Pages

Pages - Menu

Wednesday, November 21, 2012

ကျေးရွာတစ်ရွာတွင် သဘာဝဓာတ်ငွေ့များအလိုအလျောက်ထွက်ရှိ

ကျေးရွာတစ်ရွာတွင် သဘာဝဓာတ်ငွေ့များအလိုအလျောက်ထွက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ - ၁၈

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တစ်ဖက်ကမ်း မြကိုင်းကျေးရွာအနီးရှိ လူနေအိမ်အချို့တွင် သဘာဝဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် သုံးစွဲသူများရှိနေကြောင်း သတင်းရရှိသည်။

ကျောက်တန်းမြို့နယ်မှ ၁၅ မိုင်အကွာ မြကိုင်းကျေးရွာအပိုင် သုံးပေါက်ပြွန်အစုရှိ လူနေတဲများတွင် စတင်သုံးစွဲနေခြင်းဖြစ်သည်။ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ဖြင့်  ထမင်း၊ဟင်းချက်ပြုတ်ခြင်း၊ တီဗီကြည့်ခြင်း၊ စပါးခြွေလှေ့စက်အချို့တွင် သုံးစွဲနေကြောင်း ဒေသခံများက 7 Day News သို့ ပြောသည်။

“တချို့ရွာတွေမှာလည်း သတင်းကြားလို့ တူးကြတယ်။ ဒါပေမဲ့ ဒီဘက်မှာလောက်  မထွက်ဘူး။ ဒီမှာက တူးလိုက်တဲ့ နေရာတိုင်းမှာ ထွက်တာများတယ်” ဟု သုံးပေါက်ပြွန် အစုရှိ သဘာဝဓာတ်ငွေ့အား ပထမဆုံးစတင်တူးဖော်၍ သုံးစွဲနေသူ ဒေါ်ကြည်မြင့်ကဆိုသည်။

ဓာတ်ငွေ့ကို မြေပြင်မှ အနက် ပေ ၆၀ နှင့် ၆၅ ပေ အကြားတွင် စတင်တွေ့ရှိနိုင်ပြီး ခေတ်မီစက်ကိရိယာများ အသုံးပြုစရာမလိုဘဲ သဘာ၀၀ါးလုံးများနှင့်သာ  တူးဖော်ရယူနိုင်ကြောင်း ဒေါ်ကြည်မြင့်ကပင်ပြောသည်။ “ငွေနှစ်သောင်းလောက်နဲ့ အပြီးအစီးတူးလို့ရတယ်” ဟု သုံးပေါက်ပြွန်အစုမှ အမျိုးသား တစ်ဦးကပြောသည်။ ယင်းကဲ့သို့ တူးဖော်အသုံးပြုနေခြင်းမှာ ယခုနှစ်  ဧပြီလမတိုင်ခင်ကာလကစတင်၍ တူးဖော်သုံးစွဲနေခြင်းဖြစ်ပြီး ထင်း၊ မီးသွေး၊ လောင်စာများနေရာတွင် အစားထိုး အသုံးပြုနေခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် မြကိုင်းကျေးရွာအနီးရှိ အချို့သော ရွာများတွင် ထွက်ရှိမှုအနည်းငယ်သာရှိပြီး ထွက်ရှိမှုအများဆုံးနှင့် ပမာဏအများဆုံးမှာ သုံးပေါက်ပြွန်အုပ်စု၌ ဖြစ်ကြောင်း သုံးပေါက်ပြွန်အုပ်စုတွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ဓာတ်ငွေ့ထွက်ရှိ ခြင်းနှင့်ပတ်သက်၍ ဘူမိဗေဒ ကျွမ်းကျင်ပညာရှင် ဦးစိုးသိမ်းက “အရင် အစိုးရလက်ထက်က တူးပြီး သုံးခဲ့တဲ့ ပင်လယ်ဝကနေ ဒါးပိန်ဘက်ကို ဖြတ်သွားတဲ့လမ်းကြောင်းပေါ်ရှိနေတဲ့ ဓာတ်ငွေ့ကြောပေါ်မှာ ကျန်ခဲ့တဲ့ အကြွင်းအကျန်ပါ။ မုတ္တမပင်လယ်ကြောရဲ့ အငွေ့အသက်ဆိုလည်း မမှားဘူး” ဟုပြောသည်။

ယင်းဒေသတွင် အဆိုပါ သဘာဝဓာတ်ငွေ့ထွက်ရှိမှုနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့သည့် နှစ်ဦးပိုင်းကစတင်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင်မည့်အခွင့်အလမ်းများ မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံပေးပို့ထားပြီးဖြစ် ကြောင်း နေပြည်တော်မှ စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက 7 Day News သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တစ်ဖက်ကမ်း မြကိုင်းကျေးရွာအနီးရှိ လူနေအိမ်အချို့တွင် သ
ဘာဝဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် သုံးစွဲသူများရှိနေကြောင်း သတင်းရရှိသည်။
ကျောက်တန်းမြို့နယ်မှ ၁၅ မိုင်အကွာ မြကိုင်းကျေးရွာအပိုင် သုံးပေါက်ပြွန်အစုရှိ လူနေတဲများတွင် စတင်
သုံးစွဲနေခြင်းဖြစ်သည်။ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ဖြင့် ထမင်း၊ဟင်းချက်ပြုတ်ခြင်း၊ တီဗီကြည့်ခြင်း၊ စပါးခြွေလှေ့စက်အချို့တွင် သုံးစွဲနေကြောင်း ဒေသခံများက 7 Day News သို့ ပြောသည်။

“တချို့ရွာတွေမှာလည်း သတင်းကြားလို့ တူးကြတယ်။ ဒါပေမဲ့ ဒီဘက်မှာလောက် မထွက်ဘူး။ ဒီမှာက တူး
လိုက်တဲ့ နေရာတိုင်းမှာ ထွက်တာများတယ်” ဟု သုံးပေါက်ပြွန် အစုရှိသဘာဝဓာတ်ငွေ့အားပထမဆုံးစတင်
တူးဖော်၍ သုံးစွဲနေသူ ဒေါ်ကြည်မြင့်ကဆိုသည်။

ဓာတ်ငွေ့ကို မြေပြင်မှ အနက် ပေ ၆၀ နှင့် ၆၅ ပေ အကြားတွင် စတင်တွေ့ရှိနိုင်ပြီး ခေတ်မီစက်ကိရိယာများ အသုံးပြုစရာမလိုဘဲ သဘာ၀၀ါးလုံးများနှင့်သာ တူးဖော်ရယူနိုင်ကြောင်း ဒေါ်ကြည်မြင့်ကပင်ပြောသည်။ “ငွေနှစ်သောင်းလောက်နဲ့ အပြီးအစီးတူးလို့ရတယ်” ဟု သုံးပေါက်ပြွန်အစုမှ အမျိုးသား တစ်ဦးကပြောသည်။ ယင်းကဲ့သို့ တူးဖော်အသုံးပြုနေခြင်းမှာ ယခုနှစ် ဧပြီလမတိုင်ခင်ကာလကစတင်၍ တူးဖော်သုံးစွဲနေခြင်းဖစ်
ပြီး ထင်း၊ မီးသွေး၊ လောင်စာများနေရာတွင် အစားထိုး အသုံးပြုနေခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် မြကိုင်းကျေးရွာအနီးရှိ အချို့သော ရွာများတွင် ထွက်ရှိမှုအ
နည်းငယ်သာရှိပြီး ထွက်ရှိမှုအများဆုံးနှင့် ပမာဏအများဆုံးမှာ သုံးပေါက်ပြွန်အုပ်စု၌ ဖြစ်ကြောင်း သုံးပေါက်
ပြွန်အုပ်စုတွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ဓာတ်ငွေ့ထွက်ရှိ ခြင်းနှင့်ပတ်သက်၍ ဘူမိဗေဒ ကျွမ်းကျင်ပညာရှင် ဦးစိုးသိမ်းက “အရင် အစိုး
ရလက်ထက်က တူးပြီး သုံးခဲ့တဲ့ ပင်လယ်ဝကနေ ဒါးပိန်ဘက်ကို ဖြတ်သွားတဲ့လမ်းကြောင်းပေါ်ရှိနေတဲ့ ဓာတ်
ငွ့ကြောပေါ်မှာ ကျန်ခဲ့တဲ့ အကြွင်းအကျန်ပါ။ မုတ္တမပင်လယ်ကြောရဲ့ အငွေ့အသက်ဆိုလည်း မမှားဘူး” ဟု
ပြောသည်။

ယင်းဒေသတွင် အဆိုပါ သဘာဝဓာတ်ငွေ့ထွက်ရှိမှုနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့သည့် နှစ်
ဦးပိုင်းကစတင်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင်မည့်အခွင့်အလမ်းများ မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံပေးပို့ထားပြီးဖြစ် ကြောင်း နေပြည်တော်မှ စွမ်းအင်
ဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက 7 Day News သို့ ပြောသည်။
 
 
7days News

No comments:

Post a Comment