Pages

Pages - Menu

Tuesday, October 22, 2013

မင်္ဂလာပွဲ တွင် သေနတ် ကိုင် ရမ်းကား ၍ သုံးဦး သေဆုံး

RangonNewsDaily:: October. 22 .2013
အီဂျစ် နိုင်ငံ ကိုင်ရို မြို့ ခရစ်ယာဉ် ဘာသာရေး ကျောင်း တစ်ခု အပြင်ဘက် ၌ လက်ထပ် မင်္ဂလာပွဲ တစ်ရပ် ကျင်းပ နေစဉ် မော်တော် ဆိုင်ကယ် စီး သေနတ် သမားများ က ဝင်ရောက် ပစ်ခတ် သွား သဖြင့် ရှစ်နှစ် အရွယ် မိန်းကလေး တစ်ဦး အပါ အဝင် သုံးဦး သေဆုံး သွား ကြောင်း ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။

အဆိုပါ မြို့ ဂီဇာ အရပ် ၌ ဖြစ်ပွား ခဲ့သော ယင်း တိုက်ခိုက်မှု ကြောင့် အခြား ကိုးဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း တာဝန် ရှိသူ များက ပြောကြား သည်။ ယင်း တိုက်ခိုက်မှု သည် မည်သူ မည်ဝါ ၏ တိုက်ခိုက်မှု ဖြစ်သည် ကို ချက်ချင်း မသိရ သေး ဟု ဆို သည်။ အီဂျစ် နိုင်ငံ တွင် ခရစ်ယာဉ် အသိုင်း အဝိုင်း ကို အစ္စလမ္မစ် တို့ ပစ်မှတ် ထား တိုက်ခိုက် လာသည်။

၎င်း တို့က ဇူလိုင်လ တွင် သမ္မတ မော်စီ ကို ဖြုတ်ချ ခဲ့ပြီး နောက် အီဂျစ် စစ်တပ် က ခရစ်ယာန် ဘာသာရေး ကျောင်းများ ကို ကာကွယ် ပေးနေ သည် ဟု စွပ်စွဲ ထားသည်။ ယခု တိုက်ခိုက် မှု ဖြစ်စဉ် အတွင်း အမျိုးသား တစ်ဦး နှင့် မိန်းကလေး တစ်ဦး သည် ဘာသာရေး ကျောင်း အပြင်ဘက် ၌ ပွဲချင်း ပြီး သေဆုံး ခဲ့ပြီး ကျန် အမျိုးသမီး တစ်ဦး သည် ဆေးရုံ သို့ ပို့ဆောင် စဉ် လမ်း တွင် သေဆုံး သွားသည်။

BBC , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment