Pages

Pages - Menu

Monday, July 30, 2012

ဖြူဖြူကျော်သိန်း၏ စတုတ္ထမြောက်စီးရီး သြဂုတ်လဆန်းတွင် ထွက်ရှိမည်

e7431


ဖြူဖြူကျော်သိန်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီး ဖြစ်သည့် ‘မိန်းကလေးတစ်ယောက် အသည်း
ကွဲနေတယ်’ အား သြဂုတ်လဆန်းတွင် ဖြန့်ချိရန်စီစဉ်ထားသည်ဟု သိရသည်။

“စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီးရဲ့ ထူးခြားချက်က တော့ သီချင်းတွေအားလုံး ကိုယ်ပိုင် သံစဉ်
သီချင်းအသစ်တွေ ချည်းပါပဲ။ အဓိကတော့ ကိုယ်ပိုင်သံစဉ်တွေချည်း တစ်ခွေလုံး ဖြစ်ချင်တာကြောင့် ဒီအခွေကို အချိန်ယူစီစဉ်ဖြစ်သွားတာပါ။ 
အရင်ဆိုနေကျ သီချင်းပုံစံလေးတွေပါ သလို တစ်ခါမှမဆိုဖူးတဲ့ သီချင်းပုံစံလေးတွေလည်း ပါတယ်”ဟု ဖြူဖြူကျော်သိန်းက ရှင်းပြခဲ့သည်။
ဖြူဖြူကျော်သိန်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီးတွင် တေးရေးစောခူဆဲ၊ ရွှေဂျော်ဂျော်၊ ဆောင်းဦးလှိုင်၊ ဖိုးကာ၊ ကျားပေါက်၊ Cobra ၊ အာတီချုပ်၊ စိမ့်နဲ့ ဒီဒဲဒီတို့မှ ရေးသားထားပြီး တေးသီချင်း ၁၁ပုဒ် ပါဝင်မည်ဟု သိရသည်။

Eleven Media Group:

No comments:

Post a Comment