Pages

Pages - Menu

Sunday, November 4, 2012

ကမ္ဘာမြေပေါ်မှ မရဏဇုန်များ

ဧပြီလအတွင်းက ထုတ် ဝေသော ဂျာနယ်တစ်စောင်တွင် မွန်ပြည်နယ် သံလွင်မြစ်အတွင်း ပလတ်စတစ်နှင့် အမှိုက်မျိုးစုံအညစ်အကြေးရဆိုးများကိုစည်းကမ်းမဲ့စွန့်ပစ်နေကြသဖြင့်ရေလုပ်သားများ ငါးဖမ်းရရှိမှု နည်း ပါးလာနေကြောင်းသတင်းကိုဖတ်ရှုကြရပါသည်။အလားတူအခြေအနေမျိုးသည်ကမ္ဘာနေရာဒေသ များတွင်
ပါ တွေ့ကြုံနေရပါပြီ။

Twitter တည်ထောင်သူ ဘစ်စတုန်းနှင့် စကားစမြည်


အင်တာနက်ကမ္ဘာမှာ ယနေ့ ခေတ်အစားဆုံး လူမှုကွန် ရက်တစ်ခုဖြစ်တဲ့Twitterကို စတင် တည်ထောင်ခဲ့
သူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဘစ်စ တုန်း (Biz Stone) က သူ့ရဲ့ Twitterအကြောင်းနဲ့ လူမှုကွန်ရက် (Social Network) အကြောင်း တွေကို စကားစမြည်ပြောဆိုခဲ့ပါ တယ်။ တွေ့ဆုံမေးမြန်းပေးခဲ့သူက တော့ TheSocialMediaBibleစာအုပ်ကိုပူးတွဲရေးသားပြုစုတဲ့ စာရေးဆရာ လွန်ဆက်ဖ်ကို (Lon Safko) ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း အရေးကြီး

စစ်မှန်တဲ့ ပြည်ထောင်စု တရပ်ပေါ်ထွန်း လာပြီး အာဏာ ခွဲဝေကျင့်သုံးရေး စနစ်တွေ ပေါ်ထွန်းလာဖို့ ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင် သင့်တယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်ပါတီ ၁၁ ပါတီ တို့ တွေ့ဆုံ ခဲ့တဲ့ ငြိမ်းချမ်းရေးစင်တာမှာ သွားရောက် သတင်း ယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

ကြမ်းတမ်းလှသည့် တရုတ်နိုင်ငံမှ မူကြိုကျောင်း

 
ကမ္ဘာတ၀ှမ်းလုံးကိုအကြီးအကျယ်တုန်လှုပ်သွားစေတဲ့ဖြစ်ရပ်ကတော့ဒီဓါတ်ပုံတွေပဲဖြစ်ပါတယ်။တရုတ်ပြည်
တစ်နိုင်ငံလုံးပြစ်တင်ရှံ့ချမှုအကြီးအကျယ်ရင်ဆိုင်နေရတဲ့အပြင်တစ်ကမ္ဘာလုံးကပါစိတ်ဆိုးဒေါသထွက်စေခဲ့
တဲ့အတွက်အသက်၂၀အရွယ်ဆရာမလေးယန်ယန်ဟုန်ကြောင်းဖြစ်ပါတယ်။ဒီပုံကတော့ ဆရာမကလေးက
နေပြီးအော်ဟစ်ငိုယိုနေတဲ့ကျောင်းသားကလေးကို နားရွက်နေဆွဲပြီးကိုင်မြှောက်နေပုံဖြစ်ပါတယ် ။

မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများ မိနစ်ဖြင့် ကောက်ခံ ခြင်း ဖျက်သိမ်း၍ Data စနစ်ဖြင့် ကောက်ခံခြင်း ယခုလကုန်တွင် ပြုလုပ်တော့မည်


မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများကို မိနစ်ဖြင့် ကောက်ခံ ခြင်းကို ဖျက်သိမ်း၍ Data စနစ်ဖြင့်ကောက်ခံခြင်းကို ယခုလကုန် တွင် ပြုလုပ်တော့ မည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

