Pages

Pages - Menu

Thursday, December 18, 2025

လူရွှင်တော်၊သရုပ်ဆောင်ဦးညီညီလှိုင် (ခ)‌‌‌‌‌‌‌ညောင်ညောင် အသက်(၆၂) နှစ်​၏ ကျန်ရစ်သော ရုပ်ကလာပ်အား OSC ဆေးရုံမှ ရေဝေးသို့ပို့ဆောင်ကူညီ



ရန်ကုန်။ဒီဇင်ဘာ ၁၈.၂၀၂၅
လူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင် (၆၂ နှစ်) ဟာ ဒီဇင်ဘာလ (၁၇) ရက်နေ့ ၊ ညနေ (၇:၁၀) မိနစ်မှာ ရန်ကုန် ၊ မြောက်ဥက္ကလာပ OSC ဆေးရုံတွင် ဆုံးပါးသွားခဲ့တာဖြစ်ပါသည်။ အသည်းရောဂါကို ကုသပြီး နောက်ပိုင်း အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေတဲ့ အချိန်မှာ ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၇ရက် နေ့က ကွယ်လွန်သွားတဲ့ လူရွှင်တော်သရုပ်ဆောင် ညောင်ညာင် အသက်( ၆၂) နှစ်အတွက် ကျန်ရစ်သူမိသားစုဝင်များက ဒီဇင်ဘာလ ၁၈ရက် နေ့မနက်က သက်ပျောက်ဆွမ်းကပ်လှုဒါန်းပေးခဲ့ကြပါတယ်။






ညောင်ညာင်ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်ကလာပ်ကို ဒီဇင်ဘာလ ၁၉ရက် နေ့ ရေ ဝေးသုသန်မှာမီးသဂြိုလ်မယ်လို့သိရပါတယ်။ သရုပ်ဆောင်ဦးညီညီလှိုင် (ခ)ညောင်ညောင် အသက်(၆၂) နှစ်​၏ကျန်ရစ်သော ရုပ်ကလာပ်အား OSC ဆေးရုံမှ ရေဝေးသုဿန်ရှိအအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကို နှင့်အသင်းသူ/သား များမှ ပို့ဆောင်ကာ ကူညီပေးခဲ့ကြောင်းသိရပါသည်။

No comments:

Post a Comment