အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရပြီး ၎င်း၏ မိန့်ခွန်းပြော
ကြား အပြီးတွင် တာဝန်ကျလုံ ခြုံရေးများနှင့် လာရောက်နားထောင်သော လူထုတို့အကြား စကားအခြေ
အတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာဝန်ကျလုံခြုံရေးများက ပြည်သူလူထုထွက်ပေါက်များအား ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်
ကြောင်း သိရပြီး ထိုကဲ့သို့ ထွက်ပေါက်များ ပိတ်ဆို့ထားခြင်းကြောင့် လာရောက်နားထောင်သော သက်ကြီး
ရွယ်အို များနှင့် ကလေးသူငယ်များ အခက်အခဲများဖြစ်ခဲ့ကြောင်းသိရသည
“လူတွေ အကုန်လုံးတန်းစီပြီးတော့အပေါက်ဖွင့်ပေးပါလို့ အော်ကြဗျာ၊ဒီမှာကလေးငယ်တွေရော၊ လူကြီးတွေ
ရော မွန်းကုန်ကြပြီ၊ ချွေးတွေပြန်ကုန်ပြီ၊ ဒါလား ဒီမိုကရေစီဆိုတာ ဖွင့်ဗျာ” ဟု လာရောက်နားထောင်သော အသက် ၄၀ အရွယ်လူရွယ်တစ်ဦးက ဖြစ်ပွားရာတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်များနှင့် အခြားမိန့်ခွန်း ပြောကြားသည့်နေရာများတွင် လုံခြုံရေး
အဖြစ် တာဝန်ကျသူများနှင့် လူထုအပါအ၀င်၊ သတင်းမီဒီယာများနှင့်ပါရန်ဖန်ရန်ခါ စကားအခြေအတင် ဖြစ်
ပွားလေ့ရှိကြောင်း သတင်းဌာနများ၏ဲပြောကြားချက်အရ သိရသည်။
အိအိ
No comments:
Post a Comment