Saturday, 06 July 2013
လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သီပေါ်မြို့နယ် နမ့်လန်ရဲစခန်းမှုး၏ အကြောင်းကြား
လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သီပေါ်မြို့နယ် နမ့်လန်ရဲစခန်းမှုး၏ အကြောင်းကြား
ချက်အရ လူမှောင်ခိုဂိုဏ်းအား
ဇူလိုင်လ(၄)ရက်နေ့ကဖမ်းဆီးအရေးယူထားကြောင်း ၎င်းရဲတပ်ဖွဲ့မှ သိရ...
သည်။
မစန်းစန်းအေးနှင့် မနှင်းရီတို့မှ ဦးဆောင်၍ အပေါင်းအပါ ခြောက်ဦးက
သီပေါ်မြို့နယ် နမ့်လန်ကျေးရွာ နေ
သူ ဦးကျော်ဆန်း၏ သမီးအသက်
ဆယ့်တစ်နှစ်အရွယ် မအေးစနိုးအား လစာကောင်းရပြီး ချမ်းချမ်း သာသာ
နေရမည်ဟုဆိုကာ တရုတ်ပြည် အလုပ်သွားလုပ်ရန် လွန်ခဲ့သည့် ဇွန်လက
လိမ်ညာခေါ်သွားခဲ့ကြောင်း အမှု
ဖွင့် အစီရင်ခံစာအရ သိရသည်။
ယင်းမိဘမသိဘဲ လိုက်ပါသွားသည့် မအေးစနိုးအား လူမှောင်ခိုအပေါင်း အပါခြောက်ဦးက တရုတ်နိုင်ငံ လူပွဲ
ယင်းမိဘမသိဘဲ လိုက်ပါသွားသည့် မအေးစနိုးအား လူမှောင်ခိုအပေါင်း အပါခြောက်ဦးက တရုတ်နိုင်ငံ လူပွဲ
စားမှတဆင့် အကျိုးအမြတ် ရယူခဲ့ပြီး
တရုတ်အမျိုးသား တစ်ဦးနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြား ပေး ခဲ့
ကြောင်း၊
၎င်းလူမှောင်ခို လုပ်စားသူ ခြောက်ဦးသည်ရွာသို့ ပြန်ရောက်လာ၍နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှုး
နှင့် ရဲတပ်ဖွဲ့ဝင်တို့က ရှာဖွေပုံစံ သက်သေ
အထောက်အထားများဖြင့် လူနှင့် သက်သေပစ္စည်းများကို ဖမ်းဆီး
အရေးယူထားကြောင်း
ရဲတပ်ဖွဲ့မှ သိရသည်။
၎င်းလူမှောင်ခိုဂိုဏ်းခြောက်ဦးကို လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းညွန့်က နမ့်
၎င်းလူမှောင်ခိုဂိုဏ်းခြောက်ဦးကို လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းညွန့်က နမ့်
လန်နယ်မြေ ရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းရာ(ပ)၁၂/၂၀၁၃လူကုန်ကူးပုဒ်မ၂၈(က)ဖြင့်အမှုဖွင့်အရေး
ယူထားပြီး နမ့်လန်စခန်းမှုးမှ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
ယနေ့တွင်၎င်းတရားခံများ၏ ကြိုတင်ထွက်ဆိုချက်၊ ဖြောင့်ချက်များ ရယူဆောင်ရွက်သွားပြီး တရုတ်နိုင်မှ လူ
ယနေ့တွင်၎င်းတရားခံများ၏ ကြိုတင်ထွက်ဆိုချက်၊ ဖြောင့်ချက်များ ရယူဆောင်ရွက်သွားပြီး တရုတ်နိုင်မှ လူ
ပွဲစားများအား ဖမ်းဆီး အရေး ယူ
ဖေါ်ထုတ်နိုင်ရန်မူဆယ်မြို့ လူကုန်တားတပ်ဖွဲ့နှင့် ဆက်သွယ် ပူးပေါင်း
ဆောင်ရွက်သွားမည်ဟု လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
သိရသည်။
ထွန်းထွန်း
မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၆.၇.၂၀၁၃
ထွန်းထွန်း
မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၆.၇.၂၀၁၃
No comments:
Post a Comment