Pages

Pages - Menu

Monday, December 3, 2012

ဆန္ဒပြသူများကို မဖမ်းဆီးရန် ၈၈မျိုးဆက်ကျောင်းသားများ က တောင်းဆို


ဒီဇင်ဘာလ ၀၃ ရက်

လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက် ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူမှု မလုပ်ရန် ၈၈ မျိုးဆက်  ကျောင်း
သားများက ဒီဇင်ဘာ ၃ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

“စင်ကာပူသင်္ဘောကျင်း မတော်တဆမှု ၈၉ ဦးဒဏ်ရာရ”

“စင်ကာပူသင်္ဘောကျင်း မတော်တဆမှု ၈၉ ဦးဒဏ်ရာရ”

စင်ကာပူနိုင်ငံရှိ Jurong သင်္ဘောကျင်းတွင် လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ သင်္ဘောကျင်းလုပ်သား ၈၉ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံ ၄ ရုံသို့ တင်ပို့ခဲ့ရပြီး ၎င်းတို့အနက် ၈၀ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ 

ကျန်ရှိသော ဒဏ်ရာရရှိသူများအနက် ၆ ဦးမှာ သာမန်လူနာဆောင်တွင် ကုသမှုခံယူနေရပြီး ၃ ဦးမှာမူ စောင့်ကြပ်ကြည့်ရှုရသည့် အခြေအနေတွင်ရှိကြောင်း CNA သတင်းက ဖော်ပြသည်။

တနင်္လာနေ့မွန်းလွဲပိုင်းက Tanjong Kling လမ်းမပေါ်ရှိ Jurong သင်္ဘောကျင်း လုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower - MOM) က အတည်ပြုပြောကြားသည်။

Read on Planet Myanmar http://www.planet.com.mm/news/read.cfm/id/20414

စင်ကာပူနိုင်ငံရှိ Jurong သင်္ဘောကျင်းတွင် လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ သင်္ဘောကျင်းလုပ်သား ၈၉ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံ ၄ ရုံသို့ တင်ပို့ခဲ့ရပြီး၎င်းတို့အနက်၈၀ဦးမှာ ဆေးရုံ
မှ ဆင်းသွားပြီဖြစ်သည်။

မက္ကဆီကိုနိုင်ငံ၌ ခြောက်နှစ်အတွင်း လူပေါင်း ၂၅၀၀၀ ကျော်ပျောက်ဆုံး

မက္ကဆီကိုနိုင်ငံ၌ ခြောက်နှစ်အတွင်း လူပေါင်း ၂၅၀၀၀ ကျော်ပျောက်ဆုံး
Monday, 03 December 2012

မက္ကဆီကိုနိုင်ငံတွင် လွန်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ကလေးလူကြီး ၂၅ဝဝဝ ကျော်ပျောက်ဆုံးခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ခြင်းမရှိသော မှတ်တမ်းများ၌ ဖော်ပြထားသည်။ အဆိုပါ များပြားလှသော လူဦးရေသည်လက်တင်အမေရိက နိုင်ငံအတွင်း
ဖြစ်ပွားနေသော မူးယစ်ဆေးဝါး၊ အကြမ်းဖက်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရာဇဝတ်မှုခင်းများ
အတွင်း ပျောက်ဆုံးခဲ့ရခြင်းဖြစ်ကြောင်း မက္ကဆီကို အစိုးရရှေ့နေချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

ယင်းထုတ်ပြန်ချက်တွင် ပျောက်ဆုံးနေသူများ၏ကိုယ်ရေးအချက်
အလက်များကိုပါ ဖော်ပြထားသည်။ ပျောက်ဆုံးသူများ၏ အမည်များ၊ ပျောက်ဆုံးသည့်ရက်စွဲ၊ ပျောက်ဆုံးသူ ၀တ်ဆင်ထားသော အ၀တ်အစားများ အလုပ်အကိုင်များကိုပါ အသေးစိတ်ဖော်ပြထားသည်။ 

Khit Lu Nge


Monday, 03 December 2012


မက္ကဆီကိုနိုင်ငံတွင်လွန်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်းကလေးလူကြီး၂၅ဝဝဝ ကျော်ပျောက်ဆုံးခဲ့ရကြာင်း
 အစိုးရက ထုတ်ပြန်ခြင်းမရှိသော မှတ်တမ်းများ၌ ဖော်ပြထားသည်။

ကချင်ပြည်နယ်လော့ပွမ်နယ်မြေ တိုက်ပွဲတွင် မြန်မာစစ်တပ်မှ

လော့ပွမ်တိုက်ပွဲတွင် ဗမာစစ်ဗျူဟာမှူးကျဆုံး

ဒီဇင်ဘာ (၃) တနင်္လာ post by Jinghpaw kasa 

ကချင်ပြည်နယ် ကေအိုင်အိုအစိုး၇ တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) နယ်မြေဖြစ်သော လော့ပွမ် တွင် ဒီဇင်ဘာ (၂) ရက်နေ့၌ ကေအိုင်တပ်ရင်း (၃) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်းများပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

 ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ ဗျူဟာမှူးတစ်ဦး အပါအ၀င် တပ်သား အများအပြားကျဆုံးကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေ တပ်စခန်းသို့ အင်အား အများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာပြီး၊ နောက်တန်းမှလည်း (၁၂၀မမ) လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် ကူညီပေးခဲ့ကြောင်း၊ ဗမာစစ်တပ်များ ဤသို့ စစ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်စခန်းတစ်ခုကို လက်လွှတ်ခဲ့ရကြောင်း သတင်းရရှိပါသည်။

 ကေအိုင်အေမှ လက်လွှတ်သွားသော တပ်စခန်းကိုပြန်လည်ရရှိရန် စစ်အင်အားများပြန်လည် ပို့ဆောင်လျက်ရှိပြီး၊ ယခုချိန်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရ ဗမာစစ်သားများကို စစ်ကား (၃) စီးဖြင့် ၀ိုင်းမော်သို့ တင်ဆောင်လာကြောင်း ၀ိုင်းမော်မြို့ ဒေသခံ များထံမှ သိရှိရသည်။



ဒီဇင်ဘာ ၃

ကချင်ပြည်နယ် ကေအိုင်အိုအစိုး၇ တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) နယ်မြေဖြစ်သော လော့ပွမ် တွင် ဒီဇင်ဘာ (၂) ရက်နေ့၌ ကေအိုင်တပ်ရင်း (၃) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်းများပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ပြောင်းရွှေ့ရန် ငြင်းဆန်နေသော လမ်းလယ်ကောင်က ငါးထပ်တိုက်ကြီး ဘူဒိုဇာများဖြင့် ဖယ်ရှား

ပြောင်းရွှေ့ရန် ငြင်းဆန်နေသော လမ်းလယ်ကောင်က ငါးထပ်တိုက်ကြီး ဘူဒိုဇာများဖြင့် ဖယ်ရှား
Monday, 03 December 2012

တရုတ်နိုင်ငံအရှေ့ပိုင်း ရှင်ကျင့်ပြည်နယ်လမ်းသစ် စီမံကိန်း၏ လမ်းလယ်ကောင်ရှိ ရွှေ့ပြောင်းပေး ရန် ငြင်းဆန်နေသော လူတစ်ဦးပိုင် ငါးထပ်တိုက် အဆောက်အအုံကို တရုတ်အာဏာပိုင်များက ဘူဒိုဇာစက်များ အသုံးပြု၍ ဖယ်ရှားရှင်းလင်းလိုက်ကြောင်း ဒီဇင်ဘာ ၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

အဆိုပါ လမ်းသစ်သည် ရှင်ကျင့်ပြည်နယ်အရှေ့ပိုင်း၌ တည်ရှိသည်။ လမ်းအလယ်ကောင်တွင် ဘဲခြံပိုင်ရှင် ယော်ဘော်ဂျင်၏ ငါးထပ် အဆောက်အအုံရှိသည်။ 

၎င်းသည် အိမ်ဖယ်ရှား ခံရသည့် အတွက် လျော်ကြေး ပိုမိုရရှိရန် တောင်းဆို ထားသည်။ တောင်းဆိုသည့်လျော်ကြေး မရသည့်အတွက် အိမ်ဖယ်ရှားပေးရန် ငြင်းဆန်နေခြင်းဖြစ်သည်။

ယော်သည် အဆိုပါအိမ်ကို အမေရိကန်ဒေါ်လာ ၉၅ဝဝဝ အကုန်ကျခံ၍ တည်ဆောက်ခဲ့သည် ဟုဆိုသည်။ သို့သော်လည်း အာဏာပိုင်များက
လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၅ဝဝဝ သာ ပေးခဲ့သည်ဟုဆိုသည်။ 

၎င်းသည် အမေရိကန် ဒေါ်လာ ၄၁ဝဝဝ အထိ ပေးလျော်ပြီးဖြစ်သည့်
အတွက် ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း တရုတ်တာဝန်ရှိ
သူများက ပြောကြားသည်။ 

Khit Lu Nge

Monday, 03 December 2012

တရုတ်နိုင်ငံအရှေ့ပိုင်း ရှင်ကျင့်ပြည်နယ်လမ်းသစ် စီမံကိန်း၏ လမ်းလယ်ကောင်ရှိ ရွှေ့ပြောင်းပေးရန် ငြင်းဆန်နေ
သော လူတစ်ဦးပိုင် ငါးထပ်တိုက် အဆောက်အအုံကို တရုတ်အာဏာပိုင်များက ဘူဒိုဇာစက်များ အသုံးပြု၍ ဖယ်
ရှားရှင်းလင်းလိုက်ကြောင်း ဒီဇင်ဘာ ၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတော် သမ္မတ ဘရူနိုင်း နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်


နိုင်ငံတော် သမ္မတ ဘရူနိုင်း နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ဘရူနိုင်း နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီဟာဆာနယ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒိုလာ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထင်အောင်၊ ဒေါက်တာ ဘရွှေ၊ ဒေါက်တာဝင်းမြင့်၊ ဦးဆက်အောင်တို့ လိုက်ပါသွားကြောင်း သိရသည်။ (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်)

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေး
ခရီး ထွက်ခွာသွားကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ဘရူနိုင်း နိုင်ငံဘုရင်မင်းမြတ်ဆူလတန် ဟာ
ဂျီဟာဆာနယ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒိုလာ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေကြောင်း ဆေးပညာရှင်တို့ လေ့လာတွေ့ရှိ

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ 

ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ 

ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။ 

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။ 
--
Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_9011.html

http://www.ads.com.mm/

-----

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်
ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကိုလိင်အင်္ဂါကိုတိုစေခြင်း ဖြစ် တယ်
လို့ ဆိုပါတယ်။

ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီမီးလောင်မှုဖြစ်ပွား

၁-၁၂-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေကျေးရွာနှင့်ကထန်ယန်ကျေး
ရွာကြားရှိ လင်းလက်ဝင်း ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါ
သည်။

လက်ပံတောင်းတောင် အရေးထိခိုက်ဒဏ်ရာရသံဃာတော်များအား The Action Time ဖောင်ဒေးရှင်းနှင့် ၉၄-၉၅ စီးပွားရေးဘွဲ့ရ အသင်းတို့ ပူးပေါင်း၍ ဆေးရုံမှ မဆင်းမချင်း ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်


လက်ပံတောင်းတောင် အရေးထိခိုက်ဒဏ်ရာရသံဃာတော်များအား The Action Time ဖောင်ဒေးရှင်းနှင့် ၉၄-၉၅ စီးပွားရေးဘွဲ့ရ အသင်းတို့ ပူးပေါင်း၍ ဆေးရုံမှ မဆင်းမချင်း ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်
========================================
ရဲလင်းထက်
========================================
လက်ပန်းတောင်းတောင်ဆန္ဒ ပြပွဲဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ရကာဆေးကုသမှုခံယူနေသည့် သံဃာ တော်များ အား The Action Time ဖောင်ဒေးရှင်းနှင
့် ၉၄-၉၅စီးပွားရေးဘွဲ့ရအသင်း တို့ပူးပေါင်း ပြီး ဆေးရုံမှ မဆင်းမချင်း ဆွမ်းဆက်ကပ်လှူဒါန်းသွား မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါဆွမ်းဆက်ကပ် လှူဒါန်းမှုတွင်ဆေးရုံတက် သံဃာ တော်များသာမက လာရောက်စောင့် ရှောက်သည့်သံဃာတော်များကို ပါဆက်ကပ်သွား မည်ဖြစ်ကြောင်း The Action Time ဖောင် ဒေးရှင်းမှကိုစံကျော်သူကပြော သည်။

''ဒီဇင်ဘာ ၂ ရက်နေ့ ကနေစပြီးစီစဉ်ဖြစ်တာပါ။ဆွမ်းကို တော့မချက်ပဲ ဝယ်ပြီးကပ်တယ်။ တစ်ပါးစာ တစ်နေ့ဆွမ်းစား ရိတ် တစ်ထောင်၊ထောင့်နှစ်ရာ ဝန်းကျင် ကျတယ်''ဟု ယင်းကဆိုသည်။
ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းအား မုံရွာနှင့်မန္ထလေးဆေး ရုံ နှစ်နေရာလုံးတွင်တာဝန်ယူဆက် ကပ်သွားမည်ဖြစ်သော်လည်း ယနေ့(ဒီဇင်ဘာ ၃ရက်) တွင်ဆေး ကုသမှုခံယူနေသည့် သံဃာတော် အများစုမှာမန္ထလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ပြီးဖြစ်ကြောင်းသိရသည်။

''ဒီနေ့အထိသံဃာတော် အားလုံးနီးပါးကို မန္ထလေးဆေးရုံ ကိုပြောင်းလာပြီ။အားလုံးကိုဆေး ရုံမဆင်းမချင်းဆက်ကပ်သွားမှာပါ။ လက်ရှိမှာတော့တစ်နေ့စာအတွက် ၁၇၅ပါးစာပြင်ဆင်ထား ပါတယ်'' ဟုကိုစံကျော်သူကဆိုသည်။

အဆိုပါဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့်ပတ်သက်ပြီး လက်ပံတောင်းတောင် အရေး တွင်ပါဝင်လှုပ်ရှား ဆောင်ရွက် နေသူ ဆရာတော် ဦးသုခေါ် ဦးဝိမလက ''ဒီလိုလူမှုအသင်းအဖွဲ့တွေပါဝင် ကူညီလှူဒါန်း လာတဲ့ အတွက် အားရကျေနပ်ပါတယ်။သာဓု လည်း ခေါ်ပါတယ်''ဟု မိန့်ကြား သည်။

ဆေးရုံတွင်ကုသခံယူ နေသည့်သံဃာတော်များအတွက် ဆွမ်း၊ဆေးနှင့် အခြားသောလှူဒါန်း မှုများ အတွက်ပြင်ပ လူမှုအဖွဲ့အစည်းများသာမက တစ်ဦးချင်း ပါဝင် ပူးပေါင်းလိုပါကလည်း လက်ခံ သွား မည်ဖြစ်ကြောင်း ကိုစံကျော် သူကပြောကြားသည်။

့Yangon Media Group

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း

လက်ပန်းတောင်းတောင်ဆန္ဒ ပြပွဲဖြိုခွင်းခံရမှုတွင်ထိခိုက်ဒဏ်ရာရကာဆေးကုသမှုခံယူနေသည့်သံဃာ တော်
များ အား The Action Time ဖောင်ဒေးရှင်းနှင့် ၉၄-၉၅စီးပွားရေးဘွဲ့ရအသင်း တို့ပူးပေါင်း ပြီး ဆေးရုံမှ မဆင်း
မချင်း ဆွမ်းဆက်ကပ်လှူဒါန်းသွား မည် ဖြစ်ကြောင်းသိရသည်။

မြန်မာ့သမိုင်းတခေတ်ပြောင်း " အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာနိုင်ငံ ခရီးစဉ်မှတ်တမ်းစာအုပ်ထွက်ရှိ

" မြန်မာ့သမိုင်းတခေတ်ပြောင်း " အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာနိုင်ငံ ခရီးစဉ်မှတ်တမ်းစာအုပ်ထွက်ရှိ.....
=========================================

အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာနိုင်ငံ ခရီးစဉ်မှတ်တမ်း 
" မြန်မာ့သမိုင်းတခေတ်ပြောင်း " စာအုပ်ကို MCM မှ ပထမအကြိမ်ထုတ်ဝေ လိုက်ပြီဖြစ်ပါသည်။

" မြန်မာ့သမိုင်းတခေတ်ပြောင်း " အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာနိုင်ငံ ခရီးစဉ်မှတ်တမ်းစာအုပ်ကို ရာပြည့်မန္တလေး(စာအုပ်ဆိုင်) မန္တလေးမြို့ ၌ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။
---------------------------------------------------------------------------------
ရာပြည့်မန္တလေး(စာအုပ်ဆိုင်)
ဆိုင်(၁) ၃၅လမ်း၊ ၇၂-၇၃လမ်းကြား၊ မန္တလေးမြို့ ။
ဆိုင်(၂) ၃၄လမ်း၊ ၈၀-၈၁လမ်းကြား၊ မန္တလေးမြို့ ။
၀၂-၇၇၄၂၄၊ ၀၉-၉၁၀၄၉၁၁၁၊ ၀၉-၉၁၀၄၉၂၂၂၊ ၀၉-၂၀၀၆၁၃၅

အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာနိုင်ငံ ခရီးစဉ်မှတ်တမ်း" မြန်မာ့သမိုင်းတခေတ်ပြောင်း " စာအုပ်
ကို MCM မှ ပထမအကြိမ်ထုတ်ဝေ လိုက်ပြီဖြစ်ပါသည်။ " မြန်မာ့သမိုင်းတခေတ်ပြောင်း " အမေရိကန်သမတ အို
ဘားမား၏ သမိုင်းဝင်မြန်မာနိုင်ငံ ခရီးစဉ်မှတ်တမ်းစာအုပ်ကို ရာပြည့်မန္တလေး(စာအုပ်ဆိုင်) မန္တလေးမြို့ ၌ ၀ယ်ယူ
ရရှိနိုင်ပြီဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများအတွက် စုံစမ်းမေးမြန်းနိုင်သော ဖုန်းနံပါတ်များ

"ဆက်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများအတွက် စုံစမ်းမေးမြန်းနိုင်သော ဖုန်းနံပါတ်များ"
=====================

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများကို အသုံးပြုနေသော
မိဘပြည်သူများ၏ဆက်သွယ်မှု လွယ်ကူအဆင်ပြေစေရန် အလို့ငှာ အိုင်တီဝန်ဆောင်မှု၊ မိုဘိုင်း
တယ်လီဖုန်း နှင့် ကြိုးတယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှု ကိစ္စများ၌ သုံးစွဲသူများအတွက် အခက်အခဲများ၊ ကန့်သတ်ချက်များ ရှိပါက အောက်ဖော်ပြပါ ဌာနများ၏ အရာရှိများထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ ကြောင်း သတင်းရရှိပါသည်-

မိုဘိုင်းဆက်သွယ်ရေးဌာန
*****************
(၁)
ဦးဌေးဝင်း
အင်ဂျင်နီယာချုပ်
၀၉-၈၆၃၀၀၁၀
cemobile@mptmail.net.mm

(၂)
ဦးစိုးအောင်
ဒုတိယအင်ဂျင်နီယာချုပ်
၀၉-၈၆၃၀၀၀၁
Ee1-switch@mptmail.net.mm

(၃)
ဦးကိုကိုအောင်
အင်ဂျင်နီယာမှူး
၀၉-၈၅၀၀၀၀၁
Ee2-radio@mptmail.net.mm

(၄)
ဦးအောင်ကျော်သက်
အင်ဂျင်နီယာမှူး
၀၉-၅၁၀၀၀၂၇
bhngsm@mptmail.net.mm

(၅)
ဒေါ်ခင်ဖြိုး
အင်ဂျင်နီယာမှူး
၀၉-၅၀၂၁၀၁၀
wlugsm@mptmail.net.mm

အော်တိုတယ်လီဖုန်းဌာန
****************
(၁)
ဒေါ်ချယ်ရီမျိုးတင့်
ဒုတိယအင်ဂျင်နီယာချုပ် (အိတ်ချိန်း)
၀၉-၄၅၀၄၅၀၇၇၇
၀၁-၃၈၀၁၈၈

(၂)
ဦးဇော်မင်း
ဒုတိယအင်ဂျင်နီယာချုပ် (အိတ်ချိန်း)
၀၉-၅၀၂၁၀၆၆
၀၁-၃၇၀၁၈၈
Ee1-swit-cep @mptmail.net.mm

(၃)
ဦးသန်းလှိုင်
ဒုတိယအင်ဂျင်နီယာချုပ်(လိုင်း)
၀၉-၅၀၂၁၀၅၅
၀၁-၃၈၀၃၃၃
Ee1-line-cep @mptmail.net.mm

(၄)
ဦးသိန်းမြင့်ထွန်း
အင်ဂျင်နီယာမှူး (လိုင်း)
၀၉-၅၀၂၁၀၇၈
၀၁-၂၂၂၃၃၃

(၅)
ဦးအေးမင်းလှိုင်
အင်ဂျင်နီယာမှူး (အိတ်ချိန်း)
၀၉-၅၀၂၁၀၈၅
၀၁-၃၇၂၁၈၈

(၆)
ဦးကျော်ဝင်း
အင်ဂျင်နီယာမှူး (အိတ်ချိန်း)
၀၉-၅၄၂၁၀၉၉
၀၁-၅၀၀၉၉၉

(၇)
ဦးဇော်မင်းဦး
အင်ဂျင်နီယာမှူး (OCS)
၀၉-၅၄၂၁၀၇၇

သတင်းအချက်အလက်နှင့်နည်းပညာဌာန
***************************
(၁)
ဦးခင်မောင်ထွန်း
အင်ဂျင်နီယာချုပ်
၀၉-၈၆၃၀၀၄၂
Khinmaungtun.ceit@mptngw.net.mm

(၂)
ဒေါ်ခင်ဆွေဌေး
ဒုတိယအင်ဂျင်နီယာချုပ်
၀၉-၅၁၀၀၀၅၀
၀၉-၈၆၃၀၀၅၀
kshtay@mpt.net.mm

(၃)
ဦးရဲနိုင်မိုး
ဒုတိယအင်ဂျင်နီယာချုပ်
၀၉-၅၀၂၁၀၇၄
yenaingmoe@mptngw.net.mm

(၄)
ဒေါ်နွယ်နီစိုးရင်
အင်ဂျင်နီယာမှူး
၀၉-၂၀၀၀၀၃၇
nwesisy@mptngw.net.mm

(၅)
ဦးနေလင်းထွန်း
အင်ဂျင်နီယာမှူး
၀၉-၅၀၂၁၀၇၂
naylinhtun@mptngw.net.mm

(၆)
ဦးအောင်သူဟိန်း
အင်ဂျင်နီယာမှူး
၀၉-၈၃၀၀၀၅၆
aungth@mptngw.net.mm

(၇)
ဒေါ်ညိုညိုစိမ့်
အင်ဂျင်နီယာမှူး
၀၉-၅၀၂၁၀၂၅
nnseint@mptngw.net.mm

(၈)
ဒေါ်လှမြတ်ဟန်
မန်နေဂျာ
၀၉-၅၄၀၀၀၂၃
hlamyathan@mptngw.net.mm

----------------------------------------------------------
မြန်မာ့ဆက်သွယ်ရေး Website တွင်ဖော်ပြထားချက်အား ကူးယုဖော်ပြထားခြင်း ဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် မကျေနပ်တာများရှိလျှင် ဖုန်းဆက်တိုင်ကြားနိုင်မည် ထင်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများကို အသုံးပြုနေသောမိဘပြည်သူများ
၏ဆက်သွယ်မှု လွယ်ကူအဆင်ပြေစေရန် အလို့ငှာ အိုင်တီဝန်ဆောင်မှု၊မိုဘိုင်းတယ်လီဖုန်း နှင့် ကြိုးတယ်လီဖုန်း
ဆက်သွယ်ရေး ၀န်ဆောင်မှု ကိစ္စများ၌ သုံးစွဲသူများအတွက် အခက်အခဲများ၊ ကန့်သတ်ချက်များရှိပါက အောက်
ဖ်ာပြပါ ဌာနများ၏ အရာရှိများထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ ကြောင်း သတင်းရရှိပါသည်-

အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်

Photo: အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်
Monday, December 03, 2012

Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း အတတ်ပညာရပ်များ သင်ကြားပို့ချ
လျက်ရှိရာ အဆိုပါပညာရပ်များကိုစိတ်ပါဝင်စား သော်လည်း ငွေကြေး
အခက်အခဲရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု Scholarship များ ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သော (၆)နှစ် တာကာ လအတွင်း ၎င်းပညာသင်ဆုကို လူငယ် ၁၁၂ ဦးကို ရွေးချယ် စိစစ်ပေးအပ် ခဲ့ပြီး ၂ဝ၁၃ ပညာသင်နှစ် အတွက်လည်း ပညာသင် ဆုများ ချီးမြှင့်မည်ဖြစ် သည်။

ယခင် ပညာသင်ဆု ပေးအပ်လေ့ရှိသော City & Guilds (UK) ၏ Level(3) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း (၆) မျိုးအပြင် ယခုအကြိမ်တွင် Level(5) အဆင့်ရှိ Advanced Diploma သင်တန်း(၄)မျိုး အတွက်ပါ တိုးချဲ့ပေးအပ်
မည်ဖြစ်ရာ စုစုပေါင်း သင်တန်းသား ၂ဝ ဦးကို Scholarship ရွေးချယ်ချီးမြှင့် မည်ဖြစ်သည်။

သင်တန်းကာလမှာ ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းများတွင် City & Guilds (UK) ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ် သည်။ င်္

Full Scholarship ရရှိသူသည် သင်တန်းကြေးနှင့် စာရွက်စာတမ်း ကြေးများ ကင်းလွတ်ခွင့်ဖြင့်တက်ရောက် ပညာသင်ကြား နိုင်မည်ဖြစ်ပြီး Level(3) သင်တန်းများအတွက် အခြေခံပညာ အထက်တန်း အောင်မြင်ပြီး သူတိုင်း လျှောက်ထားနိုင်ပြီး Level(5) သင်တန်းများအတွက် ပြည် တွင်း၊ ပြည်ပမှ အင်ဂျင်နီယာ ဒီပလိုမာတစ်ခုခု ရထား သူများလျှောက် ထားနိုင်သည်။

လျှောက် ထားသူများကို စာမေးပွဲစနစ်ဖြင့် စိစစ် ရွေးချယ်ကာ အခမဲ့သင်တန်းတက် ရောက်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါသင်တန်းကို စိတ်ပါဝင်စား သူများသည် ဒီဇင်ဘာ ၈ ရက် နောက် ဆုံးထား၍ အမှတ် (၁၃၈/၁၄ဝ)ဒုတိယထပ်ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်
ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၁-၇၃၁- ၂၁၇၁၇၊ ဝ၉-၅၁၉၇၈၁၇၊ Website www.glory-education.com(Kyaw Home Mart) နှင့် စာပေလောက(၅) အပေါ်ထပ်သို့ လူကိုယ်တိုင်လာရောက်
လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာဒီပလိုမာသင်တန်းများနှင့်အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း
 အတတ် ပညာ ရပ်များ သင်ကြားပို့ချလျက်ရှိရာ အဆိုပါပညာရပ် များကို စိတ်ပါ ဝင်စား သော်လည်း ငွေကြေးအ
ခက် အခဲ ရှိသောလူငယ်များအတွက်ကူညီ ထောက်ပံ့ရန်ရည်ရွယ်ကာ Gloryမှ နှစ်စဉ်ပညာသင်ဆု Scholarship
များ ပေးအပ်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ မောင်းမကန်ကမ်းခြေ အဆင့်မီကမ်းခြေဖြစ်လာတော့ မည်

မောင်းမကန်ကမ်းခြေ အပန်းဖြေစခန်း အဆင့်မီကမ်းခြေဖြစ်လာမည်
Sunday, 02 December 2012

တနင်္သာရီတိုင်းဒေသကြီးရှိ မောင်းမကန်ကမ်းခြေကို လာမည့် ၂ဝ၁၃ ခုနှစ်
ခာက်လအတွင်း နိုင်ငံတကာအဆင့် မီကမ်းခြေအဖြစ်တနင်္သာရီတိုင်း
ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်းမကန်ကမ်းခြေကို ယခင်ဒေသခံတွေက တည်းခိုခန်းဆောက်ပြီး အပန်းဖြေစခန်းအဖြစ်သာ ဆောင်ရွက်ထား ခြင်းဖြစ်၍ ယခုအခါ အဆင့်မြှင့် တင်ပြီး ဟိုတယ်တွေကို မြေ ဧရိယာ ၈ ဒသမ ၇၅ ဧကပေါ်တွင် ကြယ်သုံးပွင့် အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသွားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြ သည့် နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်က ထက် ၅ဝ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း၊ သို့ရာတွင် ခရီး သွားကုမ္ပဏီများကမူ ယခင်ခရီးစဉ်များ အတိုင်းသာ ဆောင်ရွက် နေကြဆဲဖြစ်ကြောင်း၊ ရှိရင်းစွဲခရီးစဉ်များအစား ခရီးစဉ်အသစ် များ ရေးဆွဲပို့ဆောင်ပေးမည်ဆိုပါက လာရောက်မည့် ခရီး သည်များကို ပိုမိုဆွဲဆောင်စေနိုင်မည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

''ခရီးစဉ်တွေကို ပြောင်းလဲဖို့လိုပြီ။ တစ်ခါလာလည်း မန္တ လေး၊ ပြင်ဦးလွင်၊ အင်းလေး၊ ပုဂံဆိုတော့ ရိုးအီနေပြီ။ မြန်မာ ပြည်မှာ ကမ္ဘာလှည့်ခရီးသည်
တွေကို ပို့ရမယ့်နေရာတွေအများ ကြီးရှိပါတယ်''ဟု အဆိုပါလုပ်ငန်းရှင်က
ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ တိမ်မြုပ်ပျောက်ကွယ်နေ သည့် ပင်လယ်ပြင်ခရီးသွားလုပ်ငန်း (Marine Tourism) ကို ပြန်လည်ဖော်ထုတ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရှမ်းရိုးမ ခရီးသွားလုပ်ငန်းမှ လုပ်ငန်းရှင်ကဆို သည်။ ''အခုဒီလုပ်ငန်းကို ပြန်အကောင် အထည်ဖော်မယ်။ မြိတ်ကျွန်းစုဒေသ တွေမှာ ကျွန်းတွေအရမ်းများတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်ကို ကြည့် မလား၊ သန္တာကျောက်တန်း လှလှတွေ သဘာဝအတိုင်းရှိနေသေးတယ်။ ပြီး တော့ ဒေသခံတွေရဲ့
လူနေမှုဓလေ့ကို လည်း လေ့လာနိုင်သေးတယ်။ မြန်မာ့ ပင်လယ်သဘာဝ အလှအပတွေက သဘာဝအနေအထားအတိုင်း မပျက် ယွင်းသေးလို့ ထိုင်းခရီးသွား ကုမ္ပဏီတွေက မြန်မာ့အလှအပတွေပြပြီး လုပ် စားနေတာကြာပြီ''ဟု ဆက်လက်ပြော ကြားသည်။

ပင်လယ်ပြင် ခရီးသွားလုပ်ငန်းကို ယခင်က ဆောင်ရွက်ခဲ့ဖူးသော်လည်း
ဒေသခံများက စိတ်ဝင်စားမှုမရှိခြင်း၊ ကုန်ကျစရိတ်များ မြင့်မားခြင်း
တို့ကြောင့် ဆက်လက်လုပ်ကိုင်နိုင်စွမ်းမရှိဘဲ Culture Tour များကိုသာ ဆက်လက် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရ သည်။

ပင်လယ်ရေအောက်ရှုခင်းနှင့် ပတ်သက်၍ ဖီဂျီနိုင်ငံက ပို့စ်ဆွီဒန်အန်ဒါဆီး ရီဆော့စ်လိုမျိုး အကောင် အထည်ဖော် နိုင်မည်ဆိုပါက ခရီးသွား ဧည့်သည်များ၏ ဒေါ်လာငွေများကို သဲ့ယူသလိုရနိုင် မည်ဟု
နိုင်ငံတကာခရီးသွားလုပ်ငန်း များကို လေ့လာနေသူ တစ်ဦးကဆိုသည်။

အဆိုပါ ပို့စ်ဆွီဒန်အန်ဒါဆီးရီ ဆော့စ်တွင် ရေအောက်အိပ်ဆောင်များ အပြင် စားသောက်ဆိုင်ဘား၊ အားက စားရုံနှင့် မင်္ဂလာခန်းမတို့ပါဝင်ပြီး ရေ မျက်နှာပြင်အထက်တွင်လည်း ဟိုတယ် ခန်း၊ စားသောက်ဆိုင်၊ ဘား၊ ရေနွေး ချိုးခန်း၊ တင်းနစ်ကွင်းနှင့် ကျင်းကိုး ကျင်းပါ ဂေါက်ကွင်းကိုလည်း ဖန်တီးထားသည်။ 

ဟိုတယ်မှ စီစဉ်ပေးသော ရေယာဉ်ငယ်ဖြင့် ရေနေသတ္တဝါများနှင့် သန္တာကျောက်တန်းများကို အနီးကပ် ကြည့်ရှုခံစားနိုင်သည်။ ရေအောက် သဘာဝအလှအပခံစားရင်း ဇိမ်ကျကျ တည်းခိုလိုသူတို့အတွက် ရက်သတ္တတစ် ပတ်လျှင် တစ်ဦး ဒေါ်လာ ၁၅ဝဝဝ ပေး ပြီးလေ့လာသူများရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောကြားသည်။ 

ထားဝယ်ရေ နက်ဆိပ်ကမ်းစီမံကိန်းပြီးစီး၍ နိုင်ငံ တကာမှ စီးပွားရေး
လုပ်ငန်းရှင်များ အဝင်အထွက်များပြားလာပါက မောင်းမကန် ကမ်းခြေကို
နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် တည်ဆောက်နိုင်ပါကအောင်မြင်
နိုင်ကြောင်းလည်း အဆိုပါ ပုဂ္ဂိုလ်က သုံးသပ်ပြောကြားသွားသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ခရီးသည် အဝင်အထွက်များပြားလာ
သော ထားဝယ်မြို့တွင် ပုလဲဧကရီ၊ Golden Guest ၊ ပန်းဥယျာဉ်ဟိုတယ်၊ ထားဝယ်၊ ရွှေမောင်းသံဟိုတယ်တို့တွင် ခရီးသည်နှင့် ဝန်ဆောင်မှု
ပေးနိုင် သော အခန်းမမျှတကြောင်း ဒေသခံဟိုတယ် အသိုင်းအဝိုင်းမှ သိရသည်။

မြ၀တီ

တနင်္သာရီတိုင်းဒေသကြီးရှိ မောင်းမကန်ကမ်းခြေကို လာမည့် ၂ဝ၁၃ ခုနှစ် ခာက်လအတွင်း နိုင်ငံတကာအဆင့် မီ
ကမ်းခြေအဖြစ်တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်မှအကောင်အထည်ဖော်
ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျက်ရည်ယိုဗုံးလို့ ပြောပေမယ့် မီးလောင်တာတွေဖြစ်သွားတယ် ဒီလိုမလုပ်သင့်ဘူးလို့ သရုပ်ဆောင်ထွန်းအိန္ဒြာဗို ပြောပြီ

ထွန်းအိန္ဒြာဗို လည်းပြောပြီ။  :D
-----------------------------------
မျက်ရည်ယိုဗုံးလို့ ပြောပေမယ့် မီးလောင်တာတွေဖြစ်သွားတယ် ဆိုတော့ ဒါ အရှင်းကြီးလေ။ မျက်ရည်ယိုဗုံး မဟုတ်လို့ပေါ့။
ဒီလို လုပ်ရပ်တွေ မလုပ်သင့်ဘူး။ နောက်ပြီး ဒီလိုမျိုးလည်း ပြဿနာကို မဖြေရှင်းသင့်ဘူး။

(စီမံကိန်းက) တိုင်းပြည်အတွက် တကယ်ကောင်းကျိုး ဖြစ်မယ် ဆိုရင်တော့ ရှေ့ဆက်သင့်တယ်လို့ ပြောချင်တယ်။
တကယ်လို့ ဒီလုပ်ရပ်က လူတစုအတွက်သာဖြစ်ပြီး လူအများအတွက် မကောင်းဘူး၊ အကျိုးမရှိဘူး ဆိုရင်တော့ ဒီလုပ်ရပ်ကို ရပ်တန်းက ချက်ချင်းရပ်စေချင်ပါတယ်။

