|
ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်)
|
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင်
ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေး
ခရီး ထွက်ခွာသွားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ဘရူနိုင်း နိုင်ငံဘုရင်မင်းမြတ်ဆူလတန် ဟာ
ဂျီဟာဆာနယ်
ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒိုလာ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ခြင်း
ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူအဖွဲဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်ဦးဝဏ္ဏမောင်
လွင်၊
ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊
ဒုတိယ
ဝန်ကြီးများ ဖြစ်ကြသည့် ဦးထင်အောင်၊ ဒေါက်တာ ဘရွှေ၊
ဒေါက်တာဝင်းမြင့်၊ ဦးဆက်အောင်တို့ လိုက်ပါ
သွားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment