Pages

Pages - Menu

Wednesday, November 21, 2012

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာပိုင်သိမ်းပိုက်

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာပိုင်သိမ်းပိုက်

တရုတ်တရားရုံးမှ သေဒဏ်
ချမှတ်ခံရသော ရွှေတြိဂံဒေသ
 မူးယစ်ရာဇာအမည်ရ 
စိုင်းနော်ခမ်း နှင့်နီးစပ်သူတယောက်
ဟု နာမည်ရနေသူ ထိုင်းအမျိုး
သားတဦး၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်
စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်း
များက ဖော်ပြပါသည်။

“ အိမ်နီးချင်းနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခုလို ရှောင်တခင်ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် ” ဟု ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံးစဖတ် ဖုံးဂျရွန်းက ပြောသည်။

စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ၇၀၀ ကျော်သုံး၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်း၏ သတင်းများ၌ ဖော်ပြထားသည်။

အလားတူ  ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း တားဆီးစစ်ဆေးဂိတ်နေရာ ၄၀ ခန့် ချကာ  အထူး စစ်ဆေးခဲ့ ကြောင်း ချင်းရိုင်းဒေသခံများကပြောသည်။

ယမန်နေ့က ထိုင်းရဲများရှောင်တခင်စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့်ပတ်သက်ဆက်နွယ်သည့်သူများထံမှ ယာဘ အပြား ပေါင်း ၁ သန်းကျော်နှင့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်သန်း ၅၀၀ ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အားလည်း ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများ  တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။ 

ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူးလည်းဖြစ်ခဲ့ပြီး ငယ်စဉ်ထိုင်းနာမည်မှာ ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ်၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။

အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ်အရေး အခင်း အတွင်း ထိုင်းနိုင်ငံမှတိမ်းရှောင်ခဲ့ဖူးသည်။ 

သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး ( တချို့က မိုင်းယန်းသူ ဟုဆိုကြ၏) နှင့်အိမ်ထောင်ပြုခဲ့သည်။

   ထို့ နောက်ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသား အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့်လည်း ရဲဘက်မှအလိုရှိနေသူဖြစ်သည်။

စိုင်းနော်ခမ်းမှာမူ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က တရားရုံးမှ သေဒဏ်ချမှတ်ပေးပြီးဖြစ် သည်။

သျှမ်းသံတော်ဆင့် 

သိမ်းဆည်းရမိသော ပူနွတ်ခေါ်  ဂျမ်းရတ် ဖာ့ဂျရိန်း ၏ ပိုင်ဆိုင်မှု (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)
သိမ်းဆည်းရမိသော ပူနွတ်ခေါ် ဂျမ်းရတ် ဖာ့ဂျရိန်း ၏ ပိုင်ဆိုင်မှု (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)
တရုတ်တရားရုံးမှ သေဒဏ် ချမှတ်ခံရသော ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရစိုင်းနော်ခမ်း နှင့်နီးစပ်သူ
တယောက် ဟု နာမည်ရနေသူ ထိုင်းအမျိုး သားတဦး၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက် စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်း များက ဖော်ပြပါသည်။

မိုဘိုင်းဖုန်းဖြင့်အင်တာနက်အသုံးပြုသူများ လိုင်းပြတ်တောက်မှု၊ လိုင်းနှေးကွေးမှု မကြာခဏကြုံတွေ့နေ

215


မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ အသုံးပြုရာတွင် သုံးစွဲသူများအနေဖြင့်အင်တာနက်လိုင်း ပြတ်တောက်မှု၊
နှေကွေးမှုများ မကြာခဏ ကြုံတွေ့ခံစားနေရကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။ယခုအခါ မိုဘိုင်း ဖုန်း
ဖြင့် အင်တာနက် အသုံးပြုသူဦးရေမှာ တရားဝင်ထုတ်ပြန်ထားမှုအ ရ နှစ် သိန်း ကျော် အထိ ရှိလာပြီဖြစ်ပြီး Broad Band စနစ်ဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာအလုပ်သမား သောင်းဂဏန်းရှိ

ထိုင်းနိုင်ငံတွင်အကျဉ်းကျခံနေရသောမန်မာအလုပ်သမားဦးရေသာင်းဂဏန်းမျှရှိပြီးထိုင်းနိုင်ငံသည်အခြား
နိုင်ငံများထက်အကျဉ်းကျခံရသူမန်မာလုပ်သားအရေအတွက်ပိုများကြောင်းအလုပ်သမား၊အလုပ်အကိုင်နှင်
လူမှုဖူလှုံရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသည်။

သမ္မတ၏ ရခိုင်ပဋိပက္ခ ဖြေရှင်းနည်း လေးသွယ်

thmeetreporterincambodia1

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နည်းလမ်း လေးခုဖြင့်ဖြေရှင်းသွားမည်ဟု သမ္မတဦးသိန်းစိန်ကဆိုသည်။မွေးဖွားမှုနှုန်းထိန်းချုပ်ခြင်း၊ပညာရေးမြှင့်တင်ပေးခြင်း၊အလုပ်အကိုင်    အခွင့်
အလမ်းများဖန်တီးပေးခြင်းတို့ဖြင့်ဖြေရှင်းသွားမည်ဟုနိုဝင်ဘာ၂၁ရက်နေ့ကကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့
တွင် မြန်မာ သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဦးသိန်းစိန် က ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို

မြန်မာ့တပ်မတော် (လေ) အမ်အိုင်-၁၇ ရဟတ်ယာဉ်ကြီးနှင့် သရုပ်ဆောင် (၀ါဆိုးမိုးဦး)  နေပြည်တော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရအမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်
အချိန်တွင်လိုအပ်သလိုခန့်ထားနိုင်ရန်ဆာင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှဒုတိယ
စစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။

ဂါဇာတွင် အစ္စရေးသူလျှိုအဖြစ် စွပ်စွဲခံရသူအား သတ်ဖြတ်၍ ဆိုင်ကယ်ဖြင့်တရွတ်ဆွဲ




ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွများနှင့် အစ္စရေးတို့ကြား တိုက်ခိုက်မှု အရှိန်အဟုန် မြင့်တက်လာချိန်တွင် ဂါ
ဇာစီးတီး၌ လူ(၆)ဦးမှာသူလျှိုများ အဖြစ် စွပ်စွဲခံရပြီးယခုလို ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရခိုင်အကြမ်းဖက်မှု ကြိုးကိုင်သည့် အဖွဲ့အစည်းများ နှစ်ဖက်စလုံးတွင် ရှိနေသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဆို၊ သမ္မတ အိုဘားမား၏ ရိုဟင်ဂျာ အသုံးအနှုန်း မြန်မာအစိုးရ လက်မခံဟု တုံ့ပြန်

ရခိုင်အကြမ်းဖက်မှုကြိုးကိုင်သည့်အဖွဲ့အစည်းများနှစ်ဖက်စလုံးတွင်ရှိနေသည်ဟုဒုတိယဗိုလ်ချုပ်ကြီးသိန်း
ဌေးကဆိုသည်။အမေရိကန်သမ္မတအိုဘားမားကရခိုင်ပြည်နယ်မှရိုဟင်ဂျာများကိုင်ငံသားတဦးကဲ့သို့အ
ခြေခံလူ့အခွင့်အရေးများပေးအပ်သင့်သည်ဆိုသောပြောဆိုမှုနှင့်ဆက်စပ်ပြီးရိုဟင်ဂျာဆိုသောအသုံးအ
နှုန်းကို မြန်မာအစိုးရ က လက်မခံကြောင်းနယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး
က ပြောဆို လိုက်သည်။

မြန်မာ စစ်သား (၃) ဦး ပြန်မရသဖြင့် မြန်မာဘက်က နယ်စပ်ဂိတ်များကို စတင်ပိတ်

တပ်သား ၃ ဦး ပြန်မရသဖြင့် မြန်မာဘက်က နယ်စပ်ဂိတ်များကို စတင်ပိတ်

ခိုင်သိန်း

ပျောက်ဆုံးနေသော မြန်မာ စစ်သား (၃) ဦးကို ယခု အချိန်ထိ ပြန်မရသဖြင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား ဖြတ်ကျော် သွားလာနေသော နယ်စပ်ဂိတ်များ အားလုံးကို မြန်မာဘကက် စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။

ယခုပိတ်လိုက်သော နယ်စပ်ဂိတ်များတွင် နတ်မြစ်ကို မော်တော်ဘုတ်များဖြင့် နေ့စဉ် ဖြတ်ကျော် သွားလာနေသော ပတ်စ်ပို့ဂိတ်လည်း ပါဝင်သည်ဟု ဒေသခံ စီးပွားရေး သမား တစ်ဦးက ပြောသည်။

“ အခုပိတ်ထားလိုက်တဲ့ ဂိတ်တွေမှာ မောင်တောနဲ့ တက်ကနက်မြို့အကြား တရက်တာ ဗီဇာနဲ့ ပတ်စ်ပို့ကိုင် သွားလာနေတဲ့ မောင်တောမြို့ပေါ်က ပီအိုကြီးဂိတ်လည်း ပါဝင်ပါတယ်။ ဒီလ ၁၉ ရက်နေ့ကနေ စတင် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တခြား ပိတ်ထားလိုက်သော ဂိတ်များမှာ ချောင်းဝတိုင်းတွင် ဖွင့်လှစ်ထားသော ငခူရဂိတ်၊ ခံပြင်ဂိတ်၊ ရွက်ညိုးတောင်ဂိတ်၊ မင်္ဂလာကြီးဂိတ်၊ မကျဲချောင်းဂိတ်၊ နခေါင်းတောင်စသည့် ဂိတ်များ အားလုံး ပါဝင်သည်ဟု သိရသည်။

မြန်မာဘက်က ဂျီးအီး စစ်သား (၃) ကို ပြန်လည် မရရှိသဖြင့် နယ်စပ်တွင် အခြေအနေများ တစ်နေ့ထက် တစ်နေ့ တင်းမာလာနေရာမှ ယခုအခါ နယ်စပ် ဖြတ်ကျော်သွားလာနေသော ဂိတ်များကို စတင် ပိတ်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ မြန်မာ နစကနဲ့ ဘင်္ဂလာဒေခ်ျ့က နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီတို့ တပ်သား သုံးယောက် ကိစ္စ အကြိမ်ကြိမ် အစည်းအဝေး ထိုင်ခဲ့ကြပါပြီ။ မြန်မာဘက်က တောင်းတာလည်း အကြိမ်ကြိမ်ရှိပါပြီ။ ဒါပေမယ့် မရတဲ့ အတွက် နယ်စပ် အခြေအနေက တဖြည်းဖြည်းတင်းမာလာပြီး အခုတော့ ဂိတ်တွေကိုပါ မြန်မာဘက်က စတင် ပိတ်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာဘက်က နယ်စပ် တလျှောက်တွင် တပ်ရင်းများ အခိုင်အမာ ချထားပြီး  အခင်းဖြစ်ပွားရာ ဒေသတွင် အခုအချိန်ထိ စစ်သားများ နေရာယူထားသည်ဟု သိရသည်။

ယခုကဲ့သို့ ပြဿနာ တင်းမာနေချိန်တွင် နစက တပ်ဖွဲ့ဝင် ၂၀ ခန့်သည် နိုဝင်္ဘာလ ၁၇ ရက်နေ့က  နတ်မြစ်ထဲရှိ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ထဲသို့ ၀င်ရောက်ကာ လှေနှစ်စီးဖြင့် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု ဆိုသည်။

ယခု ဖမ်းဆီးမူမှာ နိုဝင်ဘာ ၆ ရက်နေ့က နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်ခံသွားရသော မြန်မာ တပ်သား (၃) ဦး အပေါ် တုန့်ပြန်သည့် အနေဖြင့် ဖမ်းဆီးသည်ဟု ဒေသအတွင်း သတင်း ဖြစ်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြန်မာ တပ်သား (၃) ဦးသည် မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် ကပ်ရပ် တည်ရှိသော အောင်သပြေ နစက နယ်မြေ (၁) တွင် လမ်းလုပ်နေရာမှ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးစဉ် အတွင်း ပစ်ခတ်မူ ဖြစ်ပွားသဖြင့် ကျော်ကျော်ထွေးဆိုသည့် စက်ပြင် ဆရာ တစ်ဦး သေဆုံးခဲ့သည်။

နယ်စပ် အခြေအနေ တင်းမားနေသဖြင့် ယနေ့တွင် နစကနှင့် ဘီဂျီဘီ တပ်ဖွဲ့တို့ အကြား နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို မြန်မာဘက်ခြမ်း တောင်ပြိုတွင် ပြုလုပ်ကြမည်ဟု သတင်း ရရှိသည်။

Photo by REUTERS/Andrew Biraj

အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara

ပျောက်ဆုံးနေသော မြန်မာ စစ်သား (၃) ဦးကိုယခုအချိန်ထိ ပြန်မရသဖြင့်ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား
ဖြတ်ကျော် သွားလာနေသော နယ်စပ်ဂိတ်များ အားလုံးကို မြန်မာဘကက်စတင်ပိတ်ထားလိုက်ပြီ ဖြစ်သည်။

ကျေးရွာတစ်ရွာတွင် သဘာဝဓာတ်ငွေ့များအလိုအလျောက်ထွက်ရှိ

ကျေးရွာတစ်ရွာတွင် သဘာဝဓာတ်ငွေ့များအလိုအလျောက်ထွက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ - ၁၈

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တစ်ဖက်ကမ်း မြကိုင်းကျေးရွာအနီးရှိ လူနေအိမ်အချို့တွင် သဘာဝဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် သုံးစွဲသူများရှိနေကြောင်း သတင်းရရှိသည်။

ကျောက်တန်းမြို့နယ်မှ ၁၅ မိုင်အကွာ မြကိုင်းကျေးရွာအပိုင် သုံးပေါက်ပြွန်အစုရှိ လူနေတဲများတွင် စတင်သုံးစွဲနေခြင်းဖြစ်သည်။ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ဖြင့်  ထမင်း၊ဟင်းချက်ပြုတ်ခြင်း၊ တီဗီကြည့်ခြင်း၊ စပါးခြွေလှေ့စက်အချို့တွင် သုံးစွဲနေကြောင်း ဒေသခံများက 7 Day News သို့ ပြောသည်။

“တချို့ရွာတွေမှာလည်း သတင်းကြားလို့ တူးကြတယ်။ ဒါပေမဲ့ ဒီဘက်မှာလောက်  မထွက်ဘူး။ ဒီမှာက တူးလိုက်တဲ့ နေရာတိုင်းမှာ ထွက်တာများတယ်” ဟု သုံးပေါက်ပြွန် အစုရှိ သဘာဝဓာတ်ငွေ့အား ပထမဆုံးစတင်တူးဖော်၍ သုံးစွဲနေသူ ဒေါ်ကြည်မြင့်ကဆိုသည်။

ဓာတ်ငွေ့ကို မြေပြင်မှ အနက် ပေ ၆၀ နှင့် ၆၅ ပေ အကြားတွင် စတင်တွေ့ရှိနိုင်ပြီး ခေတ်မီစက်ကိရိယာများ အသုံးပြုစရာမလိုဘဲ သဘာ၀၀ါးလုံးများနှင့်သာ  တူးဖော်ရယူနိုင်ကြောင်း ဒေါ်ကြည်မြင့်ကပင်ပြောသည်။ “ငွေနှစ်သောင်းလောက်နဲ့ အပြီးအစီးတူးလို့ရတယ်” ဟု သုံးပေါက်ပြွန်အစုမှ အမျိုးသား တစ်ဦးကပြောသည်။ ယင်းကဲ့သို့ တူးဖော်အသုံးပြုနေခြင်းမှာ ယခုနှစ်  ဧပြီလမတိုင်ခင်ကာလကစတင်၍ တူးဖော်သုံးစွဲနေခြင်းဖြစ်ပြီး ထင်း၊ မီးသွေး၊ လောင်စာများနေရာတွင် အစားထိုး အသုံးပြုနေခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် မြကိုင်းကျေးရွာအနီးရှိ အချို့သော ရွာများတွင် ထွက်ရှိမှုအနည်းငယ်သာရှိပြီး ထွက်ရှိမှုအများဆုံးနှင့် ပမာဏအများဆုံးမှာ သုံးပေါက်ပြွန်အုပ်စု၌ ဖြစ်ကြောင်း သုံးပေါက်ပြွန်အုပ်စုတွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ဓာတ်ငွေ့ထွက်ရှိ ခြင်းနှင့်ပတ်သက်၍ ဘူမိဗေဒ ကျွမ်းကျင်ပညာရှင် ဦးစိုးသိမ်းက “အရင် အစိုးရလက်ထက်က တူးပြီး သုံးခဲ့တဲ့ ပင်လယ်ဝကနေ ဒါးပိန်ဘက်ကို ဖြတ်သွားတဲ့လမ်းကြောင်းပေါ်ရှိနေတဲ့ ဓာတ်ငွေ့ကြောပေါ်မှာ ကျန်ခဲ့တဲ့ အကြွင်းအကျန်ပါ။ မုတ္တမပင်လယ်ကြောရဲ့ အငွေ့အသက်ဆိုလည်း မမှားဘူး” ဟုပြောသည်။

ယင်းဒေသတွင် အဆိုပါ သဘာဝဓာတ်ငွေ့ထွက်ရှိမှုနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့သည့် နှစ်ဦးပိုင်းကစတင်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင်မည့်အခွင့်အလမ်းများ မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံပေးပို့ထားပြီးဖြစ် ကြောင်း နေပြည်တော်မှ စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက 7 Day News သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တစ်ဖက်ကမ်း မြကိုင်းကျေးရွာအနီးရှိ လူနေအိမ်အချို့တွင် သ
ဘာဝဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် သုံးစွဲသူများရှိနေကြောင်း သတင်းရရှိသည်။

သဲကန္တာရတွင်းမှ ရေကန်နှင့် ဘုန်းကြီးကျောင်း

  • သဲကန္တာရတွင်းမှ ရေကန်နှင့် ဘုန်းကြီးကျောင်း

သဲကန္တာရ အလယ်မှာ ထူးခြားစွာပဲ စိမ်းလဲ့လဲ့ မြက်ခင်းပြင်၊ စိမ်းလဲ့လဲ့ ရေကန်နဲ့ သာယာ လှပနေတဲ့ တရုတ်ဘုန်းတော်ကြီး ကျောင်းနှင့် ပတ်ဝန်းကျင်ကို ယခုလို မြင်တွေ့ ရပါတယ်။ 

တည်နေရာကတော့ တရုတ်နိုင်ငံ အနောက်ပိုင်း ဂန်ဆူးပြည်နယ်၊ Dunhuang မြို့ အနီးမှာ ရှိပါတယ်။ သဲကန္တာရ တောင်တန်းများ ဝိုင်းရံထားပြီး အလယ်မှာ ယခုလို သာယာလှပတဲ့ နေရာ တစ်ခု ရှိနေတာ အထူးအဆန်း ပဲ ဖြစ်ပါတယ်။ 

ကမ္ဘာလှည့်ခရီးသည်များကို အဓိက စွဲဆောင်ရာ နေရာ ဒေသ တစ်ခုလည်း ဖြစ်ပြီး ဂန်ဆူးပြည်နယ် အလည်ရောက်သူတိုင်း Crescent အမည်ရ ယင်း ရေကန်နဲ့ ပတ်ဝန်းကျင်ကို အလည်လာကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း မြောက်များစွာ ကတည်းက တည်ရှိနေတဲ့ ရေကန်ဖြစ်ပြီး သဲမုန်တိုင်းများ နှစ်စဉ်ကျရောက်ပေမယ့် ရေကတော့ အမြဲ ရှိနေပြီး ကြည်လင်နေပါတယ်။ ဒါကလဲ သူ့ရဲ့  ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။ 

Dunhuang မြို့  ရဲ့  တောင်ဘက် ၃.၇၃ မိုင် အကွာအဝေးမှာ ရှိတဲ့ Crescent Lake ကို အလည်သွားသူ များကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: travelchinaguide

http://www.innewsmyanmar.com/2012/11/blog-post_21.html

    သဲကန္တာရ အလယ်မှာ ထူးခြားစွာပဲ စိမ်းလဲ့လဲ့ မြက်ခင်းပြင်၊ စိမ်းလဲ့လဲ့ ရေကန်နဲ့ သာယာ လှပနေတဲ့ တရုတ်ဘုန်းတော်ကြီး ကျောင်းနှင့် ပတ်ဝန်းကျင်ကို ယခုလို မြင်တွေ့ ရပါတယ်။

အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်

အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။

အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုအဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်
အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ
ယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။

၃ ပတ်ကြာ ကျင်းပခဲ့တဲ့ KNU ထိပ်သီးအစည်းအဝေး

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ယမန်နေ့ကကျင်းပပြီးစီးခဲ့သည့်ကရင်အမျိုးသားအစည်းအရုံးKNUဗဟိုကော်မတီအစည်းအဝေးက လက်ရှိ
မြန်မာ့နိုင်ငံရေးအခြေအနေနှင့်အဖွဲ့၏သဘောထားပါရှိသည်ကြေညာချက်တစောင်ကို ယနေ့ထုတ်ပြန်ခဲ့
သည်။ကြေညာချက်တွင်စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက်နိုင်ငံရေးပြဿနာများကို ဖြေရှင်း
ရန် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖေါ်သွားမည်ဟု ပါရှိ
သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်၌ တွေ့ဆုံအမေရိကန်သမ္မတနှင့် တွေ့ဆုံစဉ် တောင်းဆိုချက်နှစ်ခု ပြောကြားခဲ့သည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

211

ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် တွေ့ရသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- နေထွန်းနိုင်)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးေ ဆွးနွေးပွဲ သို့  တက်ရောက် သတင်း ရယူခဲ့သည့် ပြည်တွင်းမီဒီယာ များ  တွေ့ဆုံခြင်းကို နိုဝင်ဘာလ ၂၁ရက်နေ့  နံနက် ၇နာရီ မိနစ် ၃၀
အချိန်ခန့်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Cambodiana  ဟိုတယ်၌ ပြုလုပ်ခဲ့ပါ သည်။

နိုင်ငံတော် သမ္မတကြီးဉိးသိန်းစိန်ရဲ့ ကျန်းမာရေး နှလုံးခုန်နှုန်းထိန်းညှိစက်ပေါ်မူတည်ကြောင်း ပြောကြား

နှလုံးခုန်နှုန်းထိန်းညှိစက် ဒုတိယအကြိမ် အသစ်ထပ်မံ လဲထားရသော သမ္မတဦးသိန်းစိန်သည်အဆိုပါစက်
ကာင်းနေသမျှ ဘာမှ မဖြစ်ဘူးဟု ပြောရမည်ဖြစ်ပြီး စက်ပေါ်တွင်သာ မူတည်ကြောင်း ၄င်းက နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားနားဟိုတယ်တွင် ပြုလုပ်သော ဖနွမ်းပင်ရောက် မြန်မာသတင်းစာ ဆရာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ကင်ဆာဖြစ်စေနိုင်ပြီးမျိုးရိုးဗီဇကိုထိခိုက်စေနိုင်သောဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များ မြန်မာတစ်နိုင်ငံလုံးရှိ ဈေးကွက်များသို့ ဆိုးရွားစွာပျံ့နှံ့နေ


FDA မှ ရွေ့လျားဓာတ်ခွဲခန်းဖြင့် ဈေးများရှိ စားသောက်ကုန်များကို စစ်ဆေးနေစဉ်(သတင်း-EMG)
မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ရောင်း ချနေ သည့် ဈေးကွက်များအတွင်း၌ ကင်ဆာဖြစ်နိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသော ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်ကဲ့သို့ အမှုန့်မျိုးစုံမှာ ဆိုးရွားစွာ ပျံ့နှံ့လျက်ရှိသည်ကို
စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

အလွှာပေါင်းစုံမှ ထင်ရှားသူများနှင့် အိုဘားမားသီးသန့်တွေ့ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံသူအချို့က အကြံပြု

ရန်ကုန်မြို့သို့ရောက်ရှိနေသောသမ္မတအိုဘားမားသည်ရန်ကုန်တက္ကသိုလ်၌မိန့်ခွန်းမပြောကြားမီ မြန်မာနိုင်
ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။

အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အစိုးရ အမိန့်ထုတ်

မြန်မာအစိုးရက ဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန ၁၅ ခု က အမေရိကန်ဒေါ်လာ ၆၅ သန်းပမာဏ လွဲသုံးစားလုပ်ထားခဲ့ကြောင်းလွှတ်တော်မှာစာရင်းစစ်ချုပ်ကအစီရင်ခံခဲ့ပြီးတဲ့နောက် အဲဒီအမိန့်ထွက်လာ
တာဖြစ်ပါတယ်။ဒါဟာကမ္ဘာပေါ်မှာအကျင့်ပျက်ချစားမှုအများဆုံးတိုင်းပြည်ထဲကတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ
ထူးခြားရှားပါးတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ထုတ် AFP သတင်းမှာဖော်ပြပါတယ်။

ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းနှင့် ငွေများအား နှစ်ဖက်ဆွေမျိုးဟန်ဆောင်ကာ လိမ်လည်ယူဆောင်မှု ဖြစ်ပွား

ရန်ကုန်မြို့ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ် တွင် နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှလက်ဖွဲ့ပစ္စည်းများအားနှစ်ဖက်ဆွေမျိုးဟန်ဆောင်၍လက်ဖွဲ့ပစ္စည်း များနှင့် ငွေသား
များအား လိမ်လည်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဂါဇာကမ်းမြှောင် ဘက်ကို အစ္စရေးဘက်ကတညလုံး ပစ်ခတ် တိုက်ခိုက်




အစ္စရေးက ဂါဇာကမ်းမြှောင် ဘက်ကို တညလုံး ပစ်ခတ် တိုက်ခိုက် နေခဲ့ပါတယ်။အစ္စရေးး စစ်ဘက်ကတော့ ဂါဇာ တဝန်းက ပစ်မှတ် တွေကို ပစ်ခတ် နေခဲ့တာ ဖြစ်တယ်လို့ ဆိုပေမယ့်ဘီဘီစီသတင်းထောက် ကတော့
ပြီးခဲ့တဲ့ ညတွေက ပစ်ခတ် တိုက်ခိုက် ခဲ့တာ တွေလောက် မပြင်းထန်ဘူး လို့လည်း ပြောပါတယ်။

အမေရိကန် စစ်သင်္ဘောပေါ်ရောက် မြန်မာ တပ်မတော်(ရေ) မှ အရာရှိများ


အမေရိကန်သမ္မတအိုဘားမားမြန်မာနိုင်ငံကိုမလာခင်တစ်ရက်အလိုနိုဝင်ဘာလ(၁၈)ရက်နေ့ ကမြန်မာနိုင်
ငံအနီး အက်ဒမန်ပင်လယ်ပြင်မှာဆိုက်ကပ်ခဲ့ တဲ့ အမေရိကန်ရေတပ်သဘောင်္USS Bonhomme Richard ကို တက်ရာက်လေ့လာနေတဲ့  မြန်မာရေတပ်အရာရှိတွေဖြစ်ပါတယ်။

ဒုက္ခသည်များ ပြန်ယူရန် ဘင်္ဂလားဒေ့ရှ်က မြန်မာ သံအမတ်ကြီးထုတ်ဖော်ကိုပြောဆို


မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်ယူဖို့ ဘင်္ဂလာဒေခ်ျ့  အာဏာပိုင်တွေက မြန်မာ သံအမတ်ကြီးကို မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လျှပ်စစ်ဓာတ်အား ရောင်းချရေးကို မြန်မာဘက်က စတင် ပယ်ဖျက် လိုက်


ယခင်ကသဘောတူညီမှုရှိခဲ့သည့်မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားလျှပ်စစ်ဓာတ်အား ရောင်းချရေးကို
မြန်မာဘက်ကပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၁၄-၁၁-၂၀၁၂ရက်ကသိရသည်။အဆိုပါပယ်ဖျက်မှု ကို ခြောက်
ကြိမ်မြောက်နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင် မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင်ဖော်ပြပါရှိသည်။

အုပ်စုဖွဲ့ရမ်းကားပြီး လူနှင့်ယာဉ်အား ရိုက်နှက် ဖျက်ဆီးခဲ့သည့် သူများအား တရားစွဲတင်ခြင်း


၁.၁၀.၂၀၁၂ရက်နေ့ည၁နာရီခန့်အချိန် နိုက်ကလပ်မှအပြန် ၃ခ/၁၉၄၃ မတ်တူးအစိမ်းရောင်ယာဉ်အား  ကား(၄)စီးမှရှ့/နောက်ဘေးညှပ်ပိတ်ရပ်ပြီးကောင်းမြတ်ပါ(၈)ဦးမှဆဲဆိုကြိမ်းမောင်း ရိုက်နှက်ဖျက်ဆီးသ
ဖြင့် အရေးယူမှု အား  (၁၆.၁၁.၂၀၁၂) ရက်နေ့တွင်ဖမ်းဆီးထားသည့်တရားခံ  ကောင်းမြတ်၊ ဂျပန်ကြီး(ခ)
ရင်မင်းသန့်၊ စည်သူမျိုးဇင်၊ ဟိန်းထက်ဇော်တို့အား

Burma နဲ့  Myanmar ပြဿနာ အမေရိကန်သံအမတ် ရှင်းပြီ

http://i.ytimg.com/vi/x0niFwIGddI/0.jpg
အမေရိကန်သံအမတ်နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း
မြန်မာနိုင်ငံကိုပထမဆုံး လာရောက် ခဲ့တဲ့ အမေရိကန်သမ္မတ တစ်ယောက်ရဲ့ ခရီးစဉ်အတွင်းသမ္မတ အိုဘား
မားက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ရာမှာ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြ သလဲ၊ ဒါတွေက ဘယ်ကို ဦးတည် နေသလဲ ဆိုတာ သိရအောင် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကို
ရန်ကုန် မြို့ ရောက် ဘီဘီစီ မြန်မာ ဌာနရဲ့ အကြီးတန်း အယ်ဒီတာ ဦးမင်းထက်က တွေ့ဆုံ မေးမြန်း ထားပါ
တယ်။

US Campaign for Burma မှ ကိုအောင်ဒင် နှုတ်ထွက်

(ဓာတ်ပုံ – ၂၀၁၂ NED ဒီမိုကရေစီအရေး ဆုပေးပွဲတွင် ဦးခွန်ထွန်းဦး၊ ဒေါ်စင်သီယာမောင်၊ ကိုကျော်သူတို့နှင့်အတူ ဂုဏ်ပြုခြင်းခံရသော ကိုအောင်ဒင်
  
မြန်မာပြည်ဒီမိုကရေစီ လှုံ့ဆော်မှုပြုလုပ်သည့် ထင်ရှားသော အမေရိကန်အဖွဲ့အစည်းတခုဖြစ်သည့် US Campaign for Burma က ဦးဆောင်သူတဦးဖြစ်သော၊ ပေါ်လစီဒါရိုက်တာတာဝန်ခံ ကိုအောင်ဒင်သည်
 နိုဝင်ဘာ ၂၀ ရက်နေ့စွဲဖြင့် ၎င်းအဖွဲ့အစည်းက နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းကို ဘယ်လိုသုံးသပ်လဲ

mpt
ဦးပြည်စိုးထွန်း(CEO)

ဆက်သွယ်ရေးဥပဒေကြမ်းကို ယခုလ ၇ ရက်နေ့က သတင်းစာတဆင့် ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့အတူ၁၈၈၅ ခုနှစ်က The Myanmar Telegraph Act 1885 နှင့် The Myanmar Wireless Telegraph Act1934ကိုရုပ်သိမ်းလိုက်ပါတယ်။၂ဝဝ၄ခုနှစ်ကနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်
ထက်မှာထုတ်ထားတဲ့အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကိုရုပ်သိမ်းထားခြင်း မရှိသေးပါ
ဘူး။

တောင်ရိုး နဲ့ ရှမ်းတို့ ပူးပေါင်းတဲ့ တောင်ကြီးမြို့ ပအိုဝ်း ကထိန်ပွဲ

 
တောင်ကြီးမြို့ပအိုဝ်းတိုင်းရင်းသားတို့၏စုပေါင်းမဟာဘုံကထိန်ပွဲကိုအင်္ဂါနေ့နံနက်ပိုင်းတွင်စည်စည်ကား
ကားကျင်းပခဲ့သည်ကို တွေ့ရသည်။ 

တောင်ငူမြို့ (၂ဝ)ရပ်ကွက် မြို့ကြီး လမ်းမပေါ်၌ စိတ်မနှံ့ သူအား တိုက်မိ သည့်ယာဉ် မောင်းနှင် ထွက်ပြေး

တောင်ငူမြို့(၂ဝ)ရပ်ကွက်မြို့ကြီးမ်းမပေါ်၌နိုဝင်ဘာ၁၂ရက်နံနက်မိုးမလင်းမီအချိန်ကစိတ်မနှံ့သူအမျိုး
သမီးကြီးအားယာဉ်တစ်စီးမှတိုက်မိပြီးမောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

မြစ်သာယူနီတီ ရေနံတူးဖေါ်ရေး အလုပ်သမားသမဂ္ဂ ဖွဲ့စည်း

မြစ်သာယူနတီလို့ အမည်ပေးထားတဲ့ ရေနံ အလုပ်သမားသမဂ္ဂကို ကလေးမြို့တောင်ပိုင်းဒေသမှာ တည်ရှိတဲ့ သဒွတ်ချောက်ရေနံမှော်ထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ကော်မီတီအဖွဲ့ဝင် ၃၀ နဲ့ယာယီဖွဲ့စည်းလိုက်ကြပြီး
၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ဖြန်မှာ အလုပ်သမားဝန်ကြီး ဌာနမှာ မှတ်ပုံတင်တော့မယ်လို့ သိရပါတယ်။

မိုးကုတ်ဒေသခံ ကျောက်လုပ်ငန်းသမားတွေ အခွင့်အရေးရရှိမယ်လို့ အစိုးရကတိပေး

မန္တလေးတိုင်းဒေသကြီးမိုးကုတ်မြို့မှာ ဒေသခံ ကျောက်လုပ်သူတွေရဲ့ နစ်နာမှုတွေကိုအစိုးရတာဝန်ရှိသူတွေ
ထံတင်ပြဆွေးနွေးရာမှာ အစိုးရ တာဝန်ရှိသူတွေက တောင်းဆိုချက်တွေထဲက တစ်ချို့ကို လိုက်လျောလိုက်
ပါတယ်။ဒေသခံ မိုးကုတ်မြို့ အနောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် (၃၀၀) ကျော်ဟာ သတ္ထုတွင်းဝန်ကြီးဌာ
န ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်တို့နဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ဆေးလိပ် သောက်သုံးသူ ၄၄ ရာခိုင်နှုန်းတွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားလျက်ရှိ

Photo: ဆေးလိပ် သောက်သုံးသူ ၄၄ ရာခိုင်နှုန်းတွင် ဆီးချို၊ သွေးချိုရောဂါ
ဖြစ်ပွားလျက်ရှိ
Tuesday, 20 November 2012

ဆီးချိုသွေးချို ရောဂါ ကာကွယ် ထိန်းသိမ်းရေး စီမံချက်မှ ဆရာဝန် တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းမှာ ဆေးလိပ် သောက်သုံး သူများရဲ့ ၄၄ ရာခိုင်နှုန်းဟာဆီးချိုသွေးချို ရောဂါ ဖြစ်ပွား လျက်ရှိတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စစ်တမ်း ကောက်ယူမှု အရ ပြည်တွင်းမှာ ဆေးလိပ် သောက်သုံး နေသူ ၃၀.၉ ရာခိုင်နှုန်း ရှိနေပြီး အဲ့ဒီအထဲက ၂၂ ရာခိုင်နှုန်းဟာ နေ့စဉ် ဆေးလိပ် သောက်သုံးမှု ရှိနေ တာဖြစ်ပါတယ်။

ဒီလို ဆေးလိပ် သောက်သုံးမှု တွေဟာ ပြည်တွင်းမှာ သာမက
ပြည်ပနိုင်ငံ တွေမှာပါ များပြားနေတဲ့ အတွက် လာမယ့် ၂၀၂၀ ခုနှစ်ကို ရောက်ရှိတဲ့ အခါ ကမ္ဘာ့လူဦးရေ ၆ မီလီယံ သေဆုံးနိုင် တဲ့အထိ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။

အခုလို ဆေးလိပ် သောက်သုံးမှုကြောင့် အသက်ဆုံးရှုံး စေနိုင်တဲ့ အကြောင်းအရာတွေ ကတော့ ဆီးချို၊ သွေးချို ရောဂါ ဖြစ်ပွားမှု သာမက အဆုတ်ကင်ဆာ ရောဂါလည်း အများဆုံး ဖြစ်ပွားကာ အသက် အန္တရာယ်ကို ထိခိုက်စေ နိုင်တာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ မြန်မာနိုင်ငံဟာ ဆေးလိပ်သောက်သုံးမှု သာမက ကွမ်းစားနှုန်း မှာလည်း အများဆုံး နိုင်ငံဖြစ်ပြီး ပြည်တွင်းရှိ ကွမ်းစားနှုန်း ပမာဏဟာ ၅၁.၄ ရာခိုင်နှုန်း ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

MRTV - 4
ဆီးချိုသွေးချို ရောဂါ ကာကွယ် ထိန်းသိမ်းရေး စီမံချက်မှ ဆရာဝန် တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းမှာ ဆေးလိပ် သောက်သုံး သူများရဲ့ ၄၄ ရာခိုင်နှုန်းဟာဆီးချိုသွေးချို ရောဂါ ဖြစ် ပွား လျက် ရှိ တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက်ပဋိပက္ခ နဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေ




ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ပြစ်မှုကျူးလွန်ခဲ့ သူတွေ ကို ဥပဒေအရ စစ်ဆေးဆောင်ရွက်မှုတွေ စတင်နေပြီ လို့ ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက RFA ကိုပြောပါတယ်၊

Net speeder v4.5 build 850




InternetConnection ကို 300% ထိမြင့်တင်ပေးပေးမယ့် Net speeder v4.5 build 850ဆော့
ဝဲလေးအကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။ကိုဝင်းဆီကနေယူလာပေးတာပါ။့ နောက်
ဆုံး Version ကိုထပ်တင်ပေးလိုက်ပါတယ်....။

မြန်မာနိုင်ငံပညာရေးစနစ် အားနည်းမှုကြောင့် ကျူရှင်၊ ဝိုင်းနှင့် အထူးထုတ်လုပ်ငန်းများ စီးပွား ဖြစ်လျက်ရှိ

Photo: မြန်မာနိုင်ငံပညာရေးစနစ် အားနည်းမှုကြောင့် ကျူရှင်၊ ဝိုင်းနှင့် အထူးထုတ်လုပ်ငန်းများ စီးပွား ဖြစ်လျက်ရှိ

Category: မြန်မာ့ပညာရေးသတင်း 
Published on Sunday, 18 November 2012 11:12 


မြန်မာနိုင်ငံတွင် ပညာရေးစနစ် အားနည်းမှုကြောင့် ယခုကာလတွင် ကျူရှင်ဝိုင်းနှင့် အထူးထုတ်စာအုပ် လုပ်ငန်းများ ဝင်ငွေကောင်းလျက်ရှိသည်။ တက္ကသိုလ်ဝင်တန်းကျောင်းသားများသည် သီတင်းကျွတ် အပြီးစာမေးပွဲဝင်ခွင့် ဖောင်များတင်ပြီးနောက်တွင် ကျောင်းမတက်တော့ဘဲ ကျူရှင်နှင့် စာသင်ဝိုင်းများ ကိုသာ သွားရောက်၍ စာသင်ကြားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်ကျောင်းပိတ်ရက်နောက်ပိုင်း ကျောင်းများတွင် သင်ခန်းစာများကို ဆက်လက်တက် ရောက်သင်ကြားခြင်း မရှိတော့ကြောင်း၊ ကျောင်းသို့ လာရောက်သောကျောင်းသားများလည်း နည်းပါး သွားကြောင်းတွေ့ရသည်။ ဤသည်မှာကျောင်း၏ ပညာသင်စနစ် အားနည်းမှုတစ်ခုဖြစ်ပြီး ထို ကျောင်းသားများသည် မိမိတို့သက်ဆိုင်ရာ ကျူရှင်နှင့်ဝိုင်းတို့ကိုသာ သွားရောက်တော့ကြောင်း သိရသည်။ ကျူရှင်လုပ်ငန်းများမှ သီတင်းကျွတ်ပိတ်ရက်အပြီးတွင် ၃ လပြတ်ဟူသော ဆိုင်းဘုတ်များ ဖြင့် ကျောင်းသားများခေါ်ယူကြကြောင်း၊ ထိုသို့သော ကျူရှင်များတွင် အမျိုးစားများကွဲပြားကြောင်း၊ အထူးသီးသန့်ရှယ်ဝိုင်းနှင့် ရိုးရိုးဝိုင်းကျူရှင်ဟူ၍ ရှိကြောင်းသိရသည်။ အထူးသီးသန့်ဝိုင်းများသည် ကျောင်းသားအများဆုံး ၁ဝ ယောက်သာလက်ခံကြောင်း၊ ရိုးရိုးစာသင်စာကျက်ဝိုင်းများမှာ လူဦးရေ အကန့်အသတ်မရှိကြောင်း ပညာမျက်ဝန်း စာသင်၊ စာကျက်ဝိုင်းမှာဒေါ်ဝါဝါသက်၏ ပြောကြားချက် အရသိရသည်။

အထူးသီးသန့်ဝိုင်းများတွင် တက်ရောက်သော စာသင်စရိတ်မှာ ငွေတန်ဖိုးအားဖြင့် တစ်ယောက်လျှင် ၁ဝဝ,ဝဝဝ ကျပ်ထိရှိကြောင်း၊ ရိုးရိုးကျူရှင်များမှာ ငွေကြေးတန်ဖိုး ၄ဝ,ဝဝဝ မှ ၆ဝ,ဝဝဝ ကျပ်ထိ ရှိကြောင်းသိရသည်။ ထိုကဲ့သို့ ကျူရှင်ဝိုင်းလုပ်ငန်းများရှိသကဲ့သို့ အိမ်ခေါ်သင်သော ဂိုက်လုပ်ငန်းမှာ လည်းဝင်ငွေကောင်းကြောင်း သိရသည်။ ဂိုက်ပြသောဆရာများမှာ တစ်ဘာသာချင်းအသေးစိတ်သင် လျှင် ၂၅ဝ,ဝဝဝ ကျပ်မှ ၃ဝဝ,ဝဝဝ ကျပ်ထိရရှိကြောင်း စာပြန်ရုံသက်သက်ဆိုလျှင် ၅ဝ,ဝဝဝ ကျပ်မှ ၁ဝဝ,ဝဝဝ ကျပ်ထိရရှိကြောင်း ဂိုက်ဆရာ ကိုဥက္ကာလှိုင်၏ ပြောကြားချက်အရ သိရသည်။

ထိုကဲ့သို့ပင် ကျူရှင်ဂိုက်ပြခြင်း လုပ်ငန်းများ စီးပွားဖြစ်သကဲ့သို့ အထူးထုတ်လုပ်ငန်းများမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲနီးလျှင် စီးပွားဖြစ်လျက်ရှိကြောင်းသိရသည်။ ယင်းတို့သည် ဒီဇင်ဘာ လဆန်းပိုင်းတွင် မေးခွန်းသုံးစုံဟု အမည်တပ်ထားသော စာအုပ်များထုတ်ကာ ရောင်းချကြသည်။ တစ်ဘာသာလျှင် ၃၅ဝဝ ကျော်ပေးဝယ်ရကြောင်း သိရသည်။

ထိုအထူးထုတ်လုပ်ငန်းများ၊ ကျူရှင်များနှင့် ဝိုင်းလုပ်ငန်းအများစုသည် ရန်ကုန်၊ လှည်းတန်း ပတ်ဝန်းကျင်တွင် အများစုရှိကြောင်းတွေ့ရသည်။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အောင်ချက်မှာ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၃၃.၃ ရာခိုင်နှုန်းရှိကြောင်း၊ ယခင်နှစ်ထက် အောင်ချက်လျော့နည်းသွားကြောင်း သိရသည်။

INDEPENDENT NEWS JOURNAL
မောက္ခပညာရေး

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း

မြန်မာနိုင်ငံတွင် ပညာရေးစနစ် အားနည်းမှုကြောင့် ယခုကာလတွင် ကျူရှင်ဝိုင်းနှင့် အထူးထုတ်စာအုပ် လုပ်ငန်းများ ဝင်ငွေကောင်းလျက်ရှိ သည်။ တက္ကသိုလ်ဝင်တန်းကျောင်းသားများသည် သီတင်းကျွတ် အပြီးစာမေးပွဲဝင်ခွင့် ဖောင်များတင်ပြီးနောက်တွင် ကျောင်းမတက်တော့ဘဲ ကျူရှင်နှင့် စာသင်ဝိုင်းများ ကိုသာ သွားရောက်၍ စာသင်ကြားမှု များ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

အကြွေးကိစ္စဖြင့် ဇနီးသည်အား ဓါတ်ဆီလောင်းပြီး မီးရှို့ 

၁၇-၁၁-၂ဝ၁၂ ရက်နေ့ ၁၉ဝဝ အချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိ့နယ်၊ ယင်းမာပင်ရွာနေ ညွန့်ဝင်း(၄၈)နှစ်နှင့် ဇနီးဖြစ်သူဒေါ်လပြည့်ဝင်း(၄၄)နှစ်တို့ နှစ်ဦး ချေးယူထားသည့်ငွေများနှင့်ပတ်သက်၍ လင်မယားချင်းစကားများရာမှ