက်ပေးပြီး တောင်းပန်ခဲ့ရသောအဖြစ် ရှိခဲ့ဖူးပါသည်။ စာရေးဆရာနှစ်ဦး ဟောမည့်ပွဲ၌ ဒေသခံငါးယောက်လောက်က မိတ်ဆက်စကား၊ အဖွင့်စကား၊ ကျေးဇူးတင်စကား စာရင်းရှင်းတမ်းစကားတွေ တက်ပြောနေသည့်အဖြစ် ရှိခဲ့ဖူးပါသည်။ အစည်းအဝေးခန်းမကြီးထဲ၌ ငါးမိနစ်ပြောလျှင်ရမည့် အကြောင်းအရာကို နှစ်နာရီလောက် ပြောနေသဖြင့် နားထောင်သူ ရာဂဏန်းတို့၏ နာရီပေါင်းများစွာကို ဖြုန်းတီးပစ်နေသည့် အဖြစ်လည်း ရှိခဲ့ဖူးပါသည်။

ရုရှကဗျာဆရာ မာယာကော့ဖ်စကီးက အကြောင်းမဲ့ အချိန်ဖြုန်းသည့် အစည်းအဝေးများကို ရွံရှာစက်ဆုပ်ကာ ဘယ်တော့မှ အစည်းအဝေးမလုပ်တော့ပါဘူးဆိုသည့် အစည်းအဝေးလုပ်ရလေမတဲ့။

အခု... ကြည့်။

ဆရာကြီး ဒေါက်တာသန်းထွန်းက သဘာပတိအဖွင့်အမှာ စကားပြောခဲ့ပုံ။ စ,တော့တဲ့။ ကျွန်တော် သူ့လို ပြောတတ်ချင်လိုက်တာ။ လူတွေကိုလည်း သူ့လို ပြောစေ့ချင်လိုက်တာ။ စ,တော့... ဆိုတဲ့ စကားကလေးနှစ်လုံးတည်းနဲ့ ကိုယ့်နှုတ်ကိုကိုယ် ဘရိတ်ဖမ်းနိုင်လိုက်တဲ့အတွက် တစ်ယောက်ချင်းဆီက ပိုထွက်လာတဲ့အချိန်တွေဟာ ဘယ်လောက်တန်ဖိုးရှိလိုက်လေမလဲ။ အချိန်ကိုလုယက်ကာ ရုန်းကန်နေကြရတဲ့သူတွေအတွက် ဘယ်လောက် အလုပ်ဖြစ်လိုက်လေမလဲ။

စ,တော့ ... ဆိုတဲ့ ဘ၀နေနည်း ဟန်ပန်နဲ့အတူ သူတစ်ပါးအချိန်တွေကို အနုကြမ်းစီးထားမိတဲ့ အလုပ်မျိုးတွေ မလုပ်မိရလေအောင် အခုဆို အခု စ,လိုက် ကြရအောင်လား။            ။



(တစ်)

ကျွန်တော်တို့ခပ်ငယ်ငယ် ဘာသာပြန်စာအုပ်များကို အငမ်းမရ ဖတ်ကြစဉ်တုန်းက တော်တော်ကလေး အဖတ်အရှုများသည့် စာအုပ်များမှာ ရုရှနှင့် တရုတ်ကစာအုပ်များ ဖြစ်ခဲ့သည်ကို ပြန်ပြောင်းအမှတ်ရမိပါသည်။ ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ကို လူငယ်တို့ စိတ်ဝင်စားကြရာ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ဆယ်စုနှစ်ကာလများဖြစ်ရာ ထိုဝါဒများ အားကောင်းမောင်းသန် ရှင်သန်ခဲ့သည့် ရုရှနှင့် တရုတ်တို့ကို စိတ်ဝင်စားရာက ထိုနိုင်ငံထွက် စာပေလက်ရာများကို အဖတ်အရှု များခဲ့ကြပုံရပါသည်။

မြန်မာ့ လျှပ်စစ်မီး၊ ဖုန်းနှင့် ဘဏ်လုပ်ငန်း ကမ္ဘာ့ဘဏ်ကူညီမည်

၂၀၁၃ ဖေဖော်ဝါရီလ ၆ ရက်

မြန်မာနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ လျှပ်စစ်မီးရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ တိုးတက်အောင်လုပ်ဆောင်ဖို့ ကမ္ဘာ့ဘဏ်က သဘောတူလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ ဆိုးရွားဆဲ၌ပင်ရှိနေသေးဟုဆို

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ ဆိုးရွားဆဲ၌ပင်ရှိနေသေးဟုဆို


မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသို့ရှေးရှုလုပ်ဆောင်မှုသည် ထင်သာမြင်သာရှိခဲ့သော်လည်း လူ့အခွင့်အရေးအခြေအနေသည်  
၂၀၁၂ ခုနှစ်ကကဲ့သို့ပင် ဆိုးရွားဆဲအခြေအနေ၌ ရှိနေသေးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်သည့် ၂၀၁၃ ခုနှစ် အစီရင်ခံစာ၌ဖော်ပြထားကြောင်းသိရသည်။

သမ္မတဦးသိန်းစိန်လက်ထက် ပြည်ပရောက်နိုင်ငံရေးအင်အားစုများ
 ပြည်တွင်းပြန်ဝင်ခွင့်ဖိတ်ခေါ်ခဲ့ခြင်း၊ လွတ်ငြိမ်းချမ်းသာအမိန့် ၅ ကြိမ်ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ပြန်လည်လွတ်ပေးခဲ့ခြင်းများရှိခဲ့သော်လည်း အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားအချို့ ကျန်ရှိနေခြင်း၊ လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် ပညာရေး၊ ခရီးသွားလာခွင့် အစရှိသော ကိစ္စရပ်များတွင် ထိန်းချုပ်ခံထားရခြင်းနှင့် လိုအပ်သော စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု နည်းပါခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သည့်  တက်ကြွလှုပ်ရှားသူများအား တရားစွဲဆို အရေးယူခြင်း၊ စာပေစိစစ်ရေးမူကို ရုတ်သိမ်းလိုက်သော်လည်း  လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်အတွက် အတားအဆီးဖြစ်သော ဥပဒေများရှိနေသေးခြင်းအပါအ၀င် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ရေး ၊ လူမျိုးရေး ပဋိပက္ခများအပေါ် ပြုမူဆောင်ရွက်မှုနှင့် ကိုင်တွယ်ဖြေရှင်းမှုများ၌ လူ့အခွင့်အရေးဆိုင်ရာအလေးထားမှုအားနည်းချက်များအပေါ် အခြေခံ၍ ယခုကဲ့သို့အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်ကြောင်းသိရသည်။

NLA

Ref; World Report 2013

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသို့ရှေးရှုလုပ်ဆောင်မှုသည် ထင်သာမြင်သာရှိခဲ့သော်လည်း လူ့အခွင့်အရေးအခြေအနေသည် ၂၀၁၂ ခုနှစ်ကကဲ့သို့ပင် ဆိုးရွားဆဲအခြေအနေ၌ ရှိနေသေးကြောင်း လူ့
အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်သည့် ၂၀၁၃ ခုနှစ် အစီရင်ခံစာ၌ဖော်ပြထားကြောင်းသိရသည်။

အထောက် အထားမဲ့ မြန်မာ အလုပ်သမား များအား ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ထိုင်းနိုင်ငံ အတွင်း စခန်း ၁၁ ခု၌ အထောက်အထား ထုတ်ပေးမည်

အထောက် အထားမဲ့ မြန်မာ အလုပ်သမား များအား ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ထိုင်းနိုင်ငံ အတွင်း စခန်း ၁၁ ခု၌ အထောက်အထား ထုတ်ပေးမည်

ထိုင်းနိုင်ငံ အတွင်း သွားရောက် အလုပ်လုပ် ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ အတွက် အထောက်အထားများ ထုတ်ပေးရေး လုပ်ငန်းစဉ်အား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ပိတ်သိမ်းရန် ထိုင်းနိုင်ငံမှ ဆုံးဖြတ်ခဲ့သော်လည်း နှစ်နိုင်ငံ ခေါင်းဆောင် များ၏ ဆွေးနွေး ညှိနှိုင်းမှုအရ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား များအား ဆောင်ရွက်ပေးလျက် ရှိသည့် ယာယီ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ရပ်ဆိုင်းခြင်း မပြုဘဲ အချိန်ကာလ သုံးလ ထပ်မံ တိုးမြှင့် ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတကြီးနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့၏ ဒီဇင်ဘာ ၁၇ ရက်က ထားဝယ်တွင် တွေ့ဆုံ ဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့သည်။

အဆိုပါ သဘော တူညီမှုအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နှစ်နိုင်ငံ အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်း အဝေးများ ကျင်းပ၍ လုပ်ငန်း ဆောင်ရွက်ရန် ဖွင့်လှစ် မည့် နေရာ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဖေဖော် ဝါရီ ၃ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ တတိယ အကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန အလုပ်အကိုင် ဌာနမှ ညွှန်ကြားရေး မှူးချုပ် Mr. Pravit Khiengpol ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေး ခဲ့ကြသည်။

ထိုင်းနိုင်ငံ အတွင်း ဖွင့်လှစ်မည့် ယာယီ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး စခန်း ၁၁ ခုမှာ စမုပရာကန်၊ စမုစခုန် (မဟာချိုင်)၊ စူရပ်ဌာနီ၊ ပထုံဌာနီ၊ ရေရောင်၊ ကန်ချန် နဘူရီ၊ ခွန်ခမ်၊ ချင်းမိုင်၊ ချင်းရိုင်၊ တပ်ခ်နှင့် ရနောင်း တို့၌ လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၁၅ရက်တွင် စတင်မည် ဖြစ်ကြောင်း၊ စခန်းများသို့ လာရောက် အထောက်အထား ပြုလုပ်သော မြန်မာ အလုပ် သမားများ စာရင်း အပေါ် မူတည်၍ မတ် ၁၅ ရက် နောက်ပိုင်းတွင် စခန်းများ တိုးခြင်း၊ လျှော့ခြင်းများ ပြုလုပ်နိုင်ရန် နှစ်နိုင်ငံ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေး ထပ်မံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အကယ်၍ သတ်မှတ်ကာလ အတွင်း အထောက်အထား ပြုလုပ်ရန် မြန်မာ အလုပ်သမားများ ကျန်ရှိပါက စခန်းများ နောက်ထပ် သက်တမ်း တိုးမြှင့် ဖွင့်လှစ် ဆောင်ရွက်ရေး ကိစ္စကို ထိုင်းအစိုးရ အဖွဲ့သို့ တင်ပြ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/11TjhkP

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

အေးချမ်းမွန်

ထိုင်းနိုင်ငံ အတွင်း သွားရောက် အလုပ်လုပ် ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ အတွက် အထောက်အထားများ ထုတ်ပေးရေး လုပ်ငန်းစဉ်အား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ပိတ်သိမ်းရန် ထိုင်းနိုင်ငံမှ ဆုံးဖြတ်ခဲ့သော်လည်း နှစ်နိုင်ငံ ခေါင်းဆောင် များ၏ ဆွေးနွေး ညှိနှိုင်းမှုအရ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား များအား ဆောင်ရွက်ပေးလျက် ရှိသည့်

အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပရမည်ဟု သိရ

ရန်ကုန် ။ ဖေဖော်ဝါရီ ၆


မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာဆီယံ လူထုဖိုရမ် (သို့) အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ( ASEAN People Forum/ ASEAN Civil Society Conference) ကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပရမည်ဖြစ်ကြောင်းသိရသည်။

နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်းကို အနှောက်အယှက်ပေးနေတဲ့ ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှုး

ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ်ထားသော ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိး ရှိပါလျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ်ကိုင်ပြီး သမီးကို သိမ်းယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။ ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာ ဆက်ဆံ တုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအတင် ဖြစ်ပွားခဲ့ရသည်။ သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင်နေသူမို့ ဘယ်သူကမှ မပြောရဲကြပေ။

ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ်ထားသော ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန်အများပြည်သူမှ ပြောကြားခဲ့ကြသည်။

>>> ဖေဖော်ဝါရီလ ၆ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၉ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ

“တန်ဖိုးနည်း” အိမ်ရာ အခြေခံ လူတန်းစားအတွက် ဈေးအလွန်ကြီးဟု ဆို


အစိုးရက အကောင်အထည်ဖော်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းတခန်းလျှင် ငွေကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ကြား ဈေးနှုန်းဖြင့်  ရောင်းချမည်ဟု သတင်းထုတ်ပြန်မှုအပေါ် ပြည်သူလူထုအမှန်တကယ် လက်လှမ်းမီမည့် ဈေးနှုန်းမဟုတ်ဟု စီးပွားရေးပညာရှင်၊လွှတ်တော်ကိုယ်စားလှယ်အချို့နှင့်ပြည်သူများက
 ဝေဖန်ပြောဆိုလိုက်ကြသည်။

“တန်ဖိုးနည်း” အိမ်ရာ အခြေခံ လူတန်းစားအတွက် ဈေးအလွန်ကြီးဟု ဆို


အစိုးရက အကောင်အထည်ဖော်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းတခန်းလျှင် ငွေကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ကြား ဈေးနှုန်းဖြင့်  ရောင်းချမည်ဟု သတင်းထုတ်ပြန်မှုအပေါ် ပြည်သူလူထုအမှန်တကယ် လက်လှမ်းမီမည့် ဈေးနှုန်းမဟုတ်ဟု စီးပွားရေးပညာရှင်၊
လွှတ်တော်ကိုယ်စားလှယ်အချို့နှင့်ပြည်သူများက ဝေဖန်ပြောဆိုလိုက်ကြသည်။

ဘဏ်ဖောက်ခံရသည့် သတင်း ရိုးမဘဏ်ငြင်းဆို


အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ် ဖောက်ထွင်းခံရသည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန် ပင်မ ရိုးမဘဏ် ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ "အခု အချိန်အထိ ဘာမှ မကြားသေး ပါဘူး ဒီသတင်းကို ကျွန်မတို့အတည်မပြုနိုင်ပါဘူး " ဟု ပြောကြားသည်။

GTC ကျောင်းသား ရိုးမဘဏ်ဝင်ဖောက်


ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် GTC ကျောင်းသား လူငယ်တစ်ဦးအား ရိုးမဘဏ်ကို ဖောက်ထွင်းမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁နာရီခန့်က အသက် ၁၉နှစ်ရှိ မောင်---သည်ရိုးမဘဏ် မျက်နှာကျက်မှ ဖောက်ထွင်း ဝင်ရောက်ကာ ငွေ ၁၇၀၀၀ ကျပ် ခိုးယူခဲ့မှုဖြင့် ယင်းသို့ ဖမ်းဆီးအရေးယူခဲ့ကြောင်း အဆိုပါဘဏ်မှ သိရသည်။

ဆီးရီးယားအား အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုသည် နိုင်ငံအဆင့် အကြမ်းဖက်မှု တစ်ခု ဖြစ်ကြောင်း တူရကီ ဝန်ကြီးချုပ်ပြော

ဆီးရီးယားအား အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုသည် နိုင်ငံအဆင့် အကြမ်းဖက်မှု တစ်ခု ဖြစ်ကြောင်း တူရကီ ဝန်ကြီးချုပ်ပြော
******************************************

ဆီးရီးယား နိုင်ငံအား အစ္စရေး နိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုသည် နိုင်ငံအဆင့် အကြမ်းဖက်မှု တစ်ခုဖြစ်ကြောင်း တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး Ehud Barak သည် ဆီးရီးယား နိုင်ငံအား လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ် ...ခဲ့ခြင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့ပါသည်။ အစ္စရေး နိုင်ငံသည် ဆီးရီးယား နိုင်ငံမြို့တော် ဒမတ်စကတ်၏ အနောက် မြောက်ဘက်ရှိ ဂျမ်ရာယာ စစ်ဘက် သုတေသန စင်တာအား ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကြောင့် သုတေသန အဆောက် အဦသည် များစွာ ပျက်စီး ခဲ့ရပြီး လူ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနသည် အစ္စရေး တို့၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရှိရ ပါသည်။

ဆီးရီးယား နိုင်ငံအား အစ္စရေး နိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုသည် နိုင်ငံအဆင့် အကြမ်းဖက်မှု တစ်
ခုဖြစ်ကြောင်း တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

