Pages

Pages - Menu

Tuesday, October 22, 2013

မားစ်ဂြိုဟ်သို့ အိန်္ဒိယက အာကာသယာဉ်လွှတ်တင်မည်ဖြစ်ရာ အာရှတွင် အာကာသကဏ္ဍပြိုင်ဆိုင်မှုအရှိန်မြင့်

Photo: မားစ်ဂြိုဟ်သို့ အိန်္ဒိယက အာကာသယာဉ်လွှတ်တင်မည်ဖြစ်ရာ အာရှတွင် အာကာသကဏ္ဍပြိုင်ဆိုင်မှုအရှိန်မြင့်
Tuesday, October 22, 2013

အိန်္ဒိယနိုင်ငံသည် မားစ်ဂြိုဟ်သို့ အာကာသယာဉ်တစ်စင်း လွှတ်တင်မည်ဖြစ်ရာ၊ အလျင်အမြန် တိုးတက်လာနေသည့် အာရှအာကာသကဏ္ဍတွင် ပြိုင်ဆိုင်မှု ပိုမိုအရှိန်အဟုန် မြင့်လာဖွယ်ရာရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။

အိန်္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) သည် ဂြိုဟ်နီဟု လူသိများသည့် မားစ်ဂြိုဟ်၏ ဂြိုဟ်ပတ် လမ်းတစ်ခုအတွင်းသို့ အာကာသယာဉ်တစ်စီး စေလွှတ်ရန် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အဓိကရည်ရွယ်ချက်မှာ အိန်္ဒိယနိုင်ငံ၏ အာကာသနည်းပညာအနေဖြင့် အာကာသဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီအောင်စွမ်းဆောင် နိုင်စွမ်းရှိမရှိ စမ်းသပ်ရန်ဖြစ်သည်။

မားစ်ဂြိုဟ်၏ လေထုအခြေအနေနှင့် ဂြိုဟ်မျက်နှာပြင်တို့နှင့် သက်ဆိုင်သော သိပ္ပံအချက်အလက်များကို အာကာသယာဉ်က စုဆောင်းလိမ့်မည် ဖြစ်သည်။
Mangalyaan အာကာသ စူးစမ်းရေးယာဉ်အား ကနဦးက၊ အောက်တိုဘာလ ၂၈ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားခဲ့သော်လည်း ပစိဖိတ်သမုဒ်္ဒရာအတွင်းတွင် ရာသီဥတုဆိုးရွားနေခြင်းကြောင့် တာဝန်ရှိသူများ ကလွှတ်တင်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။

အာကာသယာဉ်မှူး ပါဝင်ခြင်းမရှိသည့် အာကာသယာဉ် #Mangalyaan အား နိုဝင်ဘာ ၁၉ ရက် မတိုင်မီ လွှတ်တင်မည် ဖြစ်သည်။

အကယ်၍ ရည်မှန်းချက် အောင်မြင်ပါက အိန်္ဒိယသည် မားစ်ဂြိုဟ်သို့ အာကာသယာဉ်တစ်စင်း အောင်မြင်စွာ လွှတ်တင်နိုင်သော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပေမည်။ မားစ်ဂြိုဟ်သို့ ယခင်ကအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သောနိုင်ငံ သို့မဟုတ် နိုင်ငံအစုအဝေးများမှာ အမေရိကန်၊ ဥရောပနှင့် ရုရှတိှု့ ဖြစ်သည်။

နယူးဒေလီ ရုပ်မြင်သံကြားသတင်းဌာန၏ သိပ္ပံပိုင်းအယ်ဒီတာဖြစ်ပြီး Destination Moon ဟု အမည်ရသည့် အိန်္ဒိယ အာကာသကဏ္ဍဆိုင်ရာ အားထုတ်မှုများအကြောင်း စာအုပ်တစ်အုပ်ရေးခဲ့သူ Pallava Bagla က၊ မားစ်ဂြိုဟ်သို့ အာကာသယာဉ်လွှတ်တင်ခြင်း ကဏ္ဍတွင် အိန်္ဒိယနိုင်ငံက တရုတ်နိုင်ငံကို နောက်ကောက်ချနိုင်မည့် အလားအလာကို အိန်္ဒိယပြည်သူများအထူး စိတ်လှုပ်ရှားနေကြသည်ဟု ပြောခဲ့သည်။

“တကယ်လို့ မားစ်ဂြိုဟ်ကိစ္စမှာ အိန်္ဒိယက တရုတ်ကို တကယ်နောက်ကောက်ချနိုင်ခဲ့ရင်၊ နိုင်ငံရဲ့ဂုဏ်သိက္ခာ ဘယ်လောက်မြင့်မား လာမလဲဆိုတာကို ခင်ဗျားတို့ စိတ်ကူးကြည့်နိုင်ပါတယ်။ မားစ်ဂြိုဟ်သို့ အာကာသယာဉ် လွှတ်တင်ရေးအစီအစဉ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လက အိန်္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက သူပြောကြားခဲ့သည့် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် မားစ်ဂြိုဟ်သို့ #Yinghou-1 ဟု အမည်ရသည့် အာကာသယာဉ် တစ်စင်း လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း နည်းပညာပြဿနာတစ်ခုကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ အိန်္ဒိယနိုင်ငံကလည်း မားစ်ဂြိုဟ်သို့ အာကာသယာဉ် လွှတ်တင်ရေး Mangalyaan အစီအစဉ်ကို လျင်မြန်စွာ လုပ်ဆောင်ခဲ့ရာ၊ အာကာသယာဉ် တည်ဆောက်ရေးလုပ်ငန်းမှာ ၁၅ လ အတွင်း ပြီးစီးခဲ့သည်။

Mizzima - News in Burmese

RangonNewsDaily:: October. 22 .2013
အိန်္ဒိယနိုင်ငံသည်မားစ်ဂြိုဟ်သို့အာကာသယာဉ်တစ်စင်းလွှတ်တင်မည်ဖြစ်ရာ၊အလျင်အမြန် တိုးတက်လာနေ
သည့် အာရှအာကာသကဏ္ဍတွင် ပြိုင်ဆိုင်မှု ပိုမိုအရှိန်အဟုန် မြင့်လာဖွယ်ရာရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။ အိန်္ဒိယအာကာသသုတေသနအဖွဲ့(ISRO) သည် ဂြိုဟ်နီဟု လူသိများသည့် မားစ်ဂြိုဟ်၏ ဂြိုဟ်ပတ် လမ်းတစ်
ခုအတွင်းသို့အာကာသယာဉ်တစ်စီး စေလွှတ်ရန်အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အဓိကရည်
ရွယ်ချက်မှာ အိန်္ဒိယနိုင်ငံ၏ အာကာသနည်းပညာအနေဖြင့် အာကာသဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီ
အောင်စွမ်းဆောင် နိုင်စွမ်းရှိမရှိ စမ်းသပ်ရန်ဖြစ်သည်။

မားစ်ဂြိုဟ်၏ လေထုအခြေအနေနှင့် ဂြိုဟ်မျက်နှာပြင်တို့နှင့် သက်ဆိုင်သော သိပ္ပံအချက်အလက်များကို အာ
ကာသယာဉ်က စုဆောင်းလိမ့်မည် ဖြစ်သည်။Mangalyaan အာကာသ စူးစမ်းရေးယာဉ်အား ကနဦးက
၊ အောက်တိုဘာလ ၂၈ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားခဲ့သော်လည်း ပစိဖိတ်သမုဒ်္ဒရာအတွင်းတွင် ရာသီ
ဥတုဆိုးရွားနေခြင်းကြောင့် တာဝန်ရှိသူများ ကလွှတ်တင်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။

အာကာသယာဉ်မှူး ပါဝင်ခြင်းမရှိသည့် အာကာသယာဉ် #Mangalyaanအား နိုဝင်ဘာ၁၉ ရက် မတိုင်မီ လွှတ်
တင်မည် ဖြစ်သည်။

အကယ်၍ ရည်မှန်းချက် အောင်မြင်ပါက အိန်္ဒိယသည် မားစ်ဂြိုဟ်သို့ အာကာသယာဉ်တစ်စင်း အောင်မြင်စွာ လွှတ်တင်နိုင်သောစတုတ္ထမြောက်နိုင်ငံ ဖြစ်လာပေမည်။ မားစ်ဂြိုဟ်သို့ ယခင်ကအောင်မြင်စွာ လွှတ်တင်နိုင်
ခဲ့သောနိုင်ငံ သို့မဟုတ် နိုင်ငံအစုအဝေးများမှာ အမေရိကန်၊ ဥရောပနှင့် ရုရှတိှု့ ဖြစ်သည်။

နယူးဒေလီ ရုပ်မြင်သံကြားသတင်းဌာန၏ သိပ္ပံပိုင်းအယ်ဒီတာဖြစ်ပြီး Destination Moon ဟု အမည်ရသည့် အိန်္ဒိယ အာကာသကဏ္ဍဆိုင်ရာ အားထုတ်မှုများအကြောင်း စာအုပ်တစ်အုပ်ရေးခဲ့သူ Pallava Bagla က၊ မား
စ်ဂြိုဟ်သို့ အာကာသယာဉ်လွှတ်တင်ခြင်း ကဏ္ဍတွင် အိန်္ဒိယနိုင်ငံက တရုတ်နိုင်ငံကို နောက်ကောက်ချနိုင်
မည့် အလားအလာကို အိန်္ဒိယပြည်သူများအထူး စိတ်လှုပ်ရှားနေကြသည်ဟု ပြောခဲ့သည်။

“တကယ်လို့ မားစ်ဂြိုဟ်ကိစ္စမှာ အိန်္ဒိယက တရုတ်ကို တကယ်နောက်ကောက်ချနိုင်ခဲ့ရင်၊ နိုင်ငံရဲ့ဂုဏ်သိက္ခာ ဘယ်လောက်မြင့်မားလာမလဲဆိုတာကိုခင်ဗျားတို့ စိတ်ကူးကြည့်နိုင်ပါတယ်။မားစ်ဂြိုဟ်သို့အာကာသယာဉ်
လွှတ်တင်ရေးအစီအစဉ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လက အိန်္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက သူပြောကြားခဲ့
သည့် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် မားစ်ဂြိုဟ်သို့ #Yinghou-1 ဟု အမည်ရသည့် အာကာသယာဉ် တစ်စင်း လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း နည်းပညာပြဿနာတစ်ခုကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဖျက်သိမ်းခဲ့ရ
သည်။ 
 
အိန်္ဒိယနိုင်ငံကလည်း မားစ်ဂြိုဟ်သို့ အာကာသယာဉ် လွှတ်တင်ရေး Mangalyaan အစီအစဉ်ကို လျင်မြန်စွာ လုပ်ဆောင်ခဲ့ရာ၊ အာကာသယာဉ် တည်ဆောက်ရေးလုပ်ငန်းမှာ ၁၅ လ အတွင်း ပြီးစီးခဲ့သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment