Pages

Pages - Menu

Monday, April 25, 2016

ဦးခေါင်းပြတ်နေသော မိန်းကလေးငယ်တစ်ဦးအလောင်းတွေ့မှု ရဲအပူတပြင်းစုံစမ်းနေ


RangonNewsDaily::April . 25 .2016
ယမန်နေ့ ညနေပိုင်းက ဒေါပုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ရေမြောင်းဘေး၌ တွေ့ရှိခဲ့ရသည့် ဦးခေါင်းပြတ်နေသောအသက်၆ နှစ်အရွယ် မိန်းကလေး၏ ရုပ်အလောင်းနှင့် ယင်းသို့တွေ့ရှိသောနေရာနှင့် လမ်းတစ်လမ်းသာခြားသောတစ်ခြားရေမြောင်းတစ်ခုထဲတွင် ပုပ်ဆွေးနေသောဦးခေါင်းတစ်လုံးကိုယနေ့တွေ့ရှိရသဖြင့် 
ရုပ်အလောင်းနှင့် ဦးခေါင်းတို့ ဆက်စပ်မှုရှိမရှိကို ရဲကဆက်လက်စုံစမ်းလျှက်ရှိသည်။
ကာယကံရှင်မိသားစုများ၏ လိုက်လံရှာဖွေမှုဖြင့် အဆိုပါဦးခေါင်းပြတ်ကိုတွေ့ရှိခြင်းဖြစ်ပြီး လက်ရှိတွင်ဆေးရုံကြီးသို့ ပို့ထားသည်ဟု မိသားစုဝင်တစ်ဦးက Popular News သို့ပြောသည်။
၎င်းအမှုကို ရန်ကုန်ရဲက ဖြစ်ရပ်အမှန်ပေါ်ပေါက်ရန် အပူတပြင်းစုံစမ်းနေကြောင်းပြောသည်။
.
အဆိုပါ ကလေးငယ်သည် သာကေတမြို့နယ်၊သဒ္ဒါရုံ ၁ လမ်း လမ်းတွင်နေထိုင်ပြီး ရုပ်အလောင်းကိုမတွေ့မီ ၁၀ရက်ခန့်ကပင်လျှင် ပျောက်ဆုံးခဲ့သဖြင့် မိသားစုဝင်တို့က နေ့စဉ်ထုတ် သတင်းစာထဲတွင်သာမက လူမှုကွန်ယက် Facebook တို့တွင် ဓာတ်ပုံနှင့်တကွ လူပျောက်ကြေငြာထားခဲ့သည်။

ယင်းအမှုနှင့် ပတ်သတ်ပြီး လူမှုကွန်ယက်များနှင့်တကွ အနီးနား ပတ်ဝန်းကျင်တို့တွင် ကလီစာများ ထုတ်တ်ယူခံခဲ့ရပြီး အသတ်ခံလိုက်ရသည်ဆိုသည့် ကောလဟာလမျာ လျင်မြန်စွာပျံနှံ့ခဲ့သည်။ ကာယကံရှင်မိသားစုနှင့် ရဲက ထိုသတင်းမှာ မဟုတ်မှန်ကြောင်း အသီးသီးငြင်းဆိုကြသည်။
.
သေဆုံးမိန်းကလေးငယ်၏ မိသားစု ဝင်တစ်ဦးက ''ခေါင်းပဲပြတ်နေတာ တစ်ခြားကလီစာတွေက အားလုံးရှိသေးတယ်လို့ ဆရာဝန်က ပြောတယ်။ရေနစ်သေဆုံးတာလဲ မဟုတ်ပါဘူးလို့ ပြောတယ်။
ကလေးက လူချစ်လူခင် အရမ်းများတဲ့ ကလေးပါဗျာ''ဟု ပြောသည်။
.
အစိုးရသစ်လက်ထက်၌ ဖြစ်ခဲ့သော ယခုအမှုကို
ယခင်အစိုးရလက်ထက်က ဖြူးမြို့နယ်၌ ခေါင်းပြတ် အသတ်ခံလိုက်ရသည့် အမျိုးသမီးအမှုကဲ့သို့ပင် လူအများ ကရုဏာသက်ကာ အထူးစိတ်ဝင်တစားရှိနေကြပြီး တရားခံအမြန်ဆုံးပေါ်ပေါက်စေရေးကိုလည်း လိုလားလျှက်ရှိနေကြကြောင်းသိရသည်။
PN 051၊ ကိုဦး/Popular News::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment