Pages

Pages - Menu

Friday, December 12, 2025

တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ၌ နှစ်ဘက်​ေ-သဆုံးသူ ၁၀၀ ကျော်ရှိအထိရှိလာ

 


12.December , 2025
တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ ဒီဇင်ဘာ ၇ ရက်ကနေ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်ထိ ၅ ရက်တာ တိုက်ပွဲအတွင်း နှစ်ဘက်​ေ-သဆုံးသူ ၁၀၀ ကျော်ရှိအထိရှိလာပြီဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုထင်းက ထိုင်းလွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ၂ လအတွင်း ကျင်းပမယ်လို့ကြေငြာ


ဘန်ကောက်။ဒီဇင်ဘာ ၁၂.၂၀၂၅

ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက လွှတ်တော်ကို အချိန်စော ဖျက်သိမ်းလိုက်ပြီး “ပြည်သူတွေဆီကို အာဏာပြန်လွှဲအပ်လိုက်ပြီ” လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ကြေညာပါတယ်။လွှတ်တော်တွင်းမှာ လူနည်းစုဖြစ်တဲ့ အနုထင်းရဲ့ ဖုမ်းကျိုင်းထိုင်းပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၄ လအတွင်း ရွေးကောက်ပွဲကျင်းပပေးမဲ့ ကတိကဝတ်တွေနဲ့ အတိုက်အခံ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရယူပြီး အစိုးရဖွဲ့နိုင်ခဲ့တာပါ။