အစ္စရေးက ဂါဇာကမ်းမြှောင် ဘက်ကို တညလုံး ပစ်ခတ် တိုက်ခိုက် နေခဲ့ပါတယ်။အစ္စရေးး စစ်ဘက်ကတော့ ဂါဇာ တဝန်းက ပစ်မှတ် တွေကို ပစ်ခတ် နေခဲ့တာ ဖြစ်တယ်လို့ ဆိုပေမယ့်ဘီဘီစီသတင်းထောက် ကတော့
ပြီးခဲ့တဲ့ ညတွေက ပစ်ခတ် တိုက်ခိုက် ခဲ့တာ တွေလောက် မပြင်းထန်ဘူး လို့လည်း ပြောပါတယ်။
ပါလက်စတိုင်းတွေ ဘက်ကလည်း ဒုံးကျည် တွေနဲ့ ပြန်ပြီး ပစ်ခတ် နေကြဆဲ ဖြစ်ပါတယ်။
အဲဒီက ဆေးဝန်ထမ်း တွေကတော့ ပြီးခဲ့တဲ့ သတင်းပတ်က အစ္စရေးက ဂါဇာကို စပြီး ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အချိန်ကနေ အခုအထိ ပါလက်စတိုင်း လူမျိုး ၁၁၀ သေဆုံးခဲ့ရပြီး ဖြစ်သလို၈၀၀ လောက်လည်း ထိခိုက် ဒဏ်
ရာ ရရှိထားတယ်လို့ ဆိုပါတယ်။
တချိန်ထဲမှာပဲ သာမန် အားဖြင့်တည်ငြိမ်မှု ရှိနေတဲ့အနောက်ဘက်ကမ်း ဒေသတခိျု့ မှာလည်း ဂါဇာကို တိုက်
ခိုက် နေတာကို ဆန့်ကျင့်တဲ့ ပါလက်စတိုင်း တွေရဲ့ ဆန္ဒပြပွဲ တွေမှာ အဓိကရုဏ်း တွေ ဖြစ်ခဲ့ကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
No comments:
Post a Comment