Windows 8 အသုံးပြု Laptop နှင့် Tablet များ ၂၀၁၂အတွင်း ပြည်တွင်းဈေးကွက်များသို့ရောက်ရှိမည်



Windows 8 အသုံးပြု Laptop နှင့် Tablet များ ၂၀၁၂ နိုဝင်ဘာလပထမအပတ်နှင့် ၂၀၁၃ နှစ်ဦးပိုင်းများတွင် ၀င်ရောက်လာဖွယ်ရှိကြောင်း အဆိုပါပစ္စည်းများကို တင်သွင်းရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ
ကပြောသည်။

မိုဘိုင်းဖုန်းဖြင့် အောင်ဘာလေထီ ပေါက်မပေါက် စစ်ဆေးနိုင်သောဆော့ဖ်ဝဲ အခမဲ့ဖြန့်ချိ





အောင်ဘာလေထီလက်မှတ် ပေါက်မပေါက် စစ်ဆေးနိုင်သော Myanmar Lottery အမည်ရ မိုဘိုင်းဆော့ဖ်ဝဲ
တစ်ခုအား မုံရွာမြို့ရှိ i-Campus ကွန်ပျူတာသင်တန်းမှ အခမဲ့ဖြန့်ချိလိုက်ကြောင်း သိရသည်။

အမေရိကန် သမ္မတရွေးပွဲအတွက် အကြိတ်အနယ် စည်းရုံး


 
အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးနေ့တွေ အဖြစ်နဲ့ မဲဆွယ်စည်းရုံး နေကြတဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ပြိုင်ဘက် ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း မစ်ရွန်မနီ (Mitt Romney) တို့ဟာ ရွေးကောက်ပွဲ အတွက်  အဓိက အဆုံးအဖြတ် ပေးလိမ့်
မယ်လို့ ယူဆထားကြတဲ့ ပြည်နယ်တွေမှာ အပြန်အလှန် မဲဆွယ်စည်းရုံး လှုပ်ရှားနေကြပါတယ်။

ရောဂါကျွမ်းမှ ဆေးရတယ်

ကိုယ့်အားနည်းချက်ကို ဘယ်တော့မှ လူမြင်အောင်မပြဖို့ လေ့ကျင့်ထားသူဖြစ်ပေမယ့် ဘယ်စစ်သားကမှ ဒီ
ကံကြမ္မာကို တင်းမခံနိုင်ဘူးဆိုတာကိုသိန်းအောင်နားလည်ပါတယ်။မျက်တောင်မခပ်စတမ်းတနေရာကိုသာ
စူးစိုက်ကြည့်လို့ အံကိုတင်းတင်းကြိတ်ထားပြီး တဆတ်ဆတ်တုန်နေတဲ့ သူ့မေးစေ့ကို ငြိမ်အောင် ထိန်းနေပါ
တယ်။သူ့အနေအထားက ပြိုကျနေတဲ့ ကုန်းဂမူလိုပါပဲ။

Gum Bleeding(ခေါ်) သွားဖုံး သွေးယိုစိမ့်ခြင်း




သင့်သွားဖုံးဟာ အလိုလိုနေရင်း ဒါမှမဟုတ် သင်သွားတိုက်ရင်း သွေးထွက်လာခဲ့မယ် ဆိုရင်သွားဖုံး သွေးယို
စိမ့်တယ်လို့ဆိုနိုင်ပါပြီ။တကယ်လို့များသင့်သွားဖုံးမှာ သေွးယိုစိမ့်လာပြီဆိုရင် အောက်ပါမေးခွန်းများကိုဖြေ
ကားသင့်ပါတယ်။

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း


Photo: ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဖို့နှင့် ကိုယ့်ပတ်ဝန်းကျင် စိတ်ချမ်းသာအောင် လုပ်ပေးဖို့ အရေးကြီးသည်။ လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကို နိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို မြတ်စွာဘုရားကို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။ ထိုသို့ရှိခိုးရာတွင် အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေးသော ဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့်ကောင်းဖို့သာလိုပါသည်။ ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီပတ်လုံး ရှိခိုးစေကာမူ အချည်းနှီးဖြစ်သည့်အတွက် ရှိခိုးခြင်းကို ဦးစားမပေးပါ။ သို့သော် အထက်မှာ ဖော်ပြခဲ့သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် သူ့ရဲ့တရားတော်ကို အာရုံပြုပီး (၁) ကြိမ် သူ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူတွေရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်း အမှုပြုက ဦး (၃) ကြိမ်ချရပါသည်။ ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်းရည်ရွယ်ချက်မှာ ရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။ ဥပုသ်စောင့်ရခြင်း ။။။။။။။။။။။။။။။။။။။။။။ ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊ ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။ ဥပုသ်ကို ပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။ သို့သော် မိမိဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။ အတင်းအကျပ် လုပ်ကို လုပ်ရမယ် ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။ ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ်သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီအောင် ဥပုသ်သီလများ စောင့်ထိန်းနိုင်ပါသည်။ ပွဲလမ်းသဘင် ၊၊။။။။။။။။။။။။။။။။ ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကို ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့တာ မဟုတ်ပါ။ နောင်လာနောက်သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီး ကျင်းပကြခြင်းဖြစ်ပါသည်။ ဥပမာ။ မေလ လပြည့်နေ့တွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကို ကျင်းပပါသည်။ ထိုပွဲသဘင်သည် ဘုရားဖြစ်မဲ့သူရဲ့ မွေးနေ့၊ ဘုရားအဖြစ်သို့ရောက်တဲ့နေ့၊ ဘုရားကွယ်လွန်တဲ့နေ့တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ။။။။။။။။။။။။။။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့်စည်းကမ်းသတ်မှတ်မထားပါ။ ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက် မဟုတ်ပါ။ လူသားတိုင်းအတွက်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဖူးစရာမလိုပါ။ မြင်ဖူးစရာမလိုပါ။ ရှိခိုးစရာ မလိုပါ။ ငါးပါးသီလစောင့်ထိန်းသူ ဘယ်သူမဆို တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းတဲ့ ဘုံဘ၀ ရောက်မည်။ ငါးပါးသီလ မစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းတဲ့ ဘုံဘ၀ ရောက်မည်။ ငါးပါးသီလ (၁) သူတပါးအသတ်မသတ်ရ။ (၂) သူတပါးဥစ္စာ မခိုးရ။ (၃) သူတပါး သားမယား မပြစ်မှားရ။ (၄) လိမ်မပြောရ။ (၅) အရက်၊ ဆေးခြောက်စတဲ့ မူးယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။ ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ သဘာဝတရားကို သိဖို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကို သိလာလို့ သိသူ (ဗုဒ္ဓ) အမည်ရလာတာ။ ဗုဒ္ဓဆိုတာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။ ထာဝရဘုရားသခင်ကို မယုံကြည်။ မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ခလေးတွေ၊ ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ ဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။ ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။ ယင်းတို့မှာ (၁) ထေရ၀ါဒဗုဒ္ဓဘာသာ (၂) ဟီနယာနဗုဒ္ဓဘာသာ (၃) မဟာယာနဗုဒ္ဓဘာသာ တို့ဖြစ်သည်။ ၁။ ထေရဝါဒဗုဒ္ဓဘာသာ ထို့ကြောင့်ထေရဝါဒသာသနာဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူထားသော တရားတော် မူရင်းအတိုင်း လက်ခံကျင့်သုံးသည်။ ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြု။ ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်သည်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ရောက်နိုင်သည်။ ထေရဝါဒဗုဒ္ဓဘာသာကို ၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။ ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ လိုက်နာကျင့်သုံး သည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။ ၂။ ဟီနယာနဗုဒ္ဓဘာသာ ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သော ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။ အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ် သလောက် ဖြစ်သွားကြပါသည်။ ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။ ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟု ဆိုနိုင်ပါသည်။ ၃။ မဟာယာနဗုဒ္ဓဘာသာ မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။ လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။ ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ သွားရမည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့် နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆို သည်။ ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။ မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။ ဒေါက်တာအရှင်ဣန္ဒက (Dhamma Garden)


ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများနှင့်မကောင်းသော
သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ထိုကြောင့် မြတ်စွာဘုရားကိုဗုဒ္ဓဘာသာ
ဝင်တို့ကဆရာအဖြစ်မှတ်ယူသည်။ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။

အားဖြည့်အချိုရည်သောက်ပြီး သေဆုံးသွားသည့်အတွက် အချိုရည်ထုတ်စက်ရုံကို တရားစွဲ


Anais Fournierဆိုတဲ့ ၁၄နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အားဖြည့်အချိုရည်သောက်ပြီး သေဆုံးသွားတာ
ကြောင့် သူမရဲ့မိဘတွေဟာ ကယ်လီဖိုးနီးယားမှ အချိုရည်ထုတ်စက်ရုံကို တရားစွဲဆိုထားကြောင်း သိရပါ
တယ်။

ရခိုင်ပြည်နယ်အစိုးရသစ်ဖွဲ့ဖို့ လွယ်ပါ့မလား


ရခိုင်ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါတဲ့ဦးတင်မောင်သန်းကရခိုင်ပြည်နယ်အစိုးရဟာအကြမ်းဖက်
သူများကိုထိမ်းမနိုင်သိမ်းမရဖြစ်နေတာကြောင့် ပြဿနာတွေဆက်လက်ဖြစ်ပေါ်လာရတယ်။ဒါကို ဒေါ်အောင်
ဆန်းစုကြည်နဲ့တိုင်ပင်ပြီးရခိုင်ပြည်နယ်အစိုးရအသစ်ဖွဲစည်းဖို့လိုအပ်နေတယ်လိုတင်ပြတယ်ဆိုတာသိရတယ်။
ဒီတော့ကျွန်တော်တို့မှာပြောစရာရှိလာပြန်ရောဘဲ။ပထမအချက်ကရခိုင်ပြည်နယ်အစိုးရဆိုတာဘယ်ကနေပြီး
ပေါက်ဖွါးလာသလဲဆိုတာ ကြည့်ဖို့လိုတယ်။ 

မြန်မာ့ ငြိမ်းချမ်းရေး ဥရောပ ထောက်ပံ့ကူညီမှု လက်မှတ်ထိုး

 
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ဥရောပကော်မရှင်ဥက္ကဌMr.Jose’ManuelBarrosoနဲ့သမ္မတရုံးဝန်ကြီးဦးအောင်
မင်းတို့ဟာမြန်မာနိုင်ငံမှာရေရှည်ငြိမ်းချမ်းရေးဖြစ်ထွန်းစေဖို့လက်တွဲဆောက်ရွက်သွားမယ့်အကြောင်းသဘော
တူလက်မှတ်ရေးထိုး ကြပါတယ်။  

