NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ကျပ်သိန်း ၁၅၀၀ ကျော် ရရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပညာရေးကွန်ယက် ၂ နှစ်ပြည့်
ရန်ပုံငွေပွဲ ပထမနေ့ တွင် အလှူငွေ ကျပ် သိန်း ၁၅၀၀ ကျော်ထိ ရရှိကြောင်း NLD
ပညာရေး ကော်မတီ တာဝန်ရှိသူ ဒေါက်တာ သိန်းလွင် က The Voice Weekly သို့
ပြောကြားသည်။ အဆိုပါ ရန်ပုံငွေပွဲကို ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈
ရက်နေ့များတွင် ကျင်းပလျက် ရှိပြီး ၊ ရန်ပုံငွေပွဲ ပထမ နေ့တွင်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးထားသည့် သိုးမွေးဆွယ်တာ အင်္ကျီကို
လေလံတင် ရောင်းချ ခဲ့ရာ ငွေကျပ် ၄၁၅ သိန်း ရရှိခဲ့ပြီး ငွေသား အလှူငွေ
စုစုပေါင်း ကျပ်သိန်း ၁၂၀ ရရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။
ယင်းရန်ပုံငွေပွဲ ကျင်းပရန်အတွက် Sky Net ရုပ်သံ မီဒီယာက ကျပ် သိန်း ၁၃၀၀
၊ AGD ဘဏ်က ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ကြောင်း ၊ အဆိုပါ
လှူဒါန်းငွေများမှ ကျပ်သိန်း တစ်ထောင်ကို ဘဏ်တွင် အပ်နှံထားပြီး ဒီဇင်ဘာလ
၂၇ ရက်နေ့ တွင် ရရှိသည့် ရန်ပုံငွေများ နှင့် ဆိုလျှင် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ယက် ရန်ပုံငွေ ပေါင်း ကျပ်သိန်း ၁,၅၀၀
ကျော် ရရှိထားပြီးဖြစ်ကြောင်း ဒေါက်တာသိန်းလွင် က ပြောသည်။
The Voice Weekly
No comments:
Post a Comment