Pages

Pages - Menu

Thursday, November 22, 2012

မြန်မာအစိုးရတပ်များ KIA တပ်မဟာ(၂) ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်


ဗမာစစ်တပ်မှတပ်မ(၁)ခုဟာကချင်ပြည်နယ်မှာရှိတဲ့KIAတပ်မဟော(၂)ကိုတိုက်ခိုက်သိမ်းပိုက် ဖို့ ပြင်ဆင်
နေကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ဒေသခံများပြောပြချက် အရ ဗမာစစ်တပ်မှ စစ်ယာဉ် တန်း များနေ့စဉ်ဖြတ်သန်းသွားနေပြီးလက်နက်ကြီးများ၊အမြောက်များ၊ကျည်ဆံခဲယမ်းများပါပါရှိကြောင်းသိရပါ
တယ်။

လယ်မြေများ ပြန်မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံ၍ ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်

ဝါဝါဝင်း ကုမ္ပဏီရှေ့ ၂၂ရက် ကြာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့သော် လည်း ထူးခြားမှု တစုံတရာ မရှိ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ လယ် သမားများက ၎င်းတို့ လယ်ယာမြေများ ပြန်လည် မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံပြီး ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း----

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကို သုံးလအတွင်း တရုတ်ကုမ္ပဏီ တည်ဆောက်မည်

world's tallest building

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီး တစ်ခုကို တရုတ်ကုမ္ပဏီ တစ်ခုက (၃)လအတွင်း အပြီးသတ်တည်ဆောက်
ရန် စီစဉ်နေကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ချန်ရှားတွင် တည်ဆောက်မည့် Sky City
ဆိုသော အထပ်(၂၂၀)ပါ အဆောက်အအုံကြီးကို (၃)လဖြင့် ပြီးစီးအောင် တည်ဆောက်သွားရန် မိမိတို့ စီမံ
ကိန်း ရေးဆွဲထားကြောင်း တရုတ်အခြေစိုက် Broad Group ကုမ္ပဏီက ကြေညာခဲ့သည်။

အရှေ့တောင်အာရှ အားကစားပွဲအမီ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များ ရောင်းချပေးမည်


မြန်မာနိုင်ငံ၌ လာမည့်နှစ် ဇွန်လခန့်မှ စတင်ကာ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များကို အရှေ့တောင်အာရှ အားကစားပွဲအမီ ထုတ်လုပ်ရောင်းချသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက နိုဝင်ဘာ ၁၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ပြောသည်။

ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီးသွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား


နိုင်ငံတကာမီဒီယာအများစုကဘင်္ဂလာဒေခ်ျ့နိုင်ငံမှစက်လှေများဖြင့်ခိုးထွက်ပြီးမလေးရှားသို့ သွားလာနေကြ
သူများမှာမန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖေါက်ခံရ၍ထွက်ပြေးတိမ်းရှောင်လာရသူ ရိုဟင်ဂျာဆိုသူများ
ဖြစ်ကြောင်းထုတ်ဖေါ်ရေးသားနေကြခြင်းမှာမဟုတ်မမှန်ဘဲလိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသ
ည်ဟုဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက ယမန်နေ့က သတင်း ထုတ်ဖေါ် ရေးသားလိုက်သည်။

မြို့တော်ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြသူ အဖမ်းခံရ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyTZ-VPI4H4RyvfIjNOwgOrGW0iogn0IHikdgiwqHMtwx9VbGWWCl2s-FihJRDsLB-EW_VrkHr5JwEj_6zPtldgNLoiia_nMo4k_g7AdzOjFrTxsH7t7XRjew_QzcYYEwawgWbRFhLcQg/s200/shwe+myanmar+group.jpg



စစ်ကိုင်းတိုင်း ကောလင်းမြို့ နယ်တွင် ဖြစ်ပေါ်နေသော သစ်ခိုးထုတ်မှုများ တွင်  အောက်ခြေ ဝန်ထမ်းများ ပါဝင်ကြောင်း ဌာနဆိုင်ရာများသို့ တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက်အရေးယူမှု မရှိသောကြောင့်
ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုအောင်ကြည်မြင့်ကို ကျောက်တံတားရဲစခန်း
မှ မွန်းလွဲ တစ်နာရီခွဲခန့်တွင် ဖမ်းဆီး သွားကြောင်း သတင်းရရှိသည် ။

စည်းကမ်းမဲ့ ရဲတပ်သားတစ်ဦးကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝေဖန်ခံရ

 

ကူညီပါရစေဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့ 
ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ကျေးရွာ၌အသက်(၁၅)နှစ်အရွယ် အားရဲတပ်သားချစ်မွေး(အိမ်
ထောင်ရှင်)ကသားမယားအဖြစ်(၁၀)ရက်ခန့်ပြုကျင့်ခဲ့သည်ဆိုကာရဲစခန်းသို့တိုင်ကြားထားကြောင်း ကာယ
ကံရှင်များနှင့်တာဝန်ရှိ သူ အချို့ထံက သိရှိရ သည်။

တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ စည်းစိမ်ရှင်စားသောက်ဆိုင် မီးလောင်

တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့် ရှိ စည်းစိမ်ရှင်စားသောက်ဆိုင်
ဂက်စ်အိုး ဂက်စ်ယိုစိမ့်ရာမှ ညနေ ၅ နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စား
သာက်ဆိုင်တစ်ဆိုင်တည်းသာ လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ကွေးညွှတ်နိုင်မည့် မိုဘိုင်းလ်ဖုန်း Samsung ထုတ်လုပ်မည်


တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီး Samsungသည် ကွေးကောက်နိုင်သည့် Screenမျိုး တပ်ဆင်ထား
မည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားကို ထုတ်လုပ်ရောင်းချရန် စတင်လုပ်ဆောင်နေကြောင်းသိရသည်။ယင်းဖုန်း
အမျိုးအစားသစ်ကို Samsungက သုတေသန ပြုလုပ်မှု နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး လာမည့်နှစ်အ
တွင်း စတင်ရောင်းချသွားဖွယ် ရှိနေသည်။

UNAIDS ၏ ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ်


UNAIDS က ပေးအပ်သည့် အေအိုင်ဒီအက်စ် ရောဂါ ရှိသူများအား ခွဲခြား ဆက်ဆံခံရမှု မရှိရေး ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ် ကြောင်း အဆိုပါ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

ကမ္ဘာ့ အမြန်ဆုံးကား ဖြစ်လာမည့် SSC Tuatara

Thursday, November 22, 2012

လက်ရှိ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ထားတဲ့ ဂျာမနီ Bugatti Veyron များကို ကျော်ဖြတ်တော့မယ် ကား ဖြစ်ပါ
တယ်။ အမေရီကန် Shelby SuperCars ကုမ္မဏီက ထုတ်ပြီး SSC Tuatara လို့ အမည်ပေးထားပါတယ်။ ယခင် SSC Aero ပြီး နောက်ထပ် အသစ် မိတ်ဆက်မယ့်ကား ဖြစ်ပါတယ်။ 

မုံရွာကြေးနီစီမံကိန်းရှိရေများ ဓာတုအဆိပ်သင့်ဓာတ်များစွာ ပါဝင်နေ

ကြေးနီစီမံကိန်းရှိရေများသည် ဓာတုအဆိပ်သင့်ဓာတ်များစွာပါဝင်ကြောင်း နိုင်ငံတကာ စမ်းစစ်လေ့လာရေး၏ သုတေသနပြုချက်များအရ သိရသည်။
ကြေးနီမိုင်းတွင်းရှိ သောက်သုံးရေကိစ္စတစ်ရပ်အား သတင်းမရေးရန် (၇)ရက်သတင်းသမား၊ ဦးမျိုးမင်းဦးနှင့်အပေါင်းအပါများသည် မြန်မာယန်စီ/ မြန်မာဝမ်ပေါင်ကုမ္မဏီရှိ ပြန်ကြားရေးလက်ပါးစေ ဦးအောင်ဇော်ဦး ဆိုသူနှင့် ညှိနှိုင်းကာ သတင်းအမှောင်ချထားခဲ့ကြောင်းသိရသည်။
ဖော်ပြသတင်းဓာတ်ပုံကိုလည်း အသုံးမပြုကျရန် ဦးမျိုးမင်းဦးဆိုသူ သတင်းထောက်က တားမြစ်ခဲ့ကြောင်း မုံရွာအခြေစိုက်သတင်းသမားများထံမှသိရသည်။

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Monywa Times
Monywa Times
ကြေးနီစီမံကိန်းရှိရေများသည် ဓာတုအဆိပ်သင့်ဓာတ်များစွာပါဝင်ကြောင်း နိုင်ငံတကာ စမ်းစစ်လေ့လာရေး
၏ သုတေသနပြုချက်များအရ သိရသည်။

"အဓိပ္မါယ်ရှိသောလူ၊ တန်ဖိုးရှိသောဘ၀"

  • "အဓိပ္မါယ်ရှိသောလူ၊ တန်ဖိုးရှိသောဘ၀"
 
ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ
လိုက်နာကျင့်သုံးရမဲ့ဘ၀နေနည်းကောင်းတွေကို အခုလို သြ၀ါဒ ပေးတော်မူ
ခဲ့ပါတယ်...၊

* တောမီးသည်သစ်ရွက်ခြောက်ကိုလောင်လွယ်၏၊ သစ်ရွက်စိုကိုမတတ်နိုင်၊
မသူတော်မီးသည် မေတ္တာခမ်းသူကိုလောင်လွယ်၏၊
မေတ္တာဖျန်းသူကိုမတတ်နိုင်............။

*နံ့သာတုံးသည်မီးရှို့သူကိုမကျွမ်းမချင်း အနံ့ဖြင့်မွှေးစေ၏၊
သူတော်ကောင်းသည်ညှဉ်းဆဲသူကိုလည်း မသေမချင်းအကျိုးဆောင်၏။

*လူကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလှစ်ကောင်း၊ 
သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း၊

*ကျားကြောက်၍ ပြေးစဉ်ခွေးဟောင်သည်ကိုအရေးမယူရ၊
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကိုကြောက်၍ ပါရမီဖြည့်စဉ်)
မသူတော်ညှဉ်းသည်ကိုအရေးမယူရ၊

*ကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ၊ 
မကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ 

အချုပ်ကတော့ မပြည့်စုံတဲ့လောကကြီးထဲမှာ ငြိမ်းအေးမှု့ဆိုတဲ့ အနှစ်ကိုထုတ်ယူ နိုင်ရင် အကောင်းဆုံးဘ၀နေနည်းပါဘဲ...။
အားလုံးငြိမ်းချမ်းကြပါစေ။
နန်းမြင့်ဂျာနယ်၊ အတွဲ(၃)၊ အမှတ် (၁၁၃)

    ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ လိုက်နာကျင့်သုံး
    ရမဲ့ဘ၀နေနည်းကောင်းတွေကို အခုလို သြ၀ါဒ ပေးတော်မူခဲ့ပါတယ်...၊

မီးစက်ကိစ္စဆွေးနွေးစဉ် မီးပျက်၍ လွှတ်တော်အား ပထမဆုံးအကြိမ် နေရာပြောင်း ကျင်းပ

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်န၀မအကြိမ်အစည်းအဝေး
၌ ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံအား MISUBISHI M701D ဂတ်ဆာဗိုင်(၂)ခုအခမဲ့ ပေးမည်ဆိုသည့်ကိစ္စနှင့်ပတ်
သက် ၍ ဆွေးနွေးနေစဉ် မီးပျက်သွား၍ ပြည်သူ့လွှတ်တော်ခန်းမသို့ ပြောင်းရွှေ့ကျင်းပရကြောင်း လွှတ်တော်
ကိုယ်စားလှယ်များထံမှ သိရှိရသည်။

