Pages
▼
Pages - Menu
▼
Sunday, February 21, 2016
ဟန်လင်းအမျိုးသားပြတိုက်တွင် ထိန်းသိမ်းထားသော အရိုးစု ရုပ်ကြွင်းပေါ်ရှိ ရှေးဟောင်းလက်ကောက်တစ်ကွင်း ပျောက်ဆုံး
RangonNewsDaily:: February . 19 .2016
ရွှေဘိုခရိုင် ၀က်လက်မြို့ နယ် ဟန်လင်းအမျိုးသားပြတိုက် အတွင်း ထိန်းသိမ်းစောင့်ရှောက် ထားသော အရိုးစုရုပ်ကြွင်းပေါ်ရှိ ရှေးဟောင်းလက်ကောက်တစ် ကွင်း ဖေဖော်ဝါရီ ၁၈ ရက် ညကပျောက်ဆုံးသွားသဖြင့် ခိုးယူသူ ကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် ၀က်လက်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
တော်ဝင်စင်တာတွင် မိန်းကလေးကို ဓားဖြင့်ထိုးသူ၏ ဓာတ်ပုံများ ရဲတပ်ဖွဲ့ထုတ်ပြန်
Yangon Police ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည့် ဓားထိုးမှုကျူးလွန်သူ၏ ဓာတ်ပုံများ (ဓာတ်ပုံ − Yangon Police)
RangonNewsDaily:: February . 21 .2016
ဒဂုံမြို့နယ် ပြည်လမ်း ပေါ်ရှိ တော်ဝင်ဈေးဝယ်စင်တာ ပထမထပ်တွင် အရောင်းဝန်ထမ်း အမျိုးသမီးငယ်ကို ဓားထိုးမှုကျူး လွန်သည့် အမျိုးသားဓာတ်ပုံအား Yangon Police ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြထားပြီး တွေ့ရှိ သူများ သတင်းပေးပို့နိုင်ရန် အကူအညီတောင်းခံထားကြောင်း သိ ရသည်။
ပုဂံဘုရားပုထိုးများပေါ်သို့ တက်ရောက်ခွင့်မပြုရန်ဆောင်ရွက်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနကြေညာချက်ထုတ်
RangonNewsDaily:: February . 21 .2016
ပုဂံရှေးဟောင်းနယ်မြေ ရှိ ပြာသာဒ်ကြီးဘုရားပေါ်တွင် လူ အများ စုဖွဲ့ကခုန်နေသည့် ဗီဒီယို ဖိုင်တစ်ခုနှင့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးနောက် ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက် ခွင့်မပြုရန် ဆောင်ရွက်တော့မည် ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။
မီးလောင်ခဲ့သည့် နမ့်ဆန်မြို့ မြို့ပြစီမံကိန်းသစ် တည်ဆောက်မှုစတင်
မြို့၏ သုံးပုံနှစ်ပုံ လောင်ကျွမ်းခဲ့သည့် မီးဘေးအပြီး နမ့်ဆန်မြို့ကိုတွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဖြိုးဇော်)
RangonNewsDaily:: February . 19 .2016
မီးလောင်မှုကြောင့်တစ် မြို့လုံးနီးပါး ပျက်စီးခဲ့သည့် နမ့် ဆန်မြို့ကို မြို့ပြစီမံကိန်းအသစ် ရေးဆွဲ၍ မြို့ပြပြန်လည်တည် ဆောက်မှုစတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ကျာက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအုပ်စု နောင်ပိန်လေးကျေးရွာဘုန်းကြီးကျောင်းမီးလောင်
RangonNewsDaily:: February . 21 .2016
့ ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအုပ်စု နောင်ပိန်လေးကျေးရွာဇေယျသုခဘုန်းကြီးကျောင်းအတွင်းရှိကျောင်ဆောင်တစ်ခုအား ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့နေ့လည် ၁း ၁၅ မိနစ်အချိန်ခန့်က တောမီးမှတစ်ဆင့်လောင်ကျွမ်းခဲ့ရာ ၁း ၅၀ အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။