ပါ
တွေ့ကြုံနေရပါပြီ။
မြေထဲပင်လယ်ကြမ်းပြင် တွင် တန်ချိန်သန်းသုံးရာရှိ
အရောင်စုံ စွန့် ပစ်အမှိုက်မျိုးစုံ စုပုံကျရောက်ကာ သဘာဝဂေဟ စနစ်
ပတ်ဝန်းကျင်ကို ထိခိုက်စေ လျက်ရှိကြောင်း လေ့လာမှုစစ်တမ်း များအရ သိရသည်။
ပင်လယ်ပြင် တွင် သတင်းစာစက္ကူသည် ရက် သတ္တခြောက်ပတ်၊ ကတ္တူပုံးသည် သုံးလ၊
စီးကရက်တိုသည် နှစ်နှစ်၊ စတီးသတ္တုဘူးသည် နှစ်ရှစ်ဆယ်၊ အလူမီနီယံဘူး သည်
နှစ်တစ်ရာ၊ ပလတ်စတစ်အိတ်သည် နှစ်သုံးရာ၊ ပလတ်စတစ်ဘူးနှင့် ပိုလီစတိုင် ရင်း
Polystyrene သည် နှစ်ပေါင်း ငါးရာကြာမှသာ ပျက်စီးဆွေးမြေ့ နိုင်သည်။
ယခုခေတ်ပေါ် အဆိပ် သင့်ပစ္စည်းစုံ PopsPer Sistent Organic Pollutants တွင်
ဓာတ် သတ္တုပစ္စည်း၊ ဓာတ်ရောင်ခြည်သင့် ညူကလိုက်များ၊ ရေနံယိုဖိတ်မှုနှင့်
မပြုပြင်ဘဲ စွန့်ပစ်သည့် ရေဆိုးရေ ပုပ်များ သန်းထောင်ပေါင်းများစွာ သော
ပလတ်စတစ်အိတ်စသည် များ အကျုံးဝင်ကာ သေးငယ်လှ သော ရေသတ္တဝါများမှစ၍ အကြီး
ဆုံး ဝေလငါးများအထိ Pops အဆိပ်ဓာတ်သက်ရောက် အောင်း ဝင်နေလေရာ၊
စားသုံးသည့်လူတို့ တွင် ရေရှည်တွင် ကျန်းမာရေး ထိ ခိုက်နိုင်ပါ၏။
ကမ္ဘာချီပူနွေးလာမှု၊ လူ့ ပယောဂကြောင့် ကမ္ဘာ့မြစ်ချောင်း၊
ပင်လယ်သမုဒ္ဒရာရေထုများ ညစ် ညမ်းအဆိပ်သင့်ခြင်း၊ သဘာဝဂေ ဟစနစ်ပျက်
ယွင်းလာခြင်း၊ လူဦး ရေတိုးပွားလာခြင်းနှင့်အတူ စီးပွား ရေးလောဘကြောင့်
ငါးနှင့်ရေနေ သတ္တဝါများကို အလွန်အကျွံ စည်း ကမ်းမဲ့စွာ
ဖမ်းယူမှုတို့ကြောင့်လည်း ရေနေသက်ရှိများ လျော့နည်းမျိုး သုဉ်းနေရပါ၏။
မြန်မာ့ပင်လယ် ကမ်းရိုးတန်းမှ ပင်လယ်လိပ်ကြီး များသည် ငါးဖမ်းသင်္ဘောများ၏
တရွတ်ဆွဲပိုက်များကြောင့် သေဆုံး ပြုန်းတီးနေရကြောင်း သိရှိရပါ သည်။
ခေတ်မီတိုးတက်သည်ဟု ဆိုသည့် ယနေ့မြေကမ္ဘာပေါ်တွင် မြစ်ကြီးများ၏ထက်ဝက် (မြစ်
စင်းရေတစ်ရာ့နှစ်ဆယ်ခန့်) သည် ဆိုးရွားစွာ အဆိပ်သင့်ညစ် ညမ်းနေကာ
အချို့မြစ်ကြီးများသည် ပင်လယ်သမုဒ္ဒရာအထိ မရောက်ရှိနိုင်တော့ပါ။
ရေချိုငါး
မျိုးစိတ်ပေါင်း တစ်သောင်း အနက် ၂ဝ ရာခိုင်နှုန်းကျော် ကွယ်ပျောက်ခဲ့
ကွယ်ပျောက်လု နီး ဖြစ်နေသည်။ ကမ္ဘာ့လူသား သန်းထောင်ပေါင်းများစွာသည် ငါးကို
အဓိကအာဟာရ ရိက္ခာ အဖြစ် စားသုံးနေကြရသည်။ စီးပွားဖြစ်
ငါးဖမ်းလုပ်ငန်းကြီးများ သည် မဖမ်းဆီးသင့်သော ပင် လယ်သမုဒ္ဒရာရေနက်ပိုင်းရှိ
ငါးကြီးများကိုပင် လောဘဇောဖြင့် နေ့ညဥ့်မပြတ် အလွန်အကျွံ ဖမ်း ဆီးနေကြရာ
ဤနှုန်းအတိုင်းဆို လျှင် မကြာသောကာလ ၂ဝ၄၈ ခုနှစ်ခန့်တွင် ကမ္ဘာတစ်ဝန်းဝယ်
ငါးရှားပါးပြတ်လပ်မှုအန္တရာယ်ရှိ နေ ပြီဟု သုတေသီတို့က ဆိုကြပါ သည်။
ကမ္ဘာကျော် စာပဒေသာ မဂ္ဂဇင်းတွင်လည်း တူနာငါးသား ညှပ်ပေါင်မုန့်ကို လူအများက
ကြိုက်နှစ်သက်လှသဖြင့် တူနာ ငါးမျိုး လျော့ပါးပျောက်ကွယ်မည့် အန္တရာယ်ကို
ကူညီကာကွယ် သောအားဖြင့် စားသုံးခြင်းမပြုကြ ပါရန် သတိပေးကြော်ငြာ ဖော်ပြ
လေ့ရှိပါ၏။
ရေနေသတ္တဝါများ လျော့ ပါးပျက်သုဉ်းလာခြင်းသည် တောရိုင်း
တိရစ္ဆာန်များ လျော့ပါးပျက်သုဉ်းရမှု နည်းတူ ကမ္ဘာမြေ၏ သဘာဝဂေဟ စနစ်များကို
ကြီးစွာသော ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဟု ဆိုကြပါသည်။ ယခုအခါ ငါးဖမ်းဆီးမှု၊
ရေထုညစ် ညမ်းစေမှုအားလုံးကို ထိရောက်မြန် ဆန်စွာ
ထိန်းသိမ်းလျှော့ချပြုပြင်သင့် ကြပါပြီ။ ငါးမျိုးများ ပျက်သုဉ်းမည့်
ကပ်ဘေးကြီးသည် လက်တစ်ကမ်းမှာ ရှိနေပါသည်။ အများဆုံးဖမ်းဆီး ခံနေရသည့်
ငါးအမျိုးအစား ၂၉ ရာ ခိုင်နှုန်းရှိနေရာမှ ယခုအခါ ၁ဝ ရာ ခိုင်နှုန်းခန့်သာ
ကျန်ရှိပါတော့၏။
ယနေ့ကမ္ဘာမြေရှိ လူသား များ ကြိုက်သည်၊ မကြိုက်သည်အပ ထား၍
ကမ္ဘာချီပူနွေးကာ သဘာဝ ဝန်းကျင် ပျက်ယွင်းနေသည့် ပြဿ နာသည် မိနစ်နှင့်အမျှ
ပို၍ဆိုးရွား ကျယ်ပြန့်လာနေပါသည်။ မိမိတို့လူ သားများသည် အလိုရမ္မက်ကြီးစွာ
အငမ်းမရ သဘာဝသယံဇာတများ ကို (ခေတ်မီကမ္ဘာအတွက်) ရယူခြင်း၊ ရေထု၊ လေထု၊
မြေထုကို ညစ်ညမ်း အဆိပ်သင့်စေခြင်း၊ သဘာဝဌာနေ သတ္တဝါများကို
ပျက်ယွင်းစေခြင်း၊ အပင်နှင့် သတ္တဝါမျိုးစိတ်များကို ထိ ခိုက်စေသည့်
သဘာဝဂေဟစနစ် များကို ပျက်စီးစေခြင်း (ဥပမာ-သစ် တောများကို ခုတ်ထွင်၍
ဧကပေါင်း သိန်းသန်းချီသော ဆီအုန်းခြံနှင့် စက်ရုံ များတည်ခြင်း၊ ဒီရေတော
စိမ့် မြေနွံတောကြီးများကို မြေဖို့ပြုပြင်၍ လူနေအိမ်ခြေစက်ရုံများ တည်ကြ၊
မွေးမြူရေးခြံကြီး များ ပြုလုပ်ကြခြင်း စသည်)တို့ကို အတောမသတ် ပြု
လုပ်နေကြပါ၏။
ကမ္ဘာမြေတွင် လူဟူ၍ စတင်ဖြစ်သည်မှ ခရစ်နှစ် ၁၈ဝဝ ကာလအတွင်း
လူဦးရေသည် သန်းတစ်ထောင်ခန့်သာရှိခဲ့ပြီး ထိုမှစ၍ နှစ်ပေါင်းနှစ်ရာအတွင်း
ဝယ် လူဦးရေသန်းထောင်ပေါင်း ၆.၅ ရှိ လာသည်။ ယနေ့ကမ္ဘာလူ ဦးရေသန်း ၇
ထောင်ကျော်ပေပြီ။ ဤကမ္ဘာဂြိုဟ်ပေါ်တွင် နှစ်စဉ်လူဦး ရေ ၇၄ သန်း တိုးများလျက်
ရှိနေ ဆဲဖြစ်ပါသည်။
အချိန်နှင့်အမျှ တိုးပွားလာနေသည့် ပါးစပ်ပေါက်များ၊
လူ့ခန္ဓာကိုယ်များအတွက် စားနပ်ရိက္ခာ၊ ရေချိုရေကောင်း၊ နေ ထိုင်ဝတ်ဆင်ဖွယ်ရာ
အလုံးစုံသည် သဘာဝလောက ကြီး အပေါ်ဝယ် ပို၍ ပို၍ ဝန်ပိမှုနှင့် အခက်အခဲ များ
ဖြစ်စေပါသည်။ မိမိတို့သည် အဆိုပါသဘာဝဝန်းကျင် ယိုယွင်း နေသည့်
ကမ္ဘာလုံးဆိုင်ရာ ပြဿနာ များမှာ သူ့အလိုအလျောက် ဖြေ ရှင်း
ပြေပျောက်သွားလိမ့်မည်ဟု မယူဆသင့်ကြပါ။
လွန်ခဲ့သော လူ့ မျိုးဆက်များစွာကပင်
ဤပြဿနာ များကို ကိုင်တွယ်ဖြေရှင်းသင့်ခဲ့ သော်လည်း ယခုအချိန်တွင် ဆ
ထက်ထမ်းပိုးတိုး၍ မဖြစ်မနေ ထိ ရောက်စွာ ကြိုးပမ်း ပြုပြင်ကြရပါ မည်။
မြေကမ္ဘာနှင့် သဘာဝဝန်း ကျင် ပျက်စီးမှုဖြစ်စဉ်များကို ပြောင်းပြန်လှန်၍
ပြင်ဆင် တည့် မတ်မှု မလုပ်ကြပါလျှင် လူသား မျိုးနွယ်ဆက်များအဖို့ ပျော်ရွှင်
ကျန်းမာစွာနေနိုင်သော ဂြိုဟ်ကမ္ဘာ ဖြစ်တည်လိမ့်မည်မဟုတ်ပါချေ။
ဝင်ရိုးစွန်းဒေသ
ရေခဲ တောင်များ ကွယ်ပျောက်လျော့ပါး လာရခြင်းသည် ယနေ့ခေတ်မီ လူ သားဘဝ၏
လူနေမှုဟန်ပန်အသုံး အဆောင်များ၊ စက်ရုံလုပ်ငန်းများ (ဥပမာ-စက်တပ်ယာဉ်များ၊
စွမ်းအင်ထုတ်လုပ်ငန်းကြီးများ၊ ကြီးမား လှသော မွေးမြူရေးခြံများ၊ ဆီအုန်း
စိုက်ခင်းများစသည်)ကြောင့် ကမ္ဘာ ချီပူနွေးမှုဖြစ်စဉ်တွင် အကြောင်းခံ ပါသည်။
ကမ္ဘာလုံးဆိုင်ရာ အပူချိန် ဖာရင်ဟိုက် ၇.၂ဝ
မြင့်တက်လျှင် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်
ရာသီဥတုအစွန်းရောက်မှု၊ စားနပ် ရိက္ခာနှင့် သောက်သုံးရေပြတ်လပ်၊ ခန်းခြောက်၊