Apple အဆောက်အအုံသစ်ကြီး ၂၀၁၆ နှစ်လယ်လောက်မှ ဖွင့်လှစ်နိုင်မည်

Apple အဆောက်အအုံသစ်ကြီး ၂၀၁၆ နှစ်လယ်လောက်မှ ဖွင့်လှစ်နိုင်မည်

ပုံမှာ မြင်တွေ့နေရတာကတော့ Apple မှ အသစ်တည်ဆောက်မယ့် Apple ရုံးချုပ် ဖြစ်ပါတယ်။ 

တည်နေရာကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊  Cupertino မြို့ မှာ ဖြစ်ပြီး ၂.၈ မိုင် စတုရန်းပေ ကျယ်ဝန်းတဲ့ အဆောက်အအုံဖြစ်ပါတယ်။ သစ်ပင် ပေါင်း ၇၀၀၀ ကျော်နဲ့လည်း ဝန်းရံထားမှာ ဖြစ်ပါတယ်။ ယင်း အဆောက်အအုံကို Spaceship Campus လို့အမည်ပေးထားပြီး စတိဂျော့ ပါဝင်ခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလို့ ဆိုပါတယ်။ 

ယင်း အဆောက်အအုံ ကို တည်ဆောက်ဖို့အတွက် တောကိုရှင်းလင်းရ မှာ ဖြစ်ပါတယ်။ တားဆီးသူ များစွာ ရှိနေပါတယ်။ ဒီအတွက် သယ်ဆိုင်ရာ ဒေသခံ အစိုးရနဲ့ Apple တို့ ညှိနှိုင်းနေရပြီး ၂၀၁၄ လောက် မှ ဖောင်ဒေးရှင်း စတည်လို့ ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ၂၀၁၆ နှစ်လယ်လောက်မှပဲ တရားဝင် အသုံးပြုနိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ Apple ဝန်ထမ်းအားလုံးကို ယင်း Spaceship သို့ ပို့ဆောင်မယ်လို့ လည်း ပြောဆိုနေကြပါတယ်။ သို့ပေမယ့် အဆောက်အအုံ တည်ဆောက်ဖို့ ကတော့ ထင်ထားတာထက် ပိုမို ကြာနေအုံးမှာ ဖြစ်ပါတယ်။ 

ဒီဇိုင်းအားဖြင့် ထူးခြားနေပြီး သဘာဝတောတောင် အလယ်မှာ တည်ဆောက်ထားတဲ့ Apple ရဲ့  Spaceship Campus ဒီဇိုင်းကို ယခု လို မြင်တွေ့ ရပါတယ်။ 
--
Ref: bloomberg
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/apple_21.html

ပုံမှာ မြင်တွေ့နေရတာကတော့ Apple မှ အသစ်တည်ဆောက်မယ့် Apple ရုံးချုပ် ဖြစ်ပါတယ်။ တည်နေရာ
ကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Cupertino မြို့ မှာ ဖြစ်ပြီး ၂.၈ မိုင် စတုရန်းပေ ကျယ်ဝန်းတဲ့ အဆောက်
အအုံဖြစ်ပါတယ်။ သစ်ပင် ပေါင်း ၇၀၀၀ ကျော်နဲ့လည်း ဝန်းရံထားမှာ ဖြစ်ပါတယ်။ ယင်း အဆောက်အအုံကို Spaceship Campus လို့အမည်ပေးထားပြီး စတိဂျော့ ပါဝင်ခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလို့ ဆိုပါတယ်။

ပင်စင်စား သက်ကြီးရွယ်အို များကို ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင် နှင့် ခရိုနီများ

" ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင် နှင့် ခရိုနီများ "

   ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။  မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။
ဒါဆိုလျင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart card လုပ်(စား)သူ (Cronies)  များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် ( သိန်းပေါင်း၂၄၀၀၀) အသာလေးရသွားလေသည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . . 

ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ Smart card ကို ဘယ်ကရသလဲ။ နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် တကယ် ဒီလောက်( သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်) ကုန်ကျသလား ဆိုတာပါပဲ။ 
ဒီ Smart card ကလည်းတကယ် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။ နိုင်ငံဝန်ထမ်း ပင်စင်စားများက မသမာ လုပ်ကြလို့လား . . .

   ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။
အထူးသဖြင့် ဘ၀နေညိုချိန် နောက်ဆုံးရောက်ရှိတော့မည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား များကိုတော့ ချမ်းသာ ခွင့်ပေးလိုက်ကြပါဗျာ . . .

ဝါသနာ၊ စေတနာ၊ အနစ်နာခံ ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။


ref; ဒေါက်တာခင်မောင်ညို

ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ေ
ပးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်
ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။

ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးယာဉ်တိမ်းမှောက်မှုဖြစ်ပွား MRTV-4 ၀န်ထမ်း တစ်ဦး အပါအ၀င် ခရီးသည် ၁၉ ဦးဒဏ်ရာရ

ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အင်းစိန်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာသည့် မထသ ၄၈ မီနီဘတ်စ်တစ်စီးသည် ယနေ့နံနက် ၉ နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ 

"တစ်ခုခုကို ရှောင်လိုက်လို့ မှောက်သွားခဲ့တာ"ဟု ၄င်းကားပေါ်၌ စီးနင်းလိုက်ပါခဲ့သူ လှိုင်မြို့နယ်အတွင်း နေထိုင်သော အသက် ၄၅ နှစ်ခန့် ဦးသန်းရွှေကပြောသည်။

ကားပေါ်တွင် ခရီးသည် ၃၀ ဦးကျော် စီးနင်းလိုက်ပါခဲ့ပြီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၀ ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသ်ည။ 

သို့သော် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယာဉ်နောက်လိုက်မှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အင်းစိန်မှ လှည်းတန်းဘက်သို့ မောင်းနှင်
လာသည့် မထသ ၄၈ မီနီဘတ်စ်တစ်စီးသည် ယနေ့နံနက် ၉ နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။

အမေရိကန်တက္ကသိုလ်များသို့ တက်ရောက် နိုင်မည့် ပညာရေး လမ်းကြောင်း များ ထွက်ပေါ်

အမေရိကန်တက္ကသိုလ်များသို့ တက်ရောက် နိုင်မည့် ပညာရေး လမ်းကြောင်း များ ထွက်ပေါ်

21 NOVEMBER 2012  

အမေရိကန်တွင် ပညာ သင်ကြား လိုသည့် ကျောင်းသူ၊ ကျောင်း သားများ အနေဖြင့် တက္ကသိုလ်
များသို့ တိုက်ရိုက် လျှောက်ထား နိုင်သည့် ပညာရေး လမ်းကြောင်း သစ်များကို ရွေးချယ်လျှောက်ထား နိုင်ပြီး အဆိုပါ ပညာရေးလမ်း ကြောင်းများမှ တစ်ဆင့်လျှောက် ထားပါက ၁၀ တန်းဖြေဆိုအောင် မြင်ပြီးသူများအတွက် SAT ရမှတ် များ တင်ပြစရာ မလိုဘဲ ကျောင်းဝင် ခွင့် လျှောက်ထားနိုင်ကာ Post Graduate ပညာရေး လမ်းကြောင်း များမှ တစ်ဆင့် လျှောက်ထားပါ ကလည်း GRE/GMAT ရမှတ်များ တင်ပြစရာမလိုဘဲ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်များသို့ လျှောက်ထား ဝန်ဆောင်မှုပေးသည့် CROWN Education မှ တာဝန်ရှိသူတစ်ဦး မှ ပြောကြားသည်။
 
မြန်မာကျောင်းသားများ အ နေဖြင့် အမေရိကန်တက္ကသိုလ် ကောလိပ်များသို့ လျှောက်ထားရာ တွင် တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားခြင်း၊ ပုဂ္ဂလိက ကောလိပ်များသို့ လျှောက်ထား ခြင်းနှင့် ကွန်မြူနတီ(အစိုးရ) ကော လိပ်များသို့ လျှောက်ထားခြင်းဟူ၍ ခွဲခြားနိုင်သည်။
တက္ကသိုလ်များသို့ လျှောက် ထားရာတွင် နိုင်ငံတကာကျောင်းသားများအတွက် အထူးစီစဉ်ထား သည့် အမေရိကန်တက္ကသိုလ်များ ၏ ပထမနှစ် (Freshman)နှင့် ညီမျှသော University Pathway Program (UPP) သို့ တိုက်ရိုက် လျှောက်ထားတက်ရောက်နိုင်ပြီး အဆိုပါ ပညာရေးလမ်းကြောင်း မှတစ်ဆင့် တက္ကသိုလ်ဒုတိယနှစ် (Sophmore)၊ တတိယနှစ် (Junior) နှင့် စတုတ္တနှစ် (Senior) တက်ရောက်ကာ ဘွဲ့ရယူနိုင်ပါ သည်။
အဆိုပါ တက္ကသိုလ်များတွင် ပညာသင်ကြားရန်စရိတ် တစ်နှစ် လျှင် ဒေါ်လာနှစ်သောင်းကျော် ကုန်ကျနိုင်သည်။ အမေရိကန်ရှိ ပုဂ္ဂလိက ကောလိပ် များသည် အစိုးရ ထောက်ပံ့ ကြေးများဖြင့် လည်ပတ်သည့် ကျောင်းများမဟုတ်သဖြင့် ကျောင်း လခ အပါအဝင် နေထိုင်စား သောက်စရိတ် စုစုပေါင်း တစ်နှစ် လျှင် ဒေါ်လာ ၄ သောင်း မှ ၅ သောင်း အထိ ကုန်ကျလေ့ရှိ သည်။
ပညာရေး ထူးချွန်မှု မှတ် တမ်းများ တင်ပြနိုင် သည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် (ဥပမာ ၁၀ ကို ထူးချွန်စွာ အောင်မြင်ခြင်း၊ iGCSE ရမှတ်များ ကောင်းခြင်း) TOEFL သို့မဟုတ်IELTS တစ်ခုခု ရမှတ်ကောင်း တင်ပြခြင်း၊ SAT (I &II) ရမှတ်များ တင်ပြခြင်းဖြင့် ပညာ သင် ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းအထိ လျှောက် ထားနိုင်သည်။
အစိုးရ ကောလိပ်များဖြစ် သော ကွန်မြူနတီ (Community College) ခေါ် ဂျူနီယာကောလိပ် (Junior College)များသို့ လျှောက် ထားရာတွင် ၂ နှစ်တက် ရောက်ပြီး Associate Degree အဖြစ်ရရှိ နိုင်ကာ အချို့သော ကောလိပ်များ အနည်းငယ်သာ ၄ နှစ် ဒီဂရီ လေ့လာသင်ယူနိုင်သည်။
အဆိုပါ ကောလိပ်များမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏အထောက်အပံ့ရရှိသဖြင့် တစ်နှစ် ကုန်ကျ စရိတ်ဒေါ်လာ (၇၀ဝ၀- ၈၀ဝ၀) ခန့်သာ ကုန်ကျနိုင်ပြီး ကျောင်းများ လျှောက်ထားရာတွင် SAT ရမှတ်များ တင်ပြရန်မလို အပ်ပါ။
အမေရိကန် ကျောင်းဝင်ခွင့် များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှ တာဝန် ရှိသူများနှင့် အသေးစိတ်တိုင်ပင် ဆွေးနွေးနိုင်ရန် CROWN Education မှ စီစဉ်ပေးလျက်ရှိပြီး CROWN Education ဖုန်းနံပါတ် ဝ၉-၇၃၂၇၃၂၇၇ နှင့် ဝ၉- ၅၀၈၅၁၈၅ တို့တွင် ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အေးချမ်းမွန်မှ  MOBILE GUIDE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :MOBILE GUIDE

21 NOVEMBER 2012

အမေရိကန်တွင် ပညာ သင်ကြား လိုသည့် ကျောင်းသူ၊ ကျောင်း သားများ အနေဖြင့် တက္ကသိုလ်
များသို့ တိုက်ရိုက် လျှောက်ထား နိုင်သည့် ပညာရေး လမ်းကြောင်း သစ်များကို ရွေးချယ်လျှောက်ထား နိုင်ပြီး အဆိုပါ ပညာရေးလမ်း ကြောင်းများမှ တစ်ဆင့်လျှောက် ထားပါက ၁၀ တန်းဖြေဆိုအောင် မြင်ပြီးသူများအ
တွက် SAT ရမှတ် များ တင်ပြစရာ မလိုဘဲ ကျောင်းဝင် ခွင့် လျှောက်ထားနိုင်ကြောင်းသိရှိရသည်။

လယ်တီ သပိတ်စခန်း ရိက္ခာ၊ ဆေးဝါးနှင့် သောက်ရေ ခက်ခဲလာ

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး ဆန္ဒပြနေသည့် လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့တော်မူခဲ့ရာ တောင်ပေါ် အမှတ် ၂ သပိတ်စခန်းတွင် ရိက္ခာ၊သောက်သုံးရေနှင့် ဆေး
ဝါး အခက်အခဲ ဖြစ်ပေါ်နေကြောင်း သပိတ်စခန်း တာဝန်ရှိသူတဦး က ပြောသည်။

မျက်စိခွဲစိတ်ကုသမှု ခံယူထားရတယ်ဆိုတဲ့ မယ်လိုဒီ

မျက်စိခွဲစိတ်ကုသမှု ခံယူထားရတယ်ဆိုတဲ့ မယ်လိုဒီ

ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးတာကို ခဏနားထားတဲ့ သရုပ်ဆောင် အဆိုတော် မယ်လိုဒီက အနုပညာနဲ့ပတ်သက်ပြီး ဇာတ်ကားတွေမရိုက်ပေမယ့် လက်ရှိမှာ ကြော် ငြာတွေ၊ ဂျာနယ်၊ မဂ္ဂဇင်းအတွက် အလှဓာတ်ပုံတွေ ရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူနဲ့ တွေ့ဆုံခိုက် သူရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက် မှုတွေကို မေးမြန်းခဲ့ပါတယ်။

Q အနုပညာရှင်တစ်ယောက်အတွက် အလှအပက အရေးပါတယ်လို့ ယူဆထားသလား။ 

အနုပညာရှင် တစ်ယောက်အတွက် အလှအပက ရာနှုန်းပြည့် အရေးပါတယ်လို့တော့ မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုရင် လှမှမင်းသမီးဖြစ်တာမဟုတ်ဘူး။ သရုပ်ဆောင်တစ်ယောက်အတွက် သရုပ်ဆောင် ပီပြင်ဖို့၊ သရုပ်ဆောင်ကောင်းဖို့က ပိုအရေးကြီးတယ်။ ဒါပေမဲ့ လှနေရင်တော့ ပိုကောင်းတာပေါ့နော်။

Q မယ်လိုဒီ့အနေနဲ့ကော အလှအပနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ ဂရုစိုက်မှုရှိ သလဲ။ 

မျိုးက အသားအရေလှပဖို့အတွက် တကူးတကကြီး ဂရုစိုက်တာမျိုး မရှိဘူး။ လိုးရှင်းလိမ်းတာက စေးကပ်ကပ် ဖြစ်နေတဲ့အတွက် မကြိုက်ဘူး။ Body Scrub တွေကိုလည်း ဆိုင်မှာမလုပ်ဘူး။ ကိုယ့်ဘာသာကိုယ် ဆေးဝယ်ပြီး အိမ်မှာလုပ်တယ်။ ခြေသည်း၊ လက်သည်း၊ ခေါင်းလျှော်တာတွေကအစ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ လုပ်တယ်။ တစ်မျိုးပြောရရင် Home Spa လုပ်တာပေါ့နော်။

Q ကျန်းမာရေးနဲ့ပတ်သက်ပြီး ထွေထွေထူးထူး ဂရုစိုက်တာမျိုး၊ ကြိုတင်ကာကွယ်တာ မျိုး ရှိသလား။ 

မျိုးက ကျန်းမာရေးအတွက် နှစ်စဉ် ပုံမှန် Medical Check-up ပြုလုပ် တယ်။ မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင် ဆာကာကွယ်ဆေးက အခုမှထိုးတာ ခေတ် စားလာတာ။ မျိုးက ဒီမှာ မကြော်ငြာခင် ကတည်းက ထိုးထားတာ ကြာပြီ။ ဒီလိုကာ ကွယ်တာက အမျိုးသမီးတစ်ယောက် အတွက် အရမ်းအရေးကြီးပါတယ်။

Q မယ်လိုဒီ ဟိုတစ်လောက မျက်လုံး နဲ့ပတ်သက်ပြီး ပြည်ပမှာ သွားရောက် ပြသခဲ့တယ်ဆို။ 

မျိုးက မျက်စိစွန်တာ သူများတွေလို အပြင်မှာ စွန်တာမဟုတ်ဘူး။ အတွင်းမှာ မျကစ်စွနပြီး မျက်လုံးကို နည်းနည်းဝါးတယ်။ ပထမကတော့ မျက်လုံးက နည်းနည်းဝါး တယ်။ နောက်ပြီး အရမ်းပူတဲ့ ဒဏ်တွေ ကို မခံနိုင်ဘူး။ မိန်းကလေးတစ်ယောက်က မီးဖိုချောင် မှာ ဟင်းဝင်ချက်တာ ဟင်းငွေ့တွေကြောင့် မျက်လုံးကို ထိခိုက်စရာ မရှိဘူးဆိုပေမယ့် မျိုးက အဲဒီဟင်းငွေ့ရဲ့ အပူဒဏ်တောင် မခံနိုင်ဘူး။ ဟင်းငွေ့ဟပ်ပြီး မျက်ကြည် လွှာ အမြှေးပါးထိသွားတဲ့အတွက် အရင်တစ်ခါ Operation လုပ်ထားတာကို သွားပြန်ပြရတာပါ။ အခုတော့ ကောင်းနေပါပြီ။

Q မယ်လိုဒီ ဝိတ်ကျသွားတယ်နော်။ ဝိတ်ကျသွားတယ်ဆိုတာက စိတ်ဆင်းရဲလို့ပါ။ 

အခုချိန်မှာ စိတ်အဆင်းရဲဆုံးက အမေ့အတွက်ပဲ။ အမေက မျိုးကို စိတ်ဆင်းရဲအောင် လုပ်တာမဟုတ်ပါ ဘူး။ အမေရဲ့ ကျန်းမာရေးအခြေအနေကြောင့်ပါ။ မျိုး ဘဝမှာ အမေ့ကိုလည်း ဆုံးရှုံးမခံနိုင်ဘူး။

