Pages

Pages - Menu

Sunday, August 16, 2015

အွန်လိုင်းမှာဖြန့်မယ့် Bobby Soxer ရဲ့ 21 အမ်တီဗီ


RangonNewsDaily:: August . 16 .2015
Bobby Soxer သည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော် အခွေ ‘21’တွင်ပါရှိသည့် သီချင်း များကို အမ်တီဗီရိုက်ကူးမည်ဖြစ် ပြီး ရိုက်ကူးပြီးသီချင်းတစ်ပုဒ်ချင်း စီကို အွန်လိုင်း၌ တရားဝင်ဖြန့်ချိ ပေးမည်ဖြစ်ကြောင်း ပြောသည်။

‘‘21 မှာပါတဲ့ သီချင်းတစ် ပုဒ်ချင်းစီ Official ထွက်ဖို့လုပ် ထားတယ်။ တစ်ပုဒ်ချင်းစီထွက် မယ်ဆိုပေမယ့်လည်း Edit (တည်း ဖြတ်) လုပ်ပေးတဲ့သူတွေကို မလောထားတဲ့အတွက် အချိန်ကို တော့ မခန့်မှန်းထားရသေးပါဘူး။ အကုန်လုံးပြီးသွားရင်လည်း အွန် လိုင်းမှာဖြန့်မယ်’’ဟု Bobby Soxer က ပြောသည်။

၎င်း၏ 21 တစ်ကိုယ်တော် အခွေတွင်ပါဝင်သည့် ‘အိမ် ထောင်ရှင်စိတ်ကူး’နှင့် ‘ဘွာတေး’ သီချင်းနှစ်ပုဒ်ကို အမ်တီဗီရိုက်ကူး ပြီးသော်လည်း တည်းဖြတ်မှုအ ပိုင်းတွင် စိတ်တိုင်းကျပြင်ဆင်ပြီး မှသာ ဖြန့်ချိပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဘွာတေးသီချင်းမှာ ၂၀၁၄ နဲ့ ၂၀၁၅ အတွင်းမှာ အောင်မြင် ပြီး လူသိများတဲ့အကြောင်းအရာ လေးတွေကို အပြုသဘောနဲ့ ဟာသပုံစံမျိုးအပြောင်လေးတွေ ရိုက်ကူးထားတယ်။ ကိုဝင်းလွင် ထက် ရိုက်ကူးပေးထားတာပါ။ အိုင်ဒီယာကိုတော့ ညီမနဲ့ ကိုထက် နဲ့ နှစ်ယောက်ခက်ခက်ခဲခဲစဉ်းစား ထားတာပါ’’ဟု ၎င်းက ပြော သည်။ Bobby Soxer သည် တစ် ကိုယ်တော်အခွေ ‘21’ အမ်တီဗီ ထွက်ရှိလျှင် အော်ဒီယိုစီးရီးမှ သီချင်းအချို့ကိုဖြုတ်၍ သီချင်း သစ်များထည့်ပေးရန်အစီအစဉ်ရှိ ပြီး ယခုနှစ်ထဲတွင် ထွက်ရှိနိုင်ရန် ကြိုးစားစီစဉ်နေကြောင်း သိရ သည်။ လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ ရေဘေးသင့်ပြည်သူ များအတွက် ကယ်ဆယ်ရေးပရ ဟိတလုပ်ငန်းများတွင် ကိုယ်တိုင် ပါဝင်လှူဒါန်းမှုများပြုလုပ်ပေး ဖြစ်ပြီး ရေဘေးသင့်ဒေသများသို့ သွားရောက်ရန်စီစဉ်နေကြောင်း သိရသည်။

Bobby Soxer သည် ဂီတ သက်တမ်း(၅)နှစ်ပြည့်ချိန်တွင် ပထမဆုံးတစ်ကိုယ်တော်အခွေ ‘21’ စီးရီးကို ယခုနှစ် ဖေဖော်ဝါရီ က ထွက်ရှိခဲ့သည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment