Pages

Pages - Menu

Monday, December 3, 2012

တနင်္သာရီတိုင်းဒေသကြီးရှိ မောင်းမကန်ကမ်းခြေ အဆင့်မီကမ်းခြေဖြစ်လာတော့ မည်

မောင်းမကန်ကမ်းခြေ အပန်းဖြေစခန်း အဆင့်မီကမ်းခြေဖြစ်လာမည်
Sunday, 02 December 2012

တနင်္သာရီတိုင်းဒေသကြီးရှိ မောင်းမကန်ကမ်းခြေကို လာမည့် ၂ဝ၁၃ ခုနှစ်
ခာက်လအတွင်း နိုင်ငံတကာအဆင့် မီကမ်းခြေအဖြစ်တနင်္သာရီတိုင်း
ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်းမကန်ကမ်းခြေကို ယခင်ဒေသခံတွေက တည်းခိုခန်းဆောက်ပြီး အပန်းဖြေစခန်းအဖြစ်သာ ဆောင်ရွက်ထား ခြင်းဖြစ်၍ ယခုအခါ အဆင့်မြှင့် တင်ပြီး ဟိုတယ်တွေကို မြေ ဧရိယာ ၈ ဒသမ ၇၅ ဧကပေါ်တွင် ကြယ်သုံးပွင့် အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသွားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြ သည့် နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်က ထက် ၅ဝ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း၊ သို့ရာတွင် ခရီး သွားကုမ္ပဏီများကမူ ယခင်ခရီးစဉ်များ အတိုင်းသာ ဆောင်ရွက် နေကြဆဲဖြစ်ကြောင်း၊ ရှိရင်းစွဲခရီးစဉ်များအစား ခရီးစဉ်အသစ် များ ရေးဆွဲပို့ဆောင်ပေးမည်ဆိုပါက လာရောက်မည့် ခရီး သည်များကို ပိုမိုဆွဲဆောင်စေနိုင်မည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

''ခရီးစဉ်တွေကို ပြောင်းလဲဖို့လိုပြီ။ တစ်ခါလာလည်း မန္တ လေး၊ ပြင်ဦးလွင်၊ အင်းလေး၊ ပုဂံဆိုတော့ ရိုးအီနေပြီ။ မြန်မာ ပြည်မှာ ကမ္ဘာလှည့်ခရီးသည်
တွေကို ပို့ရမယ့်နေရာတွေအများ ကြီးရှိပါတယ်''ဟု အဆိုပါလုပ်ငန်းရှင်က
ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ တိမ်မြုပ်ပျောက်ကွယ်နေ သည့် ပင်လယ်ပြင်ခရီးသွားလုပ်ငန်း (Marine Tourism) ကို ပြန်လည်ဖော်ထုတ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရှမ်းရိုးမ ခရီးသွားလုပ်ငန်းမှ လုပ်ငန်းရှင်ကဆို သည်။ ''အခုဒီလုပ်ငန်းကို ပြန်အကောင် အထည်ဖော်မယ်။ မြိတ်ကျွန်းစုဒေသ တွေမှာ ကျွန်းတွေအရမ်းများတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်ကို ကြည့် မလား၊ သန္တာကျောက်တန်း လှလှတွေ သဘာဝအတိုင်းရှိနေသေးတယ်။ ပြီး တော့ ဒေသခံတွေရဲ့
လူနေမှုဓလေ့ကို လည်း လေ့လာနိုင်သေးတယ်။ မြန်မာ့ ပင်လယ်သဘာဝ အလှအပတွေက သဘာဝအနေအထားအတိုင်း မပျက် ယွင်းသေးလို့ ထိုင်းခရီးသွား ကုမ္ပဏီတွေက မြန်မာ့အလှအပတွေပြပြီး လုပ် စားနေတာကြာပြီ''ဟု ဆက်လက်ပြော ကြားသည်။

ပင်လယ်ပြင် ခရီးသွားလုပ်ငန်းကို ယခင်က ဆောင်ရွက်ခဲ့ဖူးသော်လည်း
ဒေသခံများက စိတ်ဝင်စားမှုမရှိခြင်း၊ ကုန်ကျစရိတ်များ မြင့်မားခြင်း
တို့ကြောင့် ဆက်လက်လုပ်ကိုင်နိုင်စွမ်းမရှိဘဲ Culture Tour များကိုသာ ဆက်လက် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရ သည်။

ပင်လယ်ရေအောက်ရှုခင်းနှင့် ပတ်သက်၍ ဖီဂျီနိုင်ငံက ပို့စ်ဆွီဒန်အန်ဒါဆီး ရီဆော့စ်လိုမျိုး အကောင် အထည်ဖော် နိုင်မည်ဆိုပါက ခရီးသွား ဧည့်သည်များ၏ ဒေါ်လာငွေများကို သဲ့ယူသလိုရနိုင် မည်ဟု
နိုင်ငံတကာခရီးသွားလုပ်ငန်း များကို လေ့လာနေသူ တစ်ဦးကဆိုသည်။

အဆိုပါ ပို့စ်ဆွီဒန်အန်ဒါဆီးရီ ဆော့စ်တွင် ရေအောက်အိပ်ဆောင်များ အပြင် စားသောက်ဆိုင်ဘား၊ အားက စားရုံနှင့် မင်္ဂလာခန်းမတို့ပါဝင်ပြီး ရေ မျက်နှာပြင်အထက်တွင်လည်း ဟိုတယ် ခန်း၊ စားသောက်ဆိုင်၊ ဘား၊ ရေနွေး ချိုးခန်း၊ တင်းနစ်ကွင်းနှင့် ကျင်းကိုး ကျင်းပါ ဂေါက်ကွင်းကိုလည်း ဖန်တီးထားသည်။ 

ဟိုတယ်မှ စီစဉ်ပေးသော ရေယာဉ်ငယ်ဖြင့် ရေနေသတ္တဝါများနှင့် သန္တာကျောက်တန်းများကို အနီးကပ် ကြည့်ရှုခံစားနိုင်သည်။ ရေအောက် သဘာဝအလှအပခံစားရင်း ဇိမ်ကျကျ တည်းခိုလိုသူတို့အတွက် ရက်သတ္တတစ် ပတ်လျှင် တစ်ဦး ဒေါ်လာ ၁၅ဝဝဝ ပေး ပြီးလေ့လာသူများရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောကြားသည်။ 

ထားဝယ်ရေ နက်ဆိပ်ကမ်းစီမံကိန်းပြီးစီး၍ နိုင်ငံ တကာမှ စီးပွားရေး
လုပ်ငန်းရှင်များ အဝင်အထွက်များပြားလာပါက မောင်းမကန် ကမ်းခြေကို
နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် တည်ဆောက်နိုင်ပါကအောင်မြင်
နိုင်ကြောင်းလည်း အဆိုပါ ပုဂ္ဂိုလ်က သုံးသပ်ပြောကြားသွားသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ခရီးသည် အဝင်အထွက်များပြားလာ
သော ထားဝယ်မြို့တွင် ပုလဲဧကရီ၊ Golden Guest ၊ ပန်းဥယျာဉ်ဟိုတယ်၊ ထားဝယ်၊ ရွှေမောင်းသံဟိုတယ်တို့တွင် ခရီးသည်နှင့် ဝန်ဆောင်မှု
ပေးနိုင် သော အခန်းမမျှတကြောင်း ဒေသခံဟိုတယ် အသိုင်းအဝိုင်းမှ သိရသည်။

မြ၀တီ

တနင်္သာရီတိုင်းဒေသကြီးရှိ မောင်းမကန်ကမ်းခြေကို လာမည့် ၂ဝ၁၃ ခုနှစ် ခာက်လအတွင်း နိုင်ငံတကာအဆင့် မီ
ကမ်းခြေအဖြစ်တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်မှအကောင်အထည်ဖော်
ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်းမကန်ကမ်းခြေကို ယခင်ဒေသခံတွေက တည်းခိုခန်းဆောက်ပြီး အပန်းဖြေစခန်းအဖြစ်သာ ဆောင်ရွက်
ထား ခြင်းဖြစ်၍ ယခုအခါ အဆင့်မြှင့် တင်ပြီး ဟိုတယ်တွေကို မြေ ဧရိယာ ၈ ဒသမ ၇၅ ဧကပေါ်တွင် ကြယ်သုံးပွင့် အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသွားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြ သည့် နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုမှာ ပြီးခဲ့သည့်
နှစ်က ထက် ၅ဝ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း၊ သို့ရာတွင် ခရီး သွားကုမ္ပဏီများကမူ ယခင်ခရီးစဉ်များ အ
တိုင်းသာ ဆောင်ရွက် နေကြဆဲဖြစ်ကြောင်း၊ ရှိရင်းစွဲခရီးစဉ်များအစား ခရီးစဉ်အသစ် များ ရေးဆွဲပို့ဆောင်ပေး
မည်ဆိုပါက လာရောက်မည့် ခရီး သည်များကို ပိုမိုဆွဲဆောင်စေနိုင်မည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦး
က သုံးသပ်ပြောကြားသည်။

''ခရီးစဉ်တွေကို ပြောင်းလဲဖို့လိုပြီ။ တစ်ခါလာလည်း မန္တ လေး၊ ပြင်ဦးလွင်၊ အင်းလေး၊ ပုဂံဆိုတော့ ရိုးအီနေပြီ။ မြန်
မာ ပြည်မှာ ကမ္ဘာလှည့်ခရီးသည် တွေကို ပို့ရမယ့်နေရာတွေအများ ကြီးရှိပါတယ်''ဟု အဆိုပါလုပ်ငန်းရှင်က ပြော
ကြားသည်။

မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ တိမ်မြုပ်ပျောက်ကွယ်နေ သည့် ပင်လယ်ပြင်ခရီးသွားလုပ်ငန်း (Marine Tourism) ကို ပြန်လည်ဖော်ထုတ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရှမ်းရိုးမ ခရီးသွားလုပ်ငန်းမှ လုပ်ငန်းရှင်ကဆို သည်။ ''အခု
ဒီလုပ်ငန်းကို ပြန်အကောင် အထည်ဖော်မယ်။ မြိတ်ကျွန်းစုဒေသ တွေမှာ ကျွန်းတွေအရမ်းများတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်ကို ကြည့် မလား၊ သန္တာကျောက်တန်း လှလှတွေ သဘာဝအတိုင်းရှိနေသေးတယ်။ ပြီး တော့ ဒေသခံတွေရဲ့ လူနေမှုဓလေ့ကို လည်း လေ့လာနိုင်သေးတယ်။ မြန်မာ့ ပင်လယ်သဘာဝ အလှအပတွေ
က သဘာဝအနေအထားအတိုင်း မပျက် ယွင်းသေးလို့ ထိုင်းခရီးသွား ကုမ္ပဏီတွေက မြန်မာ့အလှအပတွေပြပြီး လုပ် စားနေတာကြာပြီ''ဟု ဆက်လက်ပြော ကြားသည်။

ပင်လယ်ပြင် ခရီးသွားလုပ်ငန်းကို ယခင်က ဆောင်ရွက်ခဲ့ဖူးသော်လည်း ဒေသခံများက စိတ်ဝင်စားမှုမရှိခြင်း၊ကုန်
ကျစရိတ်များ မြင့်မားခြင်း တို့ကြောင့် ဆက်လက်လုပ်ကိုင်နိုင်စွမ်းမရှိဘဲ Culture Tour များကိုသာ ဆက်လက်
 ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရ သည်။

ပင်လယ်ရေအောက်ရှုခင်းနှင့် ပတ်သက်၍ ဖီဂျီနိုင်ငံက ပို့စ်ဆွီဒန်အန်ဒါဆီး ရီဆော့စ်လိုမျိုး အကောင် အထည်ဖော်
 နိုင်မည်ဆိုပါက ခရီးသွား ဧည့်သည်များ၏ ဒေါ်လာငွေများကို သဲ့ယူသလိုရနိုင် မည်ဟု နိုင်ငံတကာခရီးသွားလုပ်
ငန်း များကို လေ့လာနေသူ တစ်ဦးကဆိုသည်။

အဆိုပါ ပို့စ်ဆွီဒန်အန်ဒါဆီးရီ ဆော့စ်တွင် ရေအောက်အိပ်ဆောင်များ အပြင် စားသောက်ဆိုင်ဘား၊ အားက စား
ရုံနှင့် မင်္ဂလာခန်းမတို့ပါဝင်ပြီး ရေ မျက်နှာပြင်အထက်တွင်လည်း ဟိုတယ် ခန်း၊ စားသောက်ဆိုင်၊ဘား၊ ရေနွေး ချိုး
ခန်း၊ တင်းနစ်ကွင်းနှင့် ကျင်းကိုး ကျင်းပါ ဂေါက်ကွင်းကိုလည်း ဖန်တီးထားသည်။

ဟိုတယ်မှ စီစဉ်ပေးသော ရေယာဉ်ငယ်ဖြင့် ရေနေသတ္တဝါများနှင့် သန္တာကျောက်တန်းများကို အနီးကပ် ကြည့်ရှုခံ
စားနိုင်သည်။ ရေအောက် သဘာဝအလှအပခံစားရင်း ဇိမ်ကျကျ တည်းခိုလိုသူတို့အတွက် ရက်သတ္တတစ် ပတ်
လျှင် တစ်ဦး ဒေါ်လာ ၁၅ဝဝဝ ပေး ပြီးလေ့လာသူများရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောကြားသည်။

ထားဝယ်ရေ နက်ဆိပ်ကမ်းစီမံကိန်းပြီးစီး၍ နိုင်ငံ တကာမှ စီးပွားရေးလုပ်ငန်းရှင်များအဝင်အထွက်များပြားလာ
ပါက မောင်းမကန် ကမ်းခြေကို နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် တည်ဆောက်နိုင်ပါကအောင်မြင် နိုင်ကြောင်း
လည်း အဆိုပါ ပုဂ္ဂိုလ်က သုံးသပ်ပြောကြားသွားသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ရီးသည်အဝင်အထွက်များပြားလာ သောထားဝယ်မြို့တွင်ပုလဲဧကရီ၊Golden
Guest ၊ ပန်းဥယျာဉ်ဟိုတယ်၊ ထားဝယ်၊ ရွှေမောင်းသံဟိုတယ်တို့တွင် ခရီးသည်နှင့် ဝန်ဆောင်မှု ပေးနိုင် သော
အခန်းမမျှတကြောင်း ဒေသခံဟိုတယ် အသိုင်းအဝိုင်းမှ သိရသည်။

မြ၀တီ

No comments:

Post a Comment