Pages

Pages - Menu

Thursday, November 22, 2012

စည်းကမ်းမဲ့ ရဲတပ်သားတစ်ဦးကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝေဖန်ခံရ

 

ကူညီပါရစေဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့ 
ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ကျေးရွာ၌အသက်(၁၅)နှစ်အရွယ် အားရဲတပ်သားချစ်မွေး(အိမ်
ထောင်ရှင်)ကသားမယားအဖြစ်(၁၀)ရက်ခန့်ပြုကျင့်ခဲ့သည်ဆိုကာရဲစခန်းသို့တိုင်ကြားထားကြောင်း ကာယ
ကံရှင်များနှင့်တာဝန်ရှိ သူ အချို့ထံက သိရှိရ သည်။
အဆိုပါ သားမယားအဖြစ် ပြုကျင့်ခံရသည်ဆိုသူ ဧရာဝတီတိုင်း၊မော်ကျွန်းမြို့နယ်ကျေးရွာတွင်နေထိုင်သူဖြစ်
သည်။(၂၃.၁၀. ၂၀၁၂) နံနက်(၈)နာရီတွင် လှိုင် သာယာမြို့နယ်ကျေးရွာတွင် နေ ထိုင်သော အစ်ကို၊မောင်
—– အိမ်သို့ အလည်ရောက်ရှိနေရာမှ(၂၇.၁၀.၂၀၁၂)ညနေ(၄)နာရီ ခန့်တွင်အစ်ကိုနှင့်စိတ်ဆိုး၍ထွက်သွား
ရာ အောင်ဇေယျကြိုး တံတားဘက်သို့ ညနေ(၅)ခန့်တွင် မျက်စိလည်ကာ ရောက်ရှိခဲ့  ကြောင်း၊

ထိုအချိန် တံတားရဲတစ် ဦးဖြစ်သော တပ်သားချစ်မွေး သည် ဂိတ်ထဲမှ ထွက်လာပြီး   မ——ကို  ဘယ်သွား
မလဲဟု မေးကြောင်း ပထမတစ်ခါ မေးစဉ်  တွင် မဖြေဘဲ တံတားပေါ်သို့ လျှောက်သွားကြောင်း၊

ထိုအချိန် တွင် တပ်သားချစ်မွေးသည် ရဲ ၀တ်စုံဖြင့် ဆိုင်ကယ်စီး၍ နောက် တစ်ကြိမ်လိုက်မေးသောအခါအစ်
ကိုနှင့်စိတ်ဆိုး၍ထွက်လာ ကြောင်း ကြောက်ရွံ့ကာဖြေခဲ့ ကြောင်း တပ်သားချစ်မွေးသည် ကလေး၏ လက်
အားဆွဲ၍ ဆိုင် ကယ်နှင့်ခေါ်သွားပြီး ဂျူတီပြီး သည်အထိ ဂိတ်အနောက်တွင် တစ်နာရီခန့်ကြာ ထိုင်ခိုင်းထား
ကြောင်း ထို့နောက်ပြန်ပို့မည်ဟု   ဆိုကာ ဆိုင်ကယ်နှင့်တင်၍ တည်း ခိုခန်းသို့ခေါ်ကာ (၁၀)ရက်ခန့်    သား
မယားအဖြစ်ပြုကျင့်ခဲ့ကြောင်း    ကာယကံရှင် မ——-က ဆို တယ်

 ““သမီးကို အဲဒီလူကြီးက လက်ကို အတင်းဆွဲပြီး တည်ခို ခန်းကိုခေါ်သွားတယ်ဟိုရောက်လဲရောက်ရောသမီး
ကပြန်မယ်ဟု  ပြောလိုက်တော့ မပြန်ရဘူးဟု   ဆိုကာသမီးရဲ့ခန္ဓာကိုယ်ကိုအတင်းအကျပ်ကိုင်ထားလို့ သမီး
ကအော် မယ်လုပ်တော့ အော်လေး နင်အော် လည်း ဘယ်သူမှမကြားဘူး အော် ဟုဆိုပြီး အတင်းဘဲ သားမ
ယား ပြုတယ်။ နေ့ခင်းကျရင် စည်ပင်   အဒေါ်ကြီးရဲ့အိမ်ကိုသူက ခေါ် သွားတယ်။ သမီးကလည်းအိမ်ကိုဘယ်
ပြန်ရမှန်းမသိ။ အိမ်လဲ မမှတ်မိဘူး။ပြန်ပို့ပေးဖို့ပြောတယ်။ဒီအကြောင်းတွေကိုတစ်ယောက်ကိုပြောရင်နင့်ကို
ငါတစ်ခုခုလုပ် မယ်ဆိုပြီးပြောတယ်””ဟုဆိုတော့ ငိုနေသည်။

ထို့နောက် ကျေးရွာ    အုပ်ချုပ်ရေးမှူးအား ယင်းအဖြစ် အပျက်အား မေးမြန်းရာ ““(၂၇. ၁၀.၂၀၁၂)ည(၁၀)
နာရီမှာ အုပ် ချုပ်ရေးမှူးရုံးကိုလာတိုင်တယ်။ ကလေးမလေးရဲ့အစ်ကိုနဲ့အိမ်ရှင် ဒီလိုဒီအကြောင်းပဲ ကလေး
ပျောက် သွားလို့ဆိုပြီးပြောပြတယ်။

ကျွန်တော်ကလဲ ချက်ချင်းပါပဲ။ ကိုယ်ထက်ကြီးတဲ့လူကြီးထံ အ ကြောင်းကြားတယ်။ဒီလိုနဲ့အဆက် ပြတ်သွား
တယ်။ နိုဝင်ဘာ(၆)ရက်  နေ့ ည(၁၀)နာရီလောက်ကျတော့   ကလေးကိုတွေ့တယ်လို့ပြော တယ်။ ရဲတပ်
သားချစ်မွေးဆိုသူ က သူနဲ့အိပ်ပြီး ပြည့်တန်ဆာအိမ် ကို ပို့လိုက်တယ်လို့ပြောတယ်။

(၇)ရက်နေ့အရောက် ကလေး မလေးရဲ့အစ်ကိုရယ်၊အစ်မရယ်၊    ရဲစခန်းမှာ အမှုဖွင့်ပေးဖို့သွားပြော တယ်လို့
သိရတယ်။ဒါပေမဲ့ ရဲစခန်း က အမှု့မဖွင့်ပေးဘဲ ညှိနှိုင်းတယ် လို့ကြားတယ်””ဟု ဆိုပါသည်။ ရဲစခန်းသို့ ဆက်
သွယ်မေးမြန်း ကြည့်ရာ ရဲတပ်သားမောင်ချစ်မွေးအား အချုပ်ထဲသို့ ထည့်ထား ကြောင်း  ပြန်လည်ဖြေကြား
သည်။   

ယင်းကိစ္စအား ဆက်လက်မေး မြန်းရာ ““(၇)ရက်က ဗျာ။ကလေး ရဲ့ အစ်ကိုနဲ့အစ်မ အိမ်ရှင်တွေအမှုဖွင့်တယ်
။မနက်ကတည်းက  ဖွင့်ခိုင်းတာ မဖွင့်ပေးဘူး။ကိုချစ်မွေး    ရဲ့အမေနဲ့သူ့သားက ပိုက်ဆံနဲ့ ညှိ ဖို့ပြောတယ်
။စခန်းမှူးကလည်း  အမှု့မဖွင့်ဘဲ ငွေနဲ့ပြေလည်အောင်ညှိဖို့ဘဲပြောတယ်။ထမင်းငတ်ပြီးတစ်နေသာကုန်သွား
တာ အမှု့ မဖွင့်ပေးဘူး။ ညနေကျတော့ လာဆိုပြီး တရားရုံးသွားမယ်လို့  ဆိုပြီး ခေါ်တယ်။တရားရုံးလဲ ရောက်
ရော တရားရုံးကပိတ်သွား ပြီ။ဒါနဲ့ပြန်လာပြီး အုပ်ချုပ်ရေး  မှူးအားပြောပြတယ်။

 နောက်နေ့ ကျတော့ အမှု့ကို ပုဒ်မ(၃၆၆)နဲ့   ဖွင့်ပါဆိုပြီး စခန်းမှူးကပြောတယ်။  ဒါနဲ့ကျွန်တော်က စခန်းမှူး ဒီကိစ္စ   က အမှု့ကို ပြန်ကြည့်ဦး (၃၇၆)  ဖြစ်နေတယ်။ဆိုမှသာ (၃၇၆)သို့   ပြင်ပေးခဲ့တယ်””ဟု ကလေးသူ ငယ်များ ကာကွယ်စောင့်ရှောက် ရေးအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုကျော်မိုးလွင်က Hot News သို့ မ——သည် ယခုအခါ ကျန်းမာရေးမကောင်းကြောင်း၊ ကိုယ်လက်များကိုက်ခဲ၍ ဖျားနေ   သည်ဟု သိရသည်။ ကလေး၏
နာက်ဆုံးအခြေအနေသည် ဆေးရုံတွင် ဆေးစစ်၍ဆေးစာ စောင့်နေရကြောင်း အစ်ကိုဖြစ်သူ  က ပြော
သည်။

စိုးဝင်းနိုင်
HotNewsJournal

No comments:

Post a Comment