Pages

Pages - Menu

Wednesday, February 6, 2013

ယနေ့ပြုလုပ်သော လယ်ယာမြေနှင့် အခြားမြေစုံစမ်းစစ်ဆေးရေးအစည်းအဝေးတွင် ဇေကမ္ဘာဦးခင်ရွှေက ဇေကမ္ဘာဦးခင်ရွှေက မိမိလယ်ယာမြေများအတွင်းသို့ ကျုးကျော်လာသူများကိုရိုက်တော့မည်ဟုဆို

လယ်ယာမြေအငြင်းပွားမှုပြသနာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟု
ဇေကမ္ဘာဦးခင်ရွှေက မေးခွန်းထုတ်ခဲ့ပြီး၊ ကျူးကျော်ဝင်ရောက်လာသူများကိုလည်း ရိုက်တော့မည်ဟု လယ်ယာမြေနှင့် အခြားမြေစုံစမ်းစစ်ဆေးရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။“အခု ကျွန်တော့်ဆီမှာ အနုကြမ်းစီးခံနေရတယ်၊ အဲဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘာလုပ်ပေးမလဲ၊ မရရင်တော့ မနက်ဖြန်ကျွန်တော်ရိုက်တော့မယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်ဧရိယာမှာ ခုခံကာကွယ်ခွင့်ရှိတယ်။ နေမျိုးဝေကိုလည်း ကျွန်တော်ဂိတ်ထဲဝ
င်တာနဲ့ ကြိုးချည်ဖို့ ပြင်ထားတယ်၊ ကျွန်တော့် မှာ လုံခြုံရေးဝန်ထမ်း ၂၀၀ နဲ့ အလုပ်သမား ၂ ထောင်ကျော် ၃ ထောင်ရှိတယ်” ဟု ဦးခင်ရွှေက ပြောသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းတွင် လယ်ယာမြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ဇေကမ္ဘာဦးခင်ရွှေနှင့် လယ်သမားများကြားအငြင်းပွားမှုမှာ ကာလရှည်ကြာဖြစ်ပေါ်နေပြီး လယ်သမားများဘက်မှ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက လိုက်ပါကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
 
နောင်တော်လေး (သတင်း)

No comments:

Post a Comment