Pages

Pages - Menu

Sunday, February 21, 2016

ဟန်လင်းအမျိုးသားပြတိုက်တွင် ထိန်းသိမ်းထားသော အရိုးစု ရုပ်ကြွင်းပေါ်ရှိ ရှေးဟောင်းလက်ကောက်တစ်ကွင်း ပျောက်ဆုံး

RangonNewsDaily:: February . 19 .2016
ရွှေဘိုခရိုင် ၀က်လက်မြို့ နယ် ဟန်လင်းအမျိုးသားပြတိုက် အတွင်း ထိန်းသိမ်းစောင့်ရှောက် ထားသော အရိုးစုရုပ်ကြွင်းပေါ်ရှိ ရှေးဟောင်းလက်ကောက်တစ် ကွင်း ဖေဖော်ဝါရီ ၁၈ ရက် ညကပျောက်ဆုံးသွားသဖြင့် ခိုးယူသူ ကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် ၀က်လက်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

‘‘ဟန်လင်းမှာ ထိန်းသိမ်းထားတဲ့ လူရိုးစုပေါ်က ရှေးဟောင်း လက်ကောက်တစ်ကွင်းပျောက် ဆုံးသွားလို့ ၀က်လက်မြို့နယ် မြို့ မရဲစခန်းမှာ အမှုဖွင့်ထားတာရှိပါ တယ်။ ဟန်လင်းရှေးဟောင်းသု တေသနပြတိုက် ဦးစီးအရာရှိက တရားလိုပြုလုပ်တိုင်ကြားတာ ပါ’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ် ဟန်လင်း မြို့ဟောင်း ကုန်းအမှတ် (၂၆)ရှိ Site Museum (HL-26) တွင် သံဆန်ခါကာရံထားသော အ ဆောက်အအုံအတွင်း ထိန်းသိမ်း ထားသည့် အရိုးစုရုပ်ကြွင်းပေါ်ရှိ ရှေးဟောင်းလက်ကောက်တစ် ကွင်း ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ပြတိုက်တွင် လုံခြုံရေးကင်မရာ တပ်ဆင်ထားမှုမရှိသလို တရားခံဖမ်းဆီးရမိမှုမရှိသေးဘဲ လက်ကောက်တစ်ကွင်းခိုးယူသွားသူကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဟန်လင်း ရှေးဟောင်းသုတေသနပြတိုက်ဦးစီးအရာရှိက တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၀က်လက်မြို့နယ် မြို့မရဲတပ် ဖွဲ့စခန်းက ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
7Day , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment