Pages

Pages - Menu

Saturday, July 6, 2013

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များ ပြည်သူသို့ ချပြမည်ဟုဆို

Photo: ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များ ပြည်သူသို့ ချပြမည်ဟုဆို
Saturday, 06 July 2013

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များကို ပြည်သူသို့ ချပြမည်ဟု မြန်မာ
ဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားသည်။

ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ပြုလုပ်ခဲ့သော တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့်
မြန်မာနိုင်ငံရှိ မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀မ်ပေါင်ကုမ္ပဏီ
သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

လာမည့်ကာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း၊ စာချုပ်သစ်တွင် စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၊ တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့ အကြား အကျိုးအမြတ်ခွဲဝေမှုကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များထဲမှ ဒေသခံများအတွက်
လူမှုရေးနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်ခြင်း(Cooperate Social Responsibilities) ကိစ္စရပ်များအား ပြင်ဆင်ချုပ်ဆိုသွားမည်ဖြစ်
ကြောင်းနှင့် အဆိုပါ စာချုပ်ပါ အချက်အလက်များကို မြန်မာပြည်သူ လူထုအား ချပြသွားမည် ဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားခဲ့သည်။

မီဒီယာ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံရောက် တရုတ်ကုမ္ပဏီများ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Mr.Jin Hongen နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများဖြစ်သည့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းအား တာဝန်ယူ လုပ်ကိုင်လျက်ရှိသည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်ပိုရေးရှင်း CPI၊ ကြေးနီစီမံကိန်း လုပ်ကိုင်လျက်ရှိသော မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် လက်ပံတောင်းတောင် နီကယ်စီမံကိန်း မြန်မာနီကယ် ကုမ္ပဏီ CNICO နှင့် မြန်မာနိုင်ငံရောက် တရုတ်ကုမ္ပဏီများ အသင်းတို့ ပါဝင်ကြောင်း သိရသည်။

''ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်တဲ့အခါ မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့
စာချုပ်၊ သဘောတူညီချက်၊ ခံဝန်စာချုပ်ပါ သတ်မှတ်ချက်အတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက် သွားမယ်။ မြန်မာနိုင်ငံ လူမှုအဖွဲ့အစည်းရဲ့ ယုံကြည်မှု ရရှိအောင် ကြိုးစားသွားပါမယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Mr.Jin Hongen က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဥပဒေ စည်းမျဉ်းများကို လုပ်ငန်းဆောင်
ရွက်နေစဉ် သတ်မှတ်ထားသည့် ဥပဒေများအတိုင်း လုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ပြီး အခွန်များကိုလည်း ဥပဒေ သတ်မှတ်ချက်များ အတိုင်း
ပေးဆောင်သွားမည် ဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအား မြန်မာပြည်သူများ ယုံကြည်နိုင်စေရန် လုပ်ငန်းဆောင်
ရွက်နေစဉ် လုပ်ဆောင်မှုများကို မီဒီယာများမှ တစ်ဆင့် ချပြသွားမည်
ဖြစ်ကြောင်း ပထမအကြိမ် ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲ၌ တရားဝင်
ပြောကြားသွားသည်။

တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံမှ ပြည်တွင်းသို့ လာရောက်ရင်းနှီး မြှုပ်နှံ
လျက်ရှိသည့် စီမံကိန်းများသည် မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်ပျက်ဆီး စေမှုများ ရှိနေသည်ဟု ပြည်သူများအကြား ဝေဖန်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ တရုတ်စီးပွားရေး လုပ်ငန်းရှင်များက စီမံကိန်းများ လုပ်ဆောင်နေစဉ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သွားမည်ဟု ကတိပြု ပြောကြား
ခဲ့ကြောင်း သိရသည်။

ယခုအစိုးရသစ် လက်ထက်တွင် ရပ်နားထားသည့် မြစ်ဆုံစီမံကိန်းကို
ပြန်လည်စတင်ရန် အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း CPI ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသွားခဲ့သည်။

eleven media group

Saturday, 06 July 2013

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့်ဝမ်ပေါင်ကုမ္ပဏီတို့စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်ပြီးစာချုပ်ပါအချက်
များကို ပြည်သူသို့ ချပြမည်ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားသည်။ ဇူလိုင် ၅ ရက်မွန်းလွဲပိုင်းကရန်ကုန်မြို့ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ပြုလုပ်ခဲ့သော တရုတ်
စီးပွားရေး လုပ်ငန်းရှင်များနှင့်မြန်မာနိုင်ငံရှိ မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာGen Yi ကယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဝမ်ပေါင်ကုမ္ပဏီသည်လက်ပံတောင်းတောင်ကြေး
နီစီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

