Pages

Pages - Menu

Sunday, August 12, 2012

ရန်ကင်းစင်တာအနီး ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွား

Photo


ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်က ရန်ကင်းမြို့နယ် ဆရာစံလမ်းနှင့် ရန်ကင်းလမ်းထောင့် ရန်ကင်းစင်တာအနီးတွင် ယာဉ်တိုက်
ခိုက်မှုဖြစ်ပွားခဲ့သည်။

ဆရာစံလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံးစမ်းဆဲ) မောင်းနှင်လာသော ကင်တာယာဉ်အမျိုးအစား ယာဥ
်အမှတ် (၈စ/........) ယာဉ်သည် ရန်ကင်းစင်တာအနီးသို့ အရောက် ၄င်းရှေ့ရှိ ယာဉ်အား ကျော်တက်စဉ် ရန်ကင်းလမ်းမှ ဆရာစံလမ်း


တိုင်း မောင်းနှင်လာသော မထသ (၂၅၅) ယာဉ်လိုင်းမှအမှတ် (ည/...........) ခရီးသည်တင်ဘီအမ်ယာဉ်အား ၀င်ရောက်တိုက်
မိခဲ့

သည်။ 

Photo



ထိုယာဉ်တိုက်မှုကြောင့် ကင်တာယာဉ်မှာ ယာဉ်ခေါင်းခန်း ပျက်စီးသွားပြီး ကားခေါင်းခန်းအတွင်း လိုက်ပါလာသော
ယာဉ်မောင်းဖြစ်

သူ
မှအပ ကျန်ဝန်ထမ်းများဖြစ်သော ကိုဝင်းထွဋ်ဝင်း (၁၈) နှစ် ကိုအောင်စိုး (၂၄)၊ ကိုကျော်မင်းသူ (၁၉) နှစ်တို့မှာ ထိခိုက်ဒဏ်ရာ
များရရှိခဲ့ကြောင်း သိရသည်။ 




၎င်းတို့အနက် ကျော်မင်းသူမှာ ကားဒတ်ရှ်ဘွတ်နှင့် ညက်နေသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ယင်းအား ကားအတွင်းမှ မိနစ် ၂၀ ခန့်ထုတ်ယူခဲ့ရကြောင်း သိရသည်။ ထိုယာဉ်တိုက်မှုနှင့်ပတ်သက်၍ ရန်ကင်းရဲစခန်းမှ ပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။




ပေါ်ပြုလာမြန်မာ

No comments:

Post a Comment