M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ
သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တောင်အာဖရိက ရဲတပ်ဖွဲ့မှ ပြောကြား ခဲ့ပါသည်။
တောင်အာဖရိက နိုင်ငံမြောက်ပိုင်း လင်ပိုပို စီရင်စုတွင် သူပုန် အဖွဲ့အား
ဖမ်းဆီး ခဲ့ပါသည်။ကွန်ဂိုဒီမိုကရက်
တစ်သမ္မတနိုင်ငံအရှေ့ပိုင်း
မြောက်ကီဗူးစီရင်စုတွင်M-23 သူပုန် အဖွဲ့ဝင်များသည်စစ်ပွဲများ
ဖြစ်ပွားအောင်
လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဒေသခံလူ၅သိန်းခန့်သည်
နေအိမ်များကိုစွန့်ခွာခဲ့ကြောင်း တောင်အာဖရိ
က နိုင်ငံ တရားရုံး တစ်ခုမှ
ပြောကြားခဲ့ ပါသည်။
ဖမ်းဆီး ခဲ့သော သူပုန် ၁၉ ဦး အား Pretoria ဒေသရှိ
ခုံရုံး တစ်ခုတွင် စစ်ဆေး သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့
ပါသည်။
မြ၀တီ

No comments:
Post a Comment