Pages

Pages - Menu

Sunday, August 12, 2012

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပ

ဒီကနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနားကို ရှမ်းပြည်နယ် တောင်
ပိုင်းက လူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ တောင်ကြီးမြိုမှာရှိတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ခန်းမမှာ တရားဝင်ကျင်းပ
ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်ကျောင်းသားခေါင်းဆောင်တွေကို အက်စ်ဘီ နဲ့ စရဖ အဖွဲ့တွေက စစ်ဆေးမေးမြန်း

တနင်္သာရီတိုင်း မြိတ် ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ ၁၁ ရက်နေ့ မနေ့က ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ကျောင်းသားခေါင်းဆောင်တွေ ကို လိုက်လံစစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့
တယ်လို့ သိရပါတယ်။

(၆၂)နှစ်မြောက်ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျင်းပ

Photo: ဒီကနေ့ကျရောက်တဲ့ (၆၂)နှစ်မြောက်ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ ယခင်ဒီကေဘီအေ နဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့ကဦးဆောင်ကျင်းပခဲ့ပြီး ဒေသခံ ကရင်တိုင်းရင်းသား (၂၀၀၀)ကျော် တက်ရောက်တယ်လို့ စုံစမ်းသိရပါတယ်။ 

(၆၂)နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ထိုမြို့နယ်ခွဲ ပူရေကျေးရွာမှာ ယခင်ဒီကေဘီအေ အမှတ် (၉၀၂)တပ်ရင်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ကရင့်အာဇာနည်နေ့ကို ယခင် ဒီကေဘီအေအဖြစ် မိခင်ကေအဲန်ယူကနေ ခွဲထွက်သွားကတဲက  နှစ်ပေါင်းအတော်ကြာ ကျင်းပခွင့်မရတဲ့ အခြေအနေကနေ ဒီကနေ့ တရားဝင် ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

 နှစ်ပေါင်း (၁၈)နှစ်ကျော်ကြာ တရားဝင်မကျင်းပနိုင်ခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ဒီကနေ့ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို တိုးတက်သော ဒီမိုကရေစီကရင့် အမျိုးသားတပ်မတော် (DKBA)ရဲ့ ဒုတိယဗိုလ်မှူးကြီး စောစန်းအောင်က  အခုလိုပြောပါတယ်။

"အဓိကရည်ရွယ်ချက်က ကျနော်တို့ စောဘဦးကြီးက ကရင့်ခေါင်းဆောင်ကောင်းပီသတယ် ကရင်အမျိုးသားအပေါ် သစ္စာရှိရှိပေါ့လေ မူလေးချက်ကို ချမှတ်ပြီးလုပ်ဆောင်တယ် ကျဆုံးတဲ့ သြဂုတ်လ (၁၂)ရက်နေ့ရောက်တိုင်း ကရင့်အာဇာနည်နေ့လို့ ကျနော်တို့ သတ်မှတ်တယ် စောဘဦးကြီးနှင့်တကွ ဗိုလ်ချုပ်စိုင်းကေအပေါင်းအပါ တပ်ဗိုလ်တပ်မှူးရဲဘော်တွေကိုပေါ့လေ ကျနော်တို့ အာဇာနည်နေ့မှာ သူတို့ပြန်ပြီးတော့ ဂုဏ်ပြုဦးညွတ်အလေးပြုတယ်ပေါ့။" 

ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘောက သ၀ဏ်လွှာပေးပို့ခဲ့သလို ကရင်အဖွဲ့အစည်းအသီးသီးကလည်း သ၀ဏ်လွှာ တွေပေးပို့ခဲ့ပါတယ်။ 

ကရင်ခေါင်းဆောင်တွေရဲ့ ဒီကနေ့ ကရင့်အာဇာနည်နေ့မှာပေးပို့တဲ့ သ၀ဏ်လွှာတွေထဲက အဓိက အကြောင်းအရာနဲ့ပတ်သက်လို့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) ရဲ့ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်က အခုလိုပြောပါတယ်။

"အာဇာနည်နေ့မှာ ဒီနေ့ ခေါင်းဆောင်တွေ ပြောကြားတာကတော့ အခုချိန်က အပစ်ခတ်ရပ်စဲ ရေးကာလပဲဖြစ်သေးတယ်။ထာဝရငြိမ်းချမ်းရေးက မရရှိသေးဘူး။ အဲဒီထာဝရ ငြိမ်းချမ်းရေး မရရှိသေးတဲ့အပေါ်မှာ စောဘဦးကြီးရဲ့ မူလေးချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီးတော့မှ ကျနော်တို့ ထားဝရငြိမ်းချမ်းရေးကို ဆက်ပြီးတော့ လျောက်လှမ်းသွားဖို့အတွက် အဓိက ဇောင်းပေးပြီးတော့ ပြောသွားတာပါ။" 

ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကတော့ (၁) ကရင်တွေ လက်နက်ချစကား မပြောရ။(၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။(၄) ကရင်ပြည်ကို အသိအမှတ်ပြုရမယ် ဆိုတဲ့အချက်တွေကို ကိုင်စွဲပြီး ထားဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဒီကနေ့ ကရင့်အာဇာနည်နေ့မှာ ကရင်ခေါင်းဆောင်တွေက ကရင်တိုင်းရင်းသားပြည်သူတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ (ဓါတ်ပုံ Karen Information Center)
(ဓါတ်ပုံ Karen Information Center)

KIO အဖွဲ့နဲ့ အဆက် အသွယ်ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ ကချင်ပြည်နယ်မှာ အယောက် (၇၀) ကျော်ရှိနေပြီ

ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့ ထိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အဆက် အသွယ်ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ အယောက် (၇၀) ကျော်ရှိနေပြီလို့ ပြည်နယ်တရားရုံးနဲ့ နီးစပ်သူ
တွေထံက စုံစမ်းသိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောကြားပါတယ်။

မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး




အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး  အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်
ပြွန် နှစ်ခု ပါရှိပါတယ်။

အင်္ဂလိပ်စာထဲက နှိုက်နှိုက်ချွတ်ချွတ်များ


၁။ အင်္ဂလိပ်စာဟာ အေဒီ ၅ ရာစုလောက်တုန်းက ဂျာမန်မျိုးနွယ်စုတွေ အင်္ဂလန်ကျွန်းကို ရောက်လာတော့မှ အင်္ဂလိပ် ဘာသာစကားဆိုပြီး အစပျိုးပါသတဲ့။  အဲ့ဒီ အချိန်တုန်းကတော့ အင်္ဂလန်နိုင်ငံမှာ ဆဲလ်တစ် ဘာသာစကားပြောပါသတဲ့။ 

လန်ဒန်ရဲ့ အိုလံပစ်မှာ ဒိုက်ထိုးမယ့် ဘက်စ်ကား


           
ချက်နိုင်ငံသား အနုပညာရှင် ဒေးဗစ် ဆန်နီ (David Cerny) ကတော့ ၂၀၁၂ ခုနှစ် လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်အတွက်ထူးထူး
ခြားခြား ဖန်တီးလိုက်တာကတော့ ဒိုက်ထိုးမယ့် ဘက်စ်ကားပါတဲ့။  ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အဆိုပါကားကို စတင်စမ်းသပ်
နိုင်ခဲ့ပါတယ်။

အံသြဖွယ်ရာ ၂၀၁၂ လန်ဒန်အိုလံပစ် ဆိုင်ရာ အချက်အလက်များ


လန်ဒန် က အိုလံပစ်ကွင်းကြီးကို တည်ဆောက်ရာမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကတော့ ဟောဒီကအတိုင်းဖြစ်ပါသတဲ့

Diablo III ဂိမ်းကို နာရီ ၄၀ကြာဆော့ရင်း သေသွားတဲ့ လူငယ်


တိုင်ဝမ်နိုင်ငံက အသက် ၁၈နှစ်အရွယ် ချောင် ဆိုတဲ့ လူငယ်လေးကတော့ အင်တာနက် ကဖေးဆိုင်တစ်ခုမှာ နာရီပေါင်း ၄၀ကြာ မရပ်မနား (ပ၀ါမကူ ရေမရှု လို့ ဆိုရမလားပဲ) နောက်ဆုံးထွက် Diablo III ကို ကစားရင်းနဲ့ သတိလစ်မေ့မျောကာ နောက်ဆုံး သေဆုံးသွားခဲ့ပါတယ်။ 

အိုလံပစ်ကြည့်ဖို့ တရုတ်ကနေ လန်ဒန်ကို စက်ဘီးစီးသွားတဲ့ အဖိုးအို


               
အိုလံပစ်ပွဲကြီးကျင်းပတော့ တကမ္ဘာလုံးကလူတွေ ရုပ်မြင်သံကြားကနေ ကြည့်ကြသပေါ့။ ဒါပေမယ့် အိုလံပစ်ပွဲတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်တဲ့ ငွေကြေးတတ်နိုင်တဲ့ လူများကျတော့လည်း လန်ဒန်ကို သွားကြည့်ကြတာပေါ့လေ။  

Oscar Pistorius သို့ ခြေထောက်မရှိတဲ့ အမြန်ဆုံး အပြေးသမား


            
ကျွန်တော်တို့ဘ၀မှာ ခြေထောက်နှစ်ဖက် မရှိတော့ဘူးဆိုရင် ဘယ်လိုခံစားရမလဲ?  ခြေထောက်နှစ်ဖက်မရှိတာနဲ့ အရာရာ ဆုံးရှုံး
သွားပြီလား?  ၂၀၁၂ လန်ဒန် အိုလံပစ်မှာတော့ ထူးထူးခြားခြား အပြေးသမားတစ်ယောက်ဟာ တောင်အာဖရိကနိုင်ငံကို ကိုယ်စား
ပြုပြီးတော့ ၀င်ရောက်လာတယ်။  

အာကာသထဲသို့ရောက်ရှိ သွားခဲ့ကြသောမျောက်များ


Miss Baker
          
လူသားတွေဟာ လပေါ်ကို ခြေချနိုင်တဲ့အခါမှာ အောင်ပွဲခံကြတယ်။  နိုင်ငံသားတွေက ဆီးကြိုကြတယ်။ ဒါပေမယ့် လူတွေ အာကာ
သထဲ မရောက်ဖူးခင်မှာ အာကာသထဲကို အရင်ရောက်ဖူးတာဟာ မျောက်တွေပါဆိုရင် သင်ယုံပါ့မလား?  

ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီးများ သံတွဲတွင်တွေ့

ရန်ကုန်၊ သြဂုတ် ၁၂

ယနေ့မနက် ၈ နာရီခန့်ကသံတွဲမြို့နယ်ရှိ ပုဂံသံတွဲဟိုတယ် ယခင် လူရည်ချွန်စခန်းအဟောင်းဘေးရှိ သဲသောင်ပြင်တွင် ဒုတိယ

ကမ္ဘာစစ်လက်ကျန် ဗုံးသီး ၅ လုံး တွေ့ရှိခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်း ဖောက်မှုများကို ထိရောက်စွာ အရေးယူသွားမည်

ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်မှုများကို ထိရောက်စွာ အရေးယူ
ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) မှ တာဝန်ရှိသူများက ဆိုသည်။

စားသောက်ဆိုင်များနှင့် ဘီယာဘားများတွင် သုံးနိုင်သည့် Restaurant Master ဆော့ဖ်ဝဲ ထွက်ရှိ


ဆော့ဖ်ဝဲခွေကို ဈေးကွက်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို Excellent Software  & Game ဈေးကွက်ဖြန့်ချိခြင်း ဖြစ်ပြီး ယခင်ထွက်ရှိခဲ့ သည့် ဈေးရောင်းချမှု ဆိုင်ရာ ဆော့ဖ်ဝဲများဖြစ်သော Mini Seller နှင့် Super Market Manager တို့ကဲ့ သို့ပင် လူတိုင်း အသုံးပြု နိုင်ရန် အရိုး ရှင်းဆုံး ဒီဇိုင်း ရေးဆွဲထားကြောင်းသိရသည်။