ညောင်တုန်းမြို့နယ်၌ လေပြင်းတိုက်၍ လူနေအိမ်များပြို

ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာအုပ်စု ပန်းဆိပ်ကျေးရွာတွင် နိုဝင်ဘာ ၁ ရက်နံနက်၃နာရီကမိုး
ရွာပြီး လေပြင်းတိုက်သဖြင့်လူနေအိမ်ရှစ်လုံး၊ဂိုဒေါင်ငယ်တစ်လုံး ပြိုကျပျက်စီးသွားကြောင်းသိရှိရသည်။လေ
ပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ရှစ်လုံးမှ အိမ်ထောင်စုရှစ်စု၊ ကျား၂၇ ဦး၊ မ၂၂ ဦး စုစုပေါင်း လူဦးရေ ၄၉ ဦး လေဘေးသင့်ခံရပြီး အိုးအိမ်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။အဆိုပါ ကျေးရွာနေဦးလှဌေးအောင်၏ဇနီးမှာ
မီးဖွားပြီး ရက်ပိုင်းသာ ရှိသေးသဖြင့် ပတ်ဝန်းကျင်မှ ပြုစုစောင့်ရှောက်ထားကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ သရက်မြို့နယ် ပိတောက်ပင် ရေနံမှော် ၌ မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊သရက်မြို့နယ်ပိတောက်ပင် ရေနံမှော် ရွှေရာသီကုမ္ပဏီ ရေနံလက်ယက်
တွင်းတိမ် ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ လုပ်ကွက်အတွင်း နိုဝင်ဘာ ၂ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ခန့်က (၁၂)ကြိမ်မြောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ဒုက္ခသည်များ အတွက် အမည်မသိ ဇနီးမောင်နှံမှ လက်ထပ် ရွှေလက်စွပ် ပေးလှူ


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်းKBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊အမျိုးသားဌာန၏သမာကျမ်း
စာ သင်ကြား ခြင်း အစီစဉ်တစ်ခုတွင် အမည်မသိ ဇနီးမောင်နှံမှ မင်္ဂလာ ရွှေလက်စွပ် တစ်ကွင်း  ကချင်ဒုက
္ခသည်များအတွက် လှူဒါန်း ခဲ့သည်။ ၁ နှစ် ၁ ကြိမ်ပြုလုပ်သည့် အမျိုးသားကော်မတီအဖွဲ့များ  ဆယ်ဖို့တစ်ဖို့ 
(ခရစ်ယာန်ကျမ်းစာ၌ပါသော မိမိဥစ္စာ ပစ္စည်းထဲမှ ၁၀ ပုံ ၁ပုံအား ပေးလှူခြင်း) နှင့် ပေးကမ်း လှူဒါန်းခြင်းနှင့်
ပတ်သက်၍ ဟောပြောသင်ကြားပေးသည့် အစီစဉ် ပြုလုပ်ခဲ့ရာတွင်ဘုရားကျောင်းရှိကချင်စစ်ပြေးဒုက္ခစခန်း
၏ အလှူခံပုံးထဲ၌ ထူးဆန်းစွာဖြင့် စာအိတ်တွင် ရွှေလက်ထပ် လက်စွပ်တစ်ကွင်းကိုလက်ခံရရှိခြင်းဖြစ်သည်။

စပါးမရိတ်ရသေးခင် စပါးဖိုးတောင်းနေတဲ့ KIA

ကချင်ပြည်နယ်မှ စပါးခင်းတစ်ခင်းပုံ(ဓာတ်ပုံ-အင်တာနက်)

ကချင်ပြည်နယ်၊မိုးကောင်းမြို့အနီးမှာရှိတဲ့ ဒေသခံလယ်သမားတွေဆီက ကေအိုင်အေရင်း(၁၁)မှ နိုဝင်ဘာ
(၂)ရက်နေ့မှာ စပါးဖိုးနဲ့ဆားဖိုးတောင်းခံနေကြောင်းသိရပါတယ်။စပါးစဖိုးအတောင်းခံရတဲ့ရွာသားတွေက
တော့ မိုးကောင်းမြို့နယ်အတွင်းကခင်မောင်းကွင်း၊ ညောင်တောကွင်း တွေမှာလယ်စိုက်နေတဲ့သူတွေဖြစ်ပါ
တယ်။`` ဒီလယ်ကွင်းတွေဟာ ခက်မွန်ချောင်း တစ်လျှောက် မှာ ရှိပြီးတော့ မိုးစပါးကိုပဲ အဓိကထားစိုက်ပျိုး
ရတာပါ။ နွေနဲ့ဆောင်းအချိန်တွေမှာ ချောင်းထဲရေမရှိလို့ လယ် မစိုက်နိုင်ပါဘူး။