ကချင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ

ဖေဖော်ဝါရီ ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို လက်ရှိစစ်ရေး အခြေအနေတွေကြောင့် အကျဉ်းချုံးသာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ လိုင်ဇာမြို့ရှိ ဌာနဆိုင်ရာနဲ့ ဒုက္ခသည်စခန်းတွေမှာ မနက် ၈ နာရီကနေ စတင်ပြီးတော့ ကျင်းပတဲ့အကြောင်း ကေအိုင်အို စစ်မဟာဗျူဟာ လေ့လာရေးဌာနမှုး ဗိုလ်မှူးကြီး ဇော်တောင် က RFA ကို ပြောပြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို လေ့လာ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို လေ့လာ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တို့ဟာ ဖေဖေါ်ဝါရီလ ၅ ရက် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က စစ်ပြေးဒုက္ခသည်စခန်း ၄ ခုကို လေ့လာခဲ့ကြပါတယ်။ 

နေ့လည်ပိုင်းမှာတော့ မြစ်ကြီးနား မြို့တော်ခန်းမမှာ လူမှုအဖွဲ့အစည်းတွေ အပါအဝင် ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ့တွေ့ဆုံပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားက ကချင်ပြည်နယ်ခရီးစဉ်ဟာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ လတ်တလော အခြေအနေမှာ ပဋိပက္ခတွေ ပြေလျော့စပြုနေပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေက ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို အမြန်ဆုံးကူညီပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ် လို့ မစ္စတာ ဗီဂျေးနမ်ဘီယား က ပြောခဲ့ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း အခုလို ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ တစ်ဖက်ကတိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တွေကို ကျနော်တို့က အခွင့်အရေးတွေပေးပြီးတော့ ဒီလိုငြိမ်းချမ်းရေးလည်း မဟုတ်ပါဘူး၊ ဘာအခွင့်အရေးမှ မပေးဘူး၊ ပြီးခဲ့တဲ့ ၁၀ ဖွဲ့ မနေ့တနေ့က နောက်ဆုံးတွေ့ခဲ့တဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့အဖွဲ့နဲ့ ကျနော်တို့ တွေ့တာပါ၊ ခင်ဗျားတို့ဘာပေးမလဲ ဒီလိုလည်းမဟုတ်ဘူး၊ ကျနော်တို့အပေးအယူတစ်ခုမှမရှိဘူး။ ငြိမ်းချမ်းရေးက ပြည်သူအတွက်ကောင်းတယ်၊ ခင်ဗျားလုပ်မလား၊ မလုပ်ဘူးလား၊ လုပ်ရင် ကျနော်တို့လုပ်ကြမယ်၊ ဒီသဘောနဲ့ ကျနော်တို့ ကေအဲန်ယူ၊ ရှမ်း၊ ကယား၊ ချင်း၊ ရခိုင် စသဖြင့် ဒီအဖွဲ့တွေနဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နဲ့ ပြည်ထောင်စုဝန်ကြီးတို့အဖွဲ့ဟာ မြစ်ကြီးနားမြို့မှာရှိတဲ့ ဂျန်မိုင်ကောင်းနဲ့ စီတာပူရပ်ကွက်၊ ဆွတ်ငိုင်တောင် နှစ်ချင်းအသင်းတော်တွေက ကယ်ဆယ်ရေးစခန်းတွေ၊ ဝိုင်းမော်မြို့နယ်က သာဂရသရက်တော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ မိုင်းနား စိန့်ဂျိုးဇက် ကက်သလစ် အသင်းတော် ကယ်ဆယ်ရေးစခန်းလေးခုမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး နေ့လည် ၂ နာရီခွဲလောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တို့ဟာ ဖေဖေါ်ဝါရီလ ၅ ရက် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က စစ်ပြေးဒုက္ခသည်စခန်း ၄ ခုကို လေ့လာခဲ့ကြပါတယ်။

အမေရိကန် တောင်ကိုရီးယား ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်

အရှေ့ပိုင်း တောင်ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ရေတပ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု ဒီကနေ့ စတင်လိုက်ပါပြီ။

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၆ / ၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်

ဦးဆန်းဆင့် အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၄ / ၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၅ / ၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်