BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY
RANGON NEWS DAILY
ပင်မစာမျက်နှာ
ရန်ကုန်သတင်း
နေပြည်တော်သတင်း
ပြည်နယ်နှင့်တိုင်းသတင်းများ
နိုင်ငံတကာသတင်း
အနုပညာသတင်း
ဗီဒီယိုသတင်း
ဟာသကမ္ဘာ
ဆောင်းပါး
ကြားဖြတ်သတင်း
မှုခင်းသတင်း
လူထုအော်သံ
ကျန်းမာရေး
နည်းပညာ
Mobile သတင်း
Sections (ကဏ္ဍများ)
Android Application
318
Android Firmware
2
ANDROID PHONE ROOT
26
Blogger နည်းပညာ
7
Ebook ဘဏ်တိုက်
11
Hacking
3
International Sexy Model
1
Mobile သတင်းရပ်ဝန်း
735
Myanmar Sexy Model Girl
11
Networking
1
ကဗျာ
115
ကွန်ပျုတာနည်းပညာ
8
ကျန်းမာရေး
408
ဂျာနယ် Download
3
ထူးဆန်းထွေလာ
79
ဒီမိုကရေစီတိုက်ပွဲ
1
နည်းပညာ
311
နိုင်ငံတကာသတင်း
25
နိုင်ငံတကာသတင်းများ
21
ပညာပေးကာတွန်း
7
ပညာရေး
156
ပြည်နယ်နှင့်တိုင်းသတင်းများ
21
ပျိုမေတို့အတွက်
62
ဗဟုသုတ
391
ဗီဒီယိုသတင်း
8
ပြည်တွင်းကားဈေးကွက်
129
4086
မြန်မာ့တပ်မတော်
5
မြန်မာ့သမိုင်း
7
ဘာသာရေး
48
မိုးလေ၀သ သတင်း
259
မူခင်းသတင်း
547
မြန်မာမွတ်စ်လင်မ်သမိုင်း
9
ရန်ကုန်သတင်း
4125
ရသစာပေ
51
လူထုအော်သံ
169
ကြားဖြတ်သတင်း
53
သဘာဝအလှပုံရိပ်များ
5
ဟင်းချက်နည်း
4
ဟာသကမ္ဘာ
52
အစ္စလာမ်ဘာသာဝင်များအတွက်
72
အားကစားသတင်း
676
အားကစားသတင်း
1
အနုပညာသတင်း
1142
ဆောင်းပါး
645
နေပြည်တော်သတင်း
894
ကြေငြာချက်
42
နှလုံးသားအာဟာရ
2
နိုင်ငံတကာသတင်း
2898
Trending News
NEWS
|
2:18 PM
သက်တမ်း ၁ဝဝ နီးပါးရှိ၍ ခေတ်ဖြင့်ကိုက်ညီမှုမရှိတော့သည့် မြန်မာကုမ္ပဏီအက်ဥပဒေကို ပြင်ဆင်ရေးဆွဲမည်၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းကိုလည်း Online စနစ်သို့ ပြောင်းလဲမည်ဟု သိရ
Tuesday, 05 March 2013
သက်တမ်း ၁ဝဝ နီးပါး ရှိနေပြီဖြစ်ပြီး ခေတ်ကာလဖြင့် ကိုက်ညီမှုမရှိတော့သည့် မြန်မာကုမ္ပဏီ အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။၎င်းအပြင် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကိုလည်း လက်ရှိစနစ်မှ Online စနစ်သို့ ပြောင်းလဲသွားရန် စီစဉ်နေသည်ဟု သိရသည်။
မြန်မာကုမ္ပဏီ အက်ဥပဒေ (The Burma Companies Act ) မှာ ၁၉၁၄ ခုနှစ်ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး လက်ရှိအခြေအနေနှင့် လျော်ညီမှု မရှိတော့သည့်အတွက် ပြန်လည်ပြင်ဆင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကုမ္ပဏီများနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးမှု ပြုနေရသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများမှာ ၁၉၁၄ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ အက်ဥပဒေ (The Burma Companies Act )နှင့် မြန်မာကုမ္ပဏီ နည်းဥပဒေ၊ ၁၉၅၇ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ လုပ်ထုံး လုပ်နည်း(Myanmar Companies Regulation)နှင့် Myanmar Companies Schedules တို့ဖြစ်သည်။
မြန်မာကုမ္ပဏီ အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရာတွင် Asia Development Bank မှ အကူအညီများ ပေးသွားမည် ဖြစ်ကြောင်းကို ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပင် ''ကျွန်တော်တို့ဆီမှာ မြန်မာကုမ္ပဏီအက်က ၁၉၁၄ ခုနှစ်ကတည်းက ရေးဆွဲထားတာဆိုတော့ နှစ်ပေါင်း ၁ဝဝ နီးပါးလောက် ဖြစ်နေတယ်။ သိပ်ပြီး မကိုက်ညီတော့တဲ့အတွက် ပြင်ဆင်ရေးဆွဲဖို့ စီစဉ်နေတယ်။ ဒါကိုလည်း ADB ဘဏ်က ကူညီပေးမယ်လို့ ပြောပါတယ်''ဟု ပြောသည်။
ကုမ္ပဏီမှတ်ပုံတင်ခြင်းအား online စနစ်သို့ ပြောင်းလဲမည့်အပေါ် ၎င်းကပင် ''ADB က လာတဲ့ အခါမှာ မြန်မာမှာ ကုမ္ပဏီမှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးတယ်လို့ ပြောကြတယ်။ အဲဒီအတွက် Online စနစ်ကို ပြောင်းလိုက်မယ်ဆိုရင် ကိုယ့်ရုံးခန်း၊ ကိုယ့်အိမ်ကနေ မှတ်ပုံ တင်နိုင်ပြီ၊ နောက် သက်တမ်းတိုးနိုင်ပြီ။
ဒါပေမယ့် အဲဒီလိုလုပ်ရင် တရားရုံးလို နေရာမှာကျတော့ ခိုင်မာမှုပြဖို့ခက်ပြီ။ ဒါကလည်း လက်ရှိ ကုမ္ပဏီအက်ဥပဒေမှာကို ပြင်ဆင်မှ လုပ်လို့ရမှာ။ အဲဒီအတွက် ကုမ္ပဏီအက်ဥပဒေကိုလည်း ပြင်မယ်။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းတိုးတာ ကိုလည်း Online စနစ်ကို သွားမယ်။
အဲဒါတွေအားလုံး လုပ်ဖို့အတွက် ADB ဘဏ်က ကူညီမယ်။ လောလောဆယ် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲစပြီး ကူညီပေးမယ်'' ဟု ပြောခဲ့သည်။
RND: 5.3.2013
Eleven Media Group:
Most Viewed
မိုင်တိုင် ၂၆ ဇာတ်ကား အကြောင်း ရှင်းပြတဲ့ ခွန်းဆင့်နေခြည်
ဖြိုးငွေစိုး၏ ဇနီး မော်ဒယ်ဇင်ဇင် သားဦးရတနာလွယ်
၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းရဲ့ အောင်ပွဲခံမူ့ပုံရိပ်များ
ခေတ်ဟောင်း မင်းသမီးကြီး ဒေါ်နှင်းဆီကွယ်လွန်
မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်
အိမ်ထောင်ရေး ဖောက်ပြန်မှုကို ပုံဖော်ရိုက်ကူးထားသည့် "တိုက်ဆိုင်မှုရှိလျှင်" ရုပ်ရှင်ဇာတ်ကား စက်တင်ဘာ၌ ရုံတင် ပြသမည်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲအပြီး ရလဒ် စပိန် ၁-၀ အာဂျင်တီးနား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လုပ်သင့်/ မလုပ်သင့် အခြေအနေအား စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာမည့်ရက်ပိုင်းအလိုတွင် လုံထိန်းရဲဝန်ထမ်းများ တပ်ရင်းပြောင်းလဲထား..
Gothere Myanmar 2013 v1.1.1.1 for Android
ဗီဒီယိုရုပ်ရှင် ဘယ်တော့မှ မရိုက်တော့ ဘူးဆိုတဲ့ မယ်လိုဒီ