ဘန်ကောက်။ဒီဇင်ဘာ ၁၂.၂၀၂၅
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက လွှတ်တော်ကို အချိန်စော ဖျက်သိမ်းလိုက်ပြီး “ပြည်သူတွေဆီကို အာဏာပြန်လွှဲအပ်လိုက်ပြီ” လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ကြေညာပါတယ်။လွှတ်တော်တွင်းမှာ လူနည်းစုဖြစ်တဲ့ အနုထင်းရဲ့ ဖုမ်းကျိုင်းထိုင်းပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၄ လအတွင်း ရွေးကောက်ပွဲကျင်းပပေးမဲ့ ကတိကဝတ်တွေနဲ့ အတိုက်အခံ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရယူပြီး အစိုးရဖွဲ့နိုင်ခဲ့တာပါ။
ထိုင်းဘုရင်က အမိန့်ဒီဂရီကို အတည်ပြုပေးလိုက်တာကြောင့် ဥပဒေအရ ရက်ပေါင်း ၄၅ ရက်ကနေ ၆၀ အတွင်း ရွေးကောက်ပွဲကျင်းပရတော့မှာ ဖြစ်ပါတယ်။ မူလသဘောတူညီချက်အရ လွှတ်တော်ကို ဇန်နဝါရီလမှာမှ ဖျက်သိမ်းပြီး မတ်လ ဒါမှမဟုတ် ဧပြီလမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကတိကဝတ်တွေကို အစိုးရက မလိုက်နာတဲ့အတွက် ပြည်သူ့ပါတီက ဒီဇင်ဘာ ၁၂ ရက်မှာ အယုံအကြည်မရှိအဆိုတင်ဖို့ ပြင်ဆင်နေချိန် အခုလို လွှတ်တော်ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုဟာ ကမ္ဘောဒီးယားနယ်စပ်မှာ လူ ၂၀ ေ-သဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ လွှတ်တော်ဖျက်သိမ်းလိုက်ပေမဲ့ နယ်စပ်က စစ်ဆင်ရေးတွေကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် အနုထင်းက အာမခံထားပါတယ်။
ဖွေထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ ဖဲထောင်းထန်း ရှင်နာဝပ်နဲ့ ဆေထာ ထဝီးဆင် တို့ကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကျင့်ဝတ်ပိုင်းဆိုင်ရာ စွဲချက်တွေနဲ့ ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ် သြဂုတ်လနောက်ပိုင်း ဝန်ကြီးချုပ် ၃ ယောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
Source: Reuters

No comments:
Post a Comment