ဖျက်အားပြင်းသဘာဝ ကပ်ဘေးကြီးများတွေ့ကြုံရပါမည်။
မကြာသေးမီကပင်
Intergover-mental Panel on climate change-IPcc အဖွဲ့ကြီးက ကမ္ဘာချီ
ပူနွေးမှုသည့် လူ့ပယောဂကြောင့် ဖြစ်ပြီး ထိရောက်သည့် သန့်ရှင်း သော
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် နည်းပညာများကို အမြန်ဆုံး အရေးတကြီး
ရှာဖွေအသုံးပြုကြရ မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါ သည်။
ဆယ်စုနှစ်များစွာကပင် မုတ်သုံသစ်တောကြီးများကို ထိန်း သိမ်းပါ။ မခုတ်လှဲ၊
သစ်မထုတ်ကြ ပါနဲ့ဟု သဘာဝဝန်းကျင် ထိန်း သိမ်းကာကွယ်ရေးတွင် ရှေ့တန်း
တင်ခဲ့ကြသော်လည်း ယခုအထိ အမေဇုန်နှင့် အခြားဒေသများမှ သစ်တောများ
အကြီးအကျယ် အခုတ်လှဲခံနေကြရဆဲဖြစ်သည်။
၂ဝ၃ဝ ခုနှစ်အတွင်း အမေဇုန်သစ်
တောကြီး၏ ထက်ဝက်သည် တော ရှင်းခုတ်လှဲခံရ၍ ကြီးမားစွာ ထိခိုက်
ဒဏ်ရတော့မည်ဖြစ်၏။ မကြာမီ က ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကာ ကွယ်ရေးအဖွဲ့
W.W.F ကြီးက ထွန်ယက်စိုက်ပျိုး၊ မိုးခေါင်၊ တောမီး လောင်၊ သစ်ထုတ်လုပ်၊
မွေးမြူရေး စားကျက်မြေများပြုလုပ်၊ လူနေအိမ် ရာ ချဲ့လာကြခြင်းတို့ကြောင့်
နောင် ၂၂ နှစ် အတွင်း အမေဇုန်တောကြီး ၏ ၅၅ ရာခိုင်နှုန်း ပျက်စီးပြုန်းတီး
နိုင်သည်ဟု ထုတ်ပြန်ခဲ့ပါသည်။
ထပ်မံ၍ ၄ ရာခိုင်နှုန်း သည်လည်း
ကမ္ဘာချီပူနွေးမှု၊ မိုးခေါင်မှုတို့ ကြောင့် ပြုန်းတီးနိုင်သေးကြောင်း
သိရပါ၏။ ဤအခြေအနေဆိုးများ ကြောင့် အမေဇုန် သစ်တောကြီး၏ ၈ဝ ရာခိုင်နှုန်းသော
တောရိုင်းသတ္တ ဝါများပျက်စီးထိခိုက်ခံရပါမည်။
မုတ်သုံသစ်တောကြီး၏ ၆ဝ ရာ
ခိုင်နှုန်း ဆုံးရှုံးခံရလျှင် ကမ္ဘာချီပူ နွေးမှုဖြစ်စဉ် ပို၍ပြင်းထန်လာကာ
ကမ္ဘာ့ဒေသအများအပြားတွင် မိုး ခေါင်ခြင်း၊ မုန်တိုင်းကြီးများ ဖြစ် ပေါ်ခြင်း
စသည့် ရာသီဥတုဖောက် ပြန်မှု
ဆိုးကျိုးများ ပို၍ဖြစ်မည်ဟု ဆိုသည်။
ပြန်လည်ပြုပြင် ထိန်းသိမ်း အဖတ်ဆည်၍ မရနိုင် တော့သည့် ပြန်လမ်းမရှိသည့် ဆုံ
မှတ်သို့ ရောက်ရန် ၁၅ နှစ်မှ ၂၅ နှစ်ခန့်သာ ကျန်ရှိပါတော့တယ်ဟု
W.W.Fအဖွဲ့ကြီးက သတိပေးထုတ် ပြန်ထားသည်။
ကမ္ဘာ့သမုဒ္ဒရာ ရေပြင်
ကျယ်များတွင်လည်း ထိတ်လန့် ဖွယ်ကောင်းစွာ ရေနေသတ္တဝါ ကင်းမဲ့ဒေသများ
ဖြစ်တည်နေပါ ၏။ ¤င်းမရဏဇုန်များတွင် အောက် စီဂျင်ဓာတ် လွန်စွာပါးလျားနေကာ
အရင်းခံအကြောင်းများမှာ စိုက်ပျိုး လယ်ယာသုံး ဓာတုဆေး အဆိပ်၊ ယာဉ်ယန္တရား၊
သင်္ဘောကြီးများနှင့် စက်ရုံ၊ အလုပ်ရုံစွန့်ထုတ် အညစ် အကြေး၊
အခိုးအငွေ့များကြောင့် ဖြစ်ပေါ်ရသည်။
ရေနေသက်ရှိများ ကင်းမဲ့သည့်
မရဏဇုန်များ ဖြစ် ပေါ်သည့် အရေအတွက်သည် လျင်မြန်စွာတိုးပွားနေသည်။ ၁၉၆ဝ နှစ်
များကစ၍ ၁ဝ နှစ်လျှင် တစ်ကြိမ် တစ်ဆတိုးများ လာနေပါ သည်။ ¤င်းဇုန်များသည်
တစ်စတု ရန်းမိုင်မှ စတုရန်းမိုင်ပေါင်း ၄၅ဝဝဝ အထိရှိကာ အမေရိကန် ပြည်
အနောက်အလယ်ပိုင်း လယ် ယာစိုက်ပျိုးမြေယာများမှ ဓာတု အဆိပ်အတောက်များကို
မစ္စစီပီ မြစ် ကြီးက သယ်ဆောင်ပို့ချလာရာ မက်စီကိုပင်လယ်ကွေ့သည် နာ
မည်ဆိုးအထွက်ဆုံး မရဏဇုန် ဖြစ် နေသည်။
မကြာမီက စပိန်သုတေ သီများ၏
တွေ့ရှိချက်အရ လက်ရှိ သတ်မှတ်ထားသည့် ရေနေသတ္တဝါ များ မရှင်သန်နိုင်သော
အောက်စီ ဂျင်ပမာဏထက် ပိုမိုများပြားစွာရှိ နေသည့် အခြေအနေမှာပင်
သက်ရှိများသေဆုံးကြကြောင်း သိရှိ လာရသည်။
အဓိပ္ပာယ်မှာ ငါးဖမ်း ဆီးရမိသည့်
ပင်လယ်သမုဒ္ဒရာ ကမ်းနီးရေပြင်များတွင် ရေနေ သတ္တဝါ ကင်းမဲ့သည့် မရဏဇုန်
ဧရိယာများ ပိုမိုကျယ်ပြန့်များပြား လာခြင်းပင်ဖြစ်ပါသည်။ ဗာဂျီးနီး ယား
အဏ္ဏဝါဇီဝသိပံ္ပမှ ပညာရှင် ရောဘတ်-ဒိုက်စ်က ''ရေချိုရေငန် နေရာ အားလုံးရဲ့
သဘာဝဂေဟ စနစ် အနေအထားများက ဆိုးရွား တဲ့အန္တရာယ်မှတ်ကို ရောက်လုနီး နေပါပြီ။
ဒီအခြေအနေဆိုးများက ရှင်းရှင်းလင်းလင်း ပြဆိုနေတာက တော့
ကမ္ဘာတစ်ဝန်းကလူတွေဟာ စိုးထိတ်ပူပန်မှုနဲ့ အရေးတကြီး ပြု
ပြင်လုပ်ကိုင်သင့်ကြပြီ ဆိုတာပါပဲ'' ဟု ပြောကြားခဲ့ပါသည်။
ထိုအခြေအနေကိုပို၍ ဆိုးရွားစေသည်က ကမ္ဘာချီပူနွေး လာနေသည့် ဖြစ်စဉ်ပင်။
ကမ္ဘာ့ လေထုတွင်းသို့ ကာဘွန်ဒိုင်အောက် ဆိုဒ်နှင့် အဆိပ်ဓာတ်မျိုးစုံ (လူ့
ပယောဂဖြင့်) ထုတ်လွှတ်လျက် ရှိ နေရာဥတုရာသီဖောက်ပြန် မိုးရွာ
သွန်းမှုပုံစံများ ကပြောင်း ကပြန် ဖြစ်လာသည်တို့က အန္တရာယ်စွန်း သို့
