RangonNewsDaily:: Aug 2, 2013
ကမ္ဘာကျော် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်တဲ့ Toyotaက သူ့ရဲ့ မော်ဒယ်လ်သစ်ကား နှစ်မျိုး ဖြစ်တဲ့ Fuel-Cell Vehicle Reality and Revolution (FCV-R)နဲ့ Lexus အမျိုးအစား Future-Luxury Coupe (LF-LC) မော်ဒယ်လ်များအား ဒီနေ့မှာပဲ မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ မိတ်ဆက်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အတွေးအခေါ်ပိုင်းနဲ့ နည်းပညာပိုင်း နှစ်မျိုးလုံးမှာ ပြုပြင်ပြောင်းလဲမှု များဖြင့် ပြုလုပ်ဖန်တီး ထားကြောင်း Toyotaက ဆိုပါတယ်။

အဆိုပါ ကား များကို
လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၈ရက်နေ့အထိ World Trade Centerမှာ
ပြုလုပ်မယ့် The World of the Toyota Motorshowမှာလည်း ၀င်ရောက်
ပြသမိတ်ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကားမော်ဒယ်လ်သစ်များကိုတော့ ၂၀၁၅ခုနှစ် အတွင်းလောက်မှ ဈေးကွက် တင်သွားမှာ ဖြစ်တယ်လို့ ဆိုပြီး FCVမော်ဒယ်ဟာ ဆိုရင် ဟိုက်ဒရိုဂျင်ကိုသာ သုံးပြီး အင်ဂျင်လည်ပတ်မှာ ဖြစ်တာကြောင့် ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝ မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် မထွက်ပေ မယ့် ရေငွေ့တွေတော့
ထုတ်လွှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထူးခြားချက် အဖြစ်ကတော့ ကားရဲ့
ရှေ့ဘက်နဲ့ နောက်ဘက်တွေမှာ W ပုံစံမျိုး လှိုင်းတွေနဲ့ ဒီဇိုင်း
ရေးဆွဲထားတာ ဖြစ်ပါတယ်။
LF-LCမော်ဒယ်လ်ကတော့ နှစ်ယောက်စီး
ဇိမ်ခံကားဖြစ်ပြီးတော့ ပြိုင်ကား ဆန်ဆန် ဒီဇိုင်းနဲ့ ရေးဆွဲထားတာ
ဖြစ်ပါတယ်။ ဆီစားနှုန်းအထူး သက်သာအောင် ဖန်တီးထုတ်လုပ်သွားမှာ ဖြစ်ကြောင်း
သိရပြီး နောက်ပိုင်းမှာ ထုတ်လုပ်သွားမယ့် Toyotaရဲ့ ဒီဇိုင်းတွေရဲ့
ရှေ့ပြေးဖြစ် တယ်လို့ ဆိုပါတယ်။
Ref: http://business.inquirer.net/135987/toyota-to-showcase-concept-cars-in-the-philippines
Myanmar ICT , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:
Post a Comment