ဘယ်ဟာက အဖြေမှန်ဖြစ်တယ် ဆိုတာကို သေသေချာချာ လေ့လာ ကွင်းဆင်းပြီးတော့မှ ဆုံးဖြတ်သင့်ပါတယ်။
ကျမတို့ကလည်း ပညာရှင် မဟုတ်တဲ့အတွက် ဘယ်ဟာကို ဘယ်လိုလုပ် ဆိုတာတော့ မပြောလိုပါဘူး။ အရာရာ ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်။
တကယ်လုပ်နေတယ်၊ တကယ်စေတနာရှိတယ် ဆိုရင် အများမြင်သာအောင် ထားပြရမယ်လေ။
အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေမယ်ဆိုရင်တော့ အများက လက်ခံဖို့ ခက်ခဲတာပေါ့။

ဒီမှာက အဲဒါတွေနဲ့ပဲ ပြဿနာတက်နေတာပဲလေ။ အရာရာ ရှင်းရှင်းလင်းလင်း လုပ်မယ်ဆိုရင် အားလုံးအဆင်ပြေသွားနိုင်ပါတယ်။
ထွန်းအိန္ဒြာဗို
အဆိုတော်၊ သရုပ်ဆောင် (ဓာတ်ပုံ - NLD)
 
http://blog.irrawaddy.org/2012/11/blog-post_3862.html

မျက်ရည်ယိုဗုံးလို့ ပြောပေမယ့် မီးလောင်တာတွေဖြစ်သွားတယ် ဆိုတော့ ဒါ အရှင်းကြီးလေ။ မျက်ရည်ယိုဗုံး မ
ဟုတ်လို့ပေါ့။ ဒီလို လုပ်ရပ်တွေ မလုပ်သင့်ဘူး။ နောက်ပြီးဒီလိုမျိုးလည်း ပြဿနာကိုမဖြေရှင်းသင့်ဘူး။(စီမံကိန်း
က) တိုင်းပြည်အတွက်တကယ်ကောင်းကျိုး ဖြစ်မယ်ဆိုရင်တော့ ရှေ့ဆက်သင့်တယ်လို့ ပြောချင်တယ်။ တကယ်
လို့ ဒီလုပ်ရပ်က လူတစုအတွက်သာဖြစ်ပြီး လူအများအတွက် မကောင်းဘူး၊ အကျိုးမရှိဘူး ဆိုရင်တော့ ဒီလုပ်ရပ်
ကို ရပ်တန်းက ချက်ချင်းရပ်စေချင်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် အဝေးပြေး လမ်းမပေါ်ရှိ ဥမင် လိုဏ်ခေါင်း အမိုးပြိုကျ ယာဉ်များ ပိတ်ဆို့ မီးလောင်မှု ဖြစ်ပွား

တိုကျို မြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အမိုးပြိုကျ ယာဉ်များ ပိတ်ဆို့ မီးလောင်မှု ဖြစ်ပွား

ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် အဝေးပြေး လမ်းမပေါ်ရှိ ဥမင် လိုဏ်ခေါင်း တစ်ခုသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပြိုကျခဲ့ရာ ဥမင်လိုဏ်ခေါင်း အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့ပြီး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

တိုကျို မြို့ပြင် မိုင် ၅ဝ ခန့် အကွာရှိ ဆာဆာဂို ဥမင်လိုဏ်ခေါင်း အတွင်းရှိ မော်တော်ယာဉ် များပေါ်သို့ ကွန်ကရစ် ဥမင် လိုဏ်ခေါင်း အမိုးပြားများ ပြိုကျ ခဲ့ရာမှ မော်တော်ယာဉ်များ မီးလောင် ပျက်စီး ခဲ့သည်။ ၂ ဒသမ ၅ မိုင် ရှည်လျားသည့် ဥမင်လိုဏ်ခေါင်း အတွင်း မော်တော်ယာဉ် ၂ စီးခန့် ပိတ်မိ နေပြီး မီးသတ် သမားများက မီးငြှိမ်း သတ်ခဲ့ ကြသည်။

လူခုနစ်ဦး ပျောက်ဆုံး နေပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ် ဌာနမှ ပြောကြား ခဲ့သည်။ ဥမင်လိုဏ်ခေါင်း အမိုးပြို ကျပြီး သုံးနာရီခန့် အကြာ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ အချိန်တွင် မီးသတ်သမား များက မီးငြှိမ်းသတ် နိုင်ခဲ့ ပြီးနောက် အပျက်အစီး များကို ဖယ်ရှား ခဲ့ကြသည်။ သို့သော်လည်း ဥမင် လိုဏ်ခေါင်း အမိုး ထပ်မံပြိုကျ မည်ကို စိုးရိမ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။


http://www.myawady.com.mm/allnews/global/item/627-2012-12-03-02-13-41

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် အဝေးပြေး လမ်းမပေါ်ရှိ ဥမင် လိုဏ်ခေါင်း တစ်ခုသည် ဒီဇင်ဘာ ၂ ရက် နံ
နက်ပိုင်းက ပြိုကျခဲ့ရာ ဥမင်လိုဏ်ခေါင်း အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့ပြီး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခ နှုန်းထားများ ဒီဇင်ဘာ ၅ တွင် စတင် ပြောင်းလဲကောက်ခံမည်

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ မြန်မာ့လေကြောင်း လေယာဉ် လက်မှတ်ခနှုန်းထားများကို တိုးမြှင့်
ကာက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ "နေပြည်တော်ကို အခု လေးသောင်းသုံးထောင်ကျပ်ကျပါတယ်၊ဒီဇင်
ဘာ ၅ ရက်နေ့ကနေစပြီးတော့ လေးသောင်းငါးထောင်ကျပ် ပြောင်းလဲကောက် ခံမှာ ဖြစ်ပါတယ် " ဟု မြန်မာ့လေ
ကြာင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ ပြောကြားသည်။

Miss Internation 2012 ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ လုပ်အားပေး

ဒီဇင်ဘာလ၂ရက်နေ့ မနက်၁၀နာရီကMiss Internation 2012 ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ ဒီဇင်ဘာလ၂ရက်နေ့ မနက်၁၀နာရီနာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ၊အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ နဲ့ အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့သည်။ဓါတ်ပုံ -FFSS

Miss Internation 2012 ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ လုပ်အားပေး မောင်နှမများနှင့်အတူ ဒီဇင်ဘလ၂ရက်နေ့ မနက်၁၀နာရီကကွယ်လွန်သူ ဦးဇော်မိုးဦး အသက် (၄၄) နှစ်၏ ရုပ်ခန္ဓာအား စံပြဆေးရုံမှ ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ရမည့် ဈာပနလမ်းကြောင်းအား လိုက်ပါကူညီ ဖေးမပေးခဲ့သည်။

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ရခဲ့သူများအနက်မှ လူနာ ၇၄ ဦး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူနေရ

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ရခဲ့သူများအနက်မှ လူနာ ၇၄ ဦး မန္တလေးအထွေထွေရောဂါကု
ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူနေရ..............
=========================================

နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသခံနေရသူများအနက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူရသူမှာ သံဃာ ၇၀ ပါးနှင့် လူလေးဦး ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

''မနေ့က (ဒီဇင်ဘာ ၁ ရက်) အပြင်အဖွဲ့အစည်းတွေကနေ မုံရွာဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာတွေထဲက ထိခိုက်မှုများတဲ့ လူနာတွေကို မန္တလေးဆေးရုံကြီးကို ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်တော်တို့အသင်းက လူနာတင်ယာဉ်လေးစီး၊ ဗြဟ္မစိုရ်အသင်းက လေးစီး၊ အမရဌာနီအသင်းက နှစ်စီးနဲ့ မဏီစလအသင်းက တစ်စီး စုစုပေါင်းကား ၁၀ စီးနဲ့ သံဃာ ၁၈ ပါး၊ လူနှစ်ဦး မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း ရွှေ့ပြောင်းဖို့ကျန်တဲ့ လူနာတွေရှိသေးလို့ ကျွန်တော်တို့အသင်းရယ် မဏီစလ၊ ဧရာမေတ္တာ၊ အမရရွှေကူ၊ ကရုဏာမြင့်မိုရ်၊ ဘ၀အလင်း စတဲ့အသင်းတွေက လူနာတင်ယာဉ် ၁၃ စီးနဲ့ သံဃာ ၄၉ ပါး၊ လူနှစ်ဦး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

မန္တလေးဆေးရုံကြီး၌ ဒီဇင်ဘာ ၂ ရက် နံနက်အထိ လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ကုသမှုခံယူနေရသော လူနာဦးရေမှာ သံဃာ ၂၁ ပါးနှင့် လူနှစ်ဦး စုစုပေါင်း ၂၃ ဦးရှိပြီး မုံရွာဆေးရုံမှ လူနာအားလုံးနီးပါးကို ပြောင်းရွှေ့ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

''ထိခိုက်ဒဏ်ရာရမှုတွေကြောင့် မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ သံဃာတော်တွေထဲက ဒဏ်ရာများတဲ့ သံဃာတွေကို အရင်ဆုံး ခေါ်ဆောင်လာတာပါ။ အရေပြားထိခိုက်ပျက်စီးမှု ဖြစ်တာဆိုတော့ ကောင်းမွန်တဲ့ဆေးဝါးကုသမှု မခံယူရင် ဒဏ်ရာအခြေအနေက ပိုဆိုးနိုင်တာရယ် ကိုယ်တော်တွေကိုယ်တိုင်က မုံရွာဆေးရုံကြီးထက် မန္တလေးဆေးရုံကြီးကို ပိုပြီးအားကိုးတာရယ်ကြောင့် ပြောင်းရွှေ့ကုသရတာပါ။ မနေ့ကရောက်လာတဲ့ ၁၈ ပါးထဲမှာဆိုရင် ရောက်ရောက်ခြင်း ခွဲစိတ်ခန်းဝင်ရတာ ခုနှစ်ပါးလောက်ရှိတယ်။ မုံရွာဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာအားလုံး ဒီကိုပြောင်းရွှေ့ကုသဖို့ မိန့်ထားပါတယ်'' ဟု ပြောင်းရွှေ့လာသော သံဃာများအား တာဝန်ယူ ဆောင်ရွက်ပေးနေသော ရေတော်တိုက်ဆရာတော် ဥူးဝိသုဒမှ မိန့်ကြားသည်။

မုံရွာဆေးရုံကြီးတွင် ကုသမှုခံယူနေသော လူနာများကို မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့၍ ကုသမှုခံယူသွားမည်ဖြစ်ကြောင်း၊ မန္တလေးဆေးရုံကြီးတွင် လက်ပံတောင်းတောင် အရေးကြောင့် ထိခိုက်ဒဏ်ရာရရှိသော လူနာတက်ရောက်ကုသမှုမှာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သံဃာတစ်ပါး၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သံဃာနှစ်ပါး၊ ဒီဇင်ဘာလ ၁ ရက်နေ့ညတွင် သံဃာ ၁၈ ပါး၊ ကျားတစ်ဦးနှင့် မတစ်ဦး၊ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ၁၅ စီးဖြင့် ထိခိုက်ဒဏ်ရာရ သံဃာ ၄၉ ပါး၊ လူနှစ်ဦး ပြောင်းရွှေ့ကုသလျက်ရှိပြီး စုစုပေါင်း သံဃာ ၇၀ ပါးနှင့် လူလေးဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
EMG
ထိခိုက်ဒဏ်ရာရသူများကို မန္တလေးသိုခေါ်ဆောင်လာစဉ်
နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသခံနေရသူများအနက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူရသူမှာ သံဃာ ၇၀ ပါးနှင့် လူလေးဦး ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ

လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒီကနေ့ ဖမ်းဆီးခံခဲ့ရသူတွေဟာ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ်ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးကနေ တာမွေအဝိုင်းထိပ်ကို ချီတက်ဆန္ဒပြနေချိန် ရွှေဂုံတိုင်ဟိုတယ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က RFA ကို အခုလိုပြောပါတယ်။ "ကျွန်တော်တို့က ကြေးသွန်းဘုရားရှေ့ကနေ တာမွေအဝိုင်းကိုသွားတဲ့အခါမှာ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးရယ်ကို SSC ဆေးရုံနားမှာ ဖမ်းဆီးသွားတာ ကျွန်တော်တို့က မည်သည့်အကြမ်းဖက်မှုကိုမှ မပြုလုပ်ပါဘူး၊ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို အသုံးချတာဖြစ်ပါတယ်" ဒီကနေ့ ဆန္ဒပြသူတွေဟာ သပိတ်စခန်းတွေက အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူတွေကို နိုင်တော်အစိုးရက ဝန်ချတောင်းပန်ရေး၊ လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးနဲ့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာသွားရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၆၀ ကျော်ပါဝင်ခဲ့ပြီး၊ဒီကနေ့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက သပိတ်စခန်းတွေကိုအကြမ်းဖက် ဖြိုခွဲပြီးနောက် တတိယမြောက်နေ့ အဖြစ် ရန်ကုန်မှာ ဆန္ဒပြတာ ဖြစ်ပါတယ်။
 ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူ ကိုမိုးသွေးနဲ့ ကိုအောင်စိုး
လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက်
 နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်
တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါ
တယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသော အဆင့်မမီ စစ်ကျန် ဘတ်စ်၊ ဘီအမ်၊ ဟိုင်းလပ်၊ ဒိုင်နာယာဉ်များ နေရာတွင် စီးတီးဘတ်များ တင်သွင်းပြီး အမြန်ဆုံးပြေးဆွဲနိုင်ရေး စီစဉ်နေ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ဘီအမ်နှင့် ဒိုင်နာကားများယာဉ်တိုက်မှု အများဆုံးဖြစ်ပွား
သော အဆင့်မမီ စစ်ကျန်ဘတ်စကား၊ ဘီအမ်ကား၊ ဒိုင်နာနှင့် ဟိုင်းလပ်ယာဉ်များနေရာတွင် အဆင့်မီစီးတီးဘတ်
စ်များ တင်သွင်းပြီး အမြန်ဆုံး ပြေးဆွဲနိုင်ရေး စီစဉ်နေကြောင်း နို ၀င်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သော ပထမ
အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (ဒုတိယနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

ကမ္ဘာကျော် နာမည်ကြီး Game မြန်မာနိုင်ငံ ကချင်ပြည်နယ်ခါကာဘိုရာဇိတောင် ကို စစ်မြေပြင်အဖြစ်ထည့်သွင်းထား

ကမ္ဘာကျော် နာမည်ကြီး Game တစ်ခုဖြစ်သည့် Call of Duty: Black Ops 2 တွင် မြန်မာနိုင်ငံပါဝင် 

နာမည်ကြီး First Person Shooting game ဖြစ်သည့် Black Ops 2 ရဲ့ စစ်ဆင်ရေးမြေပြင်တစ်ခုတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်ခါကာဘိုရာဇိတောင် ကို စစ်မြေပြင်အဖြစ်ထည့်သွင်းထားသည်ကိုလေ့လာတွေ့ရှိရပါသည် 
ခါကာဘိုရာဇီကနှင်းတောင်ဆိုပေမယ့် ခုဟာမှာတော့ သစ်ပင်တွေချည်းပဲတွေ့ရတယ် ပြီးတော့ပုံဂံဘုရားဟောင်းတွေလဲအများကြီးပါပါတယ် နောက်ပိုင်းတော့ဘာတွေပါဦးမလဲတော့မသိရသေးဘူး
အဓိကကတော့ တရုတ်ကို တိုက်ဖို့ ပါ
ခါတိုင်းဇာတ်ကွက်တွေလို ရှန်ဟိုင်းတို့ ဘေဂျင်းတို့ ဘက်မှာဇာတ်အိမ်မတည်ပဲ မြန်မာဘက်ခြမ်းကနေ ဇာတ်အိမ်တည်တာကိုကြည့်ခြင်းအားဖြင့် 
မြန်မာနိုင်ငံကို နိုင်ငံတစ်ကာမှာအလေးပေးလာတယ်ဆိုတာကိုသတိထားမိစေခြင်ပါတယ်

Admin HOK

နာမည်ကြီး First Person Shooting game ဖြစ်သည့် Black Ops 2 ရဲ့ စစ်ဆင်ရေးမြေပြင်တစ်ခုတွင် မြန်မာနိုင်ငံ
ကချင်ပြည်နယ်ခါကာဘိုရာဇိတောင် ကို စစ်မြေပြင်အဖြစ်ထည့်သွင်းထားသည်ကိုလေ့လာတွေ့ရှိရသည်

နျူကလီးယားအရေး ဦးသိန်းစိန်ဖြေရှင်းဖို့ အထက်လွှတ်တော်အမတ် Lugar တောင်းဆို

နျူကလီးယားအရေး ဦးသိန်းစိန်ဖြေရှင်းဖို့ အထက်လွှတ်တော်အမတ် Lugar တောင်းဆို

   
အမေရိကန် အထက်လွှတ်တော်အမတ် Richard Lugar
 
ဗွီအိုအေ (မြန်မာပိုင်း) 02.12.2012 


နျူကလီယားဆိုင်ရာ ကုန်ကြမ်းတွေဖြစ်ဖွယ်ရှိတဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး မြန်မာနိုင်ငံကို ဦးတည်ခုတ်မောင်းခဲ့ တယ်ဆိုတဲ့ ကုန်တင်ပင်လယ်ကူး သင်္ဘောကိစ္စနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန် အနေနဲ့ ဖြေရှင်းချက်ပေးပါရန် Republican အထက်လွှတ်တော် အမတ်တဦးက တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကနေ ယူရေနီယံသန့်စင်ဖို့ ဒါမှမဟုတ် Missile ဒုံးလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေကို တရုတ်ပြည်က တဆင့် မြန်မာနိုင်ငံကို တင်ပို့ဖို့ကြိုးစားခဲ့တယ်လို့ ဂျပန် Ashi Shim bun သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မေတ္တာရပ်ခံချက်အရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အဲဒီသင်္ဘော ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ခရီးတထောက်ရပ်နားစဉ် ဂျပန် တာဝန်ရှိသူတွေက တက်ရောက်စစ်ဆေးစဉ် သတ္တုပိုက်တွေနဲ့ အဆင့်မြင့် Aluminum Alloy အခွေ တွေကိုသိမ်းဆည်းခဲ့ကြပါတယ်။ 

အမေရိကန်လွှတ်တော်မှာ နျူကလီယားလက်နက်မပြန့်ပွားရေး ဦးဆောင်ဆော်သြနေတဲ့ အထက်လွှတ်တော်အမတ် Richard Lugar က သမ္မတဦးသိန်းစိန်အနေနဲ့ အဲဒီ သင်္ဘောပါ ကုန်ပစ္စည်းကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုပါရန် တိုက်တွန်းတဲ့စာတစောင် အင်္ဂါနေ့ကပေးပို့လိုက်တယ်လို့ AP သတင်းမှာဖေါ်ပြထားပါတယ်။

ဒီသင်္ဘောမှာတင်လာတဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ အသုံးပြုမှာလဲဆိုတဲ့ အကျိုးသက်ရောက်မှုဟာ အာယံဒေသတခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရိုက်ခတ်တယ် ဆိုတာကိုလည်း အထက်လွှတ်တော်အမတ် Richard Lugar ရဲ့ စာထဲမှာဖေါ်ပြထားပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် Richard Lugar

နျူကလီယားဆိုင်ရာ ကုန်ကြမ်းတွေဖြစ်ဖွယ်ရှိတဲ့ကုန်ပစ္စည်းတွေတင်ဆောင်ပြီး မြန်မာနိုင်ငံကို ဦးတည်ခုတ်မောင်း
ခဲ့ တယ်ဆိုတဲ့ ကုန်တင်ပင်လယ်ကူး သင်္ဘောကိစ္စနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန် အနေနဲ့ ဖြေရှင်းချက်ပေးပါရန် Republican အထက်လွှတ်တော် အမတ်တဦးက တောင်းဆိုလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ဦးသာအေးမတွေ့ဆုံဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ပြင်ဆင်ဖော်ပြ

ဒေါ်စုနဲ့ ဦးသာအေး မတွေ့ဖြစ်ခဲ့ကြောင်း ကြေးမုံ ပြင်ဆင်

Monday, December 03, 2012  အိမ့်သံစဉ် 

မုံရွာ၊ လက်ပံတောင်း ကြေးနီး စီမံကိန်း ပြဿနာ ပြေလည်ရေး သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ဦးသာအေးနဲ့ တွေ့ခဲ့လို့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြင်ဆင်ဖြတ်ရှု့ရန် ယနေ့  ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။


အခုလို ပြင်ဆင်ဖော်ပြလိုက်ခြင်းဟာ ကြေးမုံသတင်းစာရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားခြင်းမဟုတ်ဘဲ 
လေးစားစရာ ကောင်းပြီး သတင်းစာရဲ့ လူထု ယုံကြည်မှု စံချိန်စံနှုန်းကို ထိမ်းသိမ်း ကာကွယ် လိုက်ခြင်း လည်းဖြစ်ပါတယ်။

ဖြစ်စဉ် အမှန်ကတော့ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ပံတောင်း ကြေးနီ စီမံကိန်း ရပ်တန့်ရေး သပိတ် ခေါင်းဆောင်တွေဖြစ်ကြတဲ့ မသွဲ့သွဲ့ဝင်းတို့ ညီအမ အပါအ၀င် ဒေသ ခံတွေနဲ့ တွေ့ဆုံ အားပေးနှစ်သိမ့်ခြင်း လည်း လုပ်ဆောင်ခဲ့သုလို ၀မ်ပေါင် ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးဖြစ် ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် တာဝန်ယူထားတဲ့ စစ်တိုင်းမှူးဟောင်း ဦးသာအေးနဲ့ တွေ့ဆုံ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘက်က ကမ်းလှမ်း ခဲ့ရမှာ အကြောင်း တခုပြပြီး တွေ့ဆုံခြင်း မရှိ ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူများက ပြောကြပါတယ်။ 


လက်ပံတောင်း ဒေသခံ အမျိုးသမီးကို အားပေးနှစ်သိမ့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ-မန်းသားလေး /ဧရာဝတီ

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ

မုံရွာ၊ လက်ပံတောင်း ကြေးနီး စီမံကိန်း ပြဿနာ ပြေလည်ရေး သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ဦးသာအေးနဲ့ တွေ့ခဲ့လို့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်
ကြးမုံ သတင်းစာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြင်ဆင်ဖြတ်ရှု့ရန် ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။