Pages
Pages - Menu
Friday, December 28, 2012
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့ညနေပိုင်းမှစပြီး လုံခြုံရေးအင်အားတိုးမြင့်ချထား
ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် လုံခြုံေ၇းအင်အားတိုးမြင့်ချထားကြောင်း ဒေသ
ခံများကပြောပြသည်။ညနေ၅နာရီလောက်မှာ ရဲအင်အား ၅၀လောက် ရောက်လာတာတွေ့ရတယ်ဟုအောင်
မင်္ဂလာဒေသခံတစ်ဦးကပြောသည်။
အစ္စရေးတွင် နှစ်ပေါင်း ၂၇၅၀ သက်တမ်းရှိ ဘုရားကျောင်းနေရာ တွေ့ရှိ
အစ္စရေးတွင် နှစ်ပေါင်း ၂၇၅၀ သက်တမ်းရှိ ဘုရားကျောင်းနေရာ တွေ့ရှိ
အစ္စရေး နိုင်ငံတွင် မနုဿဗေဒ ပညာရှင်များသည် သက်တမ်း နှစ်ပေါင်း (၂၇၅၀)မျှ ရှိနေပြီဖြစ်သည့် ဘုရား
ကျောင်း နေရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ဂျေရုဆလင် မြို့အနီးတွင် အဆိုပါ နေရာဟောင်းကို
 တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စဉ့်နှင့် မြေထည် ပစ္စည်းဟောင်း အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။
အနာဂတ်အတွက် အသင်းရွေးချယ်ခြင်း မရှိသေးကြောင်း ဘက်ဟမ်း ပြောကြား
အနာဂတ်အတွက် အသင်းရွေးချယ်ခြင်း မရှိသေးကြောင်း ဘက်ဟမ်း ပြောကြား
ဒေးဗစ်ဘက်ဟမ်းက ၎င်းသည် အနာဂတ်အတွက် တိတိကျကျ ကလပ်အသင်း တစ်ခုကို ရွေးချယ်ခြင်း မရှိ
သေးကြောင်းထုတ်ဖော် ပြောကြားလိုက်သည်။အမေရိကန်ကလပ် လော့စ်အန်ဂျလိစ်ဂလက်စီ အသင်းတွင် (၆)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဘက်ဟမ်းသည် နောက်ထပ်အတွေ့အကြုံသစ်တစ်ခုကိုရှာဖွေရန် အသင့်
ရှိနေသည်။
ငြိမ်းချမ်းရေးနှင့် စစ်ဘေးစစ်ဒဏ်
thn-26-12-12-6
ကချင်ပြည်နယ်က သေနတ်သံ အမြောက်သံတွေဟာ ၂၀၁၂ ကို နှုတ်ဆက်ကာ ၂၀၁၃ ကို ကြိုဆိုနေပြီဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ဟာ စစ်ရဲ့အနိဋ္ဌာရုံတွေကြား ၀ါးမျိုခံလိုက်ရပါပြီ။ ဒါဟာ အခုမှ ဖြစ်တာမဟုတ်လို့ အထူးအဆန်းကြီးလို့တော့ မဆို နိုင်ပါဘူး။ ပြည်ထောင်စုသား တိုင်းရင်းသား နိုင်ငံသူနိုင်ငံသားများ အားလုံး စစ်ဘေးစစ်ဒဏ်ခံခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ဒါပေမဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့စစ်ပွဲကြီးတွေဟာ သမားရိုးကျထက် ဖြစ်ရိုးဖြစ်စဉ် ထက်ပိုပြီး ပြင်းထန်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက် ကမ္ဘာပျက်မယ်ဆိုတဲ့နေ့မတိုင်မီ ၄ ရက် အလိုမှာကတည်းက တိုင်းရင်းသားပြည်သူတွေ ကမ္ဘာပျက်ခဲ့တာ ဖြစ်ပါတယ်။
ဂီတပွဲတော်၊ ရန်ပုံငွေနှင့် ခရိုနီတို့ ကခုန်ခြင်း
thn-22-12-12-5
နိုဝင်ဘာလ ၁၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်သင့် ရွှေဘိုမြို့နယ်ကျေးရွာတစ်ရွာရှိ ယာယီစာသင်ကျောင်း တစ်ကျောင်းကိုတွေ့ရစဉ်
အနုပညာရှင်များ၏ စိတ်အားထက်သန်စွာ ပါဝင်မှုများနှင့်အတူ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဝန်းကျင်တွင် ရန်ပုံငွေဂီတပွဲတော်များ ခေတ်စားလာခြင်းသည် လူမှုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ရန်ပုံငွေရှာဖွေရေးကို အတန်အသင့် ပံ့ပိုးပေးခဲ့သည်။ နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းများမှ ကမကထပြုသော ရန်ပုံငွေဂီတပွဲတော်များတွင် အလှူငွေ သိန်းထောင်ချီရရှိသည်အထိ အောင်မြင်ခဲ့သဖြင့် ဂီတပွဲတော်သည် ရန်ပုံငွေရှာဖွေရေး ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။
ပခုက္ကူမြို့တွင် ပုဂ္ဂလိကကုမ္ပဏီခွဲများမှ ၀န်ထမ်းသစ်များ ခေါ်ယူမှု များပြားလာသော်လည်း အလုပ်လက်မဲ့ ဘွဲ့ရလူငယ် အများအပြားရှိနေသေး
ha-26-12-5
ပုဂ္ဂလိကဘဏ်တစ်ခုတွင် လူတွေ့ဖြေဆိုရန် စောင့်ဆိုင်းနေသော လူငယ်များအား မြင်တွေ့ရစဉ်
ပခုက္ကူမြို့တွင် ၂၀၁၂ ခုနှစ်အတွင်း လူသုံးကုန်ပစ္စည်း ကုမ္ပဏီခွဲများ လာရောက်ဖွင့်လှစ်ခြင်းနှင့် ဘဏ်ခွဲများဖွင့်လှစ်မှု များပြားလာသည့်အတွက် ၀န်ထမ်းသစ်ခေါ်ယူမှုများကြောင့် ဒေသခံလူငယ်များကြား အလုပ်အကိုင်ရရှိရေး မျှော်လင့်လာကြောင်း သိရှိရပါသည်။
အိုးအိမ်နှင့် မော်တော်ယာဉ် ဈေးရောင်းပွဲတော် HOUSING, LIVING & AUTOMOBILE 2013 ကိုကျင်းပပြုလုပ်တော့မည်
Advertisement
အိုးအိမ်နှင့် မော်တော်ယာဉ် ဈေးရောင်းပွဲတော်
HOUSING, LIVING & AUTOMOBILE 2013
နေရာ   - တပ်မတော်ပြခန်း၊ ရန်ကုန်၊ မြန်မာ။
နေ့ရက် - ဇန်နဝါရီလ ၁၀ ရက် မှ ၁၃ ရက်။ 
ပြပွဲတွင် ပြည်တွင်းပြည်ပမှ အိမ်ရာအဆောက်အအုံအရောင်းပြခန်းနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ခေတ်မီပရိဘောဂပစ္စည်းများ ၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံးပစ္စည်းများ ၊ အရည်အသွေးအဆင့်မီအိမ်သုတ်ဆေးများ ၊ စက်မှုလက်မှု လုပ်ငန်းသုံး ပစ္စည်းများ ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်းများ ၊မိုဘိုင်းဖုန်းများ ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ၊ စာရေးကိရိယာများ ၊ ပြည်တွင်းပြည်ပမှ ဆေးဝါးများ ၊ အလှကုန်နှင့် ဆက်စပ်ပစ္စည်းများ ၊ အ၀တ်အထည်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ ပညာရေးဝန်ဆောင်မှု သင်တန်း ကျောင်းများ ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု ဘဏ်လုပ်ငန်းတို့ ဈေးကွက်အတွင်းနှင့် သုံးစွဲပြည်သူလူထုအတွင်း အရှိန်အဟုန်ပြင်းစွာ ထိထိ ရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်စေရန် ရည်ရွယ်၍ စီစဉ် ကျင်းပမည့်ပွဲ ဖြစ်ပါသည်။
ဤပွဲတွင် ထူးခြားသော ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြည်သူလူထု စိတ်ဝင်စားသော ကားအရောင်းပြခန်းများ ၊ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ရထားသော ကုမ္ပဏီများ ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်း ချသူများ ၊ စက်ဆီချောဆီများ ၊ ကားဘက်ထရီများ ၊ ကားတာယာများ ၊ ကားအလှဆင်ပစ္စည်းများ ၊ ကားအော်ဒီယို နှင့် ဆက်စပ်ပစ္စည်းများ ၊ ကားအင်ဂျင် အပိုပစ္စည်းများ နှင့် အခြားဆက်စပ်ပစ္စည်းတို့လည်း ၀င်ရောက်ပြသမည့်ပြပွဲဖြစ်ပါသည်။
---
နေရာ - တပ်မတော်ပြခန်း၊ ရန်ကုန်၊ မြန်မာ။
နေ့ရက် - ဇန်နဝါရီလ ၁၀ ရက် မှ ၁၃ ရက်။
ပြပွဲတွင် ပြည်တွင်းပြည်ပမှ အိမ်ရာအဆောက်အအုံအရောင်းပြခန်းနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ခေတ်မီပရိဘောဂပစ္စည်းများ ၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံးပစ္စည်းများ ၊ အရည်အသွေးအဆင့်မီအိမ်သုတ်ဆေးများ ၊ စက်မှုလက်မှု လုပ်ငန်းသုံး ပစ္စည်းများ ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်းများ ၊မိုဘိုင်းဖုန်းများ ၊
"အကယ်ဒမီပွဲပြီးမှ ဒူဘိုင်းကို ဟန်းနီးမွန်း ထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ"
"အကယ်ဒမီပွဲပြီးမှ  ဒူဘိုင်းကို ဟန်းနီးမွန်း ထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ"
ကြည်နူးပျော်ရွှင်မှု များစွာ နဲ့ ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်း နဲ့ မချောရတနာ တို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။ 
"အဖေ့ ကျောင်း"ဇာတ်ကား မိတ်ဆက်ပွဲမှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. 
"အခု လောလောဆယ် ရိုက်ကွင်းခဏနားထားတယ်။ သရုပ်ဆောင်မှု အပိုင်း ကို အရင်တုန်းကလောက် လုပ်ဖြစ်တော့ မှာမဟုတ်ဘူး။ အကျိုးပြုဇာတ်လမ်း တို့၊ လူမှုရေး ဇာတ် လမ်းတို့လောက်ပဲ ရိုက်ကူးဖြစ်တော့မယ်။ အခု ဟာက အိမ်ထောင်သည်ဖြစ်သွားတဲ့အတွက် ကိုယ်တစ်ယောက်တည်း စိတ်နဲ့ နေလို့ မရ တော့ဘူး။ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူနဲ့ ညှိညှိ နှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ရမယ်။ တစ် ယောက်တည်း စိတ်နဲ့သွားလို့ မရတော့ နှစ်ယောက်ပေါင်း ပြီး စိတ်တစ်ခုနဲ့မှ အဆင်ပြေမှာလေ။ 
အခုလောလောဆယ် အကယ်ဒမီ ပွဲပြီးရင် ဟန်းနီးမွန်း ခရီး ထွက်ဖို့ စီစဉ်နေ ပါတယ်။ ဒူဘိုင်းကို သွားဖြစ်ဖို့များတယ်"လို့ ပြောပါတယ်။ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သက်ပြီး ချောရတနာ က
"ဒီ နှစ် အကယ်ဒမီပေးပွဲ ကိုတော့ တက်ဖြစ်မှာပါ။ အဝတ်အစား ဒီဇိုင်းပိုင်းကို မျိုးမင်းစိုးက တာဝန်ယူပေးထားပါတယ်။ ချိတ်လုံချည်ကို သိင်္ဂီကျော်ပိုးထည် တိုက်က စပွန်ဆာပေး ထား တာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ ရန်ကုန်မှာ ကျင်းပတဲ့အတွက် ပိုပြီးတော့ အဆင်ပြေ သွားတယ်။ ဒီနှစ် အကယ်ဒမီဆုကို တကယ် အနုပညာ ပိုင်းမှာ တော်တဲ့သူတွေကို ရစေချင်ပါတယ်။ သက်မွန်မြင့် ရမယ်လို့လည်း ကြားနေပါတယ်။ အကယ်ဒမီ ဆုကို ဘယ်သူပဲ ရရပါ" လို့ ပြောပါတယ်။ 
ထွဋ်မြတ်၊
 ဓာတ်ပုံ-အောင်ဇော်မင်း
ကြည်နူးပျော်ရွှင်မှု များစွာ နဲ့ ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်း နဲ့ မချောရတနာ တို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။
"အဖေ့ ကျောင်း"ဇာတ်ကား မိတ်ဆက်ပွဲ
မှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. 
Eleven Media Group မှ အင်တာနက် လိုင်းကနေ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် (web TV) စမ်းသပ်ထုတ်လွှင့်မှု ဇန်န၀ါရီ (၁) ရက်နေ့ကနေ စတင်မယ်
ပြည်တွင်းသတင်းမီဒီယာတခုဖြစ်တဲ့ အလဲဗင်း မီဒီယာဂရုဖ်က အင်တာနက် လိုင်းကနေ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် (web TV) စမ်းသပ်ထုတ်လွှင့်မှု ကို လာမယ့် ဇန်န၀ါရီ (၁) ရက်နေ့ကနေ စ တင်မယ်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလာပါတယ်။ သူတို့ရဲ့ Web TV အစီအစဉ်မှာ နိုင်ငံရေး စီးပွားရေးသတင်းတွေနဲ့ အတူ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်း၊ အနုပညာသတင်း၊ အားကစား သတင်းနဲ့ ဥရောပ လိဂ်ပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်တွေကို ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။ အလဲဗင်းမီဒီယာဂရုဖ်ဟာ web TV အစီအစဉ် ထုတ်လွှင့်တဲ့ ပထမ ဦးဆုံး ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်လည်း ဖြစ်ပြီး လက်ရှိ first eleven, premier eleven, weekly eleven, bi weekly eleven ဂျာနယ် ၄ စောင်ကို ထုတ်ဝေနေတဲ့ သတင်းမီဒီယာ တစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ Web TV ကို www.news-eleven.com ကနေ တဆင့် အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်ကြမှာလဲဖြစ်ပါတယ်။
အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ပြည်တွင်းသတင်းမီဒီယာတခုဖြစ်တဲ့ အလဲဗင်း မီဒီယာဂရုဖ်က အင်တာနက် လိုင်းကနေ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် (web TV) စမ်းသပ်ထုတ်လွှင့်မှု ကို လာမယ့် ဇန်န၀ါရီ (၁) ရက်နေ့ကနေ စ တင်မယ်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလာပါတယ်။
တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေတဲ့ ပေ၇ာ်ဖက်စာတစ်ဦး
တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေခဲ့ 
ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ ဒတ်ထရွိုက်မြို့ မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦး က ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာ ဖြစ်ပါတယ်။ 
သေကြောင်းကြံတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝ (Afterlife) ဆိုတာ တကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့လောကက လူတွေနဲ့ ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊ ဂက်စ်မီးဖိုက ဂက်စ်များ အပြည့် လွတ်စေပြီး ကိုယ်တိုင် သေကြောင်းကြံခဲ့ပါတယ်။ ဒီအတွက် ကူညီပေးသူ အမျိုးသမီး Ruth Doran ကို လာဆက်သွယ်ပြမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ 
အမေရိကန်ပြည်တွင်း သတင်းစာ၊ ဂျာနယ်များကလည်း စိတ်ဝင်တစားနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ပါဘူး။ Bradford ဟာ သေဆုံးပြီး တကယ်ပဲ ဘယ်သူနဲ့မှ မဆက်သွယ်နိုင်ဘူးဆို တာကိုသာ ဝမ်းနည်းစွာပဲ လေ့လာတွေ့ရှိခဲ့ပါတယ်။ 
ဒါကြောင့် တမလွန်ဘဝ ရှိတယ်မရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး လက်တွေ့စမ်းသပ်ပြရဲခဲ့တဲ့ Bradford ရဲ့  လုပ်ရပ်ဟာ ယနေ့တိုင် ရာဇဝင်တွင် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။ 
--
ref:wiki
International news for myanmar
http://www.innewsmyanmar.com/2012/12/blog-post_9601.html
----
အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ ဒတ်ထရွိုက်မြို့ မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦး က ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာ ဖြစ်ပါတယ်။
လူ့အသက်ပေါင်းများစွာစတေးခံအ ရင်းတည်ပြီးမိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော မြန်မာ့တပ်မတော်ခေါင်း ဆောင်းများသို့ ....(ဆောင်းပါး)
လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။
လက်နက်ကြီးပစ်ကူ...။
လူ့အသက်ပေါင်းများစွာ အစတေးခံအရင်းတည်ပြီး
မိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော 
မြန်မာ့တပ်မတော်ခေါင်းဆောင်များသို့ .....။
----------------------------------------------------------------------------------
ခင်ဗျားတို့ကို .... ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်.....။
တင်ခွင့်ရှိတယ်....။
ခင်ဗျားတို့ကို ကျုပ်တို့ လစာပေးထားတာ.....။
ခင်ဗျားတို့ .. ကျုပ်တို့ ပြည်သူ့လစာ စားနေတာ...။
ခင်ဗျားတို့ အင်းဝဘဏ်က ထုတ်သမျှ ငွေတိုင်းက ဦးပိုင်ငွေမဟုတ်ဘူး..။ ပြည်သူ့ဘဏ္ဍာ..။
--------------------------------------------------------------------------------------
ခင်ဗျားတို့ လေကြောင်းပစ်ကူသုံးတယ်....။ 
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး .....အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်...။
ခင်ဗျားတို့ သုံးတဲ့လေယာဉ်တွေက .........
ကျုပ်တို့တတွေ မီးအပျက်ခံ.....။ ကျောင်းစာအုပ် အလာက်မငှတဲ့ဒဏ်ခံ၊
ဆေးရုံမှာ ဆေးဝါးမရှိခဲ့ဒဏ် ....။ မ၀ရေစား စားခဲ့ရတဲ့ ဒဏ် .. နောက်ဆုံးဗျာ.....
နိုင်ငံခြားမှာ ကျွန်ခံလုပ်ပြီး အခွန်ဆောင်ခဲ့ရတဲ့ ဘဏ္ဍာငွေတွေကို 
စစ်သုံးစရိတ် အဖြစ် ဘတ်ဂျက် ရှင်းတမ်းအများဆုံးနဲ့ ....။
ခင်ဗျားတို့ သုံးစွဲခွင့်ပြုခဲ့တာ...... .. 
----------------------------------------------------------------------------------------
ခင်ဗျားတို့ လက်နက်ကြီးမျိုးစုံသုံးတယ်....။
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်..။
ခင်ဗျားတို့သုံးတဲ့ လက်နက်ကြီး/ကျည် တွေက
ကျုပ်တို့မြေမှာ ...
တရုတ်က လာပြီး ဂုတ်သွေးအစုပ်ခံ၊
အလကားနီးပါး .. စီမံကိန်းတွေ လာလုပ်၊ ပြုကျင့်ခြင်းတိုင်းပြုကျင့်..။
သယံဇတတွေကို မတန်တဆ ရောင်း၊ ဖဲသမား ရွှေပေါင်သလို ရတာလေးကို ...
ခင်ဗျားတို့ သုံးဖို့ အတွက် ဘတ်ဂျက်ချမှတ်ပေးခဲ့တာ....။
-------------------------------------------------------------------------------------------
ခင်ဗျားတို့ လူအင်အား၊ ရဲဘော်ပေါင်းများစွာ၊ ပြည်သူပေါင်းများစွာ ရဲ့ သွေး/ချွေးတွေကို စတေးခဲ့တယ်..
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်..။
ခင်ဗျားတို့ စတေးခဲ့တဲ့ အသက်တွေက ..
ကျုပ်တို့တတွေ မွေးဖွား ပျိုးထောင်ခဲ့ရတဲ့ လူငယ်တွေ၊ အနာဂတ်အတွက် အားကိုးရသူတွေ၊
တချိန်မှာ နိုင်ငံအကျိုးအတွက်အတွက် မြုပ်နှံထားတဲ့ ရင်းနှီးမှုတွေကို...
ခင်ဗျားတို့ တလွဲဆံပင်ကောင်း အညွန့်ချိုး ... အသုံးချခဲ့တယ်....။ စတေးခဲ့တယ်..။
--------------------------------------------------------------------------------
တစ်ဦးတစ်ယောက်ရဲ့ လမ်းညွှန်မှုကြောင့်ပဲဖြစ်ဖြစ် ..။
အစိုးရနဲ့ အာဏာ လွန်ဆွဲချင်လို့ပဲဖြစ်ဖြစ် .....။
တစ်နိုင်ငံ/တစ်ဦးတစ်ယောက်/အဖွဲ့အစည်း တစ်ခုရဲ့ ဆန္ဒ/အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ်...။
အခြေခံဥပဒေ အားကိုးနဲ့ပဲဖြစ်ဖြစ် .... ကေအိုင်အေကို အင်အားအလွန်အကျွံသုံးတိုက်ခိုက်နေခဲ့တာဟာ...
တပ်မတော် အား ပြည်သူမှု ယုံကြည်ကိုးစားမှု ....
တိုင်းရင်းသားများရဲ့ ယုံကြည်ကိုးစားမှုနဲ့ ......
နိုင်ငံတကာ အလယ်မှာ ခေတ်မီတပ်မတော်ဖြစ်လာဖို့ .. အလားအလာရှိလာမယ့် ...
နိုင်ငံတကာနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာအကူအညီ ရရှိမှု
အစရှိတဲ့ မျှော်လင့်ချက်တွေကို .....
ခင်ဗျားတို့ဘာသာ ရိုက်ချိုးလိုက်တာပဲလို့ .... ယူဆပါတယ်....။
-----------------------------------------------------------------------------------------------------------------------------
ခင်ဗျားတို့ကို ဖခင်ကြီး မှာသွားတဲ့ စကားကိုလည်း သတိရကြပါဦး..။
ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကိုညှဉ်းဘို့မဟုတ်။ 
လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။
ဒါက စကားရိုင်းရိုင်းနဲ့နားလည်အောင်ပြောပြတာ ပဲ။ 
ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။
 နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။
အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲအားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ 
အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကိုလက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင်အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။
ငါတို့က ဒီလိုမဟုတ်အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကိုမတရားရင်မကြောက်။ အားကြီးတဲ့အခါလည်းအားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်းလုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်တယ်လို့ ပြောတာဘဲ။
နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီးနိုင်ငံရဲ့အမှုကို ဘယ်ခါမဆိုထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။
(ဗိုလ်ချုပ်အောင်ဆန်း)
------------------------------------------------------------------------------------------------------------------------------------
အဲဒီတော့ ...
အခုလို စစ်ပွဲတွေ ဖြစ်နေတာကို ....
ခင်ဗျားတို့ကို ...
ကျုပ်တို့ ..အပြစ်တင်ခွင့်ရှိတယ်....။
ရှုတ်ချပိုင်ခွင့်ရှိတယ်..။
ကန့်ကွက်ပိုင်ခွင့်ရှိတယ်...။
တောင်းဆိုပိုင်ခွင့်ရှိတယ်....။
တားမြစ်ပိုင်ခွင့်ရှိတယ်....။
ဘာ့ကြောင့်လဲဆိုတော့ ... ခင်ဗျားတို့ဟာ ကျုပ်တို့လစာစားနေရတဲ့ ပြည်သူ့အစေခံတွေပဲ.....။
လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။လက်နက်ကြီးပစ်ကူ...။လူ့အသက်ပေါင်းများစွာစတေးခံအ
ရင်းတည်ပြီးမိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော မြန်မာ့တပ်မတော်ခေါင်း
ဆောင်းဆောင်များသို့ .....။
----------------------------------------------------------------------------------
ခင်ဗျားတို့ကို .... ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်.....။
တင်ခွင့်ရှိတယ်....။
ခင်ဗျားတို့ကို ကျုပ်တို့ လစာပေးထားတာ.....။
ခင်ဗျားတို့ .. ကျုပ်တို့ ပြည်သူ့လစာ စားနေတာ...။
ခင်ဗျားတို့ အင်းဝဘဏ်က ထုတ်သမျှ ငွေတိုင်းက ဦးပိုင်ငွေမဟုတ်ဘူး..။ ပြည်သူ့ဘဏ္ဍာ..။
--------------------------------------------------------------------------------------
ခင်ဗျားတို့
ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake
ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake
သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီ ဆိုရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lake လို့ အမည်ပေး ထားပါတယ်။
Green Lake ဟာ ဆောင်းရာသီဆိုရင် ပတ်ဝန်းကျင်ဒေသကော တောင်တွေ  မှာပါ အေးခဲနေတဲ့ အတွက် သာမန်ပန်းခြံတစ်ခုလိုပါပဲ။ မြေနိမ့် တဲ့ နေရာမှာ အလွန်ဆုံးရှိလှ ရေ ၁ မီတာထက် မပိုပါဘူး။ သို့ပေမယ့် နွေရာသီ ရောက်ရင်တော့ တောင်ပေါ် က ရေခဲများ အရည်ပျော်ပြီး ယင်းပန်းခြံကို ရေတွေ ပြည့်စေ ပါတယ်။ ၁၂ မီတာ လောက်အထိကို ရေမြင့် တက်စေတယ် လို့ သိရပါတယ်။ 
ဒါကြောင့် Green Lake ဟာ နွေရာသီမှာလည်း လှပတဲ့ ရေအောက် ပန်းခြံ လို ရှိနေပြီး လာရောက်လည်ပတ်သူ၊ လေ့လာသူများ များပြား လှကြောင်း သိရပါတယ်။
--
Ref: mase-place
International news for myanmar
http://www.innewsmyanmar.com/2012/12/green-lake.html
--\
သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီဆို
ရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lakeလို့အမည်ပေးထားပါတယ်။
မြန်မာစစ်တပ်က KIA, အားဓါတုလက်နက်ဖြင့်အသုံးပြုတိုက်ခိုက်နေ
မြန်မာစစ်တပ်က လေကွဲမီးလောင်လက်နက်၊ 
========================
ဓါတုလက်နက်ဖြင့်အသုံးပြုKIA, အားတိုက်ခိုက်
=========================
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ
တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်
နက်ကြီးကို အသုံးပြုလာကြောင်း သိရှိရသည်။ 
ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ
တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော
 မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊ 
၎င်းမှကွဲထွက်လာသော အစိတ်အပိုင်း များလည်း 
ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး
တောက်လောင်၍ ကျဆင်းလာခဲ့သည်။ ၎င်း အပိုင်း
အစများထိမိသော အ၀တ်များ သစ်ရွက်ခြောက်များ
သည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှထွက်လာ 
သော အငွေ့ကိုရှူရှိုက်မိသူများသည်အသက်ရှူကြပ်
လာကာ ခေါင်းမူးအော့အန်မှုများ ဖြစ်ခဲ့ကြောင်း 
သိရှိရ သည်။
မြန်မာအစိုးရသည် တရားလွန်ကောက်ကျစ်စဉ်းလဲ
သော အပြုအမူများကို အစွန်းကုန်ထုတ်သုံး၍ ပြည်
တွင်းစစ် နှင့် မကိုက်ညီသောလက်နက်များကို အသုံး
ပြုနေပြီဖြစ်သည်။ အဆိပ်ဓါတ်ငွေ့ပါသော လက်နက်
များကို လွန်ခဲ့သည့်နှစ်များတွင်လည်း သွင်သွင်ကျယ်
ကျယ် အသုံးပြုကာ KIA တပ်စခန်းများကို သိမ်းပိုက်
ခဲ့ကြသည်။
(MKN)
လဂျားယန်သို့ထိုးစစ်ဆင်လာသောန်မာအစိုးရတပ်ဖွဲ့ဝင်တို့သည်ဓါတုဓါတ်ငွေ့ပါသော လက်နက်ကြီးကို
အသုံးပြုလာကြောင်းသိရှိရသည်။ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေတိုက်ပွဲတွင် မြန်မာအစိုး
ရ တပ်ဖွဲ့မှ ပစ်ခတ်သော-------
“ရွှေ” နှင့်ပတ်သတ် လို့ ဗဟုသုတ (ဆောင်းပါး)
“ရွှေ” နှင့်ပတ်သတ်လို့ ဗဟုသုတ  
ရွှေဆိုသည်မှာ- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
-၁၄ဲ ရည် (ဆယ့်လေးပဲရည်)
-ရွေးသုံးဆယ်စပ်
-မိုးကြိုး
တစ်ကျပ်သား =၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ဲ = ရွေး ၃၀
တစ်မူးသား = ၂ဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး
(ငါးမူးသားကျတော့ ရွေး ၆၀ ဖြစ်ပြီး တစ်မူးသားကျတော့ ၁၅ ရွေးဖြစ်နေခြင်းမှာ ကျနော်လဲမသိ
ရှေးအရင်လူများလက်ထက် ကတည်းက အဲ့ဒီအတိုင်း သုံးနှုန်းခဲ့ကြတာဖြစ်သည်)
(မြန်မာ့ အသုံးအနှုန်းများ၏ တိကျပုံ မှာတစ်ခါတစ်ရံ ထိုသို့ဖြစ်တတ်သည်)
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေဈေး အသုံးအနှုန်းကို
အခေါက်ရွှေနှင့်သာ အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။
အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။ ၁၅ဲ ရည်ဆိုသည်မှာအခေါက်ရွှေ ၁၅ဲ
သားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။
ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂
ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။
၁၄ဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၄ဲ (ဆယ့်လေးပဲ)သားကို
ကြေးနီနှင့် ဘော်အချိုးကျ ၂ဲသား(နှစ်ပဲသား) ရောစပ်ထားခြင်းပဲဖြစ်ပါသည်။
ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ဲ သားကို ကြေးနီနှင့်
ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။
မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် အချိုးကျ
သုံးမတ်သား(၁၂ဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
(မလွန်လွန်းဖူးလားကွယ်)
အခေါက်ရွှေတစ်ကျပ်သား ဈေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေ
ရဲ့ဈေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . . .
အခေါက်ရွှေဈေး x ၁၁၂.၅ / ၁၂၀ = ၁၅ဲရည်ဈေး
အခေါက်ရွှေဈေး x ၁၀၈ / ၁၂၀ = ဒင်္ဂါးရည်ဈေး
အခေါက်ရွှေဈေး x ၁၀၅ / ၁၂၀ = ၁၄ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ်စပ်ဈေး
အခေါက်ရွှေဈေး x ၃၀ / ၁၂၀ = မိုးကြိုးဈေး
အခေါက်ရွှေ ဟာပျော့တယ် ကြေးနီနှင့်ဘော် ပါဝင်နှုန်းများလာလေ ရွှေဟာအရည်ညံလေ
မာလာလေဖြစ်ပါတယ်။ အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၎င်း
ဒီအတိုင်းပဲ အအေးခံလျှင်သော်၎င် အ၀ါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။
ရွှေထည်များဝယ်ယူ ၀တ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါ
ဘောက်ချာပျောက်လျှင်သော်၎င်း မိမိဝယ်ယူသည့်ဆိုင်မဟုတ်ပဲ
တစ်ခြားဆိုင်သို့ရောင်လျှင်သော်၎င်း ဈေးအနှိမ်ခံရပါတယ်။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့
ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့က
အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူဝန်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁
ဆနဲ့ရောရတယ်။ ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိဝင်ပါတယ်။
တစ်ခါတစ်ရံ တစ်ပဲဝန်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁
ရွေး ၂ ရွေးအထိဝင်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂
ရွေးလောက်ဝင်နေတယ်။ ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။ ဆိုင်ကကိုယ်ဝယ်ခဲ့တော့ ၁ဲ
ဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။ အလျှော့တွက်လက်ခက ၃
ရွေးလောက်ပေးရတယ်။ ကိုယ်ဝယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅
ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။ ဒါကို
မိမိဝယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ဲ ကိုလဲ ၁ဲ ဖိုးပြန်ပေးတယ်။
အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင်
တစ်ဝက်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိဝယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက်
တစ်ဝက်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့
အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်ဝယ်မှာဖြစ်ပါတယ်။
ရွှေပါဝင်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က
တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်ဝက်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။
ဝယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။
ရွှေဆိုင်တစ်ဆိုင်အနေဖြင့် မိမိရောင်းလိုက်သော အထည်မိမိဆီပြန်မလာလေ ကြိုတ်လေပဲ။
တစ်ချို့ရွှေဆိုင်တွေက ကျတော့လဲ ရွှေအရည်မပြည့်မှိဘူး ၁၅ဲ ရည်ဆိုရင် ၁၄ဲ
ရည်လောက်ပဲရှိတယ်။ တစ်ကျပ်သားကို တစ်ပဲ ပိုစပ်ထားတဲ့အတွက် တစ်ပဲ ကို လေးသောင်း
ငါးသောင်း ၀န်းကျင်မှာရှိတယ်။ တစ်ရက်ကို နှစ်ကျပ်သားရောင်းရရင် တစ်သိန်းလောက်က
အလျှော့တွက် လက်ခ မပါသေးဘူး ပိုစပ်ထားတဲ့အတွက်နဲ့တင်မြတ်နေပြီ။ ပြန်လာရောင်းတော့
ပြန်ပေးလိုက်တယ်။ ဘာဖြစ်လဲ ကိုယ်လုပ်ထားတဲ့ဟာ ကိုယ်ပြန်ပေးရတာ။ ကြားထဲမှာ
ငွေသုံးရတာပေါ့။ ပြန်မလာတော့ဘူးဆိုရင် အမြတ်ကျန်နေလိုက်တာပေါ့။ 
တစ်ကယ်တော့ ဒါဟာဝယ်ယူတဲ့လူဆီကနေ ပိုစပ်ထားတဲ့ အတွက်ကခိုးလိုက်တာပဲ။ ရွှေအကြောင်းဆိုရင်နားမလည်တဲ့လူကများတော့ တစ်ချို့ရွှေဆိုင်တွေက ညစ်ပတ်တယ် ရွှေထည်က၀ယ်ထားတာကြာနေပြီ ။
ရောင်းတဲ့လူကလဲ နားမလည်တော့ သုံးသောင်းလောက်မြတ်တာနဲ့ ကျေနပ်နေတယ် အဲ့ဒါမျိုးတွေ
လုပ်ကြတယ်။ ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်ဝက်လောက်က
ဆိုင်ကိုပြန်လာတယ်။ တစ်ဝက်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့
ခန့်မှန်းခြေသိရပါတယ်။ ရွှေထည်များဝယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။ တစ်ကယ်လို့
ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေဝယ်ထားချင်တယ်ဆိုရင် အခဲလိုက်ဝယ်ထားတာ
အဆင်အပြေဆုံးပါ။ တစ်ကျပ်သားကို ရောင်းဈေးနဲ့ ၀ယ်ဈေး ၁၅၀၀ ပဲခွါတယ်။ ဒါကလဲ ခေါက်ရွှေ
သီးသန့်ရောင်းတဲ့ ဆိုင်တွေ ဈေးမှန်တဲ့ ဆိုင်တွေမှပါ။ တစ်ချို့ရွှေဆိုင်များစို ၀ယ်တဲ့အခါမှာ
လက်ရှိပေါက်ဈေးထက် တစ်သောင်းလောက်ပိုရောင်းတယ် ပြန်ဝယ်တဲ့အချိန်ကျတော့
တစ်သောင်းလောက် လျော့ပေးပြန်ရော ၀ယ်တော့တစ်သောင်းနာ ရောင်းတော့တစ်သောင်းနာ။
ရွာသူ ရွာသားအပေါင်းကို ဗဟုသုတဖြစ်စေလိုတဲ့ စေတနာနဲ့ ရေးလိုက်တာပါ။ အမှားများ
မပြည့်စုံသည်များ တွေ့ရှိရပါက ပြန်လည် ဖြည့်စွပ်ပေးကြပါရန် . . . . . . . . .
Credit by : ရတနာပုံသတင်းစာ
ရွှေဆိုသည်မှာ- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
-၁၄ဲ ရည် (ဆယ့်လေးပဲရည်)
-ရွေးသုံးဆယ်စပ်
-မိုးကြိုး
ရန်ကုန် မြို့တော်တွင်ကျင်းပမည့် ရုပ်ရှင်ထူးချွန­် ဆုပေးပွဲ အခမ်းအနား ကြည့်ရှု နိုင်ရန် လက်မှတ် များ စတင်ရောင်းချ
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရန်ကုန် မြို့တော်တွင် ပြန်လည် ကျင်းပမည့် ရုပ်ရှင်ထူးချွန­် ဆုပေးပွဲ အခမ်းအနား ကြည့်ရှု နိုင်ရန် လက်မှတ် များကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် စတင် ရောင်းချလျက် ရှိကြောင်း ယင်းလက်မှတ် ရောင်းချ သည့် နေရာများ ထံမှ စုံစမ်း သိရှိ ရသည်။ ကျပ်တစ်သောင်းမှ­ ကျပ် နှစ်သောင်းတန် လက်မှတ် များကို ရှေ့ဆောင် ရုပ်ရှင်ရုံ၊ Junction Square ၊ သုဝဏ္ဏ အားကစားရုံ (၁)၊ တော်ဝင် စင်တာ စသည့် နေရာများတွင် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကြေညာချက်တွင် ဖော်ပြ ထားသည်။
NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ကျပ်သိန်း ၁၅၀၀ ကျော် ရရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပညာရေးကွန်ယက် ၂ နှစ်ပြည့် ရန်ပုံငွေပွဲ ပထမနေ့ တွင် အလှူငွေ ကျပ် သိန်း ၁၅၀၀ ကျော်ထိ ရရှိကြောင်း NLD ပညာရေး ကော်မတီ တာဝန်ရှိသူ ဒေါက်တာ သိန်းလွင် က The Voice Weekly သို့ ပြောကြားသည်။
“အဲပုဂံလေယာဉ်ပျက်ကျမှု၌ သေဆုံးသွားသူနှစ်ဦးအတွက် မြန်မာအာမခံ လျှော်ကြေးပေးမည်”
အဲပုဂံလေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သော ဧည့်လမ်းညွှန် မနွယ် လင်းရှိန်နှင့် ဦးပြားတို့အတွက် စင်္ကာပူအခြေစိုက် ပန်နရယ်လ် ဇင် လေကြောင်းအာမခံကုမ္ပဏီမှ လျှော်ကြေးများပေးအပ်သွားရန် ရှိသည့်အပြင် မြန်မာ့အာမခံလုပ်ငန်းမှလည်း သေဆုံးသူနှစ်ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံလျော်ကြေးငွေများ ပေး အပ်သွားရန် စီစဉ်လျက်ရှိကြောင်း မြန်မ
ာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။
တေးသံရှင်သားစိုး ယာဉ်တိုက်မှုဖြစ်ပွား
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ညက တေးသံရှင်သားစိုး ယာဉ်တိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်
တိုက်မှုမှာ ထိုနေ့ညက MCC ဂီတဖျော်ဖြေပွဲမှ သီဆိုပြီး အိမ်သို့ ပြန်လာသော သားစိုး၏ မော်တော်ယာဉ်မှ သီဆိုပြီး အိမ်သို့ ပြန်လာသော သားစိုး၏ မော်တော်ယာဉ်မှာ ပြည်လမ်းသုခကမ္ဘာ ဆေးရုံအနီးသို့ ရောက်စဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်သောလူနာတင်ယာဉ်မှတဆင့် ရှေ့တွင် မောင်းနှင်နေသော တက္ကစီအဌား
ယာဉ်အား တိုက်မိကာ အဆိုပါ အဌားယာဉ်မှတဆင့် တစ်ဖက်ယာဉ်ကြောမှ သားစိုး၏ ကားကို ဖြတ်တိုက်ခဲ့
ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သတခရိုင်ဘုရားကုန်းကျေးရွာတွင် အံ့ဖွယ်ငှက်ကြီးများဖမ်းမိ
ဟင်္သာတတွင် အံ့ဖွယ်ငှက်ကြီးများဖမ်းမိ
Friday, December 28, 2012
ဧရာဝတီတိုင်းဒေသကြီး ဟင်္သတခရိုင် ဟင်္သတမြို့ နယ် ဘုရားကုန်းကျေးရွာ အုပ်စုဘုရားကုန်းကျေးရွာ၌ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် ဟိမ၀န္တာလင်းယုန်ငှက်ဟု ယူဆရသော ငှက်ကြီး ၁၅ ကောင်ခန့်သည် ရွာအတွင်း ၀င်ရောက်လာသဖြင့် ရွာသူရွာသားများက ၀ိုင်းဝန်း
ဖမ်းဆီးကြရာ ငှက်ကြီး သုံးကောင် ဖမ်းဆီးရမိသည်။
Credit : Peter Aung
အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သတခရိုင် ဟင်္သတမြို့ နယ် ဘုရားကုန်းကျေးရွာ အုပ်စုဘုရားကုန်းကျေးရွာ၌ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် ဟိမ၀န္တာလင်းယုန်ငှက်ဟု ယူဆရသော ငှက်ကြီး ၁၅ ကောင်ခန့်
သည် ရွာအတွင်း ၀င်ရောက်လာသဖြင့် ရွာသူရွာသားများက ၀ိုင်းဝန်းဖမ်းဆီးကြရာ ငှက်ကြီး သုံးကောင် ဖမ်း
ဆီးရမိသည်။
ပျိုမေတို့အတွံက် အန္တရာယ်ရှိစေသော ကြက်တောင်ပံများ
`
မမတို့အတွက် အန္တရာယ်ရှိစေသော ကြက်တောင်ပံများ
by Kyaw San on Thursday, December 27, 2012 at 7:08pm 
Label -  ကျန်းမာရေး ဗဟုသုတ
အလှအပကို ကြိုက်နှစ်သက်ကြတဲ့ မမတို့ရေ . . 
ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက် စားသုံးခြင်းဟာ အမျိုးသမီးတွေ အတွက် တကယ့်အန္တရာယ်တခုဆိုတာကို မျှဝေလိုက်ပါတယ်။ 
ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။ 
မကြာသေးမီက သူငယ်ချင်းတစ်ယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ကျိတ်လိုလို အခဲတခုဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့ အထိဖြစ်သွားပါတယ်။
အဲဒီအခဲဟာ ခွဲစိတ်ပြီး ကြည့်လိုက်တော့ မဲပုပ်နေတဲ့ သွေးခဲကြီးပါတဲ့။ သူမကတော့ ခွဲစိတ်ကုသ ပြီးနောက်မှာ ပုံမှန်ပြန်ကောင်း လာမယ်လို့ပဲ ထင်ခဲ့တာပါ။ 
ဒါပေမယ့် သူထင်တာနဲ့ တတ်တတ်စင်အောင် လွဲခဲ့ပါ့တယ်။ ခွဲစိတ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ပါတယ်။ 
အဲဒီ ဒုက္ခကြောင့် သူလဲအရမ်းစိတ်သောက ရောက်ခဲ့ရပြီး သားဖွားမီးယပ် ပါရဂူတယောက်ဆီ သွားပြကြည့်တော့ ဆရာဝန်က သူမကို မေးခွန်းတခုမေးပါတယ်။ 
ဆရာဝန်ရဲ့ မေးခွန်းက သူမအတွက် တော်တော်ကို ထူးဆန်းခဲ့တယ်။  
မေးခွန်းက ကြက်တောင်ပံကို နေ့စဉ်ရက်ဆက် စားသလားတဲ့။
သူမက စားပါတယ်လို့ ပဲဖြေခဲ့ပါတယ်။ စားလဲ စားခဲ့တာကိုး။ 
သူမ ကြက်တောင်ပံကြော် အမြဲတမ်း စားနေကျဆိုတာ ဘယ်လို သိပါသလဲလို့တောင် အံ့သြတကြီး ပြန်မေးမိသေးတယ်။ 
ကဲကြည့် . . ဘာကြောင့်သူဒီလိုရောဂါဖြစ်ရတာလဲ ? 
ဒီနေ့ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးတွေ သုံးလာကြပါတယ်။ Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့ တောင်ပံနဲ့ လည်ပင်းနေရာတွေမှာပဲ အမြဲထိုးပေးလေ့ရှိတယ်။ 
ဒါကြောင့် Steroids ဟိုမုန်းတွေ အများဆုံးစုနေတဲ့နေရာကတော့ တောင်ပံနဲ့ လည်ပင်းတွေမှာ ပါပဲ။  ဒီ Steroids ဟိုမုန်းဟာ မြန်မြန်ကြီးထွားစေတဲ့ သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။ 
ဒါဟာဘာအတွက်လဲ . . 
တကယ်တော့ သူတို့ရဲ့ လိုအပ်ချက်က ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ပဲ မဟုတ်လား ? 
ဒါပေမယ့် . . အခု အမျိုးသမီးတွေကို တိုက်ရိုက်ထိခိုက်လာပါပြီ။  အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မဟော်မုန်းတွေကိုပါ အန္တရာယ်ကျရောက်စေတဲ့အပြင် ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေကြီး ထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်။
ကျတော်တို့မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေဆိုတာလည်း များပြားလွန်းလှပါတယ်။  
ဒါအပြင် . . ကျွန်တော်တို့ အသက်ဆက်လက်ရှင်သန်ဖို့ရာမှာလည်း ကျန်းမာရေးကောင်းမွန်ဖို့ ပိုပြီးအရေးကြီးပါတယ်။ 
ဒါကြောင့် မမတို့ကို ကြက်တောင်ပံအလွန်အကျွံစားသုံးခြင်းက ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တစ်ခုကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။ 
မမတို့ရဲ့ ကျန်းမာရေးဘေးမဖြစ်ရအောင်၊ ခန္ဒာကိုယ် အလှလည်း မပျက်စေသလို ခန္ဒာကိုယ်အလေးချိန်ကိုလည်း ထိန်းရာရောက်ပြီး ဖြစ်တဲ့အတွက် ယခုကဲ့သို့ ကြက်တောင်ပံကို နေ့စဉ် ရက်ဆက် စားသုံးခြင်းကနေ တတ်နိုင်သလောက် လျှော့စားကြပါလို့။ 
ကြက်တောင်ပံ(သို့) အသားကင် အကြိုက်လွန်သူများအတွက် ကျန်းမာရေးဗဟုသုတအနေနဲ့  ဖြန့်ဝေပေးလိုက်ပါတယ်။ 
Ref By - http://seinpanpyar.multiply.com
‎`
အလှအပကို ကြိုက်နှစ်သက်ကြတဲ့ မမတို့ရေ . . ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက် စားသုံးခြင်းဟာ အမျိုးသမီးတွေ အတွက် တကယ့်အန္တရာယ်တခုဆိုတာကို မျှဝေလိုက်ပါတယ်။ ဒါကတော့ စင်ကာပူက အမျိုး
တမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။
ကမ္ဘာ့ပထမဆုံး ဂျစ်ကား
ကမ္ဘာ့ပထမဆုံး ဂျစ်ကား
ကမ္ဘာ့ပထမဆုံး ဂျစ်ကားကို ၁၉၄၁ခုနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ တီထွင်ထုတ်လုပ်သူ ကုမ္မဏီကတော့ အမေရိကန်အခြေဆိုက် Willys ကားထုတ်လုပ်ရေး ကုမ္မဏီဖြစ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် လေကားထစ်များပေါ် မောင်းနှင်ပြသခဲ့ပါတယ်။
အမေရိကန်စစ်သားများရှေ့မှာပွဲထုတ်ပြသတဲ့ ယင်းကားကို Jeep လို့အမည်မပေးသေးပါဘူး။ စစ်တပ်သုံးရန်ရည်ရွယ်တဲ့ ယင်းကားများကို အမေရိကန်စစ်သားများက သူတို့သုံးနှုန်းလေ့ရှိတဲ့ စကားလုံး Jeep လို့ အမည်ပေးခေါ်ဝေါ်ခဲ့ပါတယ်။ ရှေးယခင်က အမေရိကန်စစ်တပ်မှာ Jeep ဆိုတဲ့အသုံးအနှုန်းဟာ အသုံးမပြု၊ မစမ်းသပ်ရသေးသော ယာဉ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် Willys ကုမ္မဏီဟာ သူတို့ထုတ်တဲ့ ကားလေးကို ဂျစ်ကား (Jeep) လို့ခေါ်တာမကြိုက်ပါ ဘူး။ 
သို့ပေမယ့် ၁၉၄၁ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထွက် သတင်းစာတွေ မှာ လေကားပေါ်မောင်းနှင်ပြသ သွားတဲ့ ကားကို Jeep လို့သုံးနှုန်းဖော် ညွန်းပြခဲ့ပါတယ်။ ဒါကြောင့် ကားရဲ့နာမည်ကို Willys မှပေးစရာမလိုပဲ သူ့အလိုလို ဂျစ်ကားကို လူသိများသွားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်တို့ အသံုးပြုဖို့အတွက် ဂျစ်ကားများကို Willys ကုမ္မဏီ တစ်ခုတည်းက ထုတ်လုပ်ခြင်း မဟုတ်ပဲ Ford Motor နဲ့ပူးပေါင်းရပါသေး တယ်။ Willys နဲ့ Ford နဲ့ပူးပေါင်းထုတ်လုပ် တဲ့ Willys MB/Ford GPW ဟာဆိုရင် အောင်မြင်ကျော်ကြားခဲ့ပြီး အစီးရေ ခြောက်သိန်းခွဲနီးပါး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ 
၃.၁လီတာ ဆလင်ဒါခြောက်လုံးတန်းလိုက်တွဲ အင်ဂျင် အမျိုး အစားဖြစ်ပြီး မြင်းကောင်ရေအား ၆၀ ရှိပါတယ်။ ဂီယာ သုံးချက်ထိုးဖြစ်ပြီး Manual အမျိုးအစား ကိုအသုံးပြုထားတဲ့ ယင်း ဂျစ်ကားများကို လူကြိုက် များခဲ့ပါတယ်။ 
Ford မှထုတ်လုပ်ထားတဲ့ Ford ၁/၂ တန် ထရတ်ကားများကိုလည်း ဂျစ်ကားများရဲ့ ဖခင် (Grandfather of the Jeep) လို့ခေါ်ဆိုသတ်မှတ်သူများ လည်းရှိပါသေးတယ်။စစ်ပြီးခေတ်မှာတော့ စစ်တပ်တစ်ခုတည်း မဟုတ်ပဲ အိမ်သုံးဂျစ်များထုတ်လုပ်ရန် ကုမ္မဏီများ ပေါ်ပေါက်လာပါတယ်။ 
Ref:Willys
ရိုးရာလေး သတင်း
http://www.yoyarlay.com/book/article/33618-world-first-jeep
အေးချမ်းမွန်မှ   YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ကမ္ဘာ့ပထမဆုံး ဂျစ်ကားကို ၁၉၄၁ခုနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ တီထွင်
ထုတ်လုပ်သူ ကုမ္မဏီကတော့ အမေရိကန်အခြေဆိုက် Willys ကားထုတ်လုပ်ရေး ကုမ္မဏီဖြစ်ပြီး သတင်းစာ
ရှင်းလင်းပွဲပြုလုပ်နေစဉ် လေကားထစ်များပေါ် မောင်းနှင်ပြသခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံဟီရိုရှီးမားမြို့ကို အနုမြူဗုံးချိန်မှာ အသက်မသေဘဲ ကျန်ခဲ့တဲ့ ကျောင်းသား (၃) ဦးကို ဒေါက်တာဘွဲ့ပေးမည်
မသေဘဲကျန်တဲ့ ကျောင်းသား (၃) ဦးကို ဒေါက်တာဘွဲ့ပေးမည်
--------------------------------------------------------------
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ကို အမေရိကန် လေတပ်က အနုမြူဗုံးချိန်မှာ အသက်မသေဘဲ ကျန်ခဲ့တဲ့ အရှေ့တောင်အာရှ ကျောင်းသား သုံးဦးကို honorary doctorates ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ ချီးမြှင့် သွားမယ်လို့ ဟီရိုရှီးမားတက္ကသိုလ်က ကြာသပတေးနေ့မှာ ကြေညာလိုက် ပါတယ်။
အနုမြူဗုံးကျချိန်မှာ အသက်ရှင်ကျန်ရစ်တဲ့ အရှေ့တောင်အာရှ ကျောင်းသား သုံးဦးဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယူဆပ်ဖ် Pengiran Yusuf, အသက် ၉၁နှစ်၊ အင်ဒိုနီးရှားပါလီမာန်အမတ်ဟောင်း ရာဟာယာ Hasan Rahaya အသက် ၉၁နှစ်နဲ့ ဂျပန်စာဆရာအဖြစ် အသက် မွေးဝမ်းကျောင်း ပြုခဲ့သူ မလေးရှားနိုင်ငံသား အပ်ဘဒူ ရာဇတ် Abdul Razak အသက် ၈၇နှစ် တို့ဖြစ်ကြောင်း သိရသည်။ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များကို ရှေ့နှစ်ထဲ ပေးပို့ အပ်နှင်းသွားမည်ဟု ဆိုသည်။
သူတို့ ၃ဦးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် သိမ်းပိုက် ကျွန်ပြုခဲ့သည့် နိုင်ငံ များမှ ကျောင်းသားများဖြစ်သည်။ ထိုအချိန်က ဂျပန်စစ်အစိုးရသည် ဂျပန်အား အထောက်အကူဖြစ်စေမည့် ပညာတတ်များ မွေးထုတ်ရန် အရှေ့တောင် အာရှမှ ကျောင်းသား တချို့ကို ဂျပန်တက္ကသိုလ်အသီးသီးတွင် ပညာတော်သင်များ အဖြစ် ခေါ်ယူ သင်ကြားပေးခဲ့ရာတွင် သူတို့ ၃ဦးပါဝင် ခဲ့သည်။
ဟီရိုရှီးမား အနုမြူ ဗုံးဒဏ်ကြောင့် အသက်ရှင်ကျန်သူ နိုင်ငံခြားကျောင်းသား ၉ ဦးထဲတွင် သူတို့ ၃ဦးပါဝင်သည်။ အနုမြူဗုံးကြောင့် ရေဒီယိုသတ္တိကြွ ဓါတ်များ၏ဒဏ်ခံရင်း ဟီရိုရှီးမားမြို့၌ သေဆုံးခဲ့သူ တစ်သိန်းခွဲနီးပါးရှိသည်။ A
အနုမြူဗုံး ကျဲချခံရအပြီး မြင်တွေ့ရသည့် ဟီရိုရှီးမားမြို့
အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
အနုမြူဗုံး ကျဲချခံရအပြီး မြင်တွေ့ရသည့် ဟီရိုရှီးမားမြို့
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ကို အမေရိကန် လေတပ်က အနုမြူဗုံးချိန်မှာ အသက်
မသေဘဲကျန်ခဲ့တဲ့အရှေ့တောင်အာရှ ကျောင်းသားသုံးဦးကိုhonorarydoctoratesဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေ
ချီးမြှင့် သွားမယ်လို့ ဟီရိုရှီးမားတက္ကသိုလ်က ကြာသပတေးနေ့မှာ ကြေညာလိုက် ပါတယ်။
KIA ပျောက်ကျားစနစ်ကြောင့် အစိုးရတပ် ကျဆုံးမှုများ
KIA ပျောက်ကျားစနစ်ကြောင့် အစိုးရတပ် ကျဆုံးမှုများ နှင့် သတင်းတို
December 28, 2012 by Myitkyina blog news
ဒီဇင်ဘာလ(၂၇)ရက် ည(၈)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ် မလန့်ယန်(Ja Pu)ရွာအထွက်တွင် စစ်ဆင်ရေး လမ်းကြောင်းကို လာရောက်စစ်နေသော စစ်ယာဉ်(၅)စီးဖြင့် ရောက်ရှိလာသော တပ်ဖွဲ့တို့အား KIA တပ်ဖွဲ့မှ ပျောက်ကြားစနစ်ဖြင့် ဟန့်တားတိုက်ခိုက်ရာ အများအပြား ထိခိုက်/ကျဆုံး ခဲ့ကြောင်း သိရှိရသည်။
ဂန်ဒေါ်ယန်ရှိ အမြောက်တပ်ရင်း(၃၇၀)သည် နမ်ဆန်ယန်ကျေးရွာဘက်သို့ ၁၀၅ မမ (၂)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်အမြောက်တပ်ရင်းမှ KIA တပ်စခန်းများရှိရာ အဘက်ဘက်သို့ ၁၀၅ မမ (၄၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် အရပ်သား(၁)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ(၂၇)ရက် ည(၈)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ် မလန့်ယန်(Ja Pu)ရွာအထွက်တွင် စစ်ဆင်ရေး လမ်းကြောင်းကို လာရောက်စစ်နေသော စစ်ယာဉ်(၅)စီးဖြင့် ရောက်ရှိလာသော တပ်ဖွဲ့တို့အား KIA တပ်ဖွဲ့
မှ ပျောက်ကြားစနစ်ဖြင့် ဟန့်တားတိုက်ခိုက်ရာ အများအပြား ထိခိုက်/ကျဆုံး ခဲ့ကြောင်း သိရှိရသည်။
27-12-2012 ရက်နေ့ ၁၁ ၄၅ မိနစ်အချိန်ခန့်တွင် ပြည်သူရင်ပြင် ပညာရံပုံငွေ ရှာဖွေရေး ဂီတဖျော်ဖြေပွဲ ကျင်းပရာ ရှေ့မှ အငှားကားယာဉ်မောင်းတစ်ဦးအား လူငယ်တစ်စုမှဝိုင်းဝန်ထိုးကြိတ်မှုဖြစ်ပွား
27-12-2012 ရက်နေ့ ၁၁ ၄၅ မိနစ်အချိန်ခန့်တွင် ပြည်လမ်း ပြည်သူရင်ပြင် ပညာရံပုံငွေ ရှာဖွေရေး ဂီတဖျော်ဖြေပွဲ ကျင်းပရာ ရှေ့တွင် လူငယ်ယောကျာ်းလေး ၅ ဦး မိန်းကလေး ၂ ဦးပါဝင်သည့် အုပ်စုတစ်ခုသည် အငှားကားယာဉ်မောင်းတစ်ဦးအား စကားများဝိုင်းဝန်းထိုးကြိတ်ခြင်း အငှားကားယာဉ်အား ဖျက်ဆီးခြင်း အကြမ်းဖက်ဆန်ဆန်ပြုလုပ်ခြင်းအပေါ် ဘေးမှ ရပ်ကြည့်နေသည့် အငှားကားယာဉ်သမားများ ဖြတ်သွားဖြတ်လာလူများမှ အဆိုပါ ရမ်းကားသည့် အုပ်စုအား ၀ိုင်းဝန်းထိုးကြိတ်ကြသဖြင့် ဒဏ်ရာ အနည်းငယ်ရရှိကာ ထွက်ပြေးသွား ပြည်လမ်းအတိုင်းမှ ရှင်စောပုလမ်းဘက်သို့ ပြေးထွက်သွားကြကြောင်း သိရှိရ
‎27-12-2012 ရက်နေ့ ၁၁ ၄၅ မိနစ်အချိန်ခန့်တွင် ပြည်လမ်း ပြည်သူရင်ပြင် ပညာရံပုံငွေ ရှာဖွေရေး ဂီတ
ဖျာ်ဖြေပွဲ ကျင်းပရာ ရှေ့တွင် လူငယ်ယောကျာ်းလေး ၅ ဦး မိန်းကလေး ၂ ဦးပါဝင်သည့် အုပ်စုတစ်ခုသည် အငှားကားယာဉ်မောင်းတစ်ဦးအား စကားများဝိုင်းဝန်းထိုးကြိတ်ခြင်း
အမေစု ကိုယ်တိုင်ထိုးထားတဲ့ သိုးမွှေးဆွယ်တာလေးဟာ လေလံကြေး ၊ ကျပ်သိန်း ၄၁၅ ကျပ် ဖြင့် ရွှေ FM လေလံအောင်သွားပြီ
အမေစု ကိုယ်တိုင်ထိုးထားတဲ့ သိုးမွှေးဆွယ်တာလေးဟာ လေလံကြေး ၊ ကျပ်သိန်း ၄၁၅ ကျပ် ဖြင့် ရွှေ FM က ရရှိသွားကြောင်း သိရပါသည်။ :D
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
Credit : Irrawaddy
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ဒီဇင်ဘာလ၂၇ ရက်နေ့က ပြုလုပ်သည့်NLD ပညာဒါန ကျောင်းများ ရန်ပုံငွေ
ဈးရောင်းပွဲတော်နှင့် ဂီတပွဲတော်တွင်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ထိုးထားသည့်သိုးမွှေး
ဆွယ်တာကို လေလံတင် ရောင်းချရာ
နမ်း ရမည့် ဇတ်ဝင်ခန်း ကို မရိုက်နိုင်၍ နှုတ်ထွက် သွားသော သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး သရုပ်ဆောင်မည်
နမ်း ရမည့် ဇတ်ဝင်ခန်း ကို မရိုက်နိုင်၍ နှုတ်ထွက် သွားသော သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး သရုပ်ဆောင်မည်
နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုင်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော ဖွေးဖွေး သရုပ်ဆောင်မည် ဟု သတင်းရရှိပါတယ်။ 
မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန် ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
အဲဒီနောက်မှာ မင်းသမီးသက်မွန်မြင့် မှ ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်။ ကျန်တဲ့ နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး အကျီင်္ကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ၊ အဲဒါတွေတော့ သက်မွန် မလုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့ အကြောင်း ဂျာနယ်များမှ ဖော်ပြခဲ့ပါတယ်။
သက်မွန်မြင့် မှ ပြင်းပြင်းထန်ထန် ငြင်းဆန်နေသဖြင့် ရုပ်ရှင်လောကတွင် ရက်ရော သည်ဟု နာမည်ထွက်နေသော ဖွေးဖွေးကို ဒါရိုက်တာ ဝိုင်းမှ သက်မွန်မြင့်နေရာတွင် အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။
ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့ အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..
"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်တယ်" လို့ ပြောပါ တယ်။ 
ဒါရိုက်တာဝိုင်းကတော့ " ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင် လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။"
လို့ ဆိုပါတယ်။
ဆင်ဆာဌာန ဖြတ်သိမ်းပြီးနောက် မြန်မာကားအများစုတွင် ၁၀ ကားထွက်လျှင် ၅ ကားမှာ သရဲ ကားဖြစ်နေပြီး ဇတ်လမ်းအများအပြားမှာ မိဘ နှင့် သားသမီး အတူ မကြည့်သင့်သော လိင်အသားပေး ဇတ်လမ်းအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါရိုက်တာ ဝိုင်း ဆိုသည်မှာ အနုပညာ နယ်ပယ်က အဲဒီအခန်းဖြတ် ဆိုတဲ့ ဆုရ ဒါရိုက်တာကြီးနဲ့ အကယ်ဒမီ မင်းသမီးတို့က ဒီလို ယဉ်ကျေးမှုတွေ အကြောင်း ပြော ကာ လူသိများလာသူ တစ်ဦးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းလိုသူများကတော့ ဒါရိုက်တာဝိုင်း နှင့် မင်းသမီး ဖွေးဖွေး တို့ကို စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။shared Nain Konain's photo.
နမ်းရမည့်ဇတ်ဝင်ခန်းကိုမရိုက်နိုင်သောကြောင့် နှုတ်ထွက်သွားသောသက်မွန်မြင့် နေရာတွင်အနမ်းခံလိုသော
ဖွေးဖွေး သရုပ်ဆောင်မည် ဟုသတင်းရရှိပါတယ်။မင်္ဂလာဦးညမှာ နှစ်ယောက်သားကုတင်ပေါ်မှာအကျီချွတ်
နှင့် စောင်ခြုံထားချိန် ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးများနှင့် လူထုအကြား စကားအခြေ အတင်ဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးများနှင့် လူထုအကြား စကားအခြေ အတင်ဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၇။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ ဒေါ်အောင်
ဆန်းစုကြည်မိန့်ခွန်း  ပြောကြားခဲ့ကြောင်း သိရပြီး ၎င်း၏ မိန့်ခွန်းပြောကြား အပြီးတွင် တာဝန်ကျလုံ ခြုံရေးများနှင့် လာရောက်နားထောင်သော လူထုတို့အကြား စကားအခြေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာဝန်ကျလုံခြုံရေးများက ပြည်သူလူထုထွက်ပေါက်များအား ပိတ်ဆို့ထား
ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရပြီး ထိုကဲ့သို့ ထွက်ပေါက်များ ပိတ်ဆို့ထားခြင်းကြောင့် လာရောက်နားထောင်သော သက်ကြီးရွယ်အို များနှင့် ကလေးသူငယ်များ အခက်အခဲများဖြစ်ခဲ့ကြောင်းသိရသည်။
“လူတွေ အကုန်လုံးတန်းစီပြီးတော့ အပေါက်ဖွင့်ပေးပါလို့ အော်ကြဗျာ၊ ဒီမှာကလေးငယ်တွေရော၊ လူကြီးတွေရော မွန်းကုန်ကြပြီ၊ ချွေးတွေပြန်
ကုန်ပြီ၊ ဒါလား ဒီမိုကရေစီဆိုတာ ဖွင့်ဗျာ” ဟု လာရောက်နားထောင်သော အသက် ၄၀ အရွယ်လူရွယ်တစ်ဦးက ဖြစ်ပွားရာတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်များနှင့် အခြားမိန့်ခွန်း ပြောကြားသည့်
နေရာများတွင် လုံခြုံရေးအဖြစ် တာဝန်ကျသူများနှင့် လူထုအပါအ၀င်၊ သတင်းမီဒီယာ
များနှင့်ပါ ရန်ဖန်ရန်ခါ စကားအခြေ အတင် ဖြစ်ပွားလေ့ရှိကြောင်း သတင်းဌာနများ၏ 
ဲပြောကြားချက်အရ သိရသည်။
အိအိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၇။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရပြီး ၎င်း၏ မိန့်ခွန်းပြော
ကြား အပြီးတွင် တာဝန်ကျလုံ ခြုံရေးများနှင့် လာရောက်နားထောင်သော လူထုတို့အကြား စကားအခြေ
အတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။