လာမည့်ကာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း၊ စာချုပ်သစ်တွင်စီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၊တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့အကြားအကျိုး
အမြတ်ခွဲဝေမှုကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များထဲမှ ဒေသခံများအတွက်လူမှုရေးနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်ခြင်း(Coop
erateSocial Responsibilities)ကိစ္စရပ်များအားပြင်ဆင်ချုပ်ဆိုသွားမည်ဖြစ်ကြောင်းနှင့်အဆိုပါစာချုပ်ပါအချက်
အလက်များကို မြန်မာပြည်သူ လူထုအား ချပြသွားမည် ဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါ
ရိုက်တာ Gen Yi က ပြောကြားခဲ့သည်။

မီဒီယာ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံရောက် တရုတ်ကုမ္ပဏီများ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီး
ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Mr.Jin Hongen နှင့်တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများဖြစ်သည့် ရပ်
ဆိုင်းထားသော မြစ်ဆုံစီမံကိန်းအား တာဝန်ယူ လုပ်ကိုင်လျက်ရှိသည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ကော်ပိုရေးရှင်းCPI၊ ကြေးနီစီမံကိန်းလုပ်ကိုင်လျက်ရှိသော မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့်လက်ပံတောင်းတောင်
နီကယ်စီမံကိန်း မြန်မာနီကယ်ကုမ္ပဏီCNICO နှင့် မြန်မာနိုင်ငံရောက်တရုတ်ကုမ္ပဏီများ အသင်းတို့ ပါဝင်
ကြောင်း သိရသည်။

''ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလုပ်တဲ့အခါ မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့စာချုပ်၊သဘောတူညီချက်၊ ခံဝန်စာချုပ်
ပါ သတ်မှတ်ချက်အတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်သွားမယ်။ မြန်မာနိုင်ငံလူမှုအဖွဲ့အစည်း
ရဲ့ ယုံကြည်မှု ရရှိအောင် ကြိုးစားသွားပါမယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်စီးပွားရေးနှင့်ကူးသန်းရောင်း
ဝယ်ရေး သံမှူး Mr.Jin Hongen က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံဥပဒေစည်းမျဉ်းများကိုလုပ်ငန်းဆောင်ရွက်နေစဉ်သတ်မှတ်ထားသည့်ဥပဒေ
များအတိုင်း လုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ပြီး အခွန်များကိုလည်း ဥပဒေ သတ်မှတ်ချက်များ အတိုင်းပေး
ဆောင်သွားမည် ဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအား မြန်မာပြည်သူများ ယုံ
ကြည်နိုင်စေရန် လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ဆောင်မှုများကို မီဒီယာများမှ တစ်ဆင့် ချပြသွားမည်ဖြစ်
ကြောင်း ပထမအကြိမ် ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲ၌ တရားဝင်ပြောကြားသွားသည်။

တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံမှ ပြည်တွင်းသို့ လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိသည့် စီမံကိန်းများသည် မြန်မာ
နိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်ပျက်ဆီး စေမှုများ ရှိနေသည်ဟု ပြည်သူများအကြား ဝေဖန်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်များကစီမံကိန်းများလုပ်ဆောင်နေစဉ် သဘာဝ ပတ်
ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သွားမည်ဟု ကတိပြု ပြော
ကြားခဲ့ကြောင်း သိရသည်။
 
 ယခုအစိုးရသစ် လက်ထက်တွင် ရပ်နားထားသည့် မြစ်ဆုံစီမံကိန်းကိုပြန်လည်စတင်ရန် အစိုးရ အပေါ်တွင်
သာ မူတည်ကြောင်း CPI ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသွားခဲ့သည်။

eleven media group , RangonNewsDaily
kolatt(PBDN): 6.7.2013

No comments:

Post a Comment