Pages

Pages - Menu

Friday, August 2, 2013

တနင်္သာရီမြို့နယ် အရှေ့မော်တုန်း ကျေးရွာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

မြိတ် ၊ RangonNewsDaily:: Aug 2, 2013
တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ၊ တနင်္သာရီ မြို့နယ် အရှေ့မော်တုန်း ကျေးရွာအုပ်စု အရှေ့မော်တုန်း ရွာ၌ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ၀က်စာပြုတ်စဉ် မီးဖိုနံဘေး တွင် ချထားသော သံပိုက်လုံး တစ်ခုမှ ပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ထိုနေ့ နံနက်ပိုင်းက မစိုးဌေး (ခ) မပျော့ သည် နေအိမ်၌ ၀က်စာပြုတ် နေစဉ် မီးဖိုနံဘေး တွင် ချထားသော အရှည် တစ်ပေ ၊ လုံးပတ် ၈ လက်မခန့်ရှိ သံပိုက်လုံး တစ်ခုမှ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သံပိုက်လုံးကို လွန်ခဲ့သော ၃ နှစ်ခန့်က မြစ်ချောင်းများ အတွင်း ခရုငုပ်စဉ် ကောက်ရ၍ နေအိမ်၏အောက် မီးဖိုဘေးတွင် ထားရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် မစိုးဌေး (ခ) မပျော့ ၏ ၀ဲဘက်ပေါင်၌ ၂ လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိခဲ့သဖြင့် တနင်္သာရီ မြို့နယ် ပြည်သူ့ ဆေးရုံတွင် အတွင်း လူနာအဖြစ် ကုသလျက် ရှိကြောင်း နှင့် အသက်အန္တရာယ် မစိုးရိမ် ရကြောင်း သိရသည်။

အဆိုပါ ပိုက်လုံး ပေါက်ကွဲရာမှ ကျန်ရှိသော သံကြွပ် အပိုင်းအစ များကို တာဝန်ရှိ သူများ၏ စစ်ဆေးချက် အရ ဂျပန်ခေတ် စစ်တပ်၌ အသုံးပြုသည့် တင့်ကားဖျက် မိုင်းဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:

Post a Comment