Pages

Pages - Menu

Sunday, August 12, 2012

အာကာသထဲသို့ရောက်ရှိ သွားခဲ့ကြသောမျောက်များ


Miss Baker
          
လူသားတွေဟာ လပေါ်ကို ခြေချနိုင်တဲ့အခါမှာ အောင်ပွဲခံကြတယ်။  နိုင်ငံသားတွေက ဆီးကြိုကြတယ်။ ဒါပေမယ့် လူတွေ အာကာ
သထဲ မရောက်ဖူးခင်မှာ အာကာသထဲကို အရင်ရောက်ဖူးတာဟာ မျောက်တွေပါဆိုရင် သင်ယုံပါ့မလား?  

ဒါဟာ တစ်ကယ့် အဖြစ်အပျက်ပါ။  အာကာသထဲကို လူတွေ မလွှတ်တင်ခင် မျောက်တွေကို စမ်းသတ်ပြီး လွှတ်တင်ခဲ့ပါတယ်တဲ့။  မျောက်တင်မကပါဘူး.. အခြားသော တရိစ္ဆာန်တွေ၊ သက်ရှိ သတ္တ၀ါတွေ၊ အပင်တွေ စတဲ့ အရာတွေများစွာနဲ့ စမ်းသပ်ခဲ့ကြပါတယ်
  ဒါပေမယ့် မျောက်တွေကတော့ အများဆုံး စမ်းသပ်တာမို့လို့ ပါ။

ဒီမျောက်ကလေးကတော့ Miss Able ဆိုတဲ့ အခြားသော မျောက်ကလေးနဲ့အတူ အမေရိကန်က နေပြီးတော့ အာကာသထဲကို
လွှတ်တင်လိုက်တဲ့ မျောက်တွေထဲက အသက်ရှင်ရက်နဲ့ ကမ္ဘာပေါ်ကို ပြန်လာနိုင်တဲ့ မျောက်တစ်ကောင်ဖြစ်ပါတယ်။  သူ့ကို ၁၉၅၉ ခုနှစ် မေလ ၂၈ ရက်နေ့မှာ အမေရိကန်က Jupiter AM-18 ဒုံပျံနဲ့ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။  

ဒီမျောက်ကလေး နှစ်ကောင်ဟာ မိုင်ပေါင်း ၃၆၀ ကိုဖြတ်သန်းပြီးတော့ ၉ မိနစ်ခန့် မြေထုဆွဲအားကင်းလွတ်တဲ့ free fall အခြေ
နေကိုဖြတ်သန်းပြီးတော့ ကမ္ဘာမြေပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။  သူတို့ မျောက်နှစ်ကောင် အာကာသထဲကအောင်မြင်
စွာ ပြန်လည်ဆင်းသက်နိုင်ပြီး ၂ နှစ်အကြာမှာတော့ ပထမဆုံး လူသားတွေ အာကာသထဲကို ပို့ဆောင်နိုင်ခဲ့ပါတယ်။  

ဒုံပျံဟာ ၁၆ မိနစ်ကြာ မိုင်ပေါင်း ၁ သောင်း ၇ထောင် ပျံသန်းပြီးတော့ အမြင့် မိုင်ပေါင်း ၃၆၀ အထိ အမြင့်ကို ရောက်ခဲ့ပါတယ်။ ဒုံးပျံ
ကိုတော့ USS Kiowa စစ်သင်္ဘောက ဆယ်ယူနိုင်ခဲ့ပါတယ်။  Baker ရဲ့ အဖော်မျောက်ကလေး Able ကတော့ ကမ္ဘာမြေကိုပြန်
လည်ရောက်ရှိပြီး ၄ ရက်အကြာမှာ ခန္ဓာကိုယ်ထဲက electrodes တွေကိုထုတ်ယူဖို့ မေ့ဆေးပေးနေတုန်းမှာ နှလုံးတစ်ဆက်ဆက် တုန်ပြီးတော့ ကွယ်လွန်သွားခဲ့ပါတယ်။  

Able ရဲ့ ခန္ဓာကိုယ်ကိုတော့ မပုပ်မသိုးအောင်ထားပြီးတော့ ယနေ့အထိ Smithsonian’s National Air and Space Museum မှာ
ပြသထားပါတယ်။  Barker ကတော့ သူ့ရဲ့ဘ၀ကို အမေရိကန် အာကာသနှင့် ဒုံးပျံဋ္ဌာနမှာပဲ ကုန်လွန်စေခဲ့ပြီးတော့ ၁၉၈၄ အသက် ၂၇ နှစ်အရွယ်မှာ ကျောက်ကပ်ရောဂါနဲ့ သေသွားခဲ့ပါတယ်။  Baker ရဲ့ အုတ်ဂူလေးကတော့ U.S Space & Rocket Center မှာရှိပါတယ်။  ဒီမျောက်ကလေးရဲ့ အုတ်ဂူပေါ်မှာတော့ ငှက်ပျောသီး တစ်လုံး ဒါမှ မဟုတ် နှစ်လုံး ရှိနေတတ်ပါတယ်။ 

 

No comments:

Post a Comment