စင်ကာပူနန့်ယမ်း နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရန် မြန်မာကျောင်းသူ နှစ်ဦး ရွေးချယ်ခံရ




စင်ကာပူနိုင်ငံရှိ နန့်ယမ်းနည်းပညာတက္ကသိုလ်တွင် ကွန်ပျူတာ   သိပ္ပံ ဘွဲ့ကြို သင်တန်း တက်ရောက်ရန် မြန်မာ ကျောင်းသူနှစ်
ဦးကို စင်ကာပူအစိုးရက ပညာသင်ဆု ရွေး ချယ်ပေးအပ် လိုက်ကြောင်း စင်ကာပူသံရုံးမှ သတင်းထုတ်ပြန်သည်။

ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်



ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့်  နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း မြို့တော် စည်ပင်ယာရေးကော်မီ က ပြောသည်။

ရန်ကင်းစင်တာအနီး ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွား

Photo


ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်က ရန်ကင်းမြို့နယ် ဆရာစံလမ်းနှင့် ရန်ကင်းလမ်းထောင့် ရန်ကင်းစင်တာအနီးတွင် ယာဉ်တိုက်
ခိုက်မှုဖြစ်ပွားခဲ့သည်။

ထူးကဲဒီရေတက်မည့် သတိပေးချက်ထုတ်ပြန်

Photo: “ထူးကဲဒီရေတက်မည့် သတိပေးချက်ထုတ်ပြန်”
၂၀၁၂ ခုနှစ် သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၃ ရက်အထိ ကာလအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၄ ပေခန့်မှ ၂၁ ဒသမ ၁ ပေခန့်အထိ ထူးကဲဒီရေ တက်ရောက်ဖွယ်ရှိကြောင်း၊ ယခင် ၂၀၁၀-၂၀၁၁ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၁ ဒသမ ၇ ပေခန့်အထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ကျော်လွန်သဖြင့်သာ သတင်းထုတ်ပြန်ခြင်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတိပေးအကြောင်းကြားထားသည်။


ဘရာဇီးကို အနိုင်ယူ၍ အိုလံပစ် ရွှေတံဆိပ် ရယူသွားတဲ့ မက္ကဆီကို ဘောလုံးအသင်း


3084-mexico-win-gold-olympic-soccer
လန်ဒန်အိုလံပစ် ပြိုင်ပွဲကြီး၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို ယနေ့ ကျင်းပရာ မက္ကဆီကို အသင်းမှ Oribe Peralta က ပွဲစပြီး ၂၉ စက္ကန့်တွင် ဦးဆောင်ဂိုးကို စသွင်းခဲ့ပြီး ဒုတိယပိုင်းတွင် အနိုင်ဂိုးကို ထပ်မံ သွင်းပေးခဲ့ခြင်းကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ အပိတ်ခံထားရသော ဗလီအား တူရကီ ၀န်ကြီးကိုယ်တိုင် တံခါးဖွင့်လှစ်၍ စစ်တွေ ဒေသခံများနှင့် အတူ ဆွလာသ် ဆောက်တည်ခဲ့

စစ်တွေ မြို့ ဗလီ သောကြာခွသ်ဗာ တွင် တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား တွေ့ရစဉ်

တူရကီ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ် လ ၁၀ရက်နေ့ တွင် စစ်တွေမြို့ သို့ရောက်ရှိပြီးဒေသ
ခံမွတ်စလင်မ်များနှင့် တွေ့ဆုံခဲ့ပြီး စစ်တွေ မြို့ အောင်မင်္ဂလာရှိ အပိတ်ခံထားရသော ဗလီအား ၀န်ကြီးကိုယ်တိုင်သော့ဖွင့်ကာဒေသ
ခံမွတ်စလင်များနှင့် အတူ ဂျူမုအဟ် ဆွလာသ် ၀တ်ပြုခဲ့ကြောင်း စစ်တွေမှ လာသော သတင်းပေးပို့ချက် အရ သိရပါသည်။