Pages

Pages - Menu

Sunday, June 26, 2016

ဘုန်းကြီးပျံပွဲရန်စမှ ကျေးရွာချင်း ပဋိပက္ခဖြစ် အကြမ်းဖက်သူ ၂၀ ခန့်ကို ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်

RangonNewsDaily::Sunday. June 26. 2016 
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ ရွာသားများ ခိုက်ရန်ဖြစ်ပွားရာမှ နေအိမ်နှင့် ပစ္စည်းများကို ရိုက်နှက်ဖျက်ဆီး၍ ရွှေ၊ ငွေနှင့် ပစ္စည်းများ ယူဆောင်သွားသည့် ရွာသား ၂၀ ခန့်ကို ဓားပြမှုအပါအ၀င် ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ငါန်းဇွန်မြို့နယ်တွင် ဇွန်လ ၁၇ ရက်က ကျင်းပခဲ့သည့် ဘုန်း ကြီးပျံပွဲတစ်ခု၌ ဆပ်ပြာကျင်းနှင့် ကုလကျေးရွာတို့မှ လူငယ်အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ အစပြု၍ ကျေးရွာနှစ်ရွာမှ ရွာသားများ မကျေမနပ်ဖြစ်ကာ ဇွန်လ ၂၂ ရက်တွင် ဆပ်ပြာကျင်းကျေးရွာသို့ ကုလရွာသား ၁၀၀ ခန့် ရောက်ရှိလာကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြ ကြောင်း ငါန်းဇွန်မြို့နယ် ရဲတပ် ဖွဲ့စခန်းမှ စုံစမ်းသိရသည်။
‘‘ဘုန်းကြီးပျံပွဲမှာ လူငယ် ချင်းဖြစ်ကြတဲ့ကိစ္စကို မကျေနပ် လို့ နှစ်ရွာပေါင်း ထပ်ပြီးဖြစ်ကြ တာ။ အယောက် ၂၀ ကို အမှုဖွင့် ထားတယ်။ အခုတော့ အခြေအ နေက အေးဆေးပါပဲ။ နှစ်ရွာလုံး ကလည်း ဗုဒ္ဓဘာသာတွေချည်းပါ ပဲ’’ဟု တာဝန်ကျရဲအရာရှိတစ်ဦး က ပြောသည်။
.
ကျေးရွာနှစ်ရွာ ခိုက်ရန်ဖြစ် ပွားမှုကြောင့် ဆပ်ပြာကျင်းကျေး ရွာသူရွာသား ၁၉ ဦး ဖူးရောင်ဒဏ် ရာရရှိခဲ့ပြီး အိမ်ထောင်စု ၂၀ ၏ နေအိမ်နှင့်ပစ္စည်းများ ရိုက်နှက် ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ ရွှေ၊ ငွေနှင့်ပစ္စည်းများကို ကုလ ရွာသားများက လုယူသွားခဲ့သဖြင့် လုယက်မှု၊ နာကျင်စေမှု၊ ဓားပြမှု အပါအ၀င် ပုဒ်မခြောက်ခုဖြင့် အ မှုဖွင့်ထားပြီး ဖမ်းဆီးရမိခြင်း မ ရှိသေးကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း အရ သိရသည်။
.
‘‘လောလောဆယ် တစ်ဖက် ရွာက အမှုလာဖွင့်တဲ့အတိုင်းပဲ ဖွင့်ထားသေးတယ်။ တစ်ဖက်ကို ပဲ စစ်ဆေးရသေးပါတယ်။ နှစ် ဖက်လုံးကို စစ်ဆေးပြီးမှပဲ ဘာ ကြောင့်ဖြစ်တယ်။ ဘယ်ဘက်က မှန်တယ်ဆိုတာကတော့ တရားရုံး ကပဲ ဆုံးဖြတ်သွားမှာဖြစ်တယ်’’ ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲမှူးခင်မောင်သင်းက ပြော သည်။
ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဆပ် ပြာကျင်းနှင့် ကုလကျေးရွာနှစ်ရွာတွင် ပြဿနာ ထပ်မံမဖြစ်ပွားစေရန် ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲ့စခန်းက အင်အား ၄၀ ခန့်ဖြင့်လုံခြုံရေးချထားကြောင်း သိရ သည်။
7 Day Daily

KOLATT(PBDN)

RangonNewsDaily





No comments:

Post a Comment