Pages

Pages - Menu

Sunday, August 12, 2012

စင်ကာပူနန့်ယမ်း နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရန် မြန်မာကျောင်းသူ နှစ်ဦး ရွေးချယ်ခံရ




စင်ကာပူနိုင်ငံရှိ နန့်ယမ်းနည်းပညာတက္ကသိုလ်တွင် ကွန်ပျူတာ   သိပ္ပံ ဘွဲ့ကြို သင်တန်း တက်ရောက်ရန် မြန်မာ ကျောင်းသူနှစ်
ဦးကို စင်ကာပူအစိုးရက ပညာသင်ဆု ရွေး ချယ်ပေးအပ် လိုက်ကြောင်း စင်ကာပူသံရုံးမှ သတင်းထုတ်ပြန်သည်။
မန္တလေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်တွင် ပညာသင်ယူနေသော မပပခင်နှင့် မုံရွာမြို့ ကွန်ပျူတာတက္ကသိုလ် တွင် ပညာသင်ယူနေသော မဝင်းမို့မို့မောင်တို့ သည် စင်ကာပူနိုင်ငံရှိ နန့်ယမ်း နည်းပညာတက္ကသိုလ်တွင် ကွန်ပျူ တာသိပ္ပံဘာသာရပ်ကိုသွားရောက် သင်ယူရန် ရွေးချယ်ခံရခြင်းဖြစ်သည်။

“စင်ကာပူပညာသင်ဆုကို အာဆီယံနိုင်ငံများက မိတ်ဆွေ တွေ စင်ကာပူ နိုင်ငံမှာ ပညာသင်ကြားဖို့ အခွင့် အလမ်းတွေ ပိုမိုရရှိဖို့ ရည်ရွယ်ပြီး ၁၉၉၉  မှာ စတင် ခဲ့ပါတယ်။ ယခုနှစ်လျှောက်ထား တဲ့သူတွေထဲမှာ သမီးတို့ နှစ်ဦးဟာ ရွေးချယ်ရေးအဖွဲ့က အထင်ကြီး လောက်တဲ့ ပညာရေး ရလဒ်တွေ၊ ခေါင်းဆောင်မှု အရည်အသွေး တွေနဲ့ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာပါဝင်သွား
ဖို့ ဆန္ဒပိုင်ဆိုင်ထား သူတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပညာသင်ဆုမှာ ကတိဝန်ခံချက်ထားရတာတွေ မရှိပါဘူး။ စင်ကာပူမှာ ဆည်းပူးခဲ့တဲ့ ပညာ တွေနဲ့ ဘွဲ့ရအပြီးမှာ မိမိတို့နိုင်ငံ ကို အကျိုးရှိရှိ အထောက်အကူ ပြုသွားနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်”ဟု ပညာသင်ဆုအခမ်း အနားတွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ကထိကဒေါက်တာ ကြည်သာဦး ကပြောကြားခဲ့သည်။

ယခု ပညာသင်ဆုများမှာ စင်ကာပူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ နည်းပညာဆိုင်ရာ အကူအညီပေးရေးတွင် မြန်မာနိုင်ငံနှင့် ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ရေး၏ အစိတ် အပိုင်း ဖြစ်ကြောင်းသိရသည်။

Demoeyan De Moe Facebook

No comments:

Post a Comment