Pages

Pages - Menu

Monday, July 30, 2012

၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်း ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဆွေးနွေး မည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည်


 ဇူလိုင်လ ၃၁ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းတွင်


 ဝင်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်


Photo: “ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်”

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ်ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော်အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ် တာ၊ ဖြေရှင်းချင်ရင် Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား) ဖြေ ရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြု ပါလို့ တောင်းဆို လာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု ၄င်းကပြောသည်။ ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။


၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်


Photo: "၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ် "

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ အပြင်  ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်ကျူးကျော်စစ်ပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံသို့  ရောက်ရှိ
လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။


ADk အထည်ချုပ်စက်ရုံမှ ထုတ်ပယ်ခံအလုပ်သမား ၉ဦးအနက် ၇ ဦး ပြန်ခန့် ရန် ခုံသမာဓိကောင်စီဆုံးဖြတ်


Photo: ADk  အထည်ချုပ်စက်ရုံမှ  ထုတ်ပယ်ခံအလုပ်သမား ၉ဦးအနက် ၇ ဦး ပြန်ခန့် ရန် ခုံသမာဓိကောင်စီဆုံးဖြတ်

မင်္ဂလာဒုံစက်မှုဇုန်ရှိ ADk အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ပယ်ခြင်းခံရသောအလုပ်သမား ၉ဦးအနက် ၇ ဉ်ီးကို လုပ်ငန်းခွင်အတွင်း မူလရာထူးဖြင့် ပြန်ခန့်အပ်ရန် ခုံသမာဓိကောင်စီက ယနေ့ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ အလုပ်သမား ၉ဦးသည် အလုပ်သမားအဖွဲ့အစည်းဖွဲ့ရန် စည်းရုံး လှုပ်ရှားရာတွင် လုပ်ငန်းခွင်စည်းကမ်းများနှင့် မကိုက်ည်ီဟုဆိုကာ ကုပ္မဏီမှ ဇွန်လဆန်းကအလုပ် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလုပ် ထုတ်ပယ်ခံခဲ့ရသည့်ဇွန်လဆန်းကတည်းက အလုပ်သမားတို့ မှ မြို့နယ်ဖြန်ဖြေရေး အဖွဲ့ သို့ တိုင်ကြားခဲ့ရာ သက်ဆိုင်ရာမြို့ နယ်အဆင့်တွင် ဖြေရှင်းပြေလည်မှုမရရှိခဲ့သဖြင့်တိုင်းအဆင့်ခုံသမာဓိအဖွဲ့မှ ဆက်၍ဖြေရှင်းခဲ့သည်။ထိုမှတဆင့် ဗဟို ခုံသမာဓိကောင်စီမှ ဆက်လက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
 
ထို အမှုကို ဇူလိုင် ၂၈ ရက်နေ့ တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေ ၃နာရီခန့် တွင်ယခု ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
ခုံသမာဓိကောင်စီ၏ဆုံးဖြစ်ချက်အရ အလုပ်ပြန်လည်ရရှိသည့် အလုပ်သမား ရ ဦးမှာ အခြေခံစက်ချုပ် လုပ်သားများဖြစ်ကြပြီး အမျိုးသမီး ၅ ဦးပါဝင်ကြောင်းသိရသည်။ 

လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်မရသူနှစ်ဦးမှာ ယခင်၂ နစ်ကျော်ကတည်းက လုပ်ငန်းခွင်စည်းကမ်းချိုးဖောက်မှုအချို့ကြောင့် ၀န်ခံကတိလက်မှတ်ရေးထိုးထားသူတို့ ဖြစ်သည်ဟုသိရသည်။
ပြည်ဖြိုး


အိန္ဒိယနိုင်ငံ အန်ဒါဟာရာ ပရာဒက်ရှ် ပြည်နယ်တွင် ခုတ်မောင်းနေသော ရထား မီးလောင်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး

(မီးလောင်မှုဖြစ်ပွားသည့် ရထားအတွင်းမှ ခရီးသည်များအား ကယ်တင်နိုင်ရန် ဆောင်ရွက်စဉ်)

အိန္ဒိယနိုင်ငံတွင် ရထားတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ လူပေါင်း (၂၅)ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အမေရိကန်တွင် ဖခင်က သားနှစ်ယောက်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်


အမေရိကန်တွင် ဖခင်က သားနှစ်ယောက်အား သေနတ်ဖြင့်ပစ်ခတ်


အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက် ဒေသတွင် နေထိုင်သူ တစ်ဦးသည် ၎င်း၏ ကလေးနှစ်ဦးအား သေနတ်ဖြင့် ပစ်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြောင်း သိရှိရသည်။

မလေးရှား ကုန်တင်သင်္ဘောတစ်စင်း မိုးကြိုးပစ်ချမှုကြောင့် ပေါက်ကွဲ၊မီးလောင်မှုဖြစ်ပွား


ဓာတုပစ္စည်းများ သယ်ဆောင်လာသောသင်္ဘော လာဘူအန်ကျွန်းတွင် မီးလောင်ပေါက်ကွဲခဲ့သည်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်
မက်သနောဓာတုပစ္စည်းများ တင်ဆောင်လာသော မလေးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် သင်္ဘောဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။

မသန်စွမ်းသူများ မျက်လုံးဖြင့် စာရိုက်နိုင်ပြီ



မသန်စွမ်းသူများမျက်လုံးဖြင့် စာရိုက်နိုင်၊ ပုံဆွဲနိုင်မည့် ကိရိယာတစ်မျိုးကို ပြင်သစ်သုတေသန ပညာရှင်တစ်ဦးက ဖန်တီးခဲ့သည်။ 

Asian Film Commission Network (AFCNet) တွင် နိုင်ငံတကာ ရုပ်ရှင်အကြံပေး ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr. William (Bill) Bowling သည် မြန်မာနိုင်ငံသို့ လာရောက်

e7432


Asian Film Commission Network (AFCNet)  တွင် နိုင်ငံတကာ ရုပ်ရှင်အကြံပေး ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr. William (Bill) Bowling သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇူလိုင် လ ၂၅ ရက်နေ့နှင့် ဇူလိုင်လ၂၇ရက် နေ့များတွင် မြန်မာအနုပညာရှင်၊ အတတ်ပညာရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။

ဖြူဖြူကျော်သိန်း၏ စတုတ္ထမြောက်စီးရီး သြဂုတ်လဆန်းတွင် ထွက်ရှိမည်

e7431


ဖြူဖြူကျော်သိန်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီး ဖြစ်သည့် ‘မိန်းကလေးတစ်ယောက် အသည်း
ကွဲနေတယ်’ အား သြဂုတ်လဆန်းတွင် ဖြန့်ချိရန်စီစဉ်ထားသည်ဟု သိရသည်။

သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော်ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေ


7432
ဒဂုံ(ဆိပ်ကမ်း)မြို့နယ် သရက်ပင်ချောင်ကျေးရွာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ မကျူးကျော်ရဟု
ထုတ်ပြန်ထားသော လယ်ယာမြေများကို ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့ နယ်အတွင်း ကန်ထရိုက် လယ်ယာ (Contract Farming) စနစ်ဖြင့် လုပ်ကိုင်ရန် အကြောင်းပြပြီး သိမ်းယူထားသည် ဆိုသော လယ်ယာမြေပြဿနာများတွင် နိုင်ငံ၏နာမည်ကျော် ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ထားချက်များအရ သတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်





ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး


ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားသည် ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ 


သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

တစ်လလျှင်ယာဉ်လိုင်း(၂)လိုင်း နတ်ပိုက်ဆံကဒ်တိုးချဲ့တပ်ဆင်မည်



သြဂုတ်လမှစတင်ပြီးတစ်လလျှငယာဉ်လိုင်းနှစ်လိုင်းနှုန်းဖြင့်ရန်ကုန်မြို့တွင်းရှိလိုင်းကားများပေါ်တွင် နတ်ပိုက်ဆံကဒ် အသုံးပြုနိုင်ရန် တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ပြန်လည်ထူထောင်ရေးကာလရှည်ကြာနိုင်ဖွယ်ရှိ



ပဋိပက္ခဖြစ်ပွားခဲ့သောဒေသများတွင်တည်ငြိမ်နေပြီဖြစ်သော်လည်းရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောဒေသများမှ လယ်သမားများအနေဖြင့် ၄င်းတို့၏လယ်ယာလုပ်ငန်းများအားယနေ့အထိ
လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။

ထိုင်းသို့စေလွှတ်ရန် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများသို့ ပထမအကြိမ် တင်ဒါခေါ်ယူ



ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့်အလုပ်သမားဈေးကွက်ဖြစ်ပေါ်နေချိန်တွင် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ  ပို့ဆောင်ရန် အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများသို့ ဇူလိုင်လ(၂၉) ရက်နေ့မှစ၍ အလုပ် သမားဝန်ကြီးဌာန၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှပထမဦးဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ကြောင်း
 သိရှိ ရသည်။

ကမ္ဘာလှည့်ခရီးသွားများအတွက် ၀ိုင်းဝန်းစဉ်းစားသင့်သည့် Home Stay စနစ်



မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့လာချိန်တွင်နေထိုင်မှုအဆင်ပြေစေရန် လူနေအိမ်များ၌       တည်းခိုနိုင်သည့် (HomeStay)စနစ်အား အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တို့က အကြံပြုပြောဆိုကြသည်။

လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်တော့မယ်


Photo: လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင် တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်း ကဖေါ်ပြပါတယ်။

ဒီကိစ္စအတွက် Visa အကြွေးကဒ် ကုမ္ပဏီ နဲ့ ဆွေးနွေးညှိနှိုင်းနေပြီ 
ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောဆိုပါတယ်။

အမည်မဖေါ်လိုသူ ဘဏ်ဝန်ထမ်း နောက်တစ်ဦးကတော့ Visa ကုမ္ပဏီ နဲ့သာမက Master Card/ China Union Pay နဲ့ Japan Credit Bureau တို့ နဲ့လည်း ဆွေးနွေးနေကြောင်း ၊၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်စနစ် စတင်သုံးစွဲနိုင်တော့မယ်လို့မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

 မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စု နဲ့ အီးယူ ဥရောပသမဂ္ဂတို့က ၂၀၀၃ ခုနှစ်ကစပြီး ငွေကြေးဆိုင်ရာ အလွှဲအပြောင်းတွေ ပိတ်ဆို့
တားဆီးထားခဲ့တာကြောင့်၊ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ 
 နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ အကြွေးကဒ်တွေ မသုံးစွဲနိုင်ဘဲ
 ငွေစက္ကူတွေကိုသာ သယ်ဆောင် သုံးစွဲနေရပါတယ်။ 

မကြာခင်ကတော့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက် လာတဲ့ အတွက် ပိတ်ဆို့မှု အများစုကို ယာယီ လျှော့ပေါ့ပေးခဲ့ပါတယ်။


မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ရန်ကုန်မြို့ကို ရောက်ရှိ


Photo: မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ  တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ပြေငြိမ်းအောင် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ ဆောင်ရွက်ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်နေတဲ့ ပုံစံဖြစ်သွားတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ  ကပြောဆိုခဲ့ပြီး တဲ့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana က - သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အောက်မှာ မြန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့  မြန်မာပြည်ဟာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း
 ပြောဆိုပါတယ်။

မစ္စတာ Quintana ဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်မှာဖြစ်ပြီး လာမယ့်သောကြာနေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ
 တွေ့ဆုံမှာဖြစ်ပါတယ်။

 တွေ့ဆုံတဲ့အခါ ဘာတွေဆွေးနွေးပြောဆိုမယ်ဆိုတာ မသိရပေမဲ့ 
ရခိုင်ပြည်နယ်တွင်း ကိစ္စ ဟာ အဓိကဆွေးနွေးစရာဖြစ်ပါလိမ့်မယ်လို့ အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ယောက်က ပြောဆိုကြောင်း
 အေအက်ပီ သတင်း က ဖေါ်ပြပါတယ်။

မစ္စတာ Quintana ဟာ သြဂုတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်း တွေနဲ့လည်းတွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီအတွင်း အီရန်နိုင်ငံမှာရှိတဲ့ စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ
အဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲ က မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ အတွက် ဆေးဝန်ထမ်းတွေ၊ သူနာပြုတွေ ပါဝင်တဲ့ ကူညီ ကယ်ဆယ်ရေး အဖွဲ့စေလွှတ်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆို
လိုက်ကြောင်း အီရန် FARS သတင်းဌာနက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဇွန် ၁၁ ရက်မှ ယနေ့ထိ ပြန်ပို့ ခံရသူ မြန်မာနိုင်ငံသား ၁၂၀၀ သာရှိကြောင်း BGB တပ်ရင်းမှူး ပြောကြား


ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူ နောက်ပိုင်း ဘင်္ဂလာဒေခ်ျ့သို့ ခိုလုံရန် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၁၂၀၀ ခန့်ကို  လက်မခံဘဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု အမှတ် ၄၂ BGB တပ်ရင်းမှူးက ပြောသည်။