Pages

Pages - Menu

Sunday, November 4, 2012

စပါးမရိတ်ရသေးခင် စပါးဖိုးတောင်းနေတဲ့ KIA

ကချင်ပြည်နယ်မှ စပါးခင်းတစ်ခင်းပုံ(ဓာတ်ပုံ-အင်တာနက်)

ကချင်ပြည်နယ်၊မိုးကောင်းမြို့အနီးမှာရှိတဲ့ ဒေသခံလယ်သမားတွေဆီက ကေအိုင်အေရင်း(၁၁)မှ နိုဝင်ဘာ
(၂)ရက်နေ့မှာ စပါးဖိုးနဲ့ဆားဖိုးတောင်းခံနေကြောင်းသိရပါတယ်။စပါးစဖိုးအတောင်းခံရတဲ့ရွာသားတွေက
တော့ မိုးကောင်းမြို့နယ်အတွင်းကခင်မောင်းကွင်း၊ ညောင်တောကွင်း တွေမှာလယ်စိုက်နေတဲ့သူတွေဖြစ်ပါ
တယ်။`` ဒီလယ်ကွင်းတွေဟာ ခက်မွန်ချောင်း တစ်လျှောက် မှာ ရှိပြီးတော့ မိုးစပါးကိုပဲ အဓိကထားစိုက်ပျိုး
ရတာပါ။ နွေနဲ့ဆောင်းအချိန်တွေမှာ ချောင်းထဲရေမရှိလို့ လယ် မစိုက်နိုင်ပါဘူး။
ဒီ မိုးစပါးလေးကိုပဲ အား ထား ပြီး စားသောက်နေကြရတာပါ။ အခု စပါးပေါ်မယ် ရှိသေးတယ် တစ်ဧကကို စပါး(၃) တင်းနဲ့ ဆား တစ်ပိဿာပေး ရမယ်ဆိုပြီး လာတောင်းနေကြပြီ။ ရင်း(၁၁)ကို ကိုယ်တိုင်သွားပေးရ
မှာပါ။ 

သူတို့ ပြောထားတဲ့အတိုင်းမလုပ်ရင် ရင်း(၁၁)မှာ ကေအိုင်အေ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ရမယ်လို
့ ပြောသွား ကြောင်း ´´ မိုးကောင်းမြို့ ဒေသခံလယ်သမား တစ် ဦး မှ ပြောပြသွားပါ တယ်။


KIA အဖွဲ့ဟာ စီးပွားရေးအဆင်ပြေသူများ၊ ကုမ္ပဏီများထံမှ ဆက်ကြေးတောင်း လို့မရတော့ တဲ့နောက်ပိုင်း
မှာ ယခုလို အခြေခံလူတန်းစား လယ်သမား၊ ယာသမား၊ လက်လုပ် လက်စားပြည် သူများကိုပင် အလွတ်မ
ပေးတော့ ဘဲ ၄င်းတို့အဖွဲ့ စားနပ်ရိက္ခာများအတွက် ခြိမ်းခြောက်ငွေတောင်း ရမ်းနေကြောင်းသိရပြီးအထက်
ပါလယ်ကွင်း များတွင် လာမည့်ဆောင်းရာသီတွင် အသီးအနှံ များစိုက်ပျိုးမည့်လယ်သမားများအတွက်ဘယ်
လိုသတ်မှတ်ချက် တွေ၊ ဘယ် လိုခြိမ်းခြောက် မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ထိတ်လန့်နေကြ
ကြောင်း သိရှိရပါတယ်။

ကချင်နေ့စဉ်သတင်း

No comments:

Post a Comment