Pages

Pages - Menu

Friday, December 28, 2012

“အဲပုဂံလေယာဉ်ပျက်ကျမှု၌ သေဆုံးသွားသူနှစ်ဦးအတွက် မြန်မာအာမခံ လျှော်ကြေးပေးမည်”

အဲပုဂံလေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သော ဧည့်လမ်းညွှန် မနွယ် လင်းရှိန်နှင့် ဦးပြားတို့အတွက် စင်္ကာပူအခြေစိုက် ပန်နရယ်လ် ဇင် လေကြောင်းအာမခံကုမ္ပဏီမှ လျှော်ကြေးများပေးအပ်သွားရန် ရှိသည့်အပြင် မြန်မာ့အာမခံလုပ်ငန်းမှလည်း သေဆုံးသူနှစ်ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံလျော်ကြေးငွေများ ပေး အပ်သွားရန် စီစဉ်လျက်ရှိကြောင်း မြန်မ
ာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။ အဲပုဂံကုမ္ပဏီအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းမှတဆင့် စင်္ကာပူအခြေစိုက် ပန်နရယ်ဇင်လေကြောင်း အာမခံကုမ္ပဏီတွင် လေယာဉ်ကိုယ်ထည် အာမခံအဖြစ် ကန်ဒေါ်လာ သန်း၄၀၀ နှင့် လေကြောင်းမတော်တဆမှု အာမခံအဖြစ် ကန်ဒေါ်လာ သန်း ၁၅၀ ထားရှိကြောင်း သိရသည်။
 လေ ယာဉ်ပျက်ကျမှုကြောင့် ၎င်းအာမခံကုမ္ပဏီမှ မတော်တဆမှု အာမခံ လျော်ကြေးများထဲမှ ပေးလျှော်သွားမည်ဖြစ်ပြီး
လျော်ကြေးငွေ ဘယ်လောက်ရရှိမည်ကို မသိသေးကြောင်း ၎င်းကပြောသည်။
အဆိုပါဖြစ်ရပ်တွင် အဲပုဂံလေယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည် များမှာ လေကြောင်းခရီးသွားအာမခံကို ခရီးစဉ်မစတင်မီက ၀ယ်ယူ ခဲ့ပြီး ဖြစ်သော်လည်း လေယာဉ်ပျက်ကျရာ၌ ဧည့်လမ်းညွှန် မနွယ်လင်းရှိန် တစ်ဦးသာ သေဆုံးခဲ့သည်။ 
၎င်း၏ ကျန်ရစ်သူမိသားစုအား လေကြောင်း ခရီးသွား အာမခံလျော်ကြေးအဖြစ် လျော်ကြေးငွေ ကျပ် ၅၀ ကို လည်းကောင်း၊ ထိုလေယာဉ်ဖြင့် လိုက်ပါခြင်းမရှိဘဲ လေယာဉ်ဖြင့် တိုက်မှုကြောင့် သေဆုံးသွားခဲ့သူ ဦးပြားအတွက် သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးအဖြစ် ငွေကျပ် ငါးသိန်းတို့အား မကြာမီ၌ ပေးလျော် သွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

Popular Myanmar News Journal

No comments:

Post a Comment