Pages

Pages - Menu

Sunday, February 21, 2016

တော်ဝင်စင်တာတွင် မိန်းကလေးကို ဓားဖြင့်ထိုးသူ၏ ဓာတ်ပုံများ ရဲတပ်ဖွဲ့ထုတ်ပြန်

Yangon Police ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည့် ဓားထိုးမှုကျူးလွန်သူ၏ ဓာတ်ပုံများ (ဓာတ်ပုံ − Yangon Police)
RangonNewsDaily:: February . 21 .2016
ဒဂုံမြို့နယ် ပြည်လမ်း ပေါ်ရှိ တော်ဝင်ဈေးဝယ်စင်တာ ပထမထပ်တွင် အရောင်းဝန်ထမ်း အမျိုးသမီးငယ်ကို ဓားထိုးမှုကျူး လွန်သည့် အမျိုးသားဓာတ်ပုံအား Yangon Police ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြထားပြီး တွေ့ရှိ သူများ သတင်းပေးပို့နိုင်ရန် အကူအညီတောင်းခံထားကြောင်း သိ ရသည်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဓားဖြင့်ထိုးသွားသူကို လိုက်လံရှာဖွေနေပြီး ဓားထိုးခံရသူ အသက်(၂၀)အရွယ် မခင်ပြည့်ပြည့်ဖြိုးကို စစ်ဆေးမေးမြန်းနေ ကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

‘‘ကလေးမလေးက မျက်နှာ ကို ဓားထိထားတော့ စကားပြော တဲ့အခါ အရင်လောက် အသံမထွက်ဘူး။ သူတို့နှစ်ယောက် အွန်လိုင်းကနေ သိတာလို့တော့ ပြော တယ်။ ကောင်မလေးကို ပြန်တော့မယ် လိုက်ပို့ပေးဆိုပြီး ပါ လာတဲ့ ခေါက်ဓားနဲ့ ထိုးတာပါ။ တရားခံကိုတော့ လိုက်နေတုန်း မမိသေးပါဘူး’’ဟု ၎င်းက ပြော သည်။
တော်ဝင်စင်တာ ပထမထပ် တွင် ဖွင့်လှစ်ထားသည့် ဖက်ရှင် နှင့် လူသုံးကုန်ပစ္စည်းဆိုင်တစ် ဆိုင်ရှေ့၌ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဓားထိုးခံခဲ့ရသည့် အမျိုးသမီးငယ်သည် မျက်မှန်ဆိုင်တစ် ဆိုင်မှ အရောင်းစာရေးဖြစ်သည် ဟု ဓားထိုးမှုကို မြင်တွေ့ခဲ့သူများ က ပြောသည်။

‘‘အခုလို လူစည်ကားတဲ့ ကုန်တိုက်တွေမှာ လုံခြုံရေးလည်း ရှိ တယ်။ သူ ကုန်တိုက်ထဲဝင်တော့ သူ့ကို ဘယ်လိုမှ မရှာတဲ့အတွက် ဓားပါလာတာပေါ့။ ဓားအစား သေနတ်တို့လို၊ ဗုံးလိုဟာမျိုး ပါ လာပြီးထားခဲ့ရင် ဘယ်လိုလုပ်မ လဲ။ လုံခြုံရေးဝန်ထမ်းတွေ သေ ချာရှာသင့်တယ်’’ဟု ဒဂုံမြို့နယ် နေ ကိုမင်းကပြောသည်။

ကုန်တိုက်များတွင် လုံခြုံရေးအတွက် စက်ပစ္စည်းများနှင့် လုံခြုံ ရေးဝန်ထမ်းများ ထားရှိသော် လည်း စစ်ဆေးသည့်အခါ အား နည်းမှုများရှိပြီး သေချာစွာ စစ်ဆေးသည့် ဝန်ထမ်းမရှိကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲမှူး ဇော်ဝင်းက ပြောသည်။
ဓားဖြင့်ထိုးကာ ထွက်ပြေး လွတ်မြောက်နေသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသားကို ဒဂုံမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပြီး အဆိုပါ ပြစ်မှုကျူးလွန်သူကို တွေ့ရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး- ၀၁-၂၃၀၀၇၄၇၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁-၃၇၆၁၆၆၊ ဒဂုံမြို့မရဲစခန်း- ၀၁-၃၇၄၄၂၇ သို့ သတင်းပေး တိုင်ကြားနိုင် ကြောင်း သိရသည်။
7Day, KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment