တောင်ကြီးမြို့ပအိုဝ်းတိုင်းရင်းသားတို့၏စုပေါင်းမဟာဘုံကထိန်ပွဲကိုအင်္ဂါနေ့နံနက်ပိုင်းတွင်စည်စည်ကား
ဗိုလ်ချုပ်အောင်ဆန်းလမ်းတလျှောက်အိုးစည်ဗုံမောင်း နှင့်ရိုးရာသံချပ်များတီးမှုတ်သီဆိုလှည့်လည်သွားကြ
သောပအိုဝ်းတိုင်းရင်းသားအရေအတွက်မှာ နှစ်ထောင်ခန့်
ရှိသည်။ယခုနှစ်၏ထူးခြားချက်မှာတောင်ရိုးတိုင်း
ရင်းသား၊ ရှမ်းတိုင်းရင်းသားတို့ကပဒေသာပင်တခုစီ ပါဝင် လှူဒါန်းကြခြင်းပင် ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသား တဦးက ပြောသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏
ဤသို့သော
မြင်ကွင်းကို နှစ်စဉ် တွေ့ရှိရမည်ဖြစ်ကြောင်း၊
ယခုနှစ်ကထိန်သည် (၈၄) ကြိမ်မြောက် ဖြစ်ကြောင်း
ဒေသခံတဦးဖြစ်သူ ခွန်ခေတ်စံက ပြောသည်။
ယနေ့မနက်
လှည့်လည်ရာတွင်ဒေသာပင် ၁၄ ခုခန့်ပါဝင်ပြီးစုစုပေါင်းအလှူငွေကျပ်သိန်း၁၈၀ခန့်ဖြစ်သည်
ဟု
သိရသည်။
ဧရာဝတီသတင်း
No comments:
Post a Comment