Pages

Pages - Menu

Friday, December 12, 2025

တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ၌ နှစ်ဘက်​ေ-သဆုံးသူ ၁၀၀ ကျော်ရှိအထိရှိလာ

 


12.December , 2025
တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ ဒီဇင်ဘာ ၇ ရက်ကနေ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်ထိ ၅ ရက်တာ တိုက်ပွဲအတွင်း နှစ်ဘက်​ေ-သဆုံးသူ ၁၀၀ ကျော်ရှိအထိရှိလာပြီဖြစ်ပါတယ်။
ထိုင်းစစ်တပ်ဘက်က စစ်သည် ၉ ယောက် ​ေ-သဆုံးပြီး ၁၂၀ ဒဏ်ရာရခဲ့ကာ ဒေသခံပြည်သူ ၄ ယောက် ​ေ-သဆုံးခဲ့သလို ကမ္ဘောဒီးယားဘက်ကလည်း စစ်သည် ၁၂၅ ယောက်​ေ-သဆုံးခဲ့ပါတယ်။









ဒီဇင်ဘာ ၇ ရက်က ဆီစကစ်ခရိုင်၊ ကန်ထရာလတ်မြို့နယ် ဖူးဖာလိတ်နဲ့ ဖလန်းဟင်ပက်ကောင့် တောင်ကြောမှာ ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ဒုံးကျည်နဲ့ စတင်ပစ်ခတ်ပြီး ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရခဲ့တာကစ ဒီကနေ့ထိ ဆီစကစ်၊ ဆူရင်း၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဘူရီရမ် စတဲ့ ခရိုင် ၄ ခုတွင်း နေရာပေါင်း ၁၃ နေရာထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခဲ့တယ်လို့ ထိုင်းစစ်တပ် အမှတ် ၂ တိုင်းစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ ထိုင်းစစ်တပ်ဘက်က ဥဘွန်းရာ့ချ်ဌာနီခရိုင်ရှိ ချောင့်အန်မတောင်ကြားက တချို့နေရာကို သိမ်းပိုက်ခဲ့တယ်၊ ဆမ့်တဲဒေသက ကမ္ဘောဒီးယားစစ်တပ် ခြေကုပ်စခန်းကို ဖျက်ဆီးခဲ့တယ်၊ စူရင်းခရိုင်ထဲက ချောင်းရယိ၊ ခနားနဲ့ တာခွိုင်းဒေသ ခြေကုပ်စခန်း ၃ နေရာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်၊ ကမ္ဘောဒီးယားတပ်ဘက်ကလည်း အဲဒီနေရာတွေ ပြန်စိုးမိုးဖို့ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

၅ ရက်တာ တိုက်ပွဲအတွင်း ခရိုင် ၄ ခုက ၃၁ မြို့နယ်ရှိ ပြည်သူပေါင်း ၂၂၂,၅၄၈ ယောက် စစ်ရှောင်စခန်းပေါင်း ၇၅၁ နေရာမှာ ခိုလှုံနေရပြီး တခြားဒေသကို တိမ်း‌ရှောင်သူ ၂၂,၉၉၉ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်ဘက်က ကမ္ဘောဒီးယားစစ်တပ်ရဲ့ T55 တင့်ကား ၆ စီး၊ BM21 ဒုံးကျည်လက်နက်ကြီးတင်ကား တစီး၊ ဒရုန်း ၆၄ စင်း၊ ဒရုန်းဖျက်လက်နက် တခု သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ၅ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက မလေးရှားနဲ့ အမေရိကန်တို့ရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်ခဲ့ပါတယ်။

မကြာသေးခင်က နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတယောက် ခြေထောက်ပြတ်သွားခဲ့အပြီး ထိုင်းဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ပ်က နှစ်ဘက်အပစ်ရပ်ဖို့ တောင်းဆိုနေပေမဲ့လည်း ထိုင်းနဲ့ ကမ္ဘောဒီးယားကြား စစ်ရေး ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။
Source: PPTV HD36 / 3Plus News

No comments:

Post a Comment