ပိုမိုတွန်းပို့လျက်ရှိပါသည်။
နို့တိုက်သတ္တဝါလောက တွင်လည်း ၂၅
ရာခိုင်နှုန်းသည် မျိုး သုဉ်းလုအခြေအနေရှိပြီး ထိုပျက် သုဉ်းပမာဏသည်
ကမ္ဘာတစ်ဝန်း တွင် သဘာဝဂေဟစနစ်ကို လုံးလုံး လျားလျား ပြောင်းလဲသွားစေမည့်
ပမာဏ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့၏ ဘဝသက်တမ်း အတွင်းမှာပင် သက်ရှိမျိုးစိတ်
ထောင်ပေါင်းများ စွာ ပျက်စီးကွယ်ပျောက်နေသည် ကို တွေ့မြင်ရသည်။
ဇီဝမျိုးစုံ
ပေါြ<ွကယ်၍ အရေးပါသည့် ဒေသများ ဖြစ်သည့် အရှေ့တောင်အာရှ၊ အာ
ဖရိကအလယ်ပိုင်း၊ အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသ များတွင်
သဘာဝဂေဟစနစ် ပျက် စီးထိခိုက်ခြင်း၊ အမဲလိုက်သတ်ဖြတ် ခြင်းများကြောင့်
တောရိုင်းသတ္တဝါ များ၊ ရှင်သန်ပေါက်ဖွားမှု မဖြစ်နိုင် တော့လောက်အောင်
အခြေအနေ ဆိုးရွားနေပါပြီ။
မေလ ၂၉ ရက်၊ နိုင်ငံခြားသတင်းတစ်ပုဒ်၊ အာဖရိ
က-ကင် ညာနိုင်ငံတွင် ရွှေထက်ပင်တန်ဖိုးမြင့်နေသော (အမျိုးသား များအားဆေး
ဖော်ရန်လွဲမှားသော အယူအဆဖြင့်) ကြံ့ဦးချိုအတွက်
ရှားပါးကြံ့ကြီးများကိုလည်းကောင်း၊ ဆင်စွယ်ရလိုမှုဖြင့် ဆင်ကြီးများကို
လည်းကောင်း ငွေကြေးလောဘ ဇောဖြင့် ရက်စက်စွာ ပစ်သတ်ခံနေ ရသည်ကို
မထိန်းသိမ်းနိုင်ဖြစ်နေ ကြောင်း စိတ်မကောင်းစွာ ကြားသိ ရပါသည်။
ကမ္ဘာ့ရေပြင်ကျယ်မှာ သာမက ကုန်းမြေပြင်များတွင်ပင် သစ်တောပြုန်းတီး၊
ကန္တာရကျယ် ပြောလာ၊ အဆိပ်ဓာတ်သင့် စ သော ထွေပြားသော လူ့ပယောဂ ကြောင့်
ဇီဝစုံကင်းမဲ့သည့် မရဏဇုန် ဧရိယာများတိုးများလာနေပါ ပြီ။
နောင်လာမည့်အချိန်တွင် ကမ္ဘာဂြိုဟ်တစ်ခုလုံးသည်ပင် ဇီဝ
လောကမရှင်သန်နိုင်တော့သော သက်မဲ့မြေကမ္ဘာဖြစ်လာမည့် အန္တ ရာယ်ရှိကြောင်း
သုတေသီအချို့က ဆိုကြပါသည်။
အမြင်အာရုံထက်မြက် ကာ လှပသည့်
Iberianlynx ခေါ် တောကြောင်တစ်မျိုး၊ မျိုးတုံး ပျောက်ကွယ်သွားခြင်းသည် အရေး
မပါဟု ထင်မြင်မှားနိုင်ပါသည်။ ထို အဖြစ်မျိုးကို ပြန်လည်၍ သေချာစွာ
စဉ်းစားသုံးသပ်စေချင်ပါ၏။ လူတို့သည် မိမိနေထိုင်ရာ တစ်ခု တည်းသောမြေကမ္ဘာဝယ်
သဘာဝ ဝန်းကျင်ကို အလေးမထား ပရမ်း ပတာ နေထိုင်ပြုမူမှုတို့ကြောင့် ဇီဝ
မျိုးကွဲထွေပြားဆန်းကြယ် လှပမှုတို့ ပျက်စီးရသည့်အပြင် သတ္တဝါမျိုး
စိတ်များစွာ ပျောက်ကွယ်လျော့ပါး လာသဖြင့် သတ္တဝါလောက အခါ ကွင်းဆက်ကို
ဆိုးရွားစွာထိခိုက် ပျက်ပြားစေသည်။
ပမာအားဖြင့် အသားစားသတ္တဝါတို့
ကွယ်ပလျှင် သားကောင်များ ပေါများလာပြီး အစားခံ သားကောင်များ မရှိတော့ ပါက
သားရဲကောင်များလျော့ပါး ပျောက်ကွယ်လာပါမည်။ မြေကမ္ဘာ ပေါ်ဝယ် လူသားအပါအဝင်
သက် ရှိသက်မဲ့သဘာဝ အခြင်းအရာ အားလုံးသည် တစ်ခုနှင့်တစ်ခု
ယှက်နွယ်ပေါင်းစည်းမှုရှိမှသာ ဖွဲ့တည်နေနိုင်ကြကြောင်းကို (နိုင်ငံ
ရေးခေါင်းဆောင်များ၊ စီးပွားရေး သမားများအပါအဝင်) လူများစွာ တို့က
သဘောပေါက်နားလည်ခြင်း မရှိကြပါချေ။
သုတေသီ စတီဖနီရော ဂျားစ်က
''သဘာဝဝန်းကျင်ဆိုင်ရာ ပြဿနာများဟာ အများက ထင် မြင်ထားတာထက်
ပိုပြီးဆိုးရွား လာ နေတယ်။ မကြာမီအချိန်က သဘာဝဝန်းကျင် ပြဿနာများကို
ပိုပြီးအလေးထားဆောင်ရွက်ခဲ့ကြ တာမို့ ကမ္ဘာ့သတ္တဝါမျိုးစိတ် များ၊
သယံဇာတများ၊ သဘာဝရဲ့ မျိုးကွဲ ထွေပြားလှပတဲ့ အခြင်းအရာ အား လုံးဟာ
အဆင်ပြေဟန်ကျနေပြီလို့ ထင်မှတ် မှားနိုင်ပါတယ်။
ကံ မကောင်း
အကြောင်းမလှစွာဘဲ အခြေအနေက မကောင်းလှပါ။ အမှန်လက်တွေ့မှာတော့ လူအများ
စိတ်ဝင် တစားရှိကြတဲ့ သဘာဝ ဝန်းကျင် ပြဿနာများဖြစ်လာတဲ့
အာတိတ်ဒေသရေခဲမြစ်များ အရည်ပျော် ပျောက်ကွယ်နေတာ မုတ်သုံသစ်တောကြီးများ
အဖျက်ဆီးခံနေရာတွေဟာ တွေးထင်ထားတာထက် အဆများစွာ ပိုပြီးဆိုးရွားနေတယ်။
ကျွန်တော်တို့မှာ အရေးတကြီးလုပ်ရမယ့် အလုပ်တွေဟာ တစ်ပုံတစ်ပင်ပါပဲ'' ဟု
ပြောကြားပါသည်။
အမေရိကန်ဒုသမ္မတ ဟောင်း (သဘာဝဝန်းကျင်ကာ ကွယ်ရေး၊
တက်ကြွလှုပ်ရှားသူ) အယ်လ်ဂိုး- Al Gore က ''သိပံ္ပ ပညာရှင်သုတေသီများ၊
အချို့နိုင်ငံရေးသမားများ၊ လုပ်ငန်းရှင်ကြီး များဟာ
အိမ်ခေါင်မိုးပေါ်ကနေပြီး အသံကုန်အော်ဟစ် ငြင်းခုံနေ ကြတယ်။ ခုချိန်ဟာ
ငြင်းခုံနေရမယ့် အချိန်မဟုတ်၊ လက်တွေ့ အကျိုးရှိအောင် လုပ်ကြရမယ့်အချိန်
ဖြစ်ပါတယ်''ဟု လူသိရှင် ကြား မိန့်ကြားပါ၏။
လူ့ပယောဂဖြင့်
ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်နေမှုသည် အန္တရာယ်ရေချိန်မှတ်- Danger
Threshold ပီပီအမ့်လေးရာ 400.PPM; Parts Per Million by Volume ထု ထည်အပုံ
တစ်သန်းတွင် အပုံလေးရာအထိ ရောက်ရှိလာတော့ မည်။
ကမ္ဘာချီပူနွေးမှုကို
အဓိကဖြစ်စေသော လေထုတွင် ကာဘွန် အောက်ဆိုဒ်ဓာတ် ပါဝင်နှုန်း သည် ရှေးကာလ
ရေခဲခေတ် မှ နောင် နှစ်ပေါင်း ခြောက်သိန်းငါးသောင်းအထိ
အမြင့်ဆုံးပါဝင်နှုန်းသည် 300 PPM ပီပီအမ်သုံးရာ ဖြစ်ပြီး ၂ဝဝဝ ခုနှစ်တွင်
ပါဝင်နှုန်း 368.PPM. ပီပီအမ် ၃၆၈၊ ၂ဝဝ၇ ခုနှစ်တွင် ပါဝင်နှုန်း 384.PPM
ပီပီအမ် ၃၈၄ ဖြစ်ပါသည်။ စက္ကန့်၊ နာရီ နှင့် အမျှ လေထု ထဲသို့
ဓာတ်ငွေ့ဆိုးများ ပို၍ပို၍ ရောက်ရှိနေရာ အခြေအနေ ဆိုးရွား လျက်ရှိပါ၏။
ရှေးက(အရာရာကိုရွှေအတိပြီးစေသည့်)ဘုရင်ကြီးမိဒပ်စ်-KingMidas က
''ရွှေတုံးထက် ရေကပို၍ အဖိုးတန် တယ်၊ရေငတ်တာကိုရွှေတုံးကမဖြေဖျောက်နိုင်။လူတို့အတွက်ရေဟာလေလိုပဲ အဖိုးမဖြတ်နိုင်''ဟုပြောခဲ့
သည်။ ယနေ့ခေတ်
ကဗျာစာဆို ကေသီလှိုင်က-
''ကြည်ကြည်လင်လင်
ရေကိုမြင်လျက်
ရေတွင်းဆိပ်ခိုး၊
ပါလေနိုးနှင့်၊
စိုးရွံ့မသောက်သာပြီတကား။
သန့်သန့်စင်စင်၊
လေကိုခင်လျက်
လေတွင်ဆိပ်ခိုး၊
ပါလေနိုးနှင့်
စိုးရွံ့မရှိုက်သာပြီတကား''
ဟု ရေးဖွဲ့သတိပေးထားပါ သည်။
တစ်ချိန်ကပစ္စည်းမဲ့ဝါဒဆရာကြီးက''အရင်းရှင်လုပ်ငန်းရှင်ကြီးများဟာ အသ
ပြာငွေကြေးသာ တနင့်တပိုးရ မယ်ဆိုရင် ကြိုးစင် ကိုပင် တက်မယ့်သူတွေပဲ''ဟု
ဆိုခဲ့ဖူး သည်။
တစ်ခုတည်းသောဤကမ္ဘာမြေတဝန်းဝယ်ရေနံစွမ်းအင်၊လောင်စာမီး၊
စစ်မီး၊ သစ်တောမီး၊ ထင်း၊ မီးသွေးမီး၊ အပူမီးမျိုးစုံလောင်ကျွမ်းနေရာအရင်းအမြစ်ဖြစ်သည့်အဆိုးရွားဆုံးသောလူသားတို့၏ အလိုရမ္မက်မီး၊ လော
ဘမီးကိုသာမြတ်ဗုဒ္ဓ၏ ဓမ္မအရ လျော့ ပါးအောင် ထိန်းသိမ်းနိုင်ကြ ပါလျှင်
သဘာဝဝန်းကျင် ဂေဟစနစ်များ ယိုယွင်းနေမှု များစွာ လျော့နည်းကာ သာ
ယာငြိမ်းချမ်းသော မြေကမ္ဘာ ဖြစ်လာမည် မလွဲဧကန်ပါ။
ဦးဦးဇော်
Ref : S.Rogers (Earth First. Com. 7-Env: Problems) R.D. (5-12)
No comments:
Post a Comment