ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ပြေငြိမ်းအောင် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ ဆောင်ရွက်ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်နေတဲ့ ပုံစံဖြစ်သွားတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ ကပြောဆိုခဲ့ပြီး တဲ့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana က - သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အောက်မှာ မြန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့  မြန်မာပြည်ဟာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရကြောင်းပြောဆိုပါတယ်။
မစ္စတာ Quintana ဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်မှာဖြစ်ပြီး လာမယ့်သောကြာနေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။
တွေ့ဆုံတဲ့အခါ ဘာတွေဆွေးနွေးပြောဆိုမယ်ဆိုတာ မသိရပေမဲ့ ရခိုင်ပြည်နယ်တွင်း ကိစ္စ ဟာ အဓိကဆွေးနွေးစရာဖြစ်ပါလိမ့်မယ်
လို့ အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ယောက်က ပြောဆိုကြောင်းအေအက်ပီ သတင်း က ဖေါ်ပြပါတယ်။
မစ္စတာ Quintana ဟာ သြဂုတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်း တွေနဲ့လည်းတွေ့
ဆုံမယ်လို့ သိရပါတယ်။
ဒီအတွင်း အီရန်နိုင်ငံမှာရှိတဲ့ စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲ က မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာ
ဒုက္ခသည်တွေကို ကူညီဖို့ အတွက် ဆေးဝန်ထမ်းတွေ၊ သူနာပြုတွေ ပါဝင်တဲ့ ကူညီ ကယ်ဆယ်ရေး အဖွဲ့စေလွှတ်ဖို့ အသင့်ဖြစ်
နေပြီလို့ ပြောဆိုလိုက်ကြောင်း အီရန် FARS သတင်းဌာနက ဖေါ်ပြပါတယ်။
RFA (Burmese)
No comments:
Post a Comment