Pages

Pages - Menu

Saturday, July 6, 2013

"နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြင့် တေလာဆွစ်ဖ် သတိပေး"

Photo: "နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြင့် တေလာဆွစ်ဖ် သတိပေး"
Saturday, 06 July 2013

မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ ရှိသူများကို တေလာဆွစ်ဖ်
က သီချင်းစာသားဖြင့် သတိပေးထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည် ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူးကျော် ဝင်ရောက်လာတတ်သည့် အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။

ထို့ကြောင့် တေလာက ဝင်ခွင့်မရှိ စာတန်းကို ဒေါ်လာ (၁၇)သန်းတန် စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး သူမ၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ သူမသည် (၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော #I #Knew #You #Were #Trouble မှ သီချင်းစာသားကို ကိုးကားထားခြင်း ဖြစ်သည်။

အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့
မယ်ဆိုတာ ငါသိထားတယ်"ဟု အဓိပ္ပါယ်ရသည့် 'I knew you were trouble when you walked in'ဆိုသော သီချင်းစာသားကို ဖြတ်သန်း
သွားလာခွင့် မပြုဆိုသည့် စာတန်းနှင့်အတူ ရေးသားထားစေခြင်း ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့် သန်းပေါင်း အတော်များများ ကြွယ်ဝလာသော သူဌေးမလေးသည် ဘီဗလီဟေးလ်နှင့် တက်နက်ဆီတို့တွင်လည်း အိမ်ကြီးတစ်လုံးစီ ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် မက်ဆာချူးဆက်ရှိ ဟားနစ်ဆိပ်ကမ်းတွင်လည်း အိမ်တစ်လုံး ဝယ်ယူဖူးသော်လည်း မတ်လက ပြန်လည် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ(၁)သန်း အမြတ်အစွန်း ရခဲ့သည်။

Planet Myanmar Network

Saturday, 06 July 2013

မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ရှိသူများကို တေလာဆွစ်ဖ်က သီချင်းစာသားဖြင့် သတိပေး
ထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည် ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူး
ကျော် ဝင်ရောက်လာတတ်သည့် အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်
ရလေ့ ရှိသည်။ထို့ကြောင့် တေလာက ဝင်ခွင့်မရှိစာတန်းကို ဒေါ်လာ (၁၇)သန်းတန် စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး သူမ
၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်
ည်။ သူမသည် (၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော ‎#I ‎#Knew ‎#You ‎#Were ‎#Trouble မှ သီချင်းစာသားကို ကိုး
ကားထားခြင်း ဖြစ်သည်။

အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့မယ်ဆိုတာ ငါသိထားတယ်"ဟု 
အဓိပ္ပါယ်ရသည့် 'I knew you were trouble when you walked in'ဆိုသောသီချင်းစာသားကို ဖြတ်သန်းသွား
လာခွင့် မပြုဆိုသည့် စာတန်းနှင့်အတူ ရေးသားထားစေခြင်း ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့် သန်းပေါင်း အတော်များများ ကြွယ်ဝလာသော သူဌေးမလေးသည် ဘီဗလီဟေးလ်နှင့် တက်နက်ဆီတို့တွင်လည်းအိမ်ကြီးတစ်လုံးစီပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် မက်ဆာချူးဆက်ရှိ ဟားနစ်
ဆိပ်ကမ်းတွင်လည်း အိမ်တစ်လုံး ဝယ်ယူဖူးသော်လည်း မတ်လက ပြန်လည် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ(၁)
သန်း အမြတ်အစွန်း ရခဲ့သည်။

Planet Myanmar Network , RangonNewsDaily
kolatt(PBDN): 6.7.2013

No comments:

Post a Comment