Q လေ့ကျင့်ခန်းတွေကော ပြုလုပ်ဖြစ်နေသလား။ 

လေ့ကျင့်ခန်းတွေတော့ မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ မျိုးက အိပ်ရာခင်းတွေ လျှော်တဲ့အခါ ပထမဆုံး ရေ အရင်ဆေးတယ်၊ ဆပ်ပြာမှုန့်စိမ်ပြီး ပထမတစ်ကြိမ် သွန်လိုက်တယ်၊ နောက်တစ်ကြိမ် ဆပ်ပြာမှုန့်စိမ်ပြီးမှ လျှော်လေ့ရှိတယ်။ လျှော်ရင်လည်း ထိုင်ပြီး လျှော်တာ မကြိုက်ဘူး။ ထိုင်ထလုပ်ပြီး လျှော်ရတာ 
ကြိုက်တယ်။ ဒီလိုလုပ်တာက ခါးလည်းမနာဘူး။ ဝိတ်ကိုလည်း ထွေ ထွေထူးထူး ချစရာမလိုတော့ဘူး။ ရေခပ်ရင်လည်း ကုန်းမခပ်ဘူး။ ဒူးကိုကွေးပြီး ခပ်တယ်။ အဲဒီလို လုပ် တာ အရမ်းသိသာတယ်။ ကိုယ့်အတွက် လေ့ကျင့်ခန်းလို ဖြစ်နေတယ်။ ခါးနာတာ၊ ဒူးနာတာလည်း မဖြစ်ဘူး။

Q အခုလက်ရှိ မယ်လိုဒီရဲ့ မျက်လုံးနဲ့ပတ်သက်ပြီး ဘယ်လိုဂရုစိုက်နေရလဲ။ 

မျက်လုံးနဲ့ပတ်သက်ပြီး မျိုး မိတ်ကပ်တွေ သိပ်မလိမ်းဘူး။ နောက် မျိုးက မျက်လုံးအတွင်းမှာ ဆိုးရတဲ့ အိုင်းလိုင်နာနဲ့ မတည့်ဘူး။ ဆွဲလိုက်တဲ့အခါမှာ မျက်လုံး က ရဲပြီး အဆင်မပြေဘူး။ ဒါ ကြောင့် အဲဒါကို ရှောင် တယ်။ တကယ်လို့ ပွဲတွေရှိတဲံအခါ အိုင်းလိုင်နာဆိုးဖြစ် ရင်လည်း ပွဲပြီးတာနဲ့ ချက်ချင်း ပြန်ဖျက်တယ်။

By Good Health

ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးတာကို ခဏနားထားတဲ့ သရုပ်ဆောင်အဆိုတော် မယ်
လိုဒီက အနုပညာနဲ့ပတ်သက်ပြီး ဇာတ်ကားတွေမရိုက်ပေမယ့် လက်ရှိမှာ ကြော် ငြာတွေ၊ ဂျာနယ်၊ မဂ္ဂဇင်းအ
တွက် အလှဓာတ်ပုံတွေ ရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူနဲ့ တွေ့ဆုံခိုက် သူရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက် မှုတွေကို မေးမြန်းခဲ့ပါတယ်။

ဒီမိုကရေစီ တကယ်လိုလားရင် ဖွဲ့စည်းပုံကို ပြင်မှဖြစ်မယ်လို့ ဒေါ်စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အာင်ဆန်းစုကြည်ကဒီမိုကရေစီတကယ်လိုလားရင်ဒီမိုကရေ
စီနည်းမကျတဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့လိုကြောင်း ပြောဆိုလိုက်ပါ တယ်။

မီတာဘီလ်များကို အွန်လိုင်းမှပေးဆောင်နိုင်ပြီ

အွန်လိုင်းမှမီတာဆောင်နိုင်သောစနစ်ကိုနေပြည်တော်နှင့် မန္တလေးမြို့ တွင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ အဆိုပါဘဏ်တွင် Online Payment အကောင့် တစ်ခု ဖွင့် ကာ
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အသရေဖျက်မှုဖြင့် PDP ပါတီ ခေါင်းဆောင်များ အဖမ်းခံထားရ

မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမိုကရေစီပါတီ (People Democracy Party – PDP) ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး မမှန်မကန်စွပ်စွဲမှု၊ အသရေ ဖျက်မှုတို့ဖြင့် ကချင်ပြည်နယ်အစိုးရက တရားစွဲဆိုထားသဖြင့် သက်ဆိုင် ရာဒေ သများ၌ တရား ရင်ဆိုင်နေရပြီး အာမခံမရဘဲ ဖမ်းဆီးခံထား ရကြောင်း PDP    ပါ တီ က ပြောသည်။

လာမည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများတွင် မိုဘိုင်းဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်း ကျင် အထိ ကျဆင်းမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (သတင်းအချက်အလက်နှင့် နည်းပညာ ဌာန) မှ UMTS/3G လိုင်း တစ်သန်း တပ်ဆင်တိုးချဲ့မည်ဖြစ်ကြောင်းသိရ သည်။ယင်းကြောင့် လာမည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများတွင် မိုဘိုင်း ဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်းကျင်အထိ ကျဆင်းနိုင် ဖွယ်ရှိကြောင်း သိရသည်။

"ရန်ကုန် တက္ကသိုလ်တွင် ၁၇ နှစ်ကြာ တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ဂုဏ်ထူးတန်း လာမည့်ပညာသင်နှစ်တွင် ပြန်လည်စတင်မည်"

၁၉၉၆ခုနှစ်aနာက်ပိုင်း၁၇နှစ်ကြာဂုဏ်ထူးတန်းတက်ရောက်ခွင့်ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင်
လာမည့်ပညာသင်နှစ်မှစတင်ပြီးဦးရေသတ်မှတ်၍ပြန်လည်လက်ခံသင်ကြားပေးသွားရန် ပညာရေးဝန်ကြီး
ဌာနမှ ညွှန်ကြားထားကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် အကျဉ်းကျ ခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား လွတ်မြောက် လာကြောင်းသတင်းရရှိ




တပ်မတော် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ် ကျခံ ခဲ့ရ
သော နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သော ဦးသိန်းထွန်းသည်။  အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ် အတွင်း ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် အရ လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ဝင်များ ၏ ပြောကြားချက် အရ သိရသည်။

ASEAN လူ့အခွင့်အရေး ကြေညာစာတမ်းကို အမေရိကန် ဝေဖန်




အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN မကြာသေးခင်ကပဲ အတည်ပြုခဲ့ တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေ
ညာစာတမ်းဟာ နိုင်ငံ တကာ စံချိန် စံညွှန်းတွေ နဲ့ မကိုက်ညီဘဲ ဒေသတွင်းမှာ ဖိနှိပ်အုပ်ချုပ်တဲ့အစိုးရတွေ
က သူတို့အကျိုးအတွက် တလွဲအသုံးချနိုင် တယ်လို့ အမေရိကန်ပြည်ထောင်စု က သတိပေးလိုက်ပါတယ်။

အိုဘားမားမှ ဒေါ်အောင်ဆန်းစုကြည်အား နမ်းခြင်းအပေါ် NLD ပါတီဝင်ဟောင်းများမှ ဆန္ဒပြမည်


မြန်မာနိုင်ငံသိုအမေရိကန်သမ္မတဘားရက်အိုဘားမားလာရောက်စဉ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်
အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။

နျူကလီယားမပြန့်ပွားရေး မြန်မာလက်မှတ်ထိုးမည်

နျူကလီယားထုတ်လုပ်ရာမှာ အသုံးပြုသည့် အစိတ်အပိုင်းများကို မြန်မာပြည်အတွင်းမှာ တွေ့ရစဉ်



မြန်မာအစိုးရကအဏုမြူလက်နက်မပြန့်ပွားရေးနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲလိုက်နာရမယ့် အချက်
တွေကိုနိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီIAEA နဲ့ သဘောတူ လက်မှတ်ရေးထိုးဖို့ သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လက်ပန်းတောင်းတောင် သပိတ်စခန်း ၄ ခုအထိ တိုးချဲ့ဖွင့်လိုက်ပြီ

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကိုကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေဟာ
နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သပိတ်စခန်း (၄) ခုအထိဖွင့်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

အစ္စရေးနှင့်ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရ


gaza bombing

ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေးအစ္စရေးနှင့်ဟားမတ်စ်တို့သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးကထုတ်ပြန်ကြေညာသည်။ထို့အတူ အစ္စရေးဝန်ကြီးချုပ်နက်တန်ယာဟူကလည်း
 အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားသည်။

အစ္စရေးဒုဝန်ကြီးချုပ်၏ အင်တာနက်အကောင့်များ hack လုပ်ခံရ

israel deputy pm facebook

အစ္စရေး ဒုတိယဝန်ကြီးချုပ် ဆေလ်ဗန်ရှလွန်းမ်၏ Facebook, Twitter, LinkedIn နှင့် YouTube အကောင့်များ hack လုပ်ခံရပြီး ပါလက်စတိုင်း ထောက်ခံအားပေးသည့် status updates များ တင်သွားခဲ့ကြောင်း သိရသည်။ အစ္စရေး ဒုတိယဝန်ကြီးချုပ်၏ အကောင့်များကို မိမိတို့ hack လုပ်ခဲ့ကြောင်း zCompanyHackingCrew (ZHC) က ထုတ်ဖော်ပြောကြားသည်။

အမေရိကန်သမ္မတဘားရက်အိုဘားမား မိန့်ခွန်းအပေါ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ သဘောထားအမြင်နှင့်အနာဂါတ်မြန်မာ့ဒီမိုကရေစီ

အမေရိကန်သမ္မတဘားရက်အိုဘားမား မိန့်ခွန်းအပေါ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် --------------------------------------------------------------------------------------------------------------မင်းကိုနိုင်၏ သဘောထားအမြင်နှင့်အနာဂါတ်မြန်မာ့ဒီမိုကရေစီ
-------------------------------------------------------------------


လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး သူ့အတွေးအမြင်က လက်ခံနိုင်ဖွယ် ရှိပါတယ်။ သူပေးနိုင်တဲ့ ကျွန်တော်တို့ အနာဂတ်အတွက်
ပူးပေါင်းဆောင်ရွက်မှုက အားရစရာ ကောင်းတယ်။ သူရွေးချယ်လိုက်တဲ့ ဒီနေရာရဲ့ တန်ဖိုးကိုလည်း သိတယ်။ သမိုင်းတန်ဖိုးတွေကို သူအကုန်သိတယ်။ တော်ရုံ ဒီကနေ့ ခေတ် ကလေးတွေတောင်
မသိတဲ့ ဦးသန့်ကို ဒီကမွေးတယ်။ အမျိုးသားခေါင်းဆောင် ကိုအောင်ဆန်းကို ဒီကမွေးခဲ့တယ်ဆ
ိုတာ သိတယ်။ ကျွန်တော်တို့ ဒီနယ်မြေဟာ တစ်ချိန်လုံး အနှိမ်ခံခဲ့ရတဲ့နယ်မြေ၊ တကယ်ကို ကျွဲတွေ နွားတွေလို အမောင်းခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဘူမိနက်သန်ဟာ နောက်ဆုံး သမိုင်းတစ်ပတ်လည်လာတဲ့အခါမှာ အမှန်တရားကပြန်ပြီး အောင်ပွဲခံပါတယ်။ ဒါကိုတော့ ကျွန်တော့်စိတ်ထဲမှာ ကျေနပ်အားရ အရှိဆုံးပါ။ သူမြင်တာတွေ ပြောသွားလည်း နားထောင်ရမှာပေါ့။ အမြင်တူတာ မတူတာတွေတော့ အများကြီးရှိတာပေါ့။ သို့သော်လည်းပဲ ဒီမြန်မာနိုင်ငံဟာ တကယ်ကို မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးက အားပေးနေတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ရလိုက်တယ်။ ကျွန်တော်တို့ ရိုးရိုးသားသား ဆက်ပြီးတော့ လျှောက်ဖို့ပဲ လိုတယ်။ ပြီးတော့ နောက်ကြောင်း ပြန်ချင်တဲ့ သူတွေရဲ့အားနဲ့ ကျွန်တော်တို့နဲ့ အားပြိုင်ရမှာတွေတော့ ရှိပါတယ်။ ဒါကတော့ ဘယ်ခေတ်မှာမဆို အသွင်ကူးပြောင်းရေး ကာလတွေမှာ ကြုံရတဲ့ ကိစ္စတွေပါ။ ဘယ်လိုပဲပြောပြော ကမ္ဘာကြီးတစ်ခုလုံးဟာ ကျွန်တော်တို့ ပြည်သူတွေဘက်မှာ ရှိနေတယ်ဆိုတာ အဲဒီအသိကို ရလိုက်တဲ့အတွက် ပြည်သူတွေအားလုံးလည်း ပိုပြီးတော့ အားရှိသွားမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း တက်လာပါမယ်။ ကျွန်တော်တို့ ဘာကိုအဖြေရလိုက်လဲဆိုတော့ ဒီမိုကရေစီလိုချင်ရင် ကျွန်တော်တို့ကိုယ်တိုင် ကျင့်ယူရမယ်ဆိုတာ ရလိုက်တယ်။ သမ္မတအိုဘားမားနဲ့ တွေ့ဖို့လာတဲ့ကိစ္စကို ကျွန်တော့်ကို မီဒီယာတစ်ခုက အင်တာဗျူးမှာ ပြောပါတယ်။ ဘွဲ့ရ၀န်ထမ်းတွေကိုသွားပြီး အင်တာဗျူးလုပ်တာပါ။ တစ်ချို့က ရဲရဲတင်းတင်း မဖြေရဲဘူး။ ၀န်ထမ်းတွေ ဖြစ်နေလို့တဲ့။ အစိုးရ၀န်ထမ်းတင်မက ကုမ္ပဏီဝန်ထမ်းတောင် မဖြေရဲဘူး။ အဲ့ဒါဆိုရင် ဒီမိုကရေစီရဖို့ သိပ်ခက်သွားလိမ့်မယ်။ အငြင်းပွားစရာမရှိတဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုကို ရဲရဲတင်းတင်း ဖြေကြဖို့လိုတယ်။ ဘယ်သူတွေက သတ္တိရှိလဲဆိုတော့ တက္ကစီသမားတွေ၊ ခေါင်းရွက် ဗျက်ထိုးဈေးသည်တွေက ရဲရဲဝံ့ဝံ့ပြောရဲတယ်။ အဲဒီလို ရဲရင့်မှုမျိုးဟာ ပညာတတ်အသိုင်းအ၀ိုင်းမှာ ရှိဖို့လိုပါတယ်။ ပညာတတ်တွေက ဦးဆောင်ရမယ့်အစား စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကိုယ့်ကိုကိုယ် ကိုယ်လေးကျုံ့ထားတာ မမြင်ချင်တော့ဘူး။ ရင်ကော့ပြီးတော့ အရာရာကို ရင်ဆိုင်တာမျိုး ဖြစ်စေချင်ပါတယ်။ (EMG)

လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး သူ့အတွေးအမြင်က လက်ခံနိုင်ဖွယ် ရှိပါတယ်။ သူပေးနိုင်တဲ့ ကျွန်တော်
တို့ အနာဂတ်အတွက်ပူးပေါင်းဆောင်ရွက်မှုက အားရစရာ ကောင်းတယ်။ သူရွေးချယ်လိုက်တဲ့ ဒီနေရာရဲ့ တန်ဖိုးကိုလည်း သိတယ်။ သမိုင်းတန်ဖိုးတွေကို သူအကုန်သိတယ်။ တော်ရုံ ဒီကနေ့ ခေတ် ကလေးတွေ
တောင်မသိတဲ့ ဦးသန့်ကို ဒီကမွေးတယ်။

ကွန်ဂိုနိုင်ငံရှိ အရေးပါသော မြို့တစ်မြို့ကို သူပုန်များက ဝင်ရောက်သိမ်းပိုက်

ကွန်ဂိုနိုင်ငံရှိ အရေးပါသော မြို့တစ်မြို့ကို သူပုန်များက ဝင်ရောက်သိမ်းပိုက်

ကွန်ဂိုနိုင်ငံ အရှေ့ဖျား မြို့တော်သို့ M23 သူပုန်တပ်များ အလုံးအရင်း ချဉ်းကပ်လာချိန်တွင် ကုလသမဂ္ဂ ငြိမ်း
ချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များက သေနတ် တစ်ချက်ပင် မဖောက်ဘဲ ဆုတ်ခွာခဲ့ခြင်းမှာအကြီးအကျယ် မေး
ခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ဘင်နီတက်ဇ်အား မန်နေဂျာအဖြစ် ချယ်လ်ဆီးခန့်အပ်မည်

ဘင်နီတက်ဇ်အား မန်နေဂျာအဖြစ် ချယ်လ်ဆီးခန့်အပ်မည်

ချယ်လ်ဆီးအသင်းသည် ယနေ့ ထုတ်ပယ်လိုက်သော မန်နေဂျာ ရာဘတ်တို ဒီမက်တီယို၏ နေရာအတွက် ယခင် လီဗာပူးလ်မန်နေဂျာဖြစ်သူ ဘင်နီတက်ဇ်အား ၁၂ နာရီအတွင်း စာချုပ်ချုပ်ဆို ခန့်အပ်သွားမည်ဖြစ်
ကြောင်း BBC Sport က ပြောကြားသည်။

၂၀၀၈ ခုနှစ် မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှု တရားခံအား ကြိုးပေးသုတ်သင်

၂၀၀၈ ခုနှစ် မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှု တရားခံအား ကြိုးပေးသုတ်သင်

လူပေါင်း (၁၆၆)ဦးကို သေဆုံးစေခဲ့သည့် နာမည်ကျော် မွမ်ဘိုင်း အကြမ်းဖက်မှုကြီးတွင် နောက်ဆုံးကျန်ရှိ
သော တရားခံအား အိန္ဒိယ နိုင်ငံက ကြိုးပေး သုတ်သင်လိုက်ပြီ ဖြစ်သည်။

မန်နေဂျာ ဒီမက်တီယိုအား ချယ်လ်ဆီးအသင်း ထုတ်ပယ်

မန်နေဂျာ ဒီမက်တီယိုအား ချယ်လ်ဆီးအသင်း ထုတ်ပယ်

ဂျူဗင်းတပ်စ် အသင်းအား (၃-၀)ဖြင့် အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ရေး မျှော်လင့်
ချက် အလွန်မှိန်ဖျော့သွားသည့်နောက် အီတလီသား မန်နေဂျာကို လမ်းခွဲရန် အသင်းက ဆုံးဖြတ်ခဲ့ခြင်း
 ဖြစ်သည်။