Pages

Pages - Menu

Monday, December 3, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသော အဆင့်မမီ စစ်ကျန် ဘတ်စ်၊ ဘီအမ်၊ ဟိုင်းလပ်၊ ဒိုင်နာယာဉ်များ နေရာတွင် စီးတီးဘတ်များ တင်သွင်းပြီး အမြန်ဆုံးပြေးဆွဲနိုင်ရေး စီစဉ်နေ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ဘီအမ်နှင့် ဒိုင်နာကားများယာဉ်တိုက်မှု အများဆုံးဖြစ်ပွား
သော အဆင့်မမီ စစ်ကျန်ဘတ်စကား၊ ဘီအမ်ကား၊ ဒိုင်နာနှင့် ဟိုင်းလပ်ယာဉ်များနေရာတွင် အဆင့်မီစီးတီးဘတ်
စ်များ တင်သွင်းပြီး အမြန်ဆုံး ပြေးဆွဲနိုင်ရေး စီစဉ်နေကြောင်း နို ၀င်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သော ပထမ
အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (ဒုတိယနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော ခိုင်ခံ့မှုမရှိသော အဆင့်မမီတော့
သည့် စစ်ကျန်ဘတ်စ်များ၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များ နေရာတွင် အဆင့်မီသောစီးတီးဘတ်စ်များအစားထိုး ပြေး
ဆွဲသင့်ကြောင်း အဆိုကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်
တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၂) ပထမနေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူးက တင်သွင်းချက်အပေါ် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးအောင်ခင်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက ယာဉ်တိုက်မှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှု အများ
ဆုံးဖြစ်သော တိုင်းဒေသကြီးဖြစ်ခဲ့ပြီး ယင်းအထဲတွင် ခရီးသွားပြည်သူ အများဆုံး အသုံးပြုနေကြသောခရီးသည်
တင်ယာဉ်လိုင်းများတွင် ယာဉ်တိုက်မှုပေါင်း ၃၁၈မှု၌ သေဆုံးသူပေါင်း ၆၀ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၈၂၃ ဦးရှိ
ခဲ့ကြောင်း၊ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားသော ယာဉ်များမှာ စစ်ကျန် ဘတ်စ်၊ ဘီအမ်၊ ဒိုင်နာ၊ ဟိုင်းလပ်ကား
များဖြစ်ကြောင်း၊ အဆိုပါယာဉ်များ၏ ယာဉ်တိုက်မှု ၅၉ ရာ ခိုင်နှုန်းခန့် ဖြစ်နေသည်ကို တွေ့ရကြောင်း ဦးခင်မောင်း
ထူး တင်ပြခဲ့သော အဆိုအရ သိရှိရသည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်
သွယ်ရေးဝန်ကြီးက အဆိုနှင့်ပတ်သက်၍ ''ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆင့်မမီသော ဘီအမ်၊ စစ်ကျန်ဘတ်
စ်များ၊ ဒိုင်နာ၊ ဟိုင်းလပ်ကားများအစား အဆင့်အတန်းပြည့်မီသော စီးတီးဘတ်စ်များ တင်သွင်းနိုင်ပြီး တင်သွင်း
လာသော ခရီးသည်တင်ကားများ CNG အမြန်ရရှိပြီး ယာဉ်လိုင်းများတွင် အမြန်ပြေးဆွဲနိုင်ရေးအတွက် ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရ၏ မော်တော်ယာဉ် တင်သွင်းခွင့် ကြီးကြပ်မှုကော်မတီမှ ချမှတ်ထားသော မူဝါဒဘောင်အတွင်းမှ လိုက်နာဆောင်ရွက်နေပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးတီးဘတ်စ်ယာဉ်များအား ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်၊ သီးခြား ပုဂ္ဂလိက တစ်ဦးချင်းအစီအစဉ်များဖြင့် တင်သွင်းခွင့်ပြုထားသော်လည်း ယာဉ်များအား စီးတီးဘတ်စ် ပြန်လည်တင်သွင်း
ခြင်းထက် ယာဉ်ဟောင်းအပ်နှံပြီး စလစ်ပုံစံ(က)တစ်စောင်လျင် ကျပ်သိန်း ၈၀ ရရှိ၍ ၎င်းစလစ်များ ရောင်းချကာ
 နောက်ထပ်ကျပ်သိန်း ၃၀၊ ၄၀ ထပ်စိုက်၍ တက္ကစီများ အဖြစ်တင်သွင်းခြင်း၊ 
 
ယာဉ်အိုယာဉ်ဟောင်း စလစ်အားအဝေးပြေး Express ကားများအဖြစ် အဝေးပြေးကားဆွဲသူများမှ ပြန်လည်ဝယ်
ယူကာ ပြေးဆွဲခြင်း၊ ကုမ္ပဏီ၊ ကျောင်းများမှ ဖယ်ရီကားများအဖြစ် ၀ယ်ယူအသုံးပြုခြင်း၊ ၂၀၀၇ နှင့်အထက် စီးတီး ဘတ်စ်များအား လွတ်လပ်စွာတင်သွင်းခွင့်ပြုသော်လည်အဓိကတင်သွင်းသည့်ဂျပန်၊ကိုရီးယားနိုင်ငံများမှ ၂၀၀၇
 မော်ဒယ်ကားများမှာ ဈေးမြင့်သဖြင့် စီးပွားတွက်ခြေကိုက်မှုမရှိခြင်းကြောင့် စီးတီးဘတ်များအား ထင်သလောက် တင်သွင်းလာခြင်း မရှိသေးကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ၂၀၀၂ ခုနှစ် မော်ဒယ် စီးတီးဘတ်စ်များ တင်သွင်းရန် လာရောက်လျောက်ထားကြသောကုမ္ပဏီ ၁၃ခု၊စီးတီးဘတ်
စ်အစီးရေ ၁၀၀၀ အား ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ တင်သွင်းနိုင်ရန် ထောက်ခံချက်များ ပေးခဲ့ပြီးဖြစ်
ကြာင်း သိရသည်။
 
 

 Eleven Media Group

No comments:

Post a Comment