Pages

Pages - Menu

Thursday, November 22, 2012

UNAIDS ၏ ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ်


UNAIDS က ပေးအပ်သည့် အေအိုင်ဒီအက်စ် ရောဂါ ရှိသူများအား ခွဲခြား ဆက်ဆံခံရမှု မရှိရေး ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ် ကြောင်း အဆိုပါ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

အာဖရိက မှ အာရှအထိ ဒေါ်အောင်ဆန်းစုကြည် ၏ အကြောင်းကို ပြောကြပြီးအားကျအတုယူဖွယ် ကောင်း
သည့် ပုဂ္ဂိုလ်ဖြစ်ကာ UNAIDS ၏ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ရသည့် အတွက် ဂုဏ်ယူမိ ကြောင်း UNAIDS ၏ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ မီရှဲလ် ဆီဒီဘေး က ပြောကြားသည်။

ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့်အရေး အတွက် နေ့စဉ် ရုန်းကန်လှုပ်ရှား နေရသည့်လူများ၏ ခေါင်းဆောင်
အဖြစ် ရွေးချယ် ခံရခြင်း အတွက် အလွန် ဂုဏ်ယူ မိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည် ဟု UNAIDS ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါရှင် လေးသောင်း ကို ကုသ ပေးနေရပြီး၊ ရောဂါရှိ
ကြောင်း သံသယ ရှိလျှင် စောစီးစွာ စစ်ဆေးခြင်းဖြင့် ရောဂါသစ် များကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဆီဒီဘေးက ပြောကြားသည်။
 
 

No comments:

Post a Comment