Pages

Pages - Menu

Wednesday, December 17, 2025

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း မြို့တော် တိုလူကာမြို့မှာ ကိုယ်ပိုင်ဂျက်လေယာဉ်တစင်း ပျက်ကျပြီး လူ ၆ ဦး ​ေ-သဆုံး



17.December , 2025
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း မက္ကဆီကိုပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ တိုလူကာမြို့မှာ ဒီဇင်ဘာ ၁၅ ရက်က ဆက်စ်နာစိုက်တေးရှင်းသရီးအမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၆ ယောက် ​ေ-သဆုံးခဲ့ကြောင်း မက္ကဆီအာဏာပိုင်တွေက ပြောပါတယ်။
ခရီးသည် ၈ ယောက်နဲ့ လေယာဉ်အမှုထမ်း ၂ ယောက်တို့ကို သယ်ဆောင်လာခဲ့တဲ့ လေယာဉ်ဟာ အကာပူလ်ကိုမြို့မှ တိုလူကာမြို့ကို ဦးတည်ထွက်ခွာလာချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်ခဲ့ပြီးနောက်မှာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ အပျက်အစီးတွေ ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။

အများပြည်သူကို လေယာဉ်ပျက်ကျရာနေရာကို ရှောင်ရှားